“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းသုံး) ( စမ်းစမ်းနွယ်(ခ) မပိ) (ဘဝအပိုင်း-သုံး စမ်းစမ်းနွယ်(ခ) မပိ) ဒီနေ့အလုပ်ပိတ်ရက်ဆိုတော့ အိမ်မှာအားနေပါတယ်။ မနက်ပိုင်းလေးဘဲချက်ပြုတ်လျှော်ဖွတ် နေ့လည်ပိုင်းမှာမီးပူတိုက်ပြီး တာနဲ့ အားနေသလိုပါဘဲ။ အပြင်ကိုလဲ ဒီနေ့အဖို့သွားစရာမရှိဘူးဆိုတော့ (ဝင်ငွေလဲမရှိတော့ဘူးပေါ့)လို့” မပိ” တစ်ယောက်ထဲတွေးရင်းပြုံးနေမိပါတယ်။ ပြုံးတဲ့အပြုံးကကျေနပ်တဲ့အပြုံးလား မကျေနပ်တဲ့အပြုံးလားဆိုတာကိုတော့ လူမြင်တိုင်းပြုံးပြတဲ့အကျင့်ကိုရနေတဲ့ “ မပိ“တစ်ယောက် အပြုံးကို သရုပ်မခွဲတတ်တော့တာလဲအတော်လေးကြာပြီလို့တောင်ထင်မိပါတယ်။ တစ်ရက်ထဲမှာ ဘဝနှစ်မျုးိနဲ့ကျင်လည်နေရတဲ့ “မပိ “အတိတ်ကိုပြန်တွေးမကြည့်ချင်တာကလဲအမှန်။ တွေးမိပြန်ရင်လဲ ကိုယ့်ဘဝကိုယ် အဖြစ်ဆိုးတယ်လို့ နာကျည်းချက်တွေနဲ့မျက်ရည်တွေဝဲလာမိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာတော့အိပ်ယာပေါ်လဲနေတဲ့ အဖေနဲ့ လူကသာကြီးကောင်ဝင်လို့အရွယ်ရောက်လာတယ် ဦးနှောက်ကအရွယ်မရောက်သေးတဲ့မောင်လေးတွေအကြောင်းစိတ်ထဲကို ပြန်ထည့် လို့ “သူတို့အတွက်ငါအသက်ရှင်ရအုံးမယ်”ဆိုပြီး အားတွေတင်းရင်းဝမ်းနည်းစိတ်တွေဖျောက်လို့ ကိုယ့်ကို ကိုယ ် ပြန်အားပေးရပြန်ပါတယ်။ဒါပေမယ့်လဲ ပြန်ပြုပြင်လို့ မရနိုင်တဲ့အတိတ်ကိုပြန်တွေးမိရင် စိတ်မချမ်းမြေ့သလို ကိုယ်ကဘဲအလွယ်လမ်းကိုကြိုက်တာလား ရေသာခိုချင်တာလား စိတ်ဓါတ်ညံ့ဖျင်းတာလား ပျော့ညံ့တာလား တရားမရှိတာလား […]


“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းနှစ်) (ဂျမ်းတောမ) (ဘဝအပိုင်း-နှစ်- ဂျမ်းတောမ) “ဂျမ်းတောမ ……….ကန်အထုတ်ခံလိုက်ရပြန်ပလား ဒီအချိန်ထိ အိပ်ယာမထပုံထောက်ရင်” ဒီအသံကတော့ ကျုပ်အကြောင်းကို သိလွန်းတဲ့ ကြီးစိန်မြရဲ့နံနက်ခင်းတေးသံသာပါဘဲ။ ထင်ဆိုလဲထင်စရာပါ ကျုပ်ကလဲ ပန်းရံဆရာက မခေါ်လို့ အလုပ်မရှိဘဲ နား နား နေရတာက ခဏခဏကိုး။ အလုပ်မရှိတဲ့ရက်ဆိုတော့လဲ နေဖင်ထိုးအောင်အိပ်ရုံပေါ့နော။ ပုံမှန်သာ ကျုပ်အလုပ်သွားရမယ်ဆိုရင် မနက်အရုဏ်တက် တုံးမောင်းခေါက်သံကြားကထဲကထ၊ ရှိတဲ့ဆန်လေးနဲ့သားအဖတစ်တွေအလုပ်သွားရင်ထည့်သွားဘို့ ထမင်းထုပ်အတွက် ထမင်းအိုးတည်၊ ချန်ထားတဲ့ဘဲဥနှစ်လုံးထဲကိုကြက်သွန်ခရမ်းချဉ်သီးရှိသလောက်အကုန်ထဲ့လို့ကြော်၊ ပြီးရင် သားအဖသုံးယောက်အတွက် မျှပြီးထမင်းထုပ်။ အိမ်ကျန်နေမယ့်နှစ်ယောက်အတွက်လဲမျှတော့ချန်ခဲ့ရပါတယ်။ မနက်အဆာပြေစားသွားဘို့ ညကကျန်တဲ့ထမင်းကြမ်းကိုဆီပူထိုး။ ပဲပြုတ်သယ်လာရင် ပဲပြုတ်တစ်ရာဘိုးဝယ် သားအဖငါးယောက်မျှတစားဘို့ ပုဂံလေးတွေထဲကိုခွဲတမ်းချ။ အဲဒီကိစ္စပြီးတာနဲ့ရေကမန်းကတန်းချုးိ၊ “မိစိန်” စက်ဘီးကိုကပ်လိုက်ပြီးအလုပ်အတူသွားဘို့လမ်းမတန်းကထွက်စောင့်ရပါတယ်။ “မိစိန်”ကစက်ဘီးစိုက် အသွားအပြန်ကျုပ်ကလူစိုက်ပေါ့။ လူတစ်ယောက်ကိုတင်နင်းရတာ ပင်ပန်းပေမယ့် ငွေမကုန်ဘူးလေ။ တစ်ခုတော့ရှိတာပေါ့လမ်းမှာများ စက်ဘီးပေါက်ရင်တော့ ဘီးဖာခက တဝက်စီခံ။ […]


“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းတစ်) (မိအေး တစ်ဖြစ်လဲ ဝေမာရွှေစင်) တကယ်သေသေချာချာ ပြန်တွေးကြည့်မယ်ဆိုရင်ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးက အကျယ်ကြီး၊ လူတွေကလဲအများကြီး ဆိုပြန်တော့ ဘဝတွေကလဲအများကြီးရှိကြတာပေါ့နော်။ တစ်ယောက် တစ်ယောက်ခြင်းစီရဲ့ဘဝတွေမှာ အဖြစ်အပျက်တွေ ခံစားရတာတွေ ကြုံရတာတွေကလည်း ဆင်တူယိုးမှားတော့ ရှိကောင်းရှိနိုင်ပေမယ့်လည်းထပ်တူကျဘို့ ကတော့ ဖြစ်နိုင်ခြေနည်းပါးတယ်လို့ ထင်ပါတယ်။ လူ့တစ်ဦးစီ ဘဝတစ်ခုစီရဲ့ဖြစ်ပျက်ပြောင်းလဲသွားတာတွေကိုတော့ ဘယ်သူမှ ကိုယ်ဖြစ်စေချင်သလို ထိန်းချုပ်လို့မရတာကလဲအမှန်ပါဘဲ။ ဒါကြောင့်လဲ” ဖြစ်ချင်သလိုမဖြစ်ဘဲ ဖြစ်ချင်တာတွေဖြစ်နေတဲ့လောကကြီး”လို့ ဆိုသကိုးဗျ။ လူရယ်လို့ဖြစ်လာမှတော့ ကောင်းသောဘဝ ကောင်းသောအဖြစ်အပျက်ကို ပိုင်ဆိုင်ချင်ကြတာ တော့ လက်တွေ့ကျတဲ့လိုအပ်ချက်တစ်ခုပါဘဲ။ ဒါပေမယ့်လည်း မမြင်နိုင်သော ကံစေစားရာအတိုင်း ဖြစ်ချင်သလိုဖြစ် ကုန်ကြတယ်ဆိုတာလဲ ငြင်းပယ်လို့ မရတဲ့ အကြောင်းတရားဖြစ်နေပါလေရော။ လူရယ်လို့ ဖြစ်နေသမျှကာလပါတ်လုံး “ဘဝ”ဆိုတဲ့မဆုံးနိုင်သောဇာတ်လမ်းကြီးထဲမှာ နေ့စဉ်နဲ့အမျှ ပါဝင်ပါတ်သက်နေရတာပေါ့။ တစ်ခါတစ်လေတော့ လဲ ကိုယ်တိုင် ပါဝင်ကပြသူ […]


“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းတစ်) (မိအေး တစ်ဖြစ်လဲ ဝေမာရွှေစင်) တကယ်သေသေချာချာ ပြန်တွေးကြည့်မယ်ဆိုရင်ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးက အကျယ်ကြီး၊ လူတွေကလဲအများကြီး ဆိုပြန်တော့ ဘဝတွေကလဲအများကြီးရှိကြတာပေါ့နော်။ တစ်ယောက် တစ်ယောက်ခြင်းစီရဲ့ဘဝတွေမှာ အဖြစ်အပျက်တွေ ခံစားရတာတွေ ကြုံရတာတွေကလည်း ဆင်တူယိုးမှားတော့ ရှိကောင်းရှိနိုင်ပေမယ့်လည်းထပ်တူကျဘို့ ကတော့ ဖြစ်နိုင်ခြေနည်းပါးတယ်လို့ ထင်ပါတယ်။ လူ့တစ်ဦးစီ ဘဝတစ်ခုစီရဲ့ဖြစ်ပျက်ပြောင်းလဲသွားတာတွေကိုတော့ ဘယ်သူမှ ကိုယ်ဖြစ်စေချင်သလို ထိန်းချုပ်လို့မရတာကလဲအမှန်ပါဘဲ။ ဒါကြောင့်လဲ” ဖြစ်ချင်သလိုမဖြစ်ဘဲ ဖြစ်ချင်တာတွေဖြစ်နေတဲ့လောကကြီး”လို့ ဆိုသကိုးဗျ။ လူရယ်လို့ဖြစ်လာမှတော့ ကောင်းသောဘဝ ကောင်းသောအဖြစ်အပျက်ကို ပိုင်ဆိုင်ချင်ကြတာ တော့ လက်တွေ့ကျတဲ့လိုအပ်ချက်တစ်ခုပါဘဲ။ ဒါပေမယ့်လည်း မမြင်နိုင်သော ကံစေစားရာအတိုင်း ဖြစ်ချင်သလိုဖြစ် ကုန်ကြတယ်ဆိုတာလဲ ငြင်းပယ်လို့ မရတဲ့ အကြောင်းတရားဖြစ်နေပါလေရော။ လူရယ်လို့ ဖြစ်နေသမျှကာလပါတ်လုံး “ဘဝ”ဆိုတဲ့မဆုံးနိုင်သောဇာတ်လမ်းကြီးထဲမှာ နေ့စဉ်နဲ့အမျှ ပါဝင်ပါတ်သက်နေရတာပေါ့။ တစ်ခါတစ်လေတော့ လဲ ကိုယ်တိုင် ပါဝင်ကပြသူ […]


ကန်ပါတ်လမ်းက ရှမ်းကလေးကျွန်လေးကျွန်းမရောက်ခင် အနားမှာ အင်မတန်ကြီးမားပြီး သက်တမ်းရင့်နေတဲ့ လက်ပန်ပင်ကြီးတွေရှိပါတယ်။ အဲဒီလက်ပန်ပင်ကြီးအောက်မှာ လူတစ်ယောက် က လယ်ကွင်းတွေအဆုံးမှာရှိတဲ့စစ်ကိုင်းတောင်ရှိရာ မင်းဝံတောင်ရိုးဘက်ကိုကြည့်နေရင်း မူံရီနေတဲပါတ်ဝန်းကျင်ကိုငေးမောရင်းဘာတွေများစဥ်းစားပြီးလွမ်းနေသလဲဆိုတာကိုသိချင်လိုက်တာ


နံနက်စောစော မြူမူံမူံ လေကလေးကအေးအေး လှေကလေးနဲ့ အင်းထဲမှာ ဝမ်းစာရှာ အိုတံငါရယ် မလင်းတလင်းကြည့် မဝရွှေအဆင်းဝင်းပနေတဲ့ ရှေ့ကဘုရားလေးကိုသင်မြင်ပါသလား


ဒီနေရာလေးကတော့ မြေတွေကျောက်တွေကိုသယ်တဲ့နေရာလေးပါ။ လက်ပံပင်လေးနှစ်ပင်က ကုန်းလေးပေါ်မှာပေါက်နေပါတယ်။ လက်ပံပင်လေးနှစ်ပင်ကြားကနေပြီးတော့စစ်ကိုင်းတံတားအသစ်ကိုမြင်နေရပါတယ်။ နေ့လည်ခင်းဖြစ်ပေမယ့်မြူမူံမူံလေးရှိနေတော့ သိပ်မဝေးတဲ့နေရာက စစ်ကိုင်းတံတားကို ခပ်ဝါးဝါးလေးဘဲမြင်နေရတာ လွမ်းစရာလေးပေါ့။


ဒီနေရာလေးက ရွှေကြက်ယက်မရောက်ခင်နေရာလေးမှာ ကျောက်တွေတင်နေတဲ့မော်တော်လေးနားကနေ အနောက်ဘက်ခြမ်းမှာရှိတဲ့စစ်ကိုင်းဘက်ကမ်းကိုလှမ်းရိုက်ထားတဲ့ပုံလေးပါ။ သူ့ဘေးနားကလက်ပံပင်လေးကလဲလှပါတယ်။ဒီနေရာတစ်ဝိုက်ကတော့လက်ပံပင်အတော်လေးပေါပါတယ်။အခုလိုလက်ပံပွင့်ချိန်မှာတော့ အပင်တိုင်းမှာလက်ပံပွင့်တွေနဲ့ရဲရဲတောက်နေတာပါ။


ဒီပုံလေးကတော့စစ်ကိုင်းကိုသွားတဲ့ကန်ပါတ်လမ်းမှာတွေ့တဲ့လက်ပံပင်ကို သဘောကျလို့မှတ်တမ်းတင်ထားတာပါ။ ဒီလက်ပံပင်သုံးပင်ရဲ့သက်တမ်းကတော့တော်တော်လေးရင့်ပြီလို့ထင်ရပါတယ်။ အပွင့်တွေဝေနေအောင်ပွင့်နေပြီး အပင်ပေါ်မှာ ဇရက်တွေ အုံခဲလို့အသံတွေပေးနေပါတယ်။ လှပတယ်လို့ ထင်ရလို့တင်ပေးလိုက်ပါတယ်။


ဒီပုံလေးကတော့ ပစ္စင်ပြအိုး နန်းမြို့ရိုးကို ပြာလွင်တဲ့ကောင်းကင်အောက်မှာ ကျုံးရေပြင်မှာ အရိပ်တွေထင်လို့ လှပတဲ့မြင်ကွင်းလေးပါဘဲ။ ကျုံးအနောက်ဘက်ခြမ်းကနေပြီးမြောက်ဘက်ကနေ တောင်ဘက်ကိုရိုက်ထားတဲ့ပုံလေးဖြစ်ပါတယ်။ လမ်း80 16လမ်းဒေါင့်ကနေရိုက်ထားတဲ့ပုံလေးဖြစ်ပါတယ်။ အဝေးဆုံးမှာမြင်နေရတာကတော့ မကြာခင်က မှရှေးလက်ကျန်တံတားကို ဖျက်လိုက်တဲ့ စက်ရှင်တံတားခေါ် စည်ရှင်တံတားဖြစ်ပါတယ်.။ လှပသောပုံလေးလို့ စိတ်ထဲမှာခံစားရပါတယ်။


“မတုံ့စကောင်း တုံ့စကောင်း”( ကသစ်ယောက္ခမ နဲ့ သခွတ်ချွေးမ ပုံပြင်) မနက်စောစော(၅)နာရီခွဲ(၆)နာရီလောက်လမ်းလျှောက်ထွက်လာတဲ့အချိန်များမှာသူလိုကိုယ်လိုလမ်းလျှောက်လာသူတွေ အတော်များများလက်ထဲမှာ တရုပ်ကလာတဲ့ရေဒီယိုသေးသေးလေးတွေ ပါလာတာကိုတွေ့ရသလို ဘယ်လိုင်းကလွှင့်မှန်းမသိပေမယ့် သတင်းပေါင်းစုံ သီချင်းပေါင်းစုံကို အမြဲလိုလိုကြားနေရတတ်ပါတယ်။ အခုနောက်ပိုင်းမှာ FM ပြန်တွေခေတ်စားလာတော့ မကြားရတာကြာတဲ့သီချင်းလေးတွေကို ပြန်နားထောင်ရ တာကတော့ အတော်လေးကို စိတ်ကျေနပ်စရာကောင်းလှပါတယ်။ ဒီရေဒီယိုလိုင်းတွေက လွှင့်နေတဲ့သီချင်းတွေထဲမှာ မြန်မာအသံက မလွှင့်တာကြာပြီဖြစ်တဲ့ရေဒီယိုသီချင်းတွေ လည်းပါလာတတ်ပါတယ်။ ဒီအစီအစဉ်မှာ သီချင်းလွှင့်ဘို့စီစဉ်ပေးသူကအတော်လေးနှံ့စပ်တယ်လို့ပြောနိုင်ပါတယ်။ သီချင်းကောင်းသီချင်းဟောင်းလေးတွေကို နားဆင်နေရ ကြားနေရလို့ပါဘဲ။ တစ်ရက် မနက်စောစော ထုံးစံအတိုင်းလမ်းလျှောက်လာတဲ့အချိန်“နတ်စည်ငယ်လေ ပုဇွန်လက်ရိုး အာလမ္ဗရာ……………………………….အစချီတဲ့ အဆိုတော်ဦးအံ့ကြီးရဲ့ ကသစ်ပန်း(ခေါ်)သခွတ်ပန်း အမည်ရတဲ့ မိုးဘွဲ့သီချင်းလေးကို ရေဒီယိုလှိုင်းသံကနေကြားလိုက်ရပါတယ်။ အဲဒီရေဒီယိုပိုင်ရှင်က ကျွန်တော့်ရှေ့ကလျှောက်နေတော့ သီချင်းနားထောင်ချင်တာနဲ့ သူ့ကိုကျော်မတက်ဘဲ နောက်ကနေအသာလမ်းကပ်လိုက်ပြီး အသံကိုခိုးလို့နားထောင်လာပါတယ်။ မြို့မငြိမ်းရဲ့ပြောင်မြောက်တဲ့စာသား ကိုအံ့ကြီးရဲ့ပီသ ကြည်မြရှင်းလင်းတဲ့အသံ ပြတ်သားတဲ့တီးလုံးအသွား တွေရယ် အပြင်မှာ နားမထောင်ရတာ […]


ဒီပုံလေးက မန္တလေး အနောက်ဘက်ကျုံးလမ်းက 16လမ်းနဲ့လမ်း80ဒေါင့်မှာရှိတဲ့ နန်းမြို့ ရိုးပုံလေးပါ။ လှတယ်ဆိုတာထက် ခန့်ညားတယ်ဆိုရင်ပိုမှန်ပါမယ်။ ရှေးနှစ်ပေါင်း 150 ကတည်းက ရှိခဲ့တဲ့ မြန်မာမင်းများ စံမြန်းတဲ့ နန်းတော်ရာပေါ့။ မြန်မာပြည်မှာ ကျုံး မြို့ရိုး အပြည့်အစုံကျန်တာ မန္တလေး နန်းတော်တစ်ခုဘဲ ရှိတယ်လို့ မှတ်သားရဘူးပါတယ်။ ရောက်ဘူးသူများကတော့ နောက်တစ်ခေါက် မရောက်ဘူးသူများကတော့ မရောက်ရောက်အောင် လာစေချင်ပါတယ်ဗျာ။


ဒီပုံလေးကတော့ ပထမတင်ထားခဲ့တဲ့ ယာယီလမ်းကလေးကို အတည့်မြင်ရတဲ့ပုံလေးဖြစ်ပါတယ်။ အရှေ့မှာဘာတွေရှိမလဲလို့ သွားကြည့်ချင်စရာလေးပါဘဲ။