အထူးအဖွဲ့ဖွဲ့၍ ဗုံးရှာဖွေရေးပြည်တွင်းရေကြောင်းသဘောင်္များတွင်ပြုလုပ်

klnMay 4, 20101min01

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနခွဲလက်အောက်ရှိ သဘောင်္များတွင် ဗုံးရှာဖွေရေးပြုလုပ်လျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနခွဲမှ တာဝန်ရှိသူများက ပြောသည်။ အဆိုပါ ဆောင်ရွက်ချက်အတွက် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများပါဝင်သည့် ဗုံးရှာဖွေရေးအထူးအဖွဲ့ တစ်ရပ်ကို ဖွဲ့စည်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဧပြီလ ၂၂ရက်က ၎င်းအထူးအဖွဲ့ကို ဖွဲ့စည်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် ရှာဖွေရေးလုပ်ငန်းများကို အလျဉ်းသင့်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနခွဲလက်အောက်တွင် ဌာနခွဲခြောက်ခုရှိပြီး ရေယာဉ်အစင်း ၃၈ဝ ခန့်ဖြင့် မြန်မာပြည်အနှံ့ ခရီးသည်ပို့ဆောင်ခြင်း၊ ကုန်ပို့ဆောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁ဝခုနှစ်မေလ ၆ရက်နေ့ထုတ်ပြည်မြန်မာဂျာနယ်တွင်ဖော်ပြထားပါသည်။

One comment

  • susunosuki

    June 15, 2010 at 5:51 am

    ရေထဲရောက်မှ ဗုံးပေါက်တယ်ဆိုရင် ကုန်းပေါ်မှာထက် ပိုဆိုးနိုင်ပါတယ်
    ပြေးလို့လည်း မရတာကြောင့် ဆုံးရှုံးမှု ပိုများနိုင်ပါတယ်
    အကြမ်းဖက် ဝါဒ မြန်မြန် အမြစ်ပြတ်ပါစေ လို့်ပဲ ဆန္ဒပြုမိတယ်

    Reply

Leave a Reply

Your email address will not be published.