“ မမေ့စကောင်း …..မေ့စကောင်း ” ကျွန်တော်တို့မြန်မာတွေက တစ်နေ့ကို အနည်းဆုံးထမင်းနှစ်နပ်တော့စားလေ့ရှိကြပါတယ်။ တစ်ချို့သွားရေစာ မစားတတ်တဲ့သူများကတော့ မနက်အစောစာလဲ ထမင်းဘဲစား၊ နေ့လည်စာရော ညစာရော ထမင်းဘဲစားတော့ တစ်နေ့သုံးနပ်ပေါ့။ ဒီတော့လဲထမင်းစားတယ်ဆိုတာ ကျွန်တော်တို့အတွက် သာမန်လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ရပ်လို့သာ မှတ်ယူထားလို့ဘဲ မထူးဆန်းတဲ့ကိစ္စဆိုရင် “ထမင်းစားရေသောက်”လို့ပြောတတ်ကြပါတယ်။ ဒါပေမယ့်လည်းလောကမှာ နေ့စဉ် ကြုံနေကြ မထူးဆန်းဘူးဆိုတာလေးတွေထဲမှာတောင်မှ မေ့မရနိုင်လောက်အောင်ထူးထူးခြားခြားမှတ်မိနေစရာလေးတွေရှိတတ်ကြပါတယ်။ တစ်ချို့ကတော့ ထူးထူးခြားခြား စားကောင်းလို့ ၊တစ်ချို့ကတော့ စားရတာတန်လို့၊တစ်ချို့ကတော့ မတန်တဆ နှပ်အချခံလိုက်ရလို့ တစ်ချို့ကြတော့လဲသိပ်ကိုဆာလောင်မွတ်သိပ်နေချိန်မှာစားလိုက်ရတာမျိုးကိုဆိုလိုတာပါ။ ကျွန်တော့်ဘဝမှာလဲ ထမင်းစားတာနဲ့ပါတ်သက်ပြီးအမှတ်ရစရာလေးတွေရှိခဲ့ဘူးပါတယ်။ ချမ်းချမ်းလိုဟဲရရင် “မေ့တော့ မမေ့သေးဘူး…………………..”ပေါ့ဗျာ။ ရှေးရှေးတုံးကပေါ့နော်လို့ ကလေးများကိုပုံပြောသလိုဘဲစလိုက်ပါတော့မယ်။ ရက်စွဲအတိအကျမသိပေမယ့် စနေနေ့ဆိုတာတော့မှတ်မိနေပါတယ်။ ကျွန်တော်တို့ မန္တလေးကလူများကအားတယ်ဆိုရင် မေမြို့သို့မဟုတ်ပြင်ဦးလွင်ကို အပျင်းပြေတက် လေ့ရှိပါတယ်။ တစ်ခါတစ်ရံနေ့ချင်းပြန်၊တစ်ခါတစ်လေတော့လဲ တစ်ညအိပ်ပေါ့။ အဲဒီတုန်းက ဒီလမ်းက တစ်လမ်းမောင်းဘဲရှိနေသေးတဲ့အချိန်ပေါ့။ အိ်မ်ဘေးအိမ်က “အန်တီအယ်မာ”တို့ […]