စိမ်းမြနဲ့အပင်တွေကိုထမ်းထားတဲ့မြေပြင်ရယ် ပြာလွင်တဲ့အရောင်နဲ့အုပ်မိုးထားတဲ့ကောင်းကင်ရယ် ဟိုးအဝေးမှာ တည်ငြိမ်စွာလှဲလျောင်းနေတဲ့ တောင်တန်းရယ် မွှားမွှားလေးဘဲမြင်နေရတဲ့ မြစ်မင်းဧရာရယ် ကိုတစ်စုတစ်ဝေးထဲမြင်ရတော့ …………………. မွန်းကျပ်နေတဲ့စိတ်တွေက လွပ်လတ်စွာ အဝေးကိုထွက်ပြေး……………………………


“ မမေ့စကောင်း …..မေ့စကောင်း ” ကျွန်တော်တို့မြန်မာတွေက တစ်နေ့ကို အနည်းဆုံးထမင်းနှစ်နပ်တော့စားလေ့ရှိကြပါတယ်။ တစ်ချို့သွားရေစာ မစားတတ်တဲ့သူများကတော့ မနက်အစောစာလဲ ထမင်းဘဲစား၊ နေ့လည်စာရော ညစာရော ထမင်းဘဲစားတော့ တစ်နေ့သုံးနပ်ပေါ့။ ဒီတော့လဲထမင်းစားတယ်ဆိုတာ ကျွန်တော်တို့အတွက် သာမန်လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ရပ်လို့သာ မှတ်ယူထားလို့ဘဲ မထူးဆန်းတဲ့ကိစ္စဆိုရင် “ထမင်းစားရေသောက်”လို့ပြောတတ်ကြပါတယ်။ ဒါပေမယ့်လည်းလောကမှာ နေ့စဉ် ကြုံနေကြ မထူးဆန်းဘူးဆိုတာလေးတွေထဲမှာတောင်မှ မေ့မရနိုင်လောက်အောင်ထူးထူးခြားခြားမှတ်မိနေစရာလေးတွေရှိတတ်ကြပါတယ်။ တစ်ချို့ကတော့ ထူးထူးခြားခြား စားကောင်းလို့ ၊တစ်ချို့ကတော့ စားရတာတန်လို့၊တစ်ချို့ကတော့ မတန်တဆ နှပ်အချခံလိုက်ရလို့ တစ်ချို့ကြတော့လဲသိပ်ကိုဆာလောင်မွတ်သိပ်နေချိန်မှာစားလိုက်ရတာမျိုးကိုဆိုလိုတာပါ။ ကျွန်တော့်ဘဝမှာလဲ ထမင်းစားတာနဲ့ပါတ်သက်ပြီးအမှတ်ရစရာလေးတွေရှိခဲ့ဘူးပါတယ်။ ချမ်းချမ်းလိုဟဲရရင် “မေ့တော့ မမေ့သေးဘူး…………………..”ပေါ့ဗျာ။ ရှေးရှေးတုံးကပေါ့နော်လို့ ကလေးများကိုပုံပြောသလိုဘဲစလိုက်ပါတော့မယ်။ ရက်စွဲအတိအကျမသိပေမယ့် စနေနေ့ဆိုတာတော့မှတ်မိနေပါတယ်။ ကျွန်တော်တို့ မန္တလေးကလူများကအားတယ်ဆိုရင် မေမြို့သို့မဟုတ်ပြင်ဦးလွင်ကို အပျင်းပြေတက် လေ့ရှိပါတယ်။ တစ်ခါတစ်ရံနေ့ချင်းပြန်၊တစ်ခါတစ်လေတော့လဲ တစ်ညအိပ်ပေါ့။ အဲဒီတုန်းက ဒီလမ်းက တစ်လမ်းမောင်းဘဲရှိနေသေးတဲ့အချိန်ပေါ့။ အိ်မ်ဘေးအိမ်က “အန်တီအယ်မာ”တို့ […]


နာမယ်ကျော် ဂေါဝိန်ဆိပ်ကမ်းမှာ ခရီးသွားသင်္ဘောတစင်းဆိုက်နားနေချိန်ပါ။ ဂေါဝိန်ဆိုတာမန်းလေးမြို့အတွက် မမေ့နို်င်စရာ သမိုင်းအဖြစ်အပျက်များ၊ မြစ်ကမ်းနဲ့လုပ်ကိုင်စားသောက်သူများရဲ့ဘဝမှတ်တမ်းများ၊ လွမ်းစရာပျော်စရာရင်နာစရာတွေကိုသိမ်းဆည်းထားခဲ့တဲ့ နေရာလေးဖြစ်နေတော့ သက်ဆိုင်သူများအတွက်ကတော့ ………………


ဧရာဝတီမြစ်က အခုချိန်မှာရှေးကထက်စာရင်ကျဥ်းမြောင်းလို့လာပါတယ်။ မြစ်အနောက်ဘက်သဲသောင်ပြင်ကြီးကလဲ အရင်ထက်ပိုပိုကျယ်လာပါတယ်။ ဒီသောင်ပြင်ပေါ်မှာ ရေလုပ်သားတံငါမိသားစုတွေ။ သဲတူးတဲ့လုပ်ငန်းကိုလုပ်တဲ့ မိသားစုတွေက ယာယီတဲလေးတွေထိုးပြီးနေကြပါတယ်။ အရိပ်မရှိသစ်ပင်မရှိတဲ့ နေပူခေါင်ခေါင်မှာနေကြပါတယ်။ ဒီသဲသောင်ပြင်ရဲ့အနောက်ဖက်မှာတွေ စိမ်းစိုတဲ့သစ်ပင်တွေနဲ့ရွာကလေး။ (မိုးရွာလို့ ဧရာဝတီမြစ်ရေကြီးရင်တော့ ရေမြုတ်တဲ့ရွာကလေးတွေပါ) သူ့နောက်မှတော့ စစ်ကိုင်း-မင်းဝံတောင်တန်းကြီး။ မရောက်ဘူးသူများမြင်ဘူးအောင်။ မြင်ဘူးသူများလွမ်းရအောင်……………………………………………………


မန်းလေးမြို့ရဲ့အထင်ကရလမ်းမကြီးဖြစ်တဲ့ 26ဘီလမ်းကရဲ့အနောက်ဘက်လမ်းအဆုံးရောက်ရင် ဧရာဝတီမြစ်ကမ်းက မရမ်းခြံဆိပ်ကမ်းကိုရောက်ပါတယ်။ မင်းကွန်းကိုသွားမယ်ဆိုရင်ဒီနားကနေပြီး မော်တော်စီးပြီးမင်းကွန်းကို သွားရင်ရပါတယ်။ အခုမြင်ရတဲ့မြစ်ပြင်ကတော့ မင်းကွန်းရှိရာမြောက်ဘက်ကို ရိုက်ထားတဲ့ပုံလေးပါ။ မြစ်အကွေ့လေးက လှပသော မြင်ကွင်းလေးမို့ ဝေမျှလိုက်ပါတယ်။


အာဠဝီတံတားကနေ နန်းတွင်ကိုဝင်မယ်ဆိုရင်တွေ့ရတဲ့ မြိုတံခါးလေးပါ။ ဒီတံခါးပေါက်ကို ရှေးကတော့ မင်္ဂလာမရှိသောကိစ္စများကို အသုံးပြုပေမယ့် အခုအချိန်မှာတော့ ဒီအယူအဆတွေမရှိတော့ပါဘူး။ ရှေ့ကအုတ်တံတိုင်းနဲ့ထန်းပင် ကြည့်ရတာတကယ်လှပပါတယ်။ မြန်မာပြည်နောက်ဆုံးမင်းဆက်တည်ခဲ့တဲ့မြို့မှာ ရှေးမူမပျက်ကျန်နေသေးတဲ့အမွေအနှစ်တွေပါ။ နှစ်တစ်ရာ့ငါးဆယ်ဆိုတာ သိပ်တော့ မကြာသေးပါဘူး။ ဒါပေမယ့် ဒီထက်ပို ပြီး အမွေအနှစ်တွေတည်တံ့အောင် ဆောင်ရွက်ထားဘို့ လိုမယ်ထင်ပါတယ်။


မြူံမှုံမှုံ ဆောင်းက မန်းလေးကို သွားတော့မယ်ဆိုလို့ နုတ်ဆက်တဲ့တစ်ရက် ကိုယ့်ထက်အသက်အများကြီး ကြီးတဲ့ နန်းမြိုရိုးနီစွေးစွေးရဲ့အထက် သူထမ်း ထားတဲ့ပြအိုးနဲ့ပစ္စင် မြင်ရင်တောင်လွမ်းစရာကောင်းတဲ့ ထန်းရိပ်ညိုညို ကျုံးရေပြင် မြင်ရတဲ့အလွမ်း မန်းလေးသားမှန်ရင် ……………………………………………………………………………..


ဒီထနောင်းပင်လေးက ကျွန်တော့်ထက်အသက်ကြီးပါတယ်။ ကျွန်တော်ငယ်ငယ်က ခပ်ကွေးကွေးနောက်တော့ စိတ်ကောက်ပြီးကျုံးထဲကိုရေသောက်ဆင်းသွားပါတယ်။ လမ်း80အနောက်ကျုံးလမ်း မြောက်ပြင် 16လမ်းနဲံ17လမ်းကြားမှာရှိပါတယ်။ မလှပေမယ့် အနုပညာမြောက်တဲ့လက်ရာကိုကြည့်ရသလိုပါဘဲ။


“ ကိုပေါက်ပြားသွားခြင်း” ပြီးခဲ့တဲ့ဥပုဒ်နေ့က ကိုဝင်းအောင်ရဲ့ သားလေး မင်္ဂလာဆွမ်းကျွေးတာဖိတ်ထားတဲ့ ရွှေကျောင်းကြီးနားလေးက ဘုန်းတော်ကြီးကျောင်းကို အောင်မောင်းနဲ့နှစ်ယောက်သားသွားဖြစ်ခဲ့ကြပါတယ်။ ကိုဝင်းအောင် ချွေးမလောင်းလေး ရဲ့မိဘတွေ သဘောကောင်းပုံကတော့ တကယ်ကိုလေးစားလောက်ပါတယ်။ “ကလေးနှစ်ယောက် အတွက် မင်္ဂလာ ဧည့်ခံပွဲကို သတ်သတ်မလုပ်တော့ဘဲ သံဃာတော်တွေကို မင်္ဂလာဆွမ်းကပ်ရင်း မိတ်ဆွေအပေါင်းအသင်းတွေကို ပါ အသိအမှတ်ပြုတဲ့အနေနဲ့ တစ်ခါတည်းဖိတ်ပြီးဧည့်ခံလိုက်မယ်။ နှစ်ဖက်မိဘကလဲ ချမ်းသာသူတွေ မဟုတ်တဲ့အတွက် မင်္ဂလာဆောင်တာကို ကိုယ့်အိုးနဲ့ဆန်တန်ရုံလောက်ဘဲလုပ်မယ်။ နောက်ပြီး မင်္ဂလာပွဲကျင်းပဘို့ ရာထား ထားတဲ့ငွေတွေကိုု ဘဝအသစ်စမယ့်ကလေးတွေလက်ထဲထည့်ပေးလိုက်ကြရင် ပိုကောင်းမယ် နောက် မင်္ဂလာဆောင်ကြမယ့်ကလေးနှစ်ယောက်လည်း အပိုကုန်တာတွေမလုပ်နဲ့၊ တကယ်လိုတာလောက်ဘဲဝယ် ပကာသနမလိုဘူး “ဆိုတာကို လာပြီးတောင်းရမ်းစဉ်ကတဲက ပြတ်ပြတ်သားသားပြောထားပါသတဲ့။ အဲဒီမင်္ဂလာပွဲလေးမှာ အေးအေးဆေးဆေး စားကြသောက်ကြ စကားပြောကြရင်း အောင်မောင်းနဲ့ ညနေခင်းမှာဆက်တက်ရအုံးမယ့် မင်္ဂလာပွဲလေးအတွက်ချိန်းလိုက်ကြပါတယ်။ (ဒီမင်္ဂလာဆောင်လေးကလဲ မြန်မာလူမျုးိတွေဆောင်တာဖြစ်ပေမယ့် မိတ်ဆွေတွေကိုညစာစားပွဲနဲ့ဧည့်ခံမှာပါ။ အရင်ကတော့ […]


လမ်း(80)နဲ့26ဘီလမ်းဒေါင့်က ကျုံးဒေါင့်ကို မန်းလေးသားများက အနောက်ကျုံးဒေါင့်လို့ ခေါ်ကြပါတယ်။ သူ့ရဲ့အနောက်ဘက်လမ်းမကတော့ လမ်း80 ဖြစ်ပြီး အော်တိုဖုန်းရုံးလို့ခေါ်တဲ့ တယ်လီဖုန်းရုံးရှိပါတယ်။ သူ့အရှေ့ဖက်မှာတော့ အရင်က ရှိခဲ့ဘူးတဲ့ မြို့ဂုဏ်ဆောင် မန်းသီတာဥယျာဉ်ရှိခဲ့ဘူးပါတယ်။ ဒီမြိုရိုးအောက်မှာ ဟိုအရင်ခေတ်များက လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့တွေမှာပျော်ပွဲရွှင်ပွဲတွေကျင်းပခဲ့ဘူးပါတယ်။ အမှတ်တရအဖြစ်တင်ပြပေးလိုက်ပါတယ်။ အဲဒီနေက မြူမှုံနေတော့ ပုံက သိပ်မကြည်လင်ပေမယ့် လွမ်းစရာလေးလို့ထင်မိပါတယ်။ (8-3-2011)နေ့က မှတ်တမ်းတင်ထားတဲပုံဖြစ်ပါတယ်။


“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းခြောက်) (ဘဝအပိုင်းခြောက် – မြင်ကြားခဲ့သမျှဇာတ်လမ်းအစုံ) ကျွန်တော့် ကျန်းမာရေးအတွက် နေ့တိုင်းနေ့တိုင်းမနက်5း30လောက်ဆိုရင်မန်းလေးကန်တော်ကြီး (တက်သိမ်းအင်း)ကန်ကြီးကိုပါတ်ပြီးလမ်းလျှောက်လေ့ရှိပါတယ်။ ကျွန်တော်တို့လိုလမ်းလျှောက်သူအချင်းချင်း တွေ့နေကျအချိန်တွေ့နေရာမှာဆုံလေ့ရှိပါတယ်။ ဒါလေးက အမှတ်တမဲ့ ကိုယ့်ဘာသာကိုယ်သွားလာနေရင်းက သတိထားမိလာတာပါ။ မနက်တိုင်းတွေ့နေကျ ထဲမှာ ကျွန်တော်နဲ့မျက်မှန်းတမ်းမိနေတဲ့မိသားစုလေးရှိပါတယ်။ ကျွန်တော်တို့ကကျန်းမာရေးအတွက်ဆိုပြီး အားအားယားယားလာလမ်းလျှောက်ပေမယ့် အဲဒီမိသားစုကလေးကတော့ထမင်းစားဘို့ အလုပ်ရှိတဲ့နေရာကိုလမ်းလျှောက်ပြီးသွားကြတာပါ။ သူတို့မိသားစုလေးက လူကြီးသုံးယောက် ကလေးနှစ်ယောက်ပေါင်း(5)ယောက် အိမ်မှာဘယ်သူတွေကျန်သေးသလဲဆိုတာတော့ မသိပါဘူး။ ရုပ်ခြင်းနည်းနည်းလေးဆင်တဲ့မိန်းမနှစ်ယောက်က သံလက်တွန်းလှည်းကိုတွန်းလာပါတယ်။ ခြောက်နှစ်အရွယ်ကောင်မလေးကတော့ လမ်းလျှောက်လိုက်လာပါတယ်။ (2)နှစ်သားအရွယ်ကောင်လေးကတော့ လက်တွန်းလှည်းထဲမှာလိုက်လာပါတယ်။ ယောက်ျားဖြစ်သူကတော့ အိတ်ဆောင်ရေဒီယိုလေးကိုဘယ်ဘက်လက်ကကိုင် ညာဘက် လက်တော့ ဆေးပေါ့လိပ်ကို ကိုင်။ ဆေးပေါ့လိပ်လေးဖွာလိုက် သီချင်းလေးနားထောင်လိုက်နဲ့နောက်ကလိုက်လာတတ်ပါတယ်။ သူတို့က အရှေ့ဘက်အသွား ကျွန်တော်က လဲအနောက်ဘက်ကို အသွားဆိုတော့ စကားပြောကြဘို့အခွင့်မသာပါဘူး။ မျက်မှန်းတန်းမိနေလို့ တွေ့ရင်ပြုံးပြပြီး နုတ်ဆက်ကြတာလောက်ဘဲရှိပါတယ် ။ တမနက်မှာ မထင်မှတ်ဘဲ မုးိသက်လေပြင်းကျလာပါတယ်။ […]


“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းငါး) (ဖက်ဖက် သို့မဟုတ် မေခင်လေး) (ဘဝအပိုင်းငါး- ဖက်ဖက် သို့မဟုတ် မေခင်လေး) မေခင်ဆယ်တန်းဖြေပြီးစမှာ ယိုးဒယားဘက်ကိုအလည်ခဏရောက်သွားခဲ့တယ်။ ရောက်ဆိုမေခင်တို့ ဘားအံဘက်ကလူတွေက ဟိုဘက်ကို သွားချည်ပြန်ချည်လုပ်နေတာ မဆန်းပါဘူး။ အဲဒီမှာ အလည်သွားရင်း အမတွေကလဲ အလကားနေအလကားဆိုပြောတာနဲ့အလုပ်ဝင်လုပ်ပါတယ်။ အနှိပ်ခန်းတစ်ခုမှာပေါ့။ အစကတော့တောက်တိုမယ်ရ။ နောက်တော့ အမတွေက ဘယ်လိုလုပ်ဘယ်လိုကိုင်ဆိုတာကို သင်ပေးပါတယ်။ မေခင်တို့ လုပ်တဲ့ဆိုင်က တကယ့်သန့်သန့်လေးပါ။ ဒါပေမယ့်အောင်စာရင်းထွက်တော့အိမ်ပြန်လာရပါတယ်။ အဲဒီနှစ်က မေခင်ဆယ်တန်းကျပါတယ်။ နောက်တစ်နှစ်ဆယ်တန်းပြန်တက်ပေမယ့် မေခင်စာထဲစိတ်မပါတော့ပါဘူး။ ဟိုဘက်မှာတုံးက ငွေဝင်အောင်ရှာတတ်လာပြီကိုး။ စာထဲမှာမှ စိတ်မဝင်စားတော့ ဆယ်တန်းထပ်ကျတာပေါ့။ အဲဒီအချိန်မှာ မေခင်ရီးစားလဲထားတတ်နေပါပြီ။ တစ်ရက်အိမ်ကမေခင်ကိုရီးစားထားတာရောဆယ်တန်းမအောင်တာရော ပေါင်းပြီးအဆူခံရပါတယ်။ အဲဒါနဲ့ အိမ်ကိိုစိတ်ဆိုးပြီး မန္တလေးကိုအလုပ်သွားလုပ်မယ်ဆိုတဲ့အမကြီးနဲ့လိုက်လာခဲ့ပါတယ်။ အလှပြင်ဆို်င်အမည်ခံတဲ့ မာဆတ်ခေါ်အနှိပ်ခန်းကိုပေါ့။ မေခင်က နည်းနည်းကိုယ်လုံးပြည့်ပြည့် ဆိုတော့မေ့ခင်ကို ဖက်တီးမလေးလို့ခေါ်ရာကနေ “ဖက်ဖက်”ဆိုပြီးချစ်စနိုးခေါ်တာကနေ “ဖက်ဖက်”ဆိုတဲ့နာမယ်ကတွင်သွားပါတယ်။ […]


“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းလေး) (မနန်း) (ဘဝအပိုင်းလေး- မနန်း) မနန်း ဖွင့်ထားတဲ့ စည်ဘီယာနဲ့အသားကင်ဆိုင်လေးကတော့ ညနက်လေလူစည်လေပါဘဲ။ ညည ကေတီဗွီကအပြန်မှာ “စင်တင်မယ်”ခပ်လန်းလန်းခပ်ဟော့ဟော့ကလေးမလေးတွေက မနန်းဆိုင်မှာလာထိုင်လေ့ရှိပါတယ်။ သူတို့ဆိုင်တွေကအလုပ်ပြီးလို့အပြန် သူတို့နဲ့ချိတ်ထားတဲ့သူတွေ နဲ့တွေ့ဘို့ ၊ တချို့ကလဲ သူတို့ကိုခေါ်မယ့်သူနောက်ကိုလိုက်ဘို့ မနန်းဆိုင်မှာစုရပ်လာလုပ်ကြတာပါ။ ပေါ့ပေါ့နေပေါ့ပေါ့စား ရသမျှအကုန်သုံး ရလာတဲ့ပိုက်ဆံတွေကို မစုဘဲအကုန်ဖြူန်းနေတဲ့ကလေးမ များကို တွေ့ရင် သူတို့အစားမနန်းရင်မောပါတယ်။ “နင်တို့ဒီလိုဘဝကြီးထဲမှာအပြီးနေကြတော့မှာလား”လို့ သူတို့ ကိုမေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့သော နှစ်များစွာက မနန်းကိုယ်တိုင်ကလဲ သူတို့လိုဘဝမှာကျင်လည်လာခဲ့တာကိုး။ လွန်ခဲ့သောနှစ်ပေါင်း 20စွန်းစွန်းလောက်တုန်းက နန်းစိန်ဆိုတဲ့ ခပ်အအကောင်မလေးတစ်ယောက် အောက်ပြည်အောက်ရွာကနေ အလုပ်ရှာပေးမယ်ဆိုတဲ့ပွဲစားမရဲ့စကားလေးကိုယုံစားလို့ တစ်ခါမှမရောက်ဘူးတဲ့မန္တလေးမြို့ကြီးကိုယောင်လည်လည်နဲ့ရောက်လာခဲ့ပါတယ်။ အိမ်မှာမိသားစုကများ စားဝတ်နေရေးအဆင်မပြေတော့ အိမ်ရှိလူကုန်အလုပ်လုပ်ဘို့ ကြံရတော့တာပေါ့။ မွေးရပ်မြေမှာအဆင်မပြေတော့ ပွဲစားအကူအညီနဲ့ တနယ်တကျေုးကို သွားပြီးလုပ်နိုင်အောင်စွန့်စားခဲ့ရပါတယ်။ မန်းလေးကိုစရောက်ရောက်ခြင်း စလုပ်ရတဲ့အလုပ်က ထမင်းဆိုင်မှာ ပုဂံဆေးရတဲ့အလုပ်ပါ။ […]