ဒီပုံလေးကတော့ တံတားဦးလေယာဉ်ကွင်းကို သွားဘို့ဧရာဝတီမြစ်နဲ့ယှဉ်ပြီးဖောက်ထားတဲ့လမ်းမ ကနေ ဧရာဝတီမြစ်ဘက်ကိုဆင်းတဲ့လမ်းလေးပေါ့။ “ဧရာထွန်း”လို့အမည်ရတဲ့လူနေတိုက်ခန်းတွေရှေ့မှာရှိနေတဲ့ယာယီလမ်းလေးပါ။ ဧရာဝတီမြစ်ရေကြီးချိန်မှာတော့ ဒီနေရာက ရေပြင်ကျယ်ကြီးပါဘဲ။ အခုလို ဆောင်းရာသီတို့ နွေရာသီတို့မှာဆိုရင် စိုက်ခင်းလေးတွေရှိမယ်။ တံငါတဲလေးတွေရှိမယ်။ ဧရာဝတီမြစ်ရဲ့သောင်စပ်နဲ့မြစ်ကမ်းနံဘေးကို ရောက်အောင်သွားနိုင်တဲ့ယာယီလမ်းကလေးပါ။ ကျွန်တော်တို့ လူ့ဘဝကြီးမှာလဲအခုလို ယာယီလမ်းလေတွေ ဘယ်နှစ်ခုလောက်များရှိနေမလဲဆိုတဲ့မေးခွန်းလေးက ရင်ထဲကိုရောက်လာပါတယ်။ သာယာလှပတဲ့ရူ့ခင်းလေးမို့ မျှဝေပေးလိုက်ပါတယ်။(26-2-2011)နေ့ကမှတ်တမ်းတင်ထားပါတယ်.။


“သီချင်းဖြစ်သွားတဲ့ရှေးကဗျာများ” ကဗျာကနေဖြစ်သွားတဲ့သီချင်းများထဲက မြန်မာပြည်တလွှား တောရောမြို့ပါမကျန်အောင် ရောက်သွားခဲ့တဲ့သီချင်းကတော့ ဆရာဇော်ဂျီရေးခဲ့တဲ့ “ဗေဒါလမ်း”ကဗျာကနေဖြစ်လာခဲ့တဲ့ “ပန်းပန်လျှှက်ပါ”ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းဘဲဖြစ်ပါတယ်။ “ ညိုပြာပြာ လတာပြင်ခြေရင်း………………………..“အစချီတဲ့ ဗေဒါပန်းကိုယ်စားပြုသီချင်းလေးပေါ့။ နာမယ်ကျော် ရုပ်ရှင်မင်းသမီးကြီး ကြည်ကြည်ဌေးက သီဆိုပြီး စန္ဒယားချစ်ဆွေက သံစဉ်ရှာပေးတယ်လို့ မှတ်သားခဲ့ရဘူးပါတယ်။ နောက်တပုဒ်ကတော့ ဆရာမျိုးမြင့်ဆွေရေးတဲ့ ”ဂျိန်းဖော်ပွဲတော် “သီချင်းဘဲဖြစ်ပါတယ်။ “ရှေ့နားက ဆူဆူညံ ဘာသံလို့မေး………………………………….”လို့အစချီတဲ့သီချင်းလေး ဖြစ်ပါတယ်။ တက္ကသိုလ်အေးမောင်သီဆိုပြီး စန္ဒားလုလင်မောင်ကိုကို သံစဉ်ရှာဖွေပြီး သီချင်းတပုဒ်ဖြစ်လာခဲ့ပါတယ်။ ဒီတော့ ရှေးကဗျာများထဲက သီချင်းဖြစ်လာတာလေးတွေကိုပြန်စဉ်းစားမိတဲ့အခါ ဝင်းဦးသီဆိုတဲ့ “မျက်ဖျားဒါန်းနီရောင် လှတန်ဆောင်မူ……………ညခင်းဆည်းဆာတွင် ကျွန်ုပ်မြင်သည် ရယ်ရွှင်ဖုံးတုံ့ မဖုံးတုံ့” ဆိုတဲ့စာသားလေးပါတဲ့ ရှင်မဟာရဋ္ဌသာရရေးဖွဲ့ခဲ့တဲ့ “ဝဏ္ဏပဘာ”ကဗျာလေးကို ပြေးမြင်မိပါတယ်။ ဒီသီချင်းကတော့ ကဗျာတပုဒ်လုံးကို သီချင်းအဖြစ်ပြန်လည်သီဆိုတာမဟုတ်ပေမယ့် ကဗျာမှာပါတဲ့စာသား အတော်များများကိုတော့ ယူသုံးထားတာကိုတွေ့ရပါတယ်။ နောက်ငယ်ကတည်းက ကြားဘူးခဲ့တဲ့စန္ဒယားထွန်းညွန့်သီဆိုထားခဲ့တဲ့ “စာဆိုစစ်သည်” ဆိုတဲ့သီချင်လေးမှာတော့ […]


အရင်တစ်ခါတင်တုံးက ဒီပုံကို ဆိုက်ကြီးရွေးခဲ့လို့ မြင်ကွင်းအားလုံး မထင်ရှားပါဘူး။ အခုတစ်ခါပုံအသေးနဲ့ပြန်တင်ပေးလိုက်ပါတယ်။ တောင်သမန်အင်းရဲ့မြောက်ဘက်ကန်ဘောင်ရိုးပေါ်ကနေရိုက်ထားတဲ့ပုံလေးပါ။ ရေနည်းချိန်ကမ်းစပ်မှာ စပါးခင်းလေးက စိမ်းစိမ်း မြူထနေတော့ ဦးပိန်တံတားက မပီဝိုးတဝါး။ အဝေးမြင်ကွင်းမှာ ဘုရားလေးနဲ့တောအုပ်လေး အောက်က တောင်သမန်ရွာလေးက လွမ်းစရာ နှစ်သက်ကြမယ်လို့ထင်ပါတယ်။


စွယ်တော်ဘုရားကိုရောက်သွားတဲ့တစ်ရက် တိမ်ပြာပြာအောက်မှာ စေတီတော်ကို ငှက်ကလေးတစ်အုပ်က ဝိုင်းပါတ်ပြီးပျံနေတာ အင်မတန်လှတဲ့မြင်ကွင်းလေးဖြစ်ပါတယ်။ ငှက်ကလေးတွေဘုရားရှေ့ရောက်ချိန်ရိုက်လိုက်ပေမယ့် လက်မသွက်တော့ ဘုရုားကိုကျော်သွားမှ ပုံကလေးက ရလိုက်ပါတယ်။ လှပတဲ့ကြည်နူးစရာမြင်ကွင်းလေးလို့ ခံစားရပါတယ်။


မနက်ခင်းတစ်ရက် မြူမူန်မူန် အရုဏ်ဦးနေကလဲထွက်ခါနီးအချိန် အနောက်ဖက်ကိုလှည့်ကြည့်မိတဲ့အခါမှာ သစ်ပင်တွေရဲ့ အကြားမှာ ပြန်ချိန်ရောက်တာတောင် မပြန်နိုင်ဘဲသံယောဇဉ်တွေကြီးနေတဲ့ လမင်းကို ဝိုးတဝါးတွေ့လိုက်ရပါတယ်။ သိပ်မထင်ရှားပေမယ့် မြင်သာပါတယ်။


မနက်စောစော ခရီးသွားမိတဲ့တစ်ရက် ကျောက်ဆည်မြို့ကအလွန်မှာ နီစွေးလှပတဲ့ကောင်းကင်ကိုမြင်လိုက်တဲ့အချိန်မှာ လက်က ကင်မရာခလုပ်ကို ထိမိတော့ စိတ်ထဲမှာ လှတယ်လို့ခံစားရတဲ့ပုံလေးကိုရလိုက်ပါတယ်။


ဒီပုံလေးကတော့ ရေနံချောင်းကိုအသွား ပင်းချောင်းကိုဖြတ်တဲ့အချိန်ကားပေါ်ကလှမ်းရိုက်ထားတဲ့ပုံလေးပါ။ ဒီချောင်းကရေနည်းချိန်မှာဆိုရင် ရေသွားစရာလမ်းသေးသေးလေးပေးထားပြီး ချောင်းအနှံ့မှာ စပါးပင်တွေစိုက်လေ့ရှိပါတယ်။ စိမ်းစိုပြီးလှပတဲ့မြင်ကွင်းလေးမုို့တင်ပေးလိုက်ပါတယ်။


“စားစေချင် ချကျွေး ဖတ်စေချင်ရှာပေး”(အပိုင်းနှစ်) “ သတိ္တရှိလား ? ရှိရင်မောင်ကမ ္ဘာနဲ့လဲဖတ်မယ် “ ဒါလေးက ကျွန်တော်တို့ငယ်ငယ်က ကလေးအချင်းချင်းစ တဲ့စကားလေးပါ။ ကျွန်တော်ဘယ်အရွယ်က စပြီး အပြင်စာတွေဖတ်လဲမေးရင် လေးတန်းကျောင်းသား ဘဝလောက်ကတည်းကဖတ်တယ်ပြောမှ မှန်မယ်ထင်ပါတယ်။ ဘာတွေဖတ်သလဲမေးရင် “ကာတွန်း”ပေါ့။ ကျွန်တော်တို့ငယ်ငယ်က ကလေးတွေဖတ်စရာကာတွန်းစာအုပ်တွေပေါပါတယ်။ စုံထောက်ကြီးဦးရှံစားနဲ့ ဒိန်းဒေါင်တို့၊ သူခိုးကြီးငတက်ပြားတို့၊သတိ္တတို့ မောင်ကမ္ဘာတို့၊ဗလကြီးဗလလေးတို့ိုဆိုတဲ့ကာတွန်း စာအုပ်တွေက ကျွန်တော်တို့တော်တော်လေးသဘောကျခဲ့ကြတဲ့ ဟီးရိုးဇာတ်ကောင်တွေပါဘဲ။ နောက်ကျွန်တော်တို့ငယ်ငယ်က ကလေးဂျာနယ်ဆိုပြီးတော့ စာအုပ်လေး ထွက်ခဲ့ဘူးပါတယ်။အဲဒီထဲမှာပုံပြင်တွေ ကလေးကဗျာတွေ ကာတွန်းတွေပါ ပါတယ်။ (အခုခေတ် တေဇတို့ ရွှေသွေးတို့ထက်ပိုထူပါတယ် မဂ္ဂဇင်းဆိုက်မျိုးပါ။ မှတ်မှတ်ရရပြောရရင် ဒီစာဖတ်တာနဲ့ပါတ်သက်ပြီး တစ်ခါ အဖွားကဆူတာခံရဘူးပါတယ်။ ကျွန်တော်တို့ငယ်ငယ်က အခု 84လမ်း 34-35 ကြားမှာဝင်းလိုက်ရုပ်ရှင်ရုံဆိုတာရှိပါတယ်။ အဲဒီရုပ်ရှင်ရုံရှေ့မှာ ပလပ်စတစ်လေးခင်းပြီး ကာတွန်းငှားစားတဲ့ဆိုင်လေးတွေရှိပါတယ်။ သူတို့ငှားတာက ရုပ်ရှင်လာကြည့်တဲ့သူတွေကိုအငှားများပါတယ်။ […]


တောင်သမန်းအင်းမြောက်ဘက်ခြမ်းမှာ လမ်းဆုံလမ်းခွနားက လက်ပံပင်ကြီးရဲ့အနောက်ဘက်မှာ သဘာဝအတိုင်းရှိနေတဲ့ထန်းနှစ်ပင်ပါ။ အမြင့်ကလူတူပါတယ်။ မြူတွေဆိုင်းနေတဲ့မနက်ပိုင်းဖြစ်တော့ ဟိုခပ်ဝေးဝေးက ဦးပိန်တံတားကို ဝိုးတဝါးဘဲမြင်ရပါတယ်.။ လွမ်းစရာကောင်းသော မြင်ကွင်းလေးမို့ တင်ပေးလိုက်ပါတယ်။ တကယ်လို့များမန်းလေးရောက်ခဲ့ရင် တောင်သမန်အင်းက ထန်းညီနောက်ကို ရှာကြည့်နော်။


ဒီပုံလေးကတော့ တောင်သမန်အင်းဘေးက လက်ပံတွေပွင့်နေတဲ့အပင်လေး။ သူ့ဘေးမှာတော့ ရှေးကတည်းက ရှိပုံရတဲ့ ပြိုပျက်နေတဲ့ မုဒ်ပေါက်ကလေးလဲရှိရဲ့ မြင်ရအောင် တင်ပေးလိုက်ပါတယ်။


ဒီပုံလေးကတော့ တောင်တမန်အင်းစောင်းမှာရှိတဲ့လက်ပံပင်ကလေးပါ။ ပုထိုးတော်ကြီးဘုရားဝင်တဲ့လမ်းမှာရှိပါတယ်။ လက်ပံပွင့်ကို မမြင်ဘူူးရင်မြင်ရအောင်ပါ။


ကန်တော်ကြီးရဲ့နိုးထစ မနက်ခင်းလေးပါ။ ထွက်လာမယ့်နေမင်းက ရှမ်းရိုးမအောက်မှာ ပုန်းနေသေးပေမယ့် သူလာတော့မယ်ဆိုတာကို ရောင်နီတွေကို ရှေ့ပြေးလွှတ်ပြီး ကောင်းကင်ကို ပုဇွန်ဆီရောင်ဆိုးပြီးရေပြင်ကိုပါ အရိပ်ထင်ဟပ်စေတဲ့လွမ်းစရာ့မြင်ကွင်းလေးပါ


တက်သေးအင်းရေပြင်ရယ် ကုက္ကိုကျွန်းလို့အမည်တွင်တဲ့အပန်းဖြေစရာနေရာလေးရယ် လှပတယ်လို့ ယူဆရတဲ့ရူ့ခင်းလေးပါ။ မန်းလေးကိုလာလို့ အေးအေးဆေးဆေးနေချင် အပန်းဖြေနားချင်တယ် ညနေခင်းမှာထမင်းစားချင်တယ်ဆိုရင် ကန်တော်ကြီးဘက်သာလာခဲ့ပါ. ရေပြင်ကိုငေးမောရင်း လေအေးအေးလေးကိုခံစားရင်း ………………