“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းသုံး) ( စမ်းစမ်းနွယ်(ခ) မပိ) (ဘဝအပိုင်း-သုံး စမ်းစမ်းနွယ်(ခ) မပိ) ဒီနေ့အလုပ်ပိတ်ရက်ဆိုတော့ အိမ်မှာအားနေပါတယ်။ မနက်ပိုင်းလေးဘဲချက်ပြုတ်လျှော်ဖွတ် နေ့လည်ပိုင်းမှာမီးပူတိုက်ပြီး တာနဲ့ အားနေသလိုပါဘဲ။ အပြင်ကိုလဲ ဒီနေ့အဖို့သွားစရာမရှိဘူးဆိုတော့ (ဝင်ငွေလဲမရှိတော့ဘူးပေါ့)လို့” မပိ” တစ်ယောက်ထဲတွေးရင်းပြုံးနေမိပါတယ်။ ပြုံးတဲ့အပြုံးကကျေနပ်တဲ့အပြုံးလား မကျေနပ်တဲ့အပြုံးလားဆိုတာကိုတော့ လူမြင်တိုင်းပြုံးပြတဲ့အကျင့်ကိုရနေတဲ့ “ မပိ“တစ်ယောက် အပြုံးကို သရုပ်မခွဲတတ်တော့တာလဲအတော်လေးကြာပြီလို့တောင်ထင်မိပါတယ်။ တစ်ရက်ထဲမှာ ဘဝနှစ်မျုးိနဲ့ကျင်လည်နေရတဲ့ “မပိ “အတိတ်ကိုပြန်တွေးမကြည့်ချင်တာကလဲအမှန်။ တွေးမိပြန်ရင်လဲ ကိုယ့်ဘဝကိုယ် အဖြစ်ဆိုးတယ်လို့ နာကျည်းချက်တွေနဲ့မျက်ရည်တွေဝဲလာမိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာတော့အိပ်ယာပေါ်လဲနေတဲ့ အဖေနဲ့ လူကသာကြီးကောင်ဝင်လို့အရွယ်ရောက်လာတယ် ဦးနှောက်ကအရွယ်မရောက်သေးတဲ့မောင်လေးတွေအကြောင်းစိတ်ထဲကို ပြန်ထည့် လို့ “သူတို့အတွက်ငါအသက်ရှင်ရအုံးမယ်”ဆိုပြီး အားတွေတင်းရင်းဝမ်းနည်းစိတ်တွေဖျောက်လို့ ကိုယ့်ကို ကိုယ ် ပြန်အားပေးရပြန်ပါတယ်။ဒါပေမယ့်လဲ ပြန်ပြုပြင်လို့ မရနိုင်တဲ့အတိတ်ကိုပြန်တွေးမိရင် စိတ်မချမ်းမြေ့သလို ကိုယ်ကဘဲအလွယ်လမ်းကိုကြိုက်တာလား ရေသာခိုချင်တာလား စိတ်ဓါတ်ညံ့ဖျင်းတာလား ပျော့ညံ့တာလား တရားမရှိတာလား […]
