kaiApril 16, 20105min016
BombBlast (ဧပြီ၁၅ )နေ့ညနေ ၃နာရီကရန်ကုန် ကန်တော်ကြီးစောင်းနှင့် သိမ်ဖြူယာဉ်မောင်းကွင်းအနီး X2O ရေကစားမဏ္ဍပ် လက်ဝဲဘက်ထောင့်၌ဗုံးပေါက်ကွဲမှုဖြစ်သည်။ အနည်းဆုံး ၃လုံးပေါက်သည်ဟုပြောကြပြီး တချို ့က ၅လုံးတွင်သုံးလုံးပေါက်သည်ယူဆလေသည်။ လူ ၁ဝယောက်ခန့်သေဆုံးပြီး ၂ရာနီးပါးခန့်ဒဏ်ရာရကြသည်ဟု လက်ရှိသတင်းများက ပြောသည်။ (၁၆ ရက်နေ့မနက် ထုတ်ပြန်ချက်များအရ သေဆုံးသူစုစုပေါင်း ၈ ဦး ၊ ဒဏ်ရာရသူ စုစုပေါင်း ၁၇ဝ ဦးဖြစ်သည်) ဒဏ်ရာရသူများသဖြင့် သင်္ကြန်တွင်း ၌ဆေးရုံကြီးတွင် ဆရာဝန်မလောက်ငှမှု၊ သွေးမလောက်ငှတို့နှင့် လည်းရင်ဆိုင်ရဖွယ်ရှိသည်။ တချို ့ကဗုံးမှာ တောင်းအေ့စ်ကားပေါ်မှ လက်ပစ်ဗုံးနှင့်ပစ်သည်ပြောပြီး တချို ့က မဏ္ဍပ်ရှေ ့အောက်မှတလုံးချင်းအချိန်ခြားပေါက်ကွဲသည်ပြောကြသည်။ အခင်းဖြစ်ပွားရာသို့ လာရောက် ဝိုင်းဝန်း ကြည့်ရှုသူများ၊ ကူညီ ကယ်ဆယ်ရေး လုပ်သူများထဲမှ ကင်မရာများနှင့် လက်ကိုင်ဖုံးများနှင့် မှတ်တမ်းတင်၊ ရိုက်ကူး […]


kaiApril 14, 20101min01
စာတလုံးသည် စကားများစွာပြောပါသည်။ ပြောသောစကားများသည် အဓိပ္ပါယ်များစွာနှင့်ကွေ ့ကောက်နေနိုင်သည်။ ရှင်းဖြောင့်စေနိုင်သည်။ အတွေးများစွာပေးနိုင်သည်။ အမြင်များစွာ တွေ့နိုင်သည်။ အက္ခရာ ဤမြေကမ ္ဘာပေါ်တွင် သတ်ပုံဖြင့်စာရေးနည်းကို လွန်ခဲ့သော နှစ်(၅၄၀၀)ကတည်းက ဆုမေးရီးယန်း(ယခု အီရတ်တောင်ပိုင်း)တွင်သုံးစွဲနေခဲ့သည်ဆိုသည်။ ထိုနောက် တဆင့်တက်၍ ဘီစီ ၁၀၀၀(လွန်ခဲ့သော နှစ်၃၀၀၀) ခန့်တွင် အီဂျစ်၌ အက္ခရာဖြင့်စာရေးနည်းပေါ်ပေါက်လာကာ အိန္ဒိယတွင်မူ ဗြဟ္မီအက္ခရာမှာ လွန်ခဲ့သော နှစ် ၂၈၀ဝ ကျော်က စတင်အသုံးပြုခြင်းဖြစ်သည်။ မြန်မာစာပေ၏သမိုင်းအစမှာ ဂေါတမဗုဒ္ဓ၏ နှုတ်ကပါဌ်တော်ကို စာဖြင့်ချရေးနိုင်သော ဗုဒ္ဓစာပေခေတ်( မြတ်စွာဘုရား  ပရိနိဗ္ဗာန်စံပြီး အနှစ် ၄၀ဝ ကျော်)မှ စခဲ့သည်ဖြစ်သဖြင့် လွန်ခဲ့သော အနှစ်၂၀၃၅မှစတင်သည်ဆိုနိုင်ပါမည်။  ဤမျှသက်တန်းရှည်ကြာလာသော စာပေတွင် ကွန့်ညွှန့်၊ကွေ့ဝိုက်လှပချက်များ များစွာရှိမည်ကိုကား ငြင်းဖွယ်မရှိဖြစ်ပါလိမ့်မည်။ မြန်မာတို့၏ အင်း၊အိုင်၊ခလှဲ့၊လက်ဖွဲ့၊မန္တန်၊ယတြာ၊ဓါတ်ရိုက်၊ဓါတ်ဆင်တို့သည် အက္ခရာ စာလုံးများကို အခြေခံ၍စီရင်ကြသည်လည်း […]


kaiApril 12, 20101min01
ပိတောက်ပန်း လတန်ခူးပေမို့ အလှထူးပါဘိ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ ။ တကယ်တန်းသာဖြင့် ဘယ်ပန်းနော် စံမတူဘု နန္ဒမူ ဖန်ဂူ ထိပ်မှာလ ပစ္စေကာ ချွေးတော်သိပ်ရတယ် အေးရိပ်ဆာယာ ။ တစ်နှစ်တွင်သည်တစ်လပေပ တစ်လတွင် တစ်ရက်ထဲ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ ပွင့်ရှာကြ စုံမြိုင်တွင်း ။ မြူမင်းလွင်ထန် ကြူသင်း တာချိန်ယံမတော့ ရွှေဝတ်ဆံငုံတံညှောက်ကယ်နှင့် ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့ သိန်သရေထိန်ဝေလို့တောက်တဲ့ပြင် လမ်းတစ်လျှောက်သင်းပေမယ့် ဆန်းသလောက်မလင်းနိုင်ဘု ပန်းပိတောက်မင်း ။ ။ (ဦးကြော့) ===== အချည်းနှီးပိတောက် လှလိုက်တာကွယ် ဝင်းဝါထိန်ရဲ ၊ ဆုပ်ခဲရွှေငုံ စုပြုံပွင့်ကြ ၊ ပေါ်ဦးစရှင့် လှ ၊ လှပါဘိ ၊ နှုတ်ခမ်းဖိကပ် နမ်းမိ ချစ်မိ ၊ ပိတောက်နွယ် […]


kaiApril 11, 20103min06
ဟုတ်ပါတယ် ကျွန်းတကျွန်းပျောက်သွားတာပါ။ သတင်းက တပါတ်ကျော်လောက်တော့ရှိနေပါပြီ။ ဒါပေမဲ့ ဒီနေ့ တိုမ်းမဂ္ဂဇင်းလှန်ရင်း ထပ်တွေ့လို့သတိရပြီး တင်လိုက်တာဖြစ်ပါတယ်။ နေရာက ဘင်္ဂလားပင်လယ်အော်နားဆိုတော့..“ဟ..ဒါမြန်မာပြည်နဲ့ နီးတာပဲ”ဆိုပြီး သေချာ ကြည့်မိတာပါ။ ကျွန်းက ပိစိညှေက်တောက်ကလေးပေါ့။ ၁.၄ စကွဲယားမိုင်တော့ရှိပါတယ်။ အဲဒီကျွန်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ် သူပိုင်ကိုယ်ပိုင်အငြင်းပွားနေတာ နှစ်၃ဝ လောက်ရှိနေပါပြီတဲ့။ နောက်ဆုံးတော့ ဂလိုဘယ်ဝမ်းမင်းဆိုတဲ့ “ကမ္ဘာပူနွေးလာမှုကြီး”က အနိုင်ယူသွားတယ်ပဲ ဆိုကြပါစို ့..။ ပင်လယ်ရေတွေမြင့်လာလို ့ရေအောက်ရောက်သွားတယ် ပြောကြလို့ပါ။ ကျွန်းနာမယ်က New Moore Island ဖြစ်ပါတယ်။ သဘောက ပင်လယ်ရေမျက်နှာပြင်တွေ တကယ်ကို မြင့်တက်လာနေတာလို့ ညွှန်းနေပြီး တကယ်တန်း အာတိတ်ဖက်က ရေခဲတောင်တွေ ပျော်ကျလာရင် မြန်မာပြည် ဧရာဝတီတိုင်းတို ့၊ ရန်ကုန်တို့တတွေလည်း မချောင်ပါ..။(အဲဒါကြောင့် သူတို့တတွေ အပေါ်ဖက်ကိုပြေးကြတာကိုး..) တွက်နေကြတာတော့ […]


kaiApril 10, 20101min02
Voice Vol.6 / No.23  ကသတင်း၂ခုကို ဒီအတိုင်းကူးတင်ပေးလိုက်ပါတယ်။ အောက်မှာဖတ်ကြည့်ပါ။ မြန်မာပြည်ဖက်က ကုးခွင့်လည်းမတောင်းနေတော့ပါဘူး။ တောင်းလည်း ပေးချင်လည်း ပေးရခက်ကြီးဖြစ်နေမှာကိုး..။ အဲဒီသတင်းတွေအရ နယ်စပ်က၊ အမေရိကက စတဲ့နိုင်ငံတွေကနေ မြန်မပြည်ပြန်ပြီ း လွှတ်တော်အမတ်လုပ်မယ်ဆိုတဲ့ သူတွေကို သိသာစေပါမယ်။ မြန်မာတွေဟာ အရည်အချင်းရှိမယ်။ ကိုယ့်ကိုယ်ကိုယ် ”ထင်” မယ်ဆိုရင် တသီးပုဂ္ဂလ ဝင်ပြီုင်ခွင့်ရှိတာတွေ့ရမှာပါ။ ဟုတ်ကဲ့..အမေရိက အပါအဝင် မြန်မာပြည်အပြင်မှာနေတဲ့သူတွေ အဲဒီအခွင့်အရေးမရှိပါခင်ဗျား။ အနီရောင်နဲ့ ဖေါ်ပြထားချက်အရ ဖြစ်ပါတယ်။ ဒီ ၂၀၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးကြရာမှာ ငွေအားအဓိက လိုနေမှာမို့ ..ဖြစ်လာမဲ့ လွတ်တော်အမတ်ကို ငွေနဲ့ ဝယ်လို့ရနိုင်ပါလိမ့်မယ်။ ဝယ်လည်းဝယ်ကြပါလိမ့်မယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ နောင်လာမဲ့ အစိုးရပိုင်းကလူတွေ။ အမတ်တွေဟာ တနှစ်၊ တနှစ် ဘီလီယံ ချီရလာနေမဲ့ […]


kaiApril 10, 20101min00
အခုပဲ ၂၀၁ဝ ထဲရောက်လို ့ပထမ ၃လ ကုန်ပါပြီ။ ၂၀၁ဝ ရွေးကောက်ပွဲ ဘယ်တော့လုပ်မလည်း။ ဘယ်နေ့လည်း မသိရသေးပါဘူး။ တချို့က အောက်တိုဘာဆိုပါတယ်။ တချို ့က ဒီဇင်ဘာတဲ့ ၊ခုရက်ပိုင်း အာစီယန် ထိပ်သီး အစည်းအဝေးလာတက်တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကတော့ ရွေးကောက်ပွဲကော်မရှင်ကအဲဒီနေ့ရက်ကိုဆုံးဖြတ်မှာတဲ့။ မြန်မာ့ကိုယ်စားလှယ်ထိပ်သီးလည်း သိပုံမရပါဘူး။ ဆိုလိုတဲ့ သဘောက(စစ်တပ်ထုံးစံအတိုင်း) စစ်ဦးစီးချုပ်တယောက်ကပဲ သိနေပုံရပြီး သူကပဲ ဘယ်အချိန်မှာမှ ထုတ်ပြန်လိုက်မယ်ဆိုတာရော။ ဘာတွေဆက်လုပ်ရမှာရော သိထားနေပုံရပါတယ်။ ူ ထားပါတော့.. အသံများဆိုရာမှာ နားထောင်ပုံနားထောင်နည်း….ဗမာတွေကိုအကြံပေးချင်တာလေးတွေ ရှိပါတယ်။ ၂၀၁ဝ ရွေးကောက်ပွဲဟာ (ဘယ်အကြောင်းနဲ့မဆို)ရောက်ကိုရောက်လာမှာမို ့ ဘယ်လိုလုပ်ရမလဲ။ ဘာတွေဖြစ်လာမလဲ သိချင်သူတွေ လုပ်ရမှာတွေ တချို ့ကို ရေးပြချင်တာပါ။ လိုတာတွေရှိလည်း အောက်က ကွန်မန့်မှာဖြည့်သွားပေါ့နော..။ ပြည်တွင်းက အသံတွေ ကြားချင်တယ်ဆိုပါစို့။ […]


kaiApril 9, 20105min00
ပြည်သူ့ဂုဏ်ရည် အစီအစဉ်တွင် ဝိုင်းဝန်းပါဝင်ကြမည့် မြို့များ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ စာရင်း ဧပြီ ၈၊ ၂၀၁၀ အမေရိကန်ရှိ မြို့များ ၁ – နယူးယောက် ၂ – ဝါရှင်တန်ဒီစီ + ဗာဂျီးနီးယား + မေရီလန်း ၃ – ဆီယက်တဲ ၄ – ဖီးနစ်စ် ၅ – ဘော်စတွန် ၆ – လော့စ်အိန်ဂျလိစ် ရ – ဆန်ဖရန်စစ္စကို ၈ – ဘတ်ဖဲလိုး ၉ – ဖို့ဝိန်း ၁ဝ – အယ်ဘေနီ ၁၁ – စင်စင်နတီ ၁၂ – ပေါ့တ်လန်း + ဘီဗာတန် + […]


kaiApril 9, 20101min01
၂၀၀၅ ကတည်းက တောက်လျှောက်လုပ်လာတာ အခု၅နှစ်မြောက်ဖြစ်ပါတယ်။ ရွှေပွဲလာပရိသတ်လည်း များများလာလိုက်တာ ဒီနှစ်တော့ ၅၀၀ဝ ကျော်တော့မယ်ထင်ပါတယ်။ ဟုတ်ပါတယ်..။ အမေရိကန်ပြည်ထောင်စုမှာ ဗမာအများဆုံးနေတာ အယ်လ်အေမြို ့ပါ။ ဒါကြောင့်လည်း လူဒီလောက် လာကြတယ်ပဲဆိုပါတော့..။ ပွဲကျင်းပတဲ့ နေရာပြောင်းထားပါတယ်။ အဲဒါကြောင့် ဖလိုင်ရာမှာလိပ်စာဖတ်ပြီးမှ ပွဲလာပါလို့ပဲ တိုက်တွန်းပါရစေ။ နီးစပ်ရာ မိတ်ဆွေတွေလည်း ပြောပြပေါ့နော..။ မနှစ်ကနေရာနဲ့ နီးပါတယ်။ နီးဆို တဝင်းထဲ။ ပန်ခြံတခုထဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်နေရာက ကားရပ်ခ ၆ဒေါ်လာပေးဖို ့မလိုပါဘူး။ အဲဒီတော့ မုန် ့ဟင်းခါးတပွဲအပို စားလို့ရသွားမယ်ပဲ ဆိုပါတော့..။ သတင်းစာမှာလည်း လိပ်စာအတိအကျ ထည့်ရေးပေးပါမယ်။ သတင်းစာကိုင်ပြီးလာကြပေါ့နော. ။ “ဒါကိုင်ပြီးမှ ပွဲလာပါ ”ဆိုလည်းပြောနိုင်ပါလိမ့်မယ်။ တော်ကြာ နေရာမှားဝင်လို့ ကားရပ်ခ ၆ ဒေါ်လာပေးပြီးမှ ဘွာတေး […]


kaiApril 7, 20105min02
ကျုပ်က ကားမောင်းရင်းရေဒီယိုနားထောင်တတ်ပါတယ်။ အဲဒါခုတလော ရေဒီယိုမှာ အသည်းအသန်ကြော်ငြာနေသမို ့ ဘာလည်းဆိုတာ သေချာသိအောင်တင်ပေးလိုက်တာပါ။ မူရင်းသတင်းအောက်မှာဖတ်ပါ။ အသံနဲ့ပြောပေးတဲ့ ရစ်ချက်ဂီရီ ကဗုဒ်ဓဘာသာဝင်တဦးဖြစ်ပါတယ်။ ကြုံလို့ ပြောရရင် ယူအက်စ်က ဆယ်လီဗရိတ်တီတွေ ဒလိုင်လာမားစည်းရုံးမှုနဲ့ ဗုဒ်ဓဘာသာဝင်ကြတာတွေရှိပါတယ်။ ဘောလုံးသမား ဒေးဗစ်ဗက်ခမ်တို့။ အိုင်ပက် ထုတ်တဲ့ ပန်းသီး(အက်ပဲလ်)ဆရာကြီး စတိဗ်ဂျော့ဘ်တု့ိလည်း ဗုဒ်ဓဘာသာဝင်တွေပါပဲ။ တိဗက်ကဆိုတော့ မဟာယာန ဗုဒ်ဓဘာသာပေါ့။ ဟိနယာနတို့၊ ထေရဝါဒတို့ မဟုတ်ပါဘူး..။ မဟာယာန ဗုဒ်ဓဘာသာကို လူတွေ သန်းထောင်ချီ ကိုးကွယ်ကြတာပါ။ တရုတ်ပြည်၊ ဂျပန်ပြည်၊ ထိုင်ဝမ်တု့ိပေါ့..။ The Buddha, A Film by David Grubin Premiering April 7, 2010 at 8 p.m. EST This […]


kaiApril 5, 20101min05
လျှပ်တစ်ပြက်ဂျာနယ် ၂၀၁၀၊ဧပြီလ(၂)ရက် နေ့ထုတ်တွင် ပါလာတဲ့ ကဗျာဆရာ မောင်ရဲ၏ “ထိုတစ်ရက်” အမည်ရ ကဗျာ.. မြန်မာပြည်ကပို ့လာလို့ပါ။ တဦးဦးကိုရည်ရွယ်တယ်ဆိုပါတယ်။ ကဗျာအရတော့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း ဥက္ကဌဖြစ်မယ်ထင်ပါတယ်။ ရေးသူက အဲဒီအထဲကလူပါပဲတဲ့။ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှုး ဦးတင့်ဆွေ ဆိုပါတယ်..။ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်က ဦးမြတ်ခိုင်ဖြစ်ပါတယ်။ အဲဒီကဗျာက.. စကားတွေ အများကြီးပြောနေပါတယ်။ သေသေချာချာ ဖတ်ကြပါ။ သမိုင်းကျန်ရစ်အောင် ဒီမှာ လာထားရစ်လိုက်တာပါ။


kaiApril 4, 20104min04
အခုတင်လှုပ်တာပါ။ ရှေ ့နောက်ခါသွားတာဖြစ်ပြီး အပေါ်အောက် ဟုတ်ပုံမရတာမို ့ဆုနမိတွေဘာတွေ စိုးရိမ်စရာရှိမယ် မထင်မိပါ။ ငလျှင်ဗဟိုက မက်စီကိုထဲမှာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားနဲ့ မက်စီကိုနယ်စပ်နားမှာဖြစ်ပါတယ်။ တခြားသတင်းတွေ မတက်သေးပါကြောင်း..နဲ့ ခုတလော မြေကြီးထဲအိပ်နေတဲ့ ကာလနဂါး စိတ်ဆိုးနေသလားမသိ..ခဏခဏပျင်းကြောဆန် ့နေပါကြောင်း.. ငလျှင်အကြောင်း သိတာလေးတွေဖြစ်တာလေးတွေ အောက်ကကွန်မန် ့မှာ သတင်းရေးပေးစေလိုပါတယ်။ ကယ်လီဖိုးနီးယား၊ ဆန်ဒီယေးဂိုဖက်(ငလျှင်ဗဟိုနဲ့ နီးတဲ့မြို ့)မှာ ဗမာတွေ ၃-၄ထောင်လောက်နေတာမို ့သတင်းမရသေးသော်လည်း ပြသနာရှိပုံမရပါဘူး။ ဖုန်းဆက်မေးကြည့်သလောက်ပါ။ ကယ်လီဖိုးနီးယားနေ မိတ်ဆွေ၊ ဆွေမျီုးသူငယ်ချင်းတွေအတွက် အထူးတလည်စိုးရိမ်စရာမရှိပါကြောင်းလည်း တခြားနိုင်ငံ၊ ပြည်နယ်နေ ဗမာတွေကိုသတင်းပေးလိုပါတယ်။ http://maps.google.com/maps?f=q&hl=en&q=32.0931,-115.2491%28M6.9+-+Baja+California,+Mexico+-+2010+April+04+22:40:39+UTC%29&t=h&z=6&iwloc=A http://quake.usgs.gov/recenteqs/ ူငလနါ်  http://media.myfoxla.com/live/2/ M6.9 – Baja California, Mexico – 2010 April 04 22:40:39 UTC […]


kaiApril 4, 20107min00
ဒီနေ့(ဧပြီ ၄ မှာ)မှာ ယိုးဒယားတွေလည်း နှစ်သစ်ကူးပွဲလုပ်ပါတယ်။ ကယ်လီဖိုးနီးယား၊ ဟောလိဝုဒ်မှာပါတဲ့။ အဲဒီနေရာကယိုးဒယားတွေအများဆုံးနေတာဖြစ်ပါတယ်။ သူတို့ကလူဦးရေများတော့ လမ်းမကြီးတောင်ပိတ်ပြီးလုပ်တယ်ရေးထားတာပဲ..။ အချိန်မှီသေးရင် သွားလည်လို့ရအောင်ပါ..။ အောက်မှာ ဝက်ဘ်ဆိုက်သတင်ဖတ်ဖို့..။ အောက်ဆုံးမှာ Thai Town ဖြစ်လာပုံအကျဉ်းချုပ်ပါ။ Bama Town တွေဘာတွေ လုပ်ချင်သူတွေ ဖတ်ဖို ့မှတ်တန်းကျန်အောင် ကူးတင်ပေးလိုက်ပါတယ်။ စပွန်ဆာတွေက လေကြောင်းလိုင်းတွေနဲ့ ထိုင်းသံရုံး၊ ပါတာတွေ့ရပြီး ဈေးရောင်းဖို ့နေရာတွေ Boothတွေကို ဝက်ဘ်ဆိုက်နေနေ မှတ်ပုံတင်လို့ရပါတယ် ၃၀၀-၃၅ဝ ဒေါ်လာလို့တွေ့ရပါတယ်။ ရက်ဖယ်က ဟွန်ဒါ စီဗစ် ၂၀၁ဝ ဖြစ်နေပါတယ်။ ကျုပ်တို့ မဟာသင်္ကြန်အယ်အေပွဲနဲ့တော့ တော်တော်ကွာသေးတာတွေ့ရပါတယ်။ ကွာဆို ဗမာတွေက လက်ရှိအာဏာရအစိုးရနဲ့မှ အစဉ်မပြေတာမို ့..လေကြောင်းလိုင်းတွေဆီကလည်း စပွန်ဆာ ယူလို့မရတာကိုး..။ ဒါကြောင့် ဗမာတွေက အမေရိကန်ပြည်ထောင်စုမှာနေကြလည်း ကိုယ်ဒုက္ခနဲ့ကိုယ်ပဲဆိုပါတော့။ […]


kaiApril 3, 20101min02
ဒေါသသင့့်တယ်..သင့်တယ်နဲ့ကြားဖူးကြမှာပါ။ စာ၊ကဗျာတွေမှာ ပြောပါတယ်..။ အဲဒါမှာ ဘယ်ကဘယ်လို သင့်ကြတယ်ဆိုတဲ့အကြောင်းနဲ့ သင့်ပုံသင့်နည်းတွေဖေါ်ပြထားတဲ့ ဆောင်းပါးကို အင်တာနက်မှာတွေ ့လို့တင်ပေးလိုက်ပါတယ်။ ကဗျာသမား၊၊စာသမားတွေ လိုက်နာရမယ်တော့မဟုတ်ပါဘူး။ ဒါကြောင့် “သင့်ကြောင့် ဒေါသမသင့်ပါစေနှင့် ”ဆိုတာက စိတ်ဝင်စားအောင် ရေးလိုက်တာရယ်ပါလို့။ …ဒါပေမဲ့ မြန်မာ့ကဗျာ…ဆိုတာက ..ဒီလိုဒီလို..ဥပဒေသစည်းကမ်းလေးတွေရှိတယ်ဆိုတာ သတိထားမိနိုင်အောင်ပါ။ ဆောင်းပါးတွေ ဝတ္ထုတွေမှာလည်း ဆိုင်ရာဆိုင်ရာတွေ ထည့်တွေးပြီး “ဒေါသမသင့်” ဖြစ်ကြစေလိုပါတယ်။ စည်းကမ်းသဘောက အတူတူပါပဲ။ စည်းကမ်းတွေနောက်အတင်းလိုက်ပြီး ညှိယူနေရင်လည်း အနုပညာပျက်ပြီး မရိုးမသားတွေ ဖြစ်ကုန်တာမို ့…အနုပညာဆိုတာ “ရိုးသားမှုကိုအခြေခံတယ်”ဆိုတာလေး နှလုံးသွင်းပြီး အတင်းကြီးလုပ်ယူမနေရင် “လှ”လာတာပါပဲလို့..။”လှ”မှတော့ လူတွေစိတ်ဝင်စားပြီး ဖတ်ကြ၊ဆွေးနွေးကြ၊ ဝေဖန်ကြနဲ့ အနုပညာမြောက်ပြီပေါ့နော။ ဘာပဲဖြစ်ဖြစ် ဒီလိုစည်းကမ်းတွေရှိတာကလူမျိုးခြားတွေကို ကြွားလို့ရသပေါ့…။ စိတ်ဝင်စားရင်..ကဗျာကျမ်းစာအုပ်လေးငါးအုပ်ရှိပါသေးတယ်..။ဖတ်ပြီးရင် တင်ပေးမယ်လေ။ ====== ကဗျာ၌ သင့်သော ဒေါသ Saturday, December […]