LA မဟာသင်္ကြန် – ဧပြီလ ၁၈ ရက်

kaiApril 9, 20101min01
SCBA - မြန်မာလူငယ်များ

၂၀၀၅ ကတည်းက တောက်လျှောက်လုပ်လာတာ အခု၅နှစ်မြောက်ဖြစ်ပါတယ်။
ရွှေပွဲလာပရိသတ်လည်း များများလာလိုက်တာ ဒီနှစ်တော့ ၅၀၀ဝ ကျော်တော့မယ်ထင်ပါတယ်။ ဟုတ်ပါတယ်..။
အမေရိကန်ပြည်ထောင်စုမှာ ဗမာအများဆုံးနေတာ အယ်လ်အေမြို ့ပါ။ ဒါကြောင့်လည်း လူဒီလောက် လာကြတယ်ပဲဆိုပါတော့..။

ပွဲကျင်းပတဲ့ နေရာပြောင်းထားပါတယ်။ အဲဒါကြောင့် ဖလိုင်ရာမှာလိပ်စာဖတ်ပြီးမှ ပွဲလာပါလို့ပဲ တိုက်တွန်းပါရစေ။ နီးစပ်ရာ မိတ်ဆွေတွေလည်း ပြောပြပေါ့နော..။
မနှစ်ကနေရာနဲ့ နီးပါတယ်။ နီးဆို တဝင်းထဲ။ ပန်ခြံတခုထဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်နေရာက ကားရပ်ခ ၆ဒေါ်လာပေးဖို ့မလိုပါဘူး။ အဲဒီတော့ မုန် ့ဟင်းခါးတပွဲအပို စားလို့ရသွားမယ်ပဲ ဆိုပါတော့..။
သတင်းစာမှာလည်း လိပ်စာအတိအကျ ထည့်ရေးပေးပါမယ်။ သတင်းစာကိုင်ပြီးလာကြပေါ့နော. ။ “ဒါကိုင်ပြီးမှ ပွဲလာပါ ”ဆိုလည်းပြောနိုင်ပါလိမ့်မယ်။ တော်ကြာ နေရာမှားဝင်လို့ ကားရပ်ခ ၆ ဒေါ်လာပေးပြီးမှ ဘွာတေး ဆိုပြီး ကားရပ်ခတော့ ရီဖန်း ပြန်ထုတ်လို့မရတာမို ့ပါ။

ဒီနေ့ မျက်စိလည်လမ်းမှားပြီး သင်္ကြန်အစည်းအဝေးတွေလုပ်နေကျ “အောင်ဇေ”ခမ်းမဖက်ရောက်သွားတာ ပရိသတ်သိချင်နေမယ်ထင်တဲ့ သတင်းတခုရလာပါတယ်။
အယ်လ်အေသကြီန်နဲ့ အမြဲတွဲနေတဲ့ သင်္ကြန်မယ်ရွေးပွဲအစီအစဉ်မှာ မယ်၁ဝယောက်ရှိနေပါပြီတဲ့..။ အဲဒါပါ။
နောက်တခုက …သကြီန်နဲ့တော့ ဘာမှမဆိုင်ပါဘူး။ “ပြည်သူ့ဂုဏ်ရည်” အစီအစဉ်အတွက်ပါ။ ဒါလည်း အယ်အေမှာပဲ ဧပြီလ၂၄ မှာ ဆုပေးပွဲလုပ်ဦးမှာပါတဲ့။ ဆုငွေ အတွက် ဒေါ်လာ ၅၀၀ဝ + ဖြစ်နေပြီလို ့သိလာရတာပါ။
အဲဒါ..အခုသတင်းဖတ်မိတဲ့ မြန်မာပြည်က မြန်မာတွေ ဆိုင်ရာအမည်လေးတွေ ဝင်ဖြည့်ပေးကြပါဥိး။
http://citizenofburma.org/

မန္တလေးဂေဇက်သတင်းစာက သကြန်မတိုင်ခင်ထွက်အောင်လုပ်နေပါတယ်။ အဲဒါကြောင့် ကျနော်မျိုးလဲ ညည အဲ..မနက် ၄-၅နာရီတော့ အသာကလေးပါပဲ ….အိပ်ချိန်ပြောပါတယ်။

ထားပါတော့..။
အောက်မှာ ဖတ်ကြည့်ရမယ့် ဖလိုင်ယာပါ။ ..နှစ်သစ်မင်္ဂလာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

One comment

  • susunosuki

    April 17, 2010 at 7:58 am

    ကျွန်တော်တို့လူမျိုးတွေရဲ့ချစ်စရာ စိတ်ထားလေးပေါ့ဗျာ
    နိုင်ငံရပ်ခြားရောက်နေတာတောင် ကိုယ်ရိုးရာ ကိုမြတ်နိုးတတ်ကြတာ
    ဂုဏ်ယူစရာပါ
    သတိလည်းထားကြဦး
    လူစုစု ဆိုရင် ဗုံးခွဲမှာ ကြောက်ရတယ်

    Reply

Leave a Reply

Your email address will not be published.