(ယူအက်စ်၊ ဥရောပ တို့ကနေ..) မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့ထားတာတွေ ရုပ်သိမ်းဖို့ တရုတ်ကတိုက်တွန်းတောင်းဆိုထားတဲ့သတင်း ဖတ်ရပါတယ်..။ Myanmar ပေါ်က Sanctions တွေ Lift ပေးမှာလား..? ဆိုပြီးတော့ Sanctions ကိစ္စဦးတည် ခေါင်းစဉ်တပ်လိုက်ပါတယ်.။ ကြားထဲ.. မြန်မာပြည် စူပါပါဝါ(အမေရိကား)နဲ့.တရုတ်ပြည် ကစားတဲ့ကြား ညပ်နိုင်သလားလည်း.. ဖြည့်ရေးသွားချင်တာပါ..။ အဲဒါ.. နည်းနည်း ဦးနှောက်တွင်း မုန်တိုင်းဆင်ကြည့်မလားလို့..။ Sanctions ဖယ်ပေးမယ်ဆို.. ဘယ်တော့လောက်လည်း..။ ဘယ်လိုဖြစ်နိုင်သလည်း..။ လူထုအနေနဲ့.. ဘာတွေလုပ်ရမလည်း..။ ဘာတွေပြင်ဆင်ရမလည်း.. စသဖြင့်ပါ..။ လောလောဆယ်တော့.. အမေရိကပြည်ထောင်စုရဲ့. စတုတ္ထအကြီးဆုံးဝန်ထမ်းရာထူး( အစိုးရအဖွဲ့ တတိယအကြီးဆုံးရာထူး) ရှင် ဟီလာရီကလင်တန် သွားထားပါတယ်..။ သူမက.. အီးလဲဗာန်းမီဒီယာသတင်းအရ အောက်ကအတိုင်း ပြောထားပါတယ်တဲ့..။ “ကျွန်မအနေနဲ့ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာကတော့ လုံလောက်တဲ့ တိုးတက်မှုများ ရှိခဲ့မယ်ဆိုရင်တော့ […]
