ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကို လိုင်စင်သက်တမ်းစတင်တိုးခွင့်ပြု

klnMay 6, 20101min01

အလုပ်သမားဝန်ကြီးဌာနက ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို မေလဆန်းမှစ၍ လုပ်ငန်းလိုင်စင်သက်တမ်း စတင်တိုးခွင့်ပြုနေပြီ ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကပြောသည်။ “ကျွန်တော်တို့ကို ဒီနှစ်မတ်လကုန်လောက်မှာ သက်တမ်းတိုး လျှောက်ဖို့ပြောတယ်။ သက်တမ်းတိုးလျှောက်ထားပြီး ဧပြီလကုန်ပိုင်းကျ တော့ မေလဆန်းမှာ လုပ်ငန်းလိုင်စင်သက်တမ်းတိုးလို့ရပါပြီလို့ အကြောင်းကြားပေးတယ်။ ကျွန်တော်တို့သိရသလောက် ၂၀၀၉-၁ဝ ဘဏ္ဍာရေးနှစ်ထဲမှာ အနည်းဆုံးအလုပ်သမားတစ်ဦးနှင့် အထက်ပို့နိုင်တဲ့ အေဂျင်စီတွေ သက်တမ်းတိုးခွင့်ရကြတာပါ။ အရင်နှစ် (၂၀၀၈-၀၉ဘဏ္ဍာရေးနှစ်) ကလိုပါပဲ” ဟု လိုင်စင်ရပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လုပ်ငန်းလိုင်စင်သက်တမ်းတိုးခွင့်ရသော အေဂျင်စီများမှာ သက်တမ်းတိုးကြေး အက်ဖ်အီးစီ ၂၀ဝကို MFTB (မြန်မာ-နိုင်ငံခြား ကုန်သွယ်မှုဘဏ်)တွင်သွင်းပြီး ဘဏ်ငွေသွင်းပြီးကြောင်း စာရွက်နှင့် လိုင်စင်အဟောင်းတို့ကို ယူဆောင်၍ သက်ဆိုင်ရာ ဌာနတွင် သက်တမ်းတိုးလိုင်စင်သစ်ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခုနှစ်တွင် လုပ်ငန်းလိုင်စင်သက်တမ်းတိုးရန် သက်ဆိုင်ရာက စိစစ်ရာတွင် အေဂျင်စီက အမှန်တကယ် လူပို့ခြင်း ရှိ၊ မရှိနှင့် ထိုအေဂျင်စီကပို့သော အလုပ်သမားထံမှ မိသားစုသို့ ပြန်ပို့ငွေရှိမရှိကို သေချာစိစစ်ကြောင်းလည်း သတင်းရရှိသည်။ ထပ်မံရရှသော သတင်းများအရ မေလ ရရက် နောက်ဆုံးထား၍ သက်တမ်းတိုးရန် အကြောင်းကြားလာခဲ့ကြောင်း သိရသည်။

One comment

  • susunosuki

    May 6, 2010 at 6:19 am

    ခုလိုမျိုးအစိုးရက ခွင့်ပြုချက်တွေကို အတိုင်းအတာနဲ့ပေးတော့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက လူမရ ရအောင်လုပ်တာမျိုးတွေ လုပ်လာတတ်ပါတယ်
    ဟိုတလောလေးက ပဲ မိန်းကလေးငယ်တွေကို လိင်ဖျော်ဖြေရေးမှာ လုပ်နိုင်မလားဆိုပြီး ဆွယ်တဲ့သတင်ဖတ် လိုက်ရပါတယ်
    လောဘနဲု့စီးပွားရှာသူတွေကို ပညာနဲ့သာရှောင်နိုင်ပါတယ်`

    Reply

Leave a Reply

Your email address will not be published.