အသွား အပြန်

အသွား အပြန်

အရင်းကနည်း မျက်နှာမွဲတော့
လမ်းသွားလမ်းလာများ
အားနာပေမယ့်လည်း
ပလက်ဖောင်းမှာဘဲဈေးရောင်းရပါတယ်။
ဖမ်းရင်တော့လဲပြေး
ပေးလို့ ယူသူများကိုလည်း
ကျေးဇူးတွေတင်ရပါတယ်။
“သဘောကောင်းတဲ့မောင်မင်းကြီးသား ကျန်းမာပါစေ”

သတ်မှတ်တဲ့စည်းကမ်းအတိုင်းဖမ်း
ရုံးတင်ပြန်ရင်
သနားစရာခဗျာတွေမှာအရင်းပြုတ်
စိတ်ရုှပ်စရာပါဗျာ။
မဖမ်းပြန်ရင်လဲ အထောင်းခံရ
အဲဒီတော့လည်း ဖမ်းတဲ့အခါဖမ်း
လွှတ်တဲ့အခါလွှတ်
ပေးတော့လဲယူ
ဆူတော့လဲခံ
သူလည်းကောင်း ကိုယ်လဲကောင်း
ပိုက်ဆံကိုဘဲတောင်းလိုက်ပါတယ်တဲ့

ကဲ ဘာတွေထပ်ပြောရင်ကောင်းမလဲ ?
ကဲ ဘာတွေထပ်ပြောရင်ကောင်းမလဲ ?
ကဲ ဘာတွေထပ်ပြောရင်ကောင်းမလဲ ?
ကဲ ဘာတွေထပ်ပြောရင်ကောင်းမလဲ ?

(နေရာတကျစီးပွားရှာပါခဗျာ) ဒီစာလေးကိုဖတ်ပြီး ဒီကဗျာလေးကို ရလိုက်ပါတယ်။

7 comments

  • ဆူး

    January 22, 2011 at 4:24 pm

    ဈေးသည်တွေ များတာကတော့ ပိုက်ဆံ ကို တဝမ်းတခါး အတွက် ရှာနေတာ ဆိုတော့ သိပ်တော့ မပြောလိုပါဘူး။ သူတို့ ကို ဈေးမရောင်းခိုင်းရင် သူတို့ ဘာလုပ်ကြမလဲ။ ဈေးမရောင်းခိုင်းဘဲ ဖမ်းခိုင်းတယ်။ ဈေးသည်တွေ အတွက် ဘာအာမခံချက်မှ မရှိဘူး။ ဒီအလုပ်မလုပ်နဲ့ ဆိုရင် မလုပ်ရုံဘဲ.. ကဲ.. ဘာအလုပ်လုပ်မလဲ။

    Reply

  • bigcat

    January 22, 2011 at 5:30 pm

    ပြောမနေပါနဲ့တော့
    မတော်ရသေးတဲ့
    ဦးဦးပေါက်ရယ်၊
    လုပ်သင့်တာက
    အများနည်းတူ
    မိုးခါးရေသောက်၊
    သူလည်းဆိုး
    ကိုယ်လည်းဆိုး
    သူလည်းခိုး
    ကိုယ်လည်းခိုး
    လူဆိုးသူခိုး
    ခေတ်မှီနိုင်ငံတော်သစ်ကြီးဆီသို့ပေါ့

    Reply

  • ဆူး

    January 23, 2011 at 2:10 pm

    ှုဦးကြောင်ကြီးနော်. ဘယ်သူတရား ပျက်ပျက် ကိုတရားမပျက် အောင် နေဖို့တော့ စိတ်မကူးဘူး။ ဆူးလို တောက လာတဲ့ လူတွေ မျက်စိလည်ပြီး ဆော်ချင်လာပြီ။ အခုတောင် ဦးကြောင်ကြီးကို ဆုံးမ သလိုလိုနဲ့ ၁ဝ ယူလိုက်တယ်။ အဟေးးးး
    သူ ၁ဝ ကိုယ် ၁ဝ ဘဲ.. သူယူ ငါယူ… ဒါဘဲ။

    Reply

  • manawphyulay

    January 24, 2011 at 3:45 am

    ပြောပြရင် ဒေါတွေပါမယ် လေးပေါက်
    ဘဝဆိုတာ အလှမဟုတ်
    ကြံဖန် ဖန်တီး
    ရောင်းဝယ်ငြားလည်း
    စီးပွားမတိုး
    ကုန်ဈေးနှုန်းတိုး
    ဘဝပေမို့
    အားမလျော့နဲ့
    ဖမ်းလျှင် လိုက်သွား
    ထမင်းစားပြန်
    သုံးလေးခါလုပ်
    ဈေးဖိုး အမှန်သက်သာမည်……..

    Reply

  • char too lan

    January 24, 2011 at 11:22 am

    ရှေ ့ကလျှောက်ပါဆိုတော့လဲ ချီးပေါက်တယ် နောက်ကလိုက်ပါဆိုတော့လည်း ဖိနပ်တက်နင်းတယ် ငါဘာလုပ်ဆက်လုပ်ရမှာလဲဟာ………:(

    Reply

  • susunosuki

    May 4, 2011 at 10:06 am

    လွန်ခဲ့တဲ့ သုံးရက်က ဖော့ကန်ဈေးမှာ စည်ပင်တွေက ဈေးသည်တွေလိုက်ဖမ်းတယ်။ ဝရုံးသုံးကားပြေးကြလွှားကြပေ့ါ။ အဲဒီအချိန်လောက်မှာ ပဲ အောင်ဆန်းဈေးမှာ လမ်းပေါ်ပြန်ချရောင်းနေကြပြီ။

    ဒါပေမယ့် လည်းတန်းမှာတော့ တိုးတက်လာပါတယ်။ အင်းစိန်လမ်းမပေါ်က ဈေးသည်တွေ လမ်းပေါ်ချမရောင်းတော့ဘူး။ ပလက်ဖောင်းပေါ်မှာပဲ ခုံလေးတွေနဲ့ ရောင်းတယ်။

    ပလက်ဖောင်းပေါ် ဈေးရောင်း၊ ကားလမ်းပေါ်လမ်းလျှောက်၊ ကျန်တဲ့ လမ်းလေးပေါ် ဘတ်စ်ကားတွေက နှစ်စီး သုံးစီး ကြုံသလိုထပ် ရပ်။ အရှိန်နဲ့ဖြတ်မောင်း၊ ကြုံရများလို့ ရိုးနေပါပြီ။

    Reply

  • nature

    May 4, 2011 at 12:39 pm

    စိုင်ထီးဆိုင်သီချင်းထဲကလို ပလက်ဖောင်းမင်းသားပေါ့။

    Reply

Leave a Reply

Your email address will not be published.