kaiMay 16, 20101min013
ကလေကချေ၊။ တေလေဂျပိုး၊ ကလေကလွင့်။ အုပ်ကြားမြက်ပေါက်။ ရောမျောကမ်းတင်။ လေလွင့်ရွက်ဝါ။ ပလက်ဖေါင်းခေါင်းအုံး။ ဓါတ်တိုင်ကပ်သေးပန်း။ ရေမြောင်းရေချိုး။ ကြံဖတ်ချ ီးကုန်း။ ရေအိုးစင်ရေသောက်။ တိုင်ပတ်မူးဝေ။ ခွေးနဲ့ဖက်ရန်ဖြစ်။ စစ်ပြန်နဲ့ ရွာကျန်စပ်။ အသွားတုံး ပုဆိန်ရိုး။ ဆံနီ ဆံကြောင် သွားချေးတက် သွားဝါ။ နဖာချီးပိတ် နားလေး။ မျက်စိနိ ခြောက်စောင်း။ မြန်မာတွေ ဝေါဟာရ ကြွယ်တာကို ဆန်းစစ်ရေးကြည့်တာပါ။ ထပ်ဖြည့်ကြစေလိုပါကြောင်း..။


kaiMay 13, 20103min00
အစိမ်းကဒ်လို့ ခေါ်ကြတဲ့ ယူအက်စ်က ပါမေးနန် ့(အမြဲတန်း)နေထိုင်ခွင့်ကဒ်ပြား အသစ်ထုတ်ပါတော့မယ်..။ အဟောင်းနဲ့စာရင် အစိမ်းရောင် ပိုသမ်းသွားပါတယ်။ လုံခြုံရေးတွေလည်း အဆင့်မြှင့်ထားတယ် ဆိုပါတယ်။ အစိမ်းကဒ်ရှိသူတွေဟာ ယူအက်စ်မှာ နေခွင့်အလုပ်လုပ်ခွင့် အပြည့်ရှိတာပါ။ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားဖို ့(သာမန်အားဖြင့်) မလိုပါဘူး၊ ကဒ်ပြားနဲ့ပဲ ဝင်လို့ထါက်လို့ ရပါတယ်။ အစိမ်းကဒ်ကိုင်သူ(ပါမေးနန် ့ရက်စီးဒန့်)သာ နိုင်ငံသားဖြစ်ဖို ့အနီးစပ်ဆုံးအဆင့်ဖြစ်ပြီး မဲပေးခွင့်မရှိတာလောက်ပဲ လိုတော့တာပါ။ နောက်ပိုင်း အစိမ်းကဒ်တွေဟာ သက်တန်းရှိပြီး ၁ဝနှစ်ကြာပါတယ်။ ဒါပေမဲ့ အစိမ်းကဒ်နဲ့ မြန်မာပြည်ပြန်နေမယ်ဆိုရင်တော့ နိုင်ငံသားလျှောက်ဖို ့စောင့်ရတဲ့ အချိန်ကို ထိခိုက်မှာဖြစ်ပါတယ်။ သာမန်အားဖြင့် ၆လနဲ့အထက် ယူအက်စ်အပြင်မှာနေရင် အစိမ်းကဒ်ကိုင်ဆောင်ခွင့် ထိခိုက်နိုင်ပါတယ်။ တချိုု ့လေဆိပ်အဝင်မှာ အစိမ်းကဒ်အသိမ်းခံရတတ်ပါတယ်။ သာမန်အားဖြင့် ယူအက်စ်မှာနေတာ ၃နှစ်(အိမ်ထောင်ပြုသူ)-၅နှစ်(သာမန်)ပြည့်ရင် ယူအက်စ်နိုင်ငံသားအဖြစ်လျှောက်ထားခွင့်ရှိပါတယ်။ မြန်မာတွေ လော့ထရီပေါက်ပြီး(မဲ) […]


kaiMay 13, 20109min03
ဆောင်းပါးလေးတပုဒ်ဖတ်မိလို့ မျှတာပါ။ အမေများနေ့လည်း ကျော်သွားပြီဆိုပေမဲ့…အမေဆိုတာက အဝေးရောက်သားသမီးများအတွက် ဘယ်အချိန်မဆို ဖုန်းခေါ်ဖို ့ဆက်သွယ်ဖို ့ ပါမစ်ယူစရာမှမလိုတာနော..။ဖြစ်ချင်းဖြစ်ရင်..သားသမီးတွေကသာ အမေရေ၊အခုမအားသေးဖူး၊ အလုပ်များနေတယ်၊ ချိန်းထားလို့ Busy, Busy နောက်မှပြန်ဆက် စသဖြင့် ပြောတတ်ကြတာမဟုတ်ပါလား။ ဒီခေတ်ကာလကြီးမှာ လူတွေလူတွေဟာ လုမှုရေးကိစ္စတွေရှုပ်ထွေး၊ နိုင်ငံရေးတွေ ပူပင်ရ၊ ချစ်သူတွေနဲ့ အဆင်မပြေ၊ စိတ်ကောက်သူတွေနဲ့ ပြိုင်ကောက်၊ အလုပ်တွေမှာ လိပ်ခဲတည်းလည်းတွေဖြစ်နဲ့ “ခေတ်ကြီးကိုက ဆိုးပါတယ်။” ဆိုးတာကြောင့် စိတ်တွေလည်း ဂယောက်ဂယက်နဲ့ စထရက်စ်ခေါ်တဲ့…လောဘ၊ဒေါသ၊မောဟတွေလွန်နေတတ်တာလည်း ဓမ္မတာလို့တောင် ပြောရမှာပါ။ကဲ.. ဓမ္မတာ လာပြီဆိုပါတော့..(တလွဲမတွေးနဲ ့နော)..ဘာလုပ်ကြမှာလည်း၊ ဘာတွေလုပ်နေသလည်း ..လုပ်သင့်သလည်း မေးချင်ကြမှာပါ။ စထရက်စ်က လူကြီးတွေမှ မဟုတ်ပါဘူး၊ ကလေးလေး ပိစိပေါက်စတောင်ရှိတယ် ဆိုပါတယ်။ တိရိဆန်တွေမှာလည်း ရှိတာပါပဲ။ ရေထဲက ဂဏ္ဍန်းတောင် စထရက်စ်ရှိရင် အသားနည်းတယ် […]


kaiMay 2, 20102min04
ဒီနေ့ စာတိုက်မှာရောက်နေတဲ့ တိုင်းမဂ္ဂဇင်းလေးတွေ့တော့ ..ဒီတပါတ်ထူသားပဲဆိုပြိး အဖုံးကြည့်မိပါတယ်။ အဖုံးက ဒရော့ဘာ၊ လေဒီဂါဂါနဲ့ ကလင်တန်ပုံ.. တွေပါပြီး (the 100 most influential people in the world )ရေးထားတော့.. ထုံးစံအတိုင်း ဒေါ်စုတယောက်တော့ ပါဥိးမှာပါဆိုပြီး လှန်လှောကြည့်ပါတယ်။ မတွေ့ဘူးဗျ.။ အဲဒါနဲ့..သေသေချာချာ ထပ်ကြည့်တော့ .. စာမျက်နှာ ၁၄၄ မှာ Heroes ဆိုပြီး အောက်ဆုံးကအတိုင်း(မူရင်း)ရေးထားတာလေး တွေ့ပါတယ်။ တိုင်မ်းမဂ္ဂဇင်းဆိုတာ ကမ္ဘာတည်သရွေ ့ရှိသွားမဲ့ ကမ္ဘာကျော်မဂ္ဂဇင်းကြီးပါ။ အဲဒီမှာ ဟီးရိုးအနေနဲ့ ကလင်တန်နဲ့တွဲပြီး ခေါင်းစဉ်တူအောက်မှာ ဗမာလူငယ် နေဘုန်းလတ် အမည်ပါတယ်ဆိုတော့..။ အင်း.. ဒို့ဗမာတွေ… ဂုဏ်ယူစရာတခုတိုးပြန်ပြီပေါ့။ ဗမာလူငယ်ဆိုတာ….အဲဒီလိုမှ..ပေါ့နော။ အဲဒီလိုလူတွေနေတဲ့ တိုင်းပြည်(အမိမြန်မာပြည်) တနေ့နေ့တချိန်ချိန်မှာ ကမ္ဘာ့ထိပ်တန်းရောက်လာမယ်လို့..ထင်မိပါတယ်။ Nay Phone […]


kaiApril 30, 20103min01
ဒီနေ့သတင်းတခုဖတ်မိလို့ မျှတာဖြစ်ပါတယ်။ မြန်မာတို့ရဲ ့ဇတ်လိုက်ကြီး အာနိုးတယောက် အမေရိကန်ပြည်ထောင်စုရဲ့ သမတအဖြစ်ရွေးခံမယ်ဆိုရင်ပေါ့.. အမေရိကရဲ့ ဖွဲ ့စည်းပုံအခြေခံဥပဒေကို  အယင်ပြင်ရပါလိမ့်မယ်.။ အဲဒီမှာ ဘယ်လောက်ခက်သလဲရေးထားတာလေးတွေ့လို ့ ဆက်စပ်ပြီးတင်ပေးတာပါ။ သတင်းမှာ…အဲဒါနဲ့ပါတ်သက်တာကို အနီရောင်ပြောင်းပေးထားပါတယ်။ အဲဒီမှာ ရာခိုင်နှုန်းတွေလည်း ပါပါတယ်။ ဗဟုသုတအဖြစ်ပေါ့..။ မြန်မာတွေရဲ့ အခု ၂၀၁ဝ ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး ပြောရယင်.. တချို ့က..အမတ်အဖြစ် ပြိုင်အရွေးခံပြီးရင် ၂၀၀၈ ဖွဲ ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက်မယ်ဆိုလား..ကြားနေဖူးလို့.. နှိုင်းယှဉ်နိုင်အောင်ရယ်ပါ။ ကြည့်ရတာ…မြန်မာပြည် ဖွဲ ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့က ပိုခက်မယ်သေချာပါကြောင်း..။ Schwarzenegger for president? Not likely Fri Apr 30, 1:01 pm ET In an appearance Thursday night on the “Tonight Show” to […]


kaiApril 30, 20101min05
အဲဒီ့နေ့က နှင်းမုန်တိုင်းလည်းမကျပါဘူး။ရေခဲမိုးလည်း မရွာပါဘူး။ဒါပေမယ့် ဘာကြောင့်မှန်းမသိ ဆန်ဖရန်စစ်စကိုက ပစ်စ်ဘတ်ကိုသွားမယ့်လေယာဉ်က တစ်နာရီနောက်ကျမယ်တဲ့။ကျမနည်းနည်းတော့ စိတ်ညစ်သွားတယ်။ပုံမှန်အတိုင်းတောင် လေယာဉ်ကပစ်စဘတ်ကိုည၁ဝနာရီခွဲမှဝင်မှာ။အဲဒီအချိန်ဆိုရင်တော့ taxi ဖြစ်ဖြစ်shuttle busဖြစ်ဖြစ်စီးသွားလို့ရသေးတယ်။ရသေးတယ်ဆိုတာ စီးရဲသေးတာကိုပြောတာပါ။ကျမတို့မှာကားမရှိဘူးလေ။ ခုအတိုင်းဆိုရင်တော့ လေယာဉ်ကအနည်းဆုံး၁၁နာရီခွဲလောက်မှဝင်မယ်။baggageထုတ်မှာနဲ့ဆို၁၂နာ ရီ။သက်ပြင်းလည်းမချချင်တော့ပါဘူး။ကျမဘဝမှာ ဒီလိုအခက်အခဲဆိုတာက ရိုးနေပြီလေ။ Sam Francisco Asian Art Museumမှာကျင်းပနေတဲ့ ထိုင်း-မြန်မာအနုပညာပြပွဲမှာ မြန်မာစာရေးဆရာတယောက်ရဲ့ readingထည့်ချင်တယ်ဆိုပြီး Museumကဖိတ်လို့ကျမလာခဲ့တာပါ။Reading မှာ‘Night Flow”(ညရေစီး)ဆိုတဲ့ကျမရဲ့ဝတ္ထုတိုတစ်ပုဒ်ဖတ်ခဲ့တယ်။ကျမရဲ့မိတ်ဆွေဦးအောင်အောင်တိတ်အင်္ဂလိပ်လိုဘာသာပြန်ပေးပြီး သူငယ်ချင်းနယူးဇီလန်စာရေးဆရာမPenelope Toddတည်းဖြတ်ပေးခဲ့တာပါ။ကျမရဲ့ကိုရီးယားသူငယ်ချင်းရာဟီဒေါက်(Ra Hee Duk)ပြောခဲ့တဲ့စကားလေးကို သဘောကျပြီးစိတ်ကူးရသွားတဲ့ ဝတ္ထုလေးတပုဒ်ပေါ့။ ကျမ၂၀၀ရခုနှစ် International writing Programအတွက် အိုင်အိုဝါးစီးတီးမှာ တခြားတိုင်းပြည်ကစာရေးဆရာအယောက်၄ဝနီးပါးနဲ့ နေရစဉ်တုန်းကပေါ့။ကျမတို့နေရတဲ့ဟိုတယ်လ်ဘေးအိုင်အိုဝါမြစ်ကမ်းမှာ ညတိုင်းနီးပါးကျမတို့လမ်းလျှှောက်ဖြစ်ကြတယ်။သိမ်သိမ်မွေ့မွေ့စီးဆင်းနေတဲ့အိုင်အိုဝါမြစ်ရေကိုကြည့်ရင်း ရာဟီဒေါက်ပြောခဲ့တာ။ညဘက်မှာစီးတဲ့မြစ်ရေဟာ သိပ်စိတ်ဝင်စရာကောင်းသတဲ့လေ။အပေါ်ယံမှာတည်ငြိမ်လှပသလောက် မြစ်အောက်ခြေမှာရုန်းကန်မှုများနေသတဲ့။အပေါ်ယံမျက်နှာကျောမာလှသူလို့ လူတော်တော်များများသတ်မှတ်ခံရတဲ့ကျမရင်ထဲကဝဲကတော့တွေအကြောင်းစောကြောမိတဲ့ကျမက ကိုယ့်ကိုကိုယ်ညရေစီးနဲ့နှိုင်းပြီး အဲဒီဝတ္ထုလေးရေးခဲ့မိတာ။ အဲ့ဒီ့ခရီးစဉ်မှာပဲ“နှင်းနတ်သား”ဆိုတဲ့ဝတ္ထုတိုလေးတပုဒ်ရေးမိခဲ့သေးတယ်။လေယာဉ်ကွင်းမှာဆုံတွေ့ခဲ့တဲ့ သဘောဖြူလူငယ်လေးတယောက်အကြောင်းရေးခဲ့တဲ့ဝတ္ထုလေးကို လေယာဉ်အကြာကြီးစောင့်ရင်းသတိရနေမိသေးရဲ့။အဲဒီတုန်းကတော့ ရေခဲမိုးနဲ့နှင်းမုန်တိုင်းထဲမှာ။ ဒီကနေ့ကတော့ ဘာလို့လေယာဉ်နောက်ကျမှန်းမသိပေမယ့် […]


kaiApril 25, 20101min01
“ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင် နှင့် နာရေးကူညီမှုအသင်း၏ ဦးဆောင်သူ” မဲပေးကြသည့် နိုင်ငံစုစုပေါင်း = ၅၄ နိုင်ငံ စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၈၅, ဝ၀၈ မဲ ပထမ မဲအများဆုံး ရရှိသူ – စုစုပေါင်းမဲ၏ ၃၇.၃ရ % ဒုတိယ မဲအများဆုံး ရရှိသူ – ၂၂.၁၆ % တတိယ မဲအများဆုံး – ၁၆.၉၉ % စတုတ္ထ မဲအများဆုံး – ၁၃.၁၉ % ပဉ္စမ မဲအများဆုံး – ၁၀.၂၉ % ဖြစ်ပါသည်။ — မဲအများဆုံး ရသူ ကိုကျော်သူကို ဂုဏ်ပြုအလှူငွေအဖြစ် ဒေါ်လာ ရ ထောင် […]


kaiApril 21, 20101min03
မြန်မာပြည်ရဲ့ ဂန္ဓဝင်အဆိုတော် ဦးအံ့ကြီးသီချင်းဆိုအပြီးခုံမှာထိုင်နေတုံးရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။သူ စင်ပေါ်တက်သီချင်းမဆိုတာ နှစ်ပေါင်းမနည်းတော့ဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂ပါတ်က ဓါတ်ပုံဖြစ်ပါတယ်။ မြန်မာပြည်က လူတွေအလွမ်းပြေအမှတ်တရ ကြည့်ရအောင်ပါ။ အခု လော့စ်အိန်ဂျလီစ်မှာနေနေပါတယ်။ ပို ့စ်တခုမှာ ဦးအံ့ကြီးသီချင်းစာသားဆိုပြီးရေးထားတာတွေ့လိုက်သမို ့သတိရပြီး ရှိတာလေးတင်ပေးလိုက်တာဖြစ်ပါကြောင်း..။


kaiApril 19, 20103min05
မနက် ၉ နာရီမှာ ပွဲလုပ်တဲ့ ပန်းခြံရှိရာဆီ မိုင် ၅ဝကျော်မောင်းပြီးသွား။ ဟိုရောက်တော့ လူတော်တော်နည်းပါသေးတယ်။ အဲဒီလိုနဲ့ မနက် ၁၁ နာရီခွဲလောက်ရောက်တော့ ဖဲကြိုးဖြတ်ဖွင့်ပွဲလုပ်ပါတယ်။ မနှစ်က ကွန်ဂရက်ဝူးမန်င်းမဖြစ်သေးတဲ့ ဂျူဒီချူးက အခု ကွန်ဂရက်ဝူးမန်င်းအနေနဲ့လာတာမို ု့မြီု ့တော်ဝန်တို့လည်းမနေရပဲ လာကြပါတယ်။ အဲဒီလိုနဲ့ ကတ်ကြေးကိုက်ပြီးဖွင့်တယ်ပေါ့။ ဖွင့်ပွဲသီချင်းကို သိန်းတန်(မြန်မာပြည်)က ဆိုပေးပါတယ်။ ထုံးစံအတိုင်း သင်္ကြန်တေးသွားနဲ့ အကနဲ့ပေါ့နော..။ လူတွေများလာလိုက်တာ ၁၂နာရီလောက်မှာ ပုတီးစိတ်တဲ့ကောင့်တာကလေးထုတ်ကိုင်ပြီး မဏ္ဍပ်နားသွာပါတယ်။ တရားရပြီး ပုတီးစိတ်မလို့ မဟုတ်ပါဘူး ပွဲလာတဲ့ လူဦးရေ တွက်မလို့ပါ။ အဲဒီလိုနဲ့ တကန့်ချင်းတွက်သွားလိုက်တာ နေ့လည် ၁၂နာရီ ၄၅မှာ အဲဒီပန်းခြံဝင်းထဲ လူ ၂၇၀၉ ယောက်လို့ ပြနေပါတယ်။ အပြင်ဖက် မြက်ခင်းပြင်ကလူတွေနဲ့ အဝင်အထွက်လုပ်နေသူတွေကိုတော့ သီးခြားလိုက်မတွက်တော့ပါ။ ၁နာရီကျော်ကစလို့ […]


kaiApril 18, 20101min00
2010 LA Thingyan New Location (မနှစ်ကနေရာရဲ့ ၆ဝ ဖရီးဝေး လမ်းပြောင်းပြန်ဖက်) 1600 N Rosemead Blvd. South El Monte, CA 91733 (Parking is free) http://maps.google.com/maps?hl=en&q=1600+N+Rosemead+Blvd.+South+El+Monte,+CA+91733&um=1&ie=UTF-8&hq=&hnear=1600+Rosemead+Blvd,+South+El+Monte,+CA+91733&gl=us&ei=-yzLS6PGMoXitgOMlcC0Dw&sa=X&oi=geocode_result&ct=title&resnum=1&ved=0CAcQ8gEwAA


kaiApril 17, 20101min02
အကယ်ဒမီဆုများရှင် ချိုပြုံးတယောက် နေပြည်တော်မှာ သင်္ကြန်သွားရင်း ကွယ်လွန်တယ် ဆိုနေကြပါတယ်။ အကယ်ဒမီချိုပြုံ းဟာ ပြိးခဲ့တဲ့ ၂နှစ်ကအမေရိကလည်း အလည်လာခဲ့ဖူးတာမို ့ယူအက်စ်နေသူ့ပရိတ်သတ်တွေ စိတ်ပူပြီးမေးကြပါတယ်။မန္တလေးဂေဇက်မှ လှမ်းစုံစမ်းသလောက်တော့.. ကျမ်းမာချမ်းသာစွာနှင့် နေပြည်တော်၊ မြန်မာပြည်တွင် ရှိနေကြောင်းပါတဲ့..ခင်ဗျား..။ အဲဒီတော့..အဲဒါ ..ကောလဟာသ ဖြစ်ပါတယ်လို့။ — မြစ်ကြီးနားအနီး မြစ်ဆုံမှာလျှပ်စစ်ဓါတ်အားထုတ်တဲ့ စက်ရုံ အမိဧရာဝတီကို ပိတ်ပြီး လုပ်နေကြတာ သိကြမှာပါ။ အဲဒီမှာ စနေနေ့(ဒီနေ့) ဗုံးပေါက်တယ် ကြားပါတယ်။ ဟုတ်သလားစုံစမ်းတော့ ဟုတ်တယ်တဲ့ခင်ဗျား။ လူအသေအပျောက်မရှိပါတဲ့။ ထူးထူးဆန်းဆန်း ၃ လုံးတွဲပဲလို့တော့ ပြောနေကြပါတယ်။ အဲဒီပရောဂျက်က အေရှဝေါ ဆိုတဲ့ လောစစ်ဟန်အမျိုတည်ထောင်ထားတဲ့ ကုမ်မဏီနဲ့ တရုတ်ပြည်မကကုမ်မဏီတို့ တွဲလုပ်နေတာပါ။ — ဂျပန်က မိတ်ဆွေတယောက်က မေးလာပါတယ်။ သီးလေးသီးအဖွဲ ့ကွဲပြီဆိုတာဟုတ်သလားတဲ့။ အဲဒါကြားတာတော့ နည်းနည်းကြာပါပြီ။ […]


kaiApril 17, 20101min010
မြန်မာပြည်တွင် ထင်ရှားကျော်ကြားပြီး အမေရိကန်ပြည်ထောင်စုတွင်လည်း သမ္မတကြီးဖြစ်လာသူမှာ အမေရိကန်ပြည်ထောင်စု၏၃၁ယောက်မြောက်သမ္မတကြီးHerbert Hooverဖြစ်ပါသည်။ သမ္မတကြီးHerbert Hooverအား ဩဂုတ်လ၁ဝရက်၊၁၈၇၄ခုနှစ်တွင်Iowa Stateတွင် မွေးဖွားခဲ့သည်။အစ်ကိုကြီး၁ယောက်နှင့်ညီမငယ်၁ယောက်ရှိသည်။ငယ်စဉ်ကပင် မိဘများကွယ်လွန်သွားသောကြောင့် ဆွေမျိုးများနှင့်ကြီးပြင်းခဲ့ရသူဖြစ်သည်။ San Franciscoမြို့တောင်ဖက်မိုင်၃ဝခန့်အကွာရှိ Stanford Universityစတင်ဖွင့်လှစ်စဉ် ပထမဆုံးသောကျောင်းသားအဖြစ် တက်ရောက်ခဲ့သည်။ဘူမိဗေဒနှင့်အင်ဂျင်နီယာဘာသာရပ်ဖြင့်ဘွဲ ့ကို ၁၈၉၅ခုနှစ်တွင် ရရှိခဲ့သည်။သူနှင့် Standford Universityကျောင်းနေဖက် Lau Menryနှင့် ၁၈၉၉တွင်လက်ထပ်ခဲ့သည်။ဩစတြေးလျ၊တရုတ်စသော နိုင်ငံအသီးသီးတွင်တာဝန် ထမ်းဆောင်ခဲ့သည်။ထိုသို့တာဝန်ထမ်းဆောင်ရင်း တရုတ်ရာဇဝင်တွင်ဖော်ပြထားသော ယနေ့မြန်မာနိုင်ငံနမ္မတူမြို့အနီးရှိဘော်တွင်း(ငွေတွင်း)အကြောင်းကို သိရှိလာခဲ့သည်ဆိုပါသည်။ အင်္ဂလိပ်တို့ အုပ်ချုပ်ထားသောထိုစဉ်ကမြန်မာနိုင်ငံ၊ရန်ကုန်မှတဆင့်၊မန္တလေးသို့လည်းကောင်း၊မန္တလေးမှမိုင်၁၅ဝခန့်ဝေးသောနမတူမြို့သို့လည်းကောင်း မြင်းများဖြင့်သွားရောက်ခဲ့သည်။ ဘော်တွင်းသို့ရောက်သောအခါ ဟိုးယခင်တရုတ်တို့စွန့်ပစ်ထားခဲ့သော ဘော်တွင်းဟောင်းများကိုမြင်ခဲ့ရသည်ဆိုသည်။ တရုတ်တို့သည် အဆိုပါဘော်တွင်းများအားစွန့်ပစ်သွားရခြင်းအကြောင်းမှာ ဒေသတွင်းပန်းသေးတရုတ်တို့ဆူပူပုန်ကန်ခြင်း၊ထိုစဉ်ကတရုတ်တို့၏သတ္ထုတူးဖော်ရေးနှင့်သန့်စင်မှုနည်းပညာ ချို့တဲ့မှုကြောင့် စီးပွားရေးတွက်ချေမကိုက်ဖြစ်လာခြင်းတို့ကြောင့်ပင်ဖြစ်သည်။သို့ရာတွင် Stanford UniversityမှFirst Batchဖြင့်ကျောင်းဆင်းလာသောHerbert Hooverအတွက်မှာကား စီးပွား ဖြစ်လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အခွင့်ကောင်း၊အခြေအနေကောင်းများပင်ဖြစ်သည်။ သူပထမဆုံးရင်ဆိုင်ရသောပြသနာမှာ သတ္ထုတွင်းဟောင်းများထဲတွင်သားပေါက်နေသောကျားမိသားစုများကိုရှင်းလင်းရေးဖြစ်သည်။သူသည် သတ္ထုတွင်းဟောင်းအဦးသစ်ပင်ပေါ်တွင် လင့်စင်ထိုးပြီး ရက်အနည်းငယ်ကြာအောင်စောင့်နေခဲ့ရသည်။တနေ့ကျားထွက်လာသောအခါ […]