klnMay 6, 20101min02
ဖိုင်ဘာဆက်ကြောင်းတစ်ခုတည်းပေါ်တွင် ပြည်တွင်းပြည်ပ တယ်လီဖုန်း ဆက်သွယ်မှုများနှင့် ရုပ်သံလိုင်းများကိုပါ ဖမ်းယူကြည့်ရှုနိုင်တော့မည့် အင်တာနက်ဝန်ဆောင်မှုဖြစ်သော Fiber to the Home နည်းစနစ်ကို လာမည့်ဇူလိုင်လဝန်းကျင်တွင် ရန်ကုန်မြို့၌ တပ်ဆင်ပေးတော့မည်ဟု အဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်နေသော ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဆက်သွယ်ရေးနှင့် ဖျော်ဖြေရေးဝန်ဆောင်မှုသုံးမျိုးကို အသုံးပြုနိုင်မည့်အဆိုပါ Fiber to Home စနစ်အား ရန်ကုန်မြို့တွင်းစတင်တပ်ဆင်ပေးမည်ဆိုပါက လူနေမထူထပ်သော ကွန်ဒိုများ၊ အိမ်ရာများတွင်ဦးစားပေး တပ်ဆင်ပေးသွားမည်ဟု ၎င်းက ဆိုသည်။ “ရန်ကုန်မှာစပြီး ဖိုက်ဘာစနစ်ကိုတပ်ဆင်တော့မယ်ဆို လူနေထူထပ်မှုသိပ်မရှိတဲ့ အိမ်ရာတွေ၊ ကွန်ဒိုတွေမှာ အရင်တပ်ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖိုင်ဘာဆက်ကြောင်းတွေကို သုံးစွဲမယ့်နေရာဆီ အရောက်ဆွဲဖို့က နေရာတိုင်းသိပ်အဆင်မပြေတော့ လူနေမသိပ်သည်းတဲ့နေရာတွေကို ရွေးရတာပါ။လိုချင်တဲ့နေရာကိုဆွဲဖို့ကျတော့ လျှပ်စစ်ရုံးတို့၊ ဆက်သွယ်ရေရုံးတို့နဲ့ ပူးပေါင်းလုပ်ကိုင်ရတာဖြစ်လို့ အချိန်ယူရပါတယ်။ ဒါကြောင့် အမြန်ဆုံးရမယ့်နေရာကိုရွေးရတာပါ”ဟု ၎င်းကဆက်လက်ပြော […]


klnMay 6, 20101min01
အလုပ်သမားဝန်ကြီးဌာနက ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို မေလဆန်းမှစ၍ လုပ်ငန်းလိုင်စင်သက်တမ်း စတင်တိုးခွင့်ပြုနေပြီ ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကပြောသည်။ “ကျွန်တော်တို့ကို ဒီနှစ်မတ်လကုန်လောက်မှာ သက်တမ်းတိုး လျှောက်ဖို့ပြောတယ်။ သက်တမ်းတိုးလျှောက်ထားပြီး ဧပြီလကုန်ပိုင်းကျ တော့ မေလဆန်းမှာ လုပ်ငန်းလိုင်စင်သက်တမ်းတိုးလို့ရပါပြီလို့ အကြောင်းကြားပေးတယ်။ ကျွန်တော်တို့သိရသလောက် ၂၀၀၉-၁ဝ ဘဏ္ဍာရေးနှစ်ထဲမှာ အနည်းဆုံးအလုပ်သမားတစ်ဦးနှင့် အထက်ပို့နိုင်တဲ့ အေဂျင်စီတွေ သက်တမ်းတိုးခွင့်ရကြတာပါ။ အရင်နှစ် (၂၀၀၈-၀၉ဘဏ္ဍာရေးနှစ်) ကလိုပါပဲ” ဟု လိုင်စင်ရပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လုပ်ငန်းလိုင်စင်သက်တမ်းတိုးခွင့်ရသော အေဂျင်စီများမှာ သက်တမ်းတိုးကြေး အက်ဖ်အီးစီ ၂၀ဝကို MFTB (မြန်မာ-နိုင်ငံခြား ကုန်သွယ်မှုဘဏ်)တွင်သွင်းပြီး ဘဏ်ငွေသွင်းပြီးကြောင်း စာရွက်နှင့် လိုင်စင်အဟောင်းတို့ကို ယူဆောင်၍ သက်ဆိုင်ရာ ဌာနတွင် သက်တမ်းတိုးလိုင်စင်သစ်ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခုနှစ်တွင် လုပ်ငန်းလိုင်စင်သက်တမ်းတိုးရန် သက်ဆိုင်ရာက စိစစ်ရာတွင် အေဂျင်စီက အမှန်တကယ် လူပို့ခြင်း […]


klnMay 6, 20101min01
ဒုဋ္ဌဝတီတံတားအား မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းကတာဝန်ယူစဉ်ကကျပ် ၄၅ဝသာဖြတ်သန်းခကောက်ခံခဲ့သည့် ၂၄ယောက်စီးခရီးသွားဘတ်စ်ကားအားယခုအခါ ၆,၀၀ဝကျပ် ကောက်ခံလျက်ရှိရာ ၁ဝဆမက မြင့်တက်သွားခဲ့သဖြင့် ခရီးသွားများနှင့်ကောက်ခံသူများ မကြာခဏအချင်းများလျက်ရှိနေကြောင်းလည်း ဒေသခံများမှ တစ်ဆင့်သိရသည်။ မန္တလေးတိုင်းအတွင်းရှိထင်ရှားသော ရှေးမြို့ဟောင်းတစ်ခုဖြစ်သည့် အင်းဝမြို့သို့ သွားရောက်ရာ လမ်းပေါ်ရှိ ဒုဋ္ဌဝတီတံတားဖြတ်သန်းခမှာ ဧပြီလ ၁ရက်မှစ၍ မကြုံစဖူးမြင့်မားစွာကောက်ခံလျက်ရှိသဖြင့် ဒေသခံများရော ခရီးသွားဧည့်သည်များပါအခက်အခဲဖြစ်နေလျက်ရှိသည်။ အဆိုပါ ဒုဋ္ဌဝတီတံတားမှာ မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းမှ တည်ဆောက်ခဲ့ပြီး ဆောက်လုပ်ရေးမှပင် တံတားဖြတ်သန်းခ ကောက်ခံယူခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီးနောက် ယခုနှစ် ဧပြီလ ၁ရက်မှစ၍ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုခဲ့ရာမှ တံတားဖြတ်သန်းခမှာ အံ့အားသင့်စဖွယ်မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။ “ဘယ်လိုယာဉ်မျိုးကို ဘယ်လောက်ကောက်ခံမယ်ဆိုတာ သတ်မှတ်နှုန်းထားရှိပါတယ်။ အဲဒါကို မြင်သာအောင်ထင်ထင်ရှားရှားရေးသားပြထားဖို့လိုတဲ့အပြင် ကောက်ခံတဲ့ကုမ္ပဏီအမည်၊ တာဝန်ခံလက်မှတ်၊ ကုမ္ပဏီတံဆိပ်တုံးစတာတွေလည်း ငွေရပြေစာမှာ တရားဝင်ဖော်ပြထားရပါမယ်။ ဒါမှသာ ပြည်တွင်းအခွန်ဦးစီးဌာနက အမြတ်ခွန်ကောက်ခံရာမှာ စနစ်တကျမှန်မှန်ကန်ကန်ကောက်ခံနိုင်မှာဖြစ်ပါတယ်။ အခုတော့ ဘာမှသတ်မှတ်ချက်မရှိဘဲ လာတဲ့ကားအခြေအနေကို […]


klnMay 6, 20101min04
ရန်ကုန်မြို့နှင့် အနီးဆုံးသဘာဝဥယျာဉ် တစ်ခုဖြစ်သော လှော်ကားဥယျာဉ်ကို ထူးကုမ္ပဏီက ၁၅နှစ်တာ အငှားစာချုပ်ဖြင့် ဧပြီလဆန်းမှ စတင်ကာလွှဲပြောင်းလုပ်ကိုင်ခွင့်ရရှိသွားပြီဖြစ်ကြောင်း ဥယျာဉ်အုပ်ချုပ်ရေးမှူးဦးသိန်းအောင်ကအတည်ပြုပြောကြားသည်။ “လှော်ကားဥယျာဉ်ထိန်းသိမ်းခွင့်ကို ၁၅နှစ်အငှားစာချုပ်နဲ့ လုပ်ကိုင်ခွင့်ရသွားတာပါ” ၎င်းကပြောသည်။ ၂၀၁၀-၂၀၁၁ဘဏ္ဍာရေးနှစ်၏ အစ ဧပြီလ ၁ရက်မှ စတင်ကာလုပ်ကိုင်ခွင့်ရသွားပြီဖြစ်ပြီး ယခုအခါ ထူးကုမ္ပဏီအနေဖြင့် ဥယျာဉ်အတွင်း အသေးစားပြင်ဆင်မှုများ စတင်လုပ်ဆောာင်နေပြီဖြစ်ကြောင်းသိရသည်။ “အခုကတော့ ရေပိုက်တို့၊ မီးလိုင်းပြင်တာစတဲ့ ပြင်ဆင်မှုတွေ စလုပ်နေပါတယ်။ ဥယျာဉ်တွင်း အကြီးစားပြုပြင်ပြောင်းလဲမယ့် အစီအစဉ်က တော့အသေးစိတ် မသိရသေးပါဘူး” ဟုလှော်ကားဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လှော်ကားဥယျာဉ်သည် အပန်းဖြေစခန်း ၄ခုပါဝင်ပြီး ဧရိယာ ၆၁ဧက ကျယ်ဝန်းသော တိရစာ္ဆန်ဥယျာဉ်ငယ်တစ်ခုလည်းပါဝင်ကာ ၈၁၈ ဧက ကျယ်ဝန်းသော ဥယျာဉ်ဧရိယာရှိသည်။ လှော်ကားဥယျာဉ် နယ်နိမိတ်အတွင်း ဇီဝမျိုးစုံမျိုးကွဲပေါင်း၄၀ဝကျော် နေထိုင်ကျက်စားလျက် ရှိသည်။


klnMay 6, 20101min01
မြန်မာနိုင်ငံ မြို့ကြီးများတွင် အသုံးပြုနိုင်မည့် မြို့ပြမြေပုံတိုင်းစနစ်ပါ မော်တော်ကားများကို ၂၀၁၁ခုနှစ်အတွင်းတင်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Myanmar Credent Technology ကုမ္ပဏီမှ ၂၇-၄-၂၀၁ဝရက် တွင်သိရသည်။ အဆိုပါ မော်တော်ကားများတွင် မြို့ပြ၏ တည်ရှိပုံ အနေအထားကို တိုင်းတာပြီး မြေပုံပေါ်တွင် အသေးစိတ်မှတ်တမ်းတင်နိုင်မည့်ရွေ့လျားမြေပုံတိုင်းစနစ်( Mobile Mapping System) ပါဝင်မည်ဖြစ်၍ ကားသွားရာလမ်းတစ်လျှောက်မြေပုံများကို ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ကားသွားရင်တစ်မီတာ( ၃ဒသမ ၃ပေ) နဲ့ တစ်မီတာအကွာအဝေးမှာတွေ့နိုင်တဲ့ သစ်ပင်တွေ၊ မြင်ကွင်းတွေကို မြေပုံထုတ်နိုင်တဲ့ကိရိယာပါဝင်မယ့် လုပ်ငန်းသုံးမော်တော်ယာဉ်တွေဖြစ်ပါတယ်“ ဟု Myanmar Credent Technology မှ Sales Manger ဦးမောင်မောင်ဝင်းက ပြောပြသည်။ ၎င်းမော်တော်ကားများကို လုပ်ငန်းသုံးမော်တော်ကားများအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပြီးမော်တော်ယာဉ် တင်သွင်းရန်အတွက် ကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ကာ မော်တော်ကားတန်ဖိုးကို အတည်ပြုပြောကြား၍ မရသေးကြောင်းသိရသည်။ […]


klnMay 5, 20101min00
ကမာ္ဘလှည့်ခရီးသည် ၄၀ဝနီးပါး၊ သင်္ဘောဝန်ထမ်း ၅၅ဝကျော် စုစုပေါင်း လူဦးရေ ၁၀၀ဝနီးပါးပါဝင်သော MV. Crystal Symphony ဇိမ်ခံသင်္ဘောကြီး ရန်ကုန်ဆိပ်ကမ်းသို့ မေလဆန်းတွင် ရောက်ရှိလာမည်ဖြစ်ကြောင်း၊ Myanmar Voyages ကုမ္ပဏီမှ သိရသည်။ အဆိုပါသင်္ဘောကြီးမှာ ၂၀၀၉၊ ၂၀၁ဝခရီးသွားရာသီတွင် နောက်ဆုံးအနေဖြင့် လာရောက်လည်ပတ်သောသင်္ဘောကြီးဖြစ်ပြီး ကမာ္ဘလှည့်ခရီးသည်အများဆုံးပါဝင်သော သင်္ဘောလည်းဖြစ်ကြောင်း၊ ရန်ကုန်သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်မည်ဖြစ်ကာ ရန်ကုန်ရှိအထင်ကရနေရာများသို့ လည်ပတ်လေ့လာမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့လာရောက်လည်ပတ်ကြသည့် ကမာ္ဘလှည့် ခရီးသည်များတွင် တရားရိပ်သာများသို့ သွားရောက်ကာ လေ့လာမည့်သူများလည်း ပါဝင်ကြောင်း သိရှိရသည်။ MV. Crystal Symphony ဇိမ်ခံသင်္ဘောမှာ ၂၀၀၁ခုနှစ်က ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ခရီးသည်နှင့် သင်္ဘောဝန်ထမ်း ၁၂၂ရဦး ပါလာခဲ့ကြောင်း စတုတ္ထအကြိမ်အဖြစ် ယခုရောက်ရှိလာခြင်းဖြစ်ကာ ရန်ကုန်မြို့တွင်းခရီးစဉ်များအပြင် ပဲခူး၊ ပုဂံ၊ […]


klnMay 5, 20101min02
လာမည့်ခရီးသွားရာသီတွင် အဲမန္တလေးလေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များအား လေယာဉ်သုံးစီးဖြင့်တိုးချဲ့ပျံသန်းရန် စီစဉ်ထားရှိကြောင်း ခရီးသွားလုပ်ငန်းများမှ သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလ ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်ပြုလုပ်ခဲ့သော နိုင်ငံတကာခရီးသွားပြပွဲ ITB ၌ အဲမန္တလေးလေကြောင်းလိုင်းမှ တက်ရောက်လာသူများက အထက်ပါအတိုင်းကြေညာခဲ့ကြောင်း ထိုပြပွဲသို့ သွားရောက်ခဲ့သူ မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းမှ တာဝန်ရှိသူများက ပြောကြားသည်။ လာမည့်နှစ်ခရီးသွားရာသီတွင် လက်ရှိပျံသန်းသော ATR -72 လေယာဉ်တစ်စင်း အပြင် နောက်ထပ် ATR -72 လေယာဉ်နှစ်စင်းထပ်တိုး၍ ပြည်တွင်းခရီးစဉ်များအား ပျံသန်းရန်အစီအစဉ်ရှိကြောင်း အဲမန္တလေး လေကြောင်းလိုင်းမှသိရသည်။ လက်ရှိတွင် အဲမန္တလေးလေကြောင်းလိုင်းတွင် ATR -72 နှင့် ATR-42 လေယာဉ်တစ်စီးစီရှိပြီး ATR-42 လေယာဉ်မှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျံသန်းမှုတစ်နှစ်ကျော်ကြာရပ် နားထားခဲ့ရသည်။ ပြည်တွင်းခရီးစဉ်များတိုးချဲ့ပျံသန်းခြင်းသည် မြန်မာခရီးသွားလုပ်ငန်းအား များစွာအထောက်အကူပြုကြောင်းနှင့် အစီအစဉ်ကိုကြိုဆိုကြောင်း […]


klnMay 5, 20101min00
မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်လာမည့် ကမာ္ဘ့အဆင့်မီ ခရစ်ကတ်အားကစားကွင်းကြီးကို ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ယခင်ရွှေပင်လုံဘောလုံးကစားကွင်းနေရာ၌ ဆောက်လုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ ကမာ္ဘ့ခရစ်ကတ်အဖွဲ့ချုပ်နှင့် အာရှခရစ်ကတ်အဖွဲ့ချုပ်တို့၏ ပံ့ပိုးမှုဖြင့် နယူးဇီလန်နိုင်ငံမှ ပညာရှင်များဦးစီးပြီး တည်ဆောက်မည့် ယင်းအားကစားကွင်းမှာ အကျယ်အဝန်း ဧရိယာ ရဒသမ ၅ဧကရှိကြောင်း၊ အားကစားကွင်းဧရိယာအချင်း ၄၆ဝပေရှိ၍ စုစုပေါင်းကျပ်သိန်း ၂၀၀ဝကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ “ယခု ဧပြီလကစပြီး ကွင်းဧရိယာတိုင်းတာ၊ မြက်ရှင်းတာနဲ့ ဆိုင်းဘုတ်တင်တာတွေ ပြုလုပ်နေပါပြီ။ ပြီးရင် တောင်မြေဖို့၊ ဖွဲနဲ့သဲပြန်ခင်းပြီး အပေါ်ကနေ မြက်တွေစိုက်သွားမှာပါ။ နောက်ပွဲကြည့်စင်၊ နားနေဆောင်၊ ရုံးခန်း၊ ကားပါကင်စတာတွေကို အဆင့်ဆင့်တည်ဆောက်မှာဖြစ်လို့ ပွဲကစားလို့ရတဲ့အနေအထားအတွက် အချိန်တစ်နှစ်ခွဲ၊ အားလုံးအပြီးအစီးအတွက် အချိန်သုံးနှစ်လောက် ကြာမယ်ခန့်မှန်းထားပါတယ်၊ ကွင်းကြီးကို ရွှေပင်လုံ ခရစ်ကတ် အားကစားကွင်းလို့ အမည်ပေးထားပါတယ်။ ကစားကွင်း ဧရိယာ၌ […]


klnMay 5, 20101min01
တရုတ်နိုင်ငံရှန်ဟိုင်းမြို့တွင် ၆လကြာ ကျင်းပပြုလုပ်မည့် ကမာ္ဘ့ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ပြသရန်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့မှာတရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီး ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ကမာ္ဘ့နိုင်ငံပေါင်း ၁၉ဝကျော်ဝင်ရောက်ပြသမည်ဖြစ်သော ကမာ္ဘ့အကြီးဆုံးကုန်စည်ပြပွဲကို ယခုနှစ် တွင် “ ရှန်ဟိုင်း ၂၀၁ဝကုန်စည်ပြပွဲ” အမည်ဖြင့် မေလ ၁ရက်မှ အောက်တိုဘာ ၃၁ရက်အထိ ရှန်ဟိုင်းမြို့တွင်ကျင်းပမည်ဖြစ်ရာ ထိုပြပွဲသမိုင်း၌ မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်ဝင်ရောက်ပြသခြင်းဖြစ်သည်။ မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းကို ထိုပြပွဲတွင် ဝင်ရောက်ပြသနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များမှာ တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ပြီး၊ ယခုအကြိမ်ပြပွဲတွင် ပုဂ္ဂလိကမှ လုပ်ငန်းရှင်များ မပါဝင်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ ယခုပြပွဲမှာ တခြားကုန်စည်ပြပွဲများကဲ့သို့ နိုင်ငံ၏ ကုန်စည်နှင့် ထုတ်ကုန်များကိုပြသခြင်းမျိုးမဟုတ်ဘဲ ကုန်သွယ်မှု ကုန်ထုတ်လုပ်မှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှုစသော စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ စာရင်းဇယားများနှင့် […]


klnMay 5, 20101min02
ရန်ကုန်သို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသစ်ဝင်ရောက်လာမှုကြောင့် လာမည့် မေလနောက်ဆုံးပတ်မှစတင်၍ လျှပ်စစ်ဓာတ်အားကို ပိုမိုဖြန့်ဝေပေးနိုင် တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာအားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရန်ကုန်မြို့တော်အတွင်းရှိ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံလေးရုံဖြစ်သည့် အင်းစိန်ရွာမ၊ အလုံ၊ သာကေတ၊ လှော်ကားတို့အတွက် ဧရာဝတီတိုင်း ရတနာ ကမ်းလွန်ရေနံတွင်းမှ သဘာဝဓာတ်ငွေ့ကို ၂၄လက်မပိုက်လိုင်းဖြင့် သွယ်တန်းပို့လွှတ်နိုင်တော့မည် ဖြစ်ရာ လျှပ်စစ်ဓာတ်အားကို ယခင်ထက်ပိုမိုပေးနိုင်တော့မည်ဖြစ်သည်။


klnMay 5, 20101min00
ဧပြီ ၁၅ရက်ကရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးနှင့် ဆေးရုံအသီးသီးတို့၌ ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရ လူနာ ၁၇ဝ အနက် လူနာအများစုမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ကြပြီး အမျိုးသား ၁၉ဦး၊ အမျိုးသမီး ၁၃ဦးစုစုပေါင်း ၃၂ဦးသာ ဆေးကုသမှုဆက်လက်ခံယူလျက် ရှိကြကြောင်း သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ အဆိုပါ ဆေးကုသမှုခံယူလျက်ရှိသော လက်ကျန်ဒဏ်ရာရ လူနာများအနက် သက်သာပျောက်ကင်းသူများဆေးရုံးမှ ထပ်မံဆင်းသွားခဲ့ကြသဖြင့် မေလ ၃ရက်နေ့အထိ အမျိုးသား ၁၂ဦး ၊ အမျိုးသမီး ၁၁ဦးစုစုပေါင်း ၂၃ဦးသာ ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိကြောင်းသတင်းရရှိသည်။


klnMay 5, 20101min00
မုတ်သုံလေဝင်ရောက်မှုနောက်ကျခြင်းကြောင့် မိုးကြိုကာလရှည်လျားလာသော မြန်မာနိုင်ငံအတွက် အောက်ပိုင်းဒေသများ၌ မေလထဲတွင် လေပြင်းတိုက်ခတ်မှုများ ကြုံရနိုင်ကြောင်း သိရသည်။ အောက်ခံမြေပူပြင်းမှုကြောင့် ဖြစ်ပေါ်နိုင်သော မိုးတိမ်တောင်များကြောင့် တိုက်ခတ်လာနိုင်မည့် လေပြင်းများမှာ အများအားဖြင့် မွန်းလွဲ/ ညနေပိုင်းအချိန်တွင် ဖြစ်နိုင်ပေရာ အနည်းဆုံးလေတိုက်နှုန်း တစ်နာရီ ၃၅မိုင်မှ အများဆုံး ၄၅မိုင်အထိ ရှိတတ်ကြောင်းသိရသည်။ “ လက်ရှိအထက်ပိုင်းမှာဖြစ်ခဲ့တဲ့ လေပြင်းတွေက ပူပြင်းလို့မဟုတ်ဘဲ အနောက်လေစီးကြောင်းအရဖြစ်လို့နံနက်၊ မွန်းလွဲနဲ့ညနေအချိန်သုံးရပ်စလုံးဖြစ်နိုင်ပေမယ့် အလယ်ပိုင်း၊ အောက်ပိုင်းတွေကတော့ ညနေပိုင်းတွေဖြစ်တတ်ပါတယ်။ သာမန် လေပြင်းလောက်ဆို အမိုးလန်၊ သစ်ပင်လဲ၊ ကိုင်းကျိုးရုံလောက်ဖြစ်တတ် ပါတယ်။ မုန်တိုင်းနဲ့တော့မတူပါဘူး။ ဒါပေမယ့် လေပြင်းကနေ လေဆင်နှာမောင်းနဲ့စိုက်ဆင်းလေပြင်းဖြစ်သွားရင်တော့ လေပိုပြင်းလာလို့ အသေအပျောက်ဖြစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ နောက်မိုးသီးကြွေတာတွေနဲ့ မိုးကြိုးပစ်တာတွေလည်း ပါလာတတ်လို့သတိထားရပါမယ်” ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၂၆-၄-၂၀၁ဝရက်တွင် ပြောကြားသည်။ သာမန်အခြေအနေတွင် မြန်မာနိုင်ငံသို့ […]


klnMay 4, 20101min01
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနခွဲလက်အောက်ရှိ သဘောင်္များတွင် ဗုံးရှာဖွေရေးပြုလုပ်လျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနခွဲမှ တာဝန်ရှိသူများက ပြောသည်။ အဆိုပါ ဆောင်ရွက်ချက်အတွက် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများပါဝင်သည့် ဗုံးရှာဖွေရေးအထူးအဖွဲ့ တစ်ရပ်ကို ဖွဲ့စည်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဧပြီလ ၂၂ရက်က ၎င်းအထူးအဖွဲ့ကို ဖွဲ့စည်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် ရှာဖွေရေးလုပ်ငန်းများကို အလျဉ်းသင့်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနခွဲလက်အောက်တွင် ဌာနခွဲခြောက်ခုရှိပြီး ရေယာဉ်အစင်း ၃၈ဝ ခန့်ဖြင့် မြန်မာပြည်အနှံ့ ခရီးသည်ပို့ဆောင်ခြင်း၊ ကုန်ပို့ဆောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁ဝခုနှစ်မေလ ၆ရက်နေ့ထုတ်ပြည်မြန်မာဂျာနယ်တွင်ဖော်ပြထားပါသည်။