ဒီပုံလေးကတော့ တံတားဦးလေယာဉ်ကွင်းကို သွားဘို့ဧရာဝတီမြစ်နဲ့ယှဉ်ပြီးဖောက်ထားတဲ့လမ်းမ ကနေ ဧရာဝတီမြစ်ဘက်ကိုဆင်းတဲ့လမ်းလေးပေါ့။ “ဧရာထွန်း”လို့အမည်ရတဲ့လူနေတိုက်ခန်းတွေရှေ့မှာရှိနေတဲ့ယာယီလမ်းလေးပါ။ ဧရာဝတီမြစ်ရေကြီးချိန်မှာတော့ ဒီနေရာက ရေပြင်ကျယ်ကြီးပါဘဲ။ အခုလို ဆောင်းရာသီတို့ နွေရာသီတို့မှာဆိုရင် စိုက်ခင်းလေးတွေရှိမယ်။ တံငါတဲလေးတွေရှိမယ်။ ဧရာဝတီမြစ်ရဲ့သောင်စပ်နဲ့မြစ်ကမ်းနံဘေးကို ရောက်အောင်သွားနိုင်တဲ့ယာယီလမ်းကလေးပါ။ ကျွန်တော်တို့ လူ့ဘဝကြီးမှာလဲအခုလို ယာယီလမ်းလေတွေ ဘယ်နှစ်ခုလောက်များရှိနေမလဲဆိုတဲ့မေးခွန်းလေးက ရင်ထဲကိုရောက်လာပါတယ်။ သာယာလှပတဲ့ရူ့ခင်းလေးမို့ မျှဝေပေးလိုက်ပါတယ်။(26-2-2011)နေ့ကမှတ်တမ်းတင်ထားပါတယ်.။
