kaiJanuary 3, 20123min024
********************************************************** BURMA RELATED NEWS – JANUARY 01-02, 2012 ********************************************************** Reuters – Myanmar cuts prison terms but no political amnesty AP – Myanmar reduces sentences for many prisoners AP – Gas prices rise 30 percent in Myanmar for new year Asian Correspondent – Burma announces a false Amnesty for the third time Asian Tribune – Burma’s sham […]


kaiJanuary 2, 20122min02
ဒုတိယမြောက်ကျူးရှုးကျောင်းထိုင်ဆရာတော် ဘဝနတ်ထံပျံလွန်တော်မူ၊ ကျောင်းကို ပြင်လည်ပြုပြင်မည်ဟုသိရှိရပြီး၊ ပြီးစီးပါက ပြည်တွင်းမှ သံဃာများ လာရောက်သီတင်းသုံးမည်ဟုသိရှိရ ဂျပန်နိုင်ငံမြောက်ပိုင်း ကျူးရှုးကျွန်း မိုးဂျိအရပ်ရှိ ကမ္ဘာ့ငြိမ်းချမ်းရေး စေတီ(ကမ္ဘာအေးစေတီ)နှင့် ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဖြစ်သော ဘဒ္ဒန္တခေမိန္ဒသည် သာသနာနှစ် ၂၅၅၅၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ခရစ်သက္ကရာဇ် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်(ဗုဒ္ဓဟူး)နေ့ နေ့ လယ် ၃းဝဝ နာရီတွင် ဘဝနတ် ထံ ပျံလွန်တော်မူသွားပြီဖြစ်ကြောင်းသိရှိရသည်။   ဘဒ္ဒန္တခေမိန္ဒသည် အဆိုပါကျောင်းတွင် ၁၉၉၃ ခုနှစ်မှစတင်၍ မြန်မာ ပြည်မှကြွရောက်ခဲ့ခြင်းဖြစ်ပြီး ပျံလွန်တော်မူခဲ့သည့်အချိန်အထိ ကျူးရှုးကျောင်းတွင် ထေရဝါဒသာသနာတည်တံ့ပျံပွားအောင် ဆောင်ရွက်ခဲ့ သည့် ဒုတိယမြောက်ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်သည်။   ပျံလွန်တော်မူသည့်အချိန်တွင် ဆရာတော်သည် သက်တော် […]


kaiDecember 27, 20111min09
တခါက ရေးတင်ဖူးတဲ့.. ဂျပန်တွေမြန်မာကလေးတွေ ကူညီပေးနေတဲ့အဖွဲ့ သတင်းပါ..။ မနက်ဖြန် သူတို့အသင်းဖိတ်ထားတာ.. မြန်မာတယောက်အနေနဲ့..သွားအားပေးမှာမို့.. ဖတ်မိသူများ.. အခမဲ့ကြွရောက်နိုင်ကြောင်းလေး..။ လိပ်စာကိုလည်း တင်ထားပါတယ်.။ ဒေါင်းတောင်းက..လစ်တဲတိုကျိုမှာရှိတဲ့.. ဇမ်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာဖြစ်ပါကြောင်း..။ အသေးစိတ်.. ဘာသာပြန်မတတ်တာမို့.. .အရှေ့ကျွန်းက..ဂီဂီကူညီစေလိုကြောင်း…။ 😆


kaiDecember 27, 20111min018
ယခုလထင်ရှားကျော်ကြားမြန်မာများကဏ္ဍအတွက် အမေရိကပြည်ထောင်စု၊Los Angeles County, Road Departmentတွင် ၂၈နှစ်ကြာ အင်ဂျင်နီယာအလုပ်လုပ်ကိုင်ခဲ့သော ဟာဂျီဦးလှမောင်(ခေါ်)ဟာဂျီ Esoof Dwood Madhaနှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၁) အန်ကယ့်ကိုယ်ရေးအကျဉ်းကနေစပြောပြပါ။ ကျနော့်ကို ၁၉၃၄ဧပြီ၂၂မှာ ရန်ကုန်၊၄၄လမ်းမှာမွေးပါတယ်။ဂျပန်ခေတ်တလျှောက် သံလျင်၊ခရမ်း၊ကျောက်တန်းတွေမှာ၄နှစ်နေထိုင်ခဲ့ပါတယ်။သံလျင်ပြောင်းတော့သံလျင်မှာဂျပန်ကျောင်းတက်လိုက်ပါသေးတယ်။ ၁၉၄၅မှာအဖေက ကာလကတ္တားပို့ပြီးကျောင်းထားတယ်။အဲဒီ့မှာ ဟိန္ဒူမွတ်ဆလင်အရေးအခင်းဖြစ်တော့ မြန်မာပြည်ကိုပြန်ပို့ပါတယ်။၁၉၄၆မှာစိန်ဂျွန်းဒိုင်အိုစီအထက်တန်းကျောင်းမှာ သူငယ်တန်းစတက်ပြီး၁၉၅၃မှာ အထက်တန်းအောင်ပြီးတက္ကသိုလ်ရောက်တယ်။၁၉၅၅မှာ အင်ဂျင်နီယာကောလိပ်(BOC)ကိုပြောင်းသွားတယ်။same batchတွေက အခုယူအက်စ်မှာနေတဲ့ကိုတင်ထွဋ်၊ကိုတင်ထွေးတို့။၁၉၅၉မှာ Cilvil Engineeringဘွဲ့ကို University of Rangoonကနေအောင်တယ်။လိပ်ခုံးကပေါ့။အဲဒီ့တုန်းက RITမရှိသေးဘူး။ဘွဲ့ရပြီးကျနော် အာခီတက်ဦးတင်လက်အောက်မှာ အလုပ်လုပ်ခဲ့ပါတယ်။မိုဟာမက်ယူဆွက်ကန်ထရိုက်တာနဲ့လဲပေါင်းအလုပ်လုပ်ခဲ့တယ်။မဂိုလမ်းနဲ့ဒါလဟိုဇီထောင့်က ၅ထပ်တိုက်ကြီးတွေက ကျနော်တို့ဆောက်ခဲ့တာပေါ့။ ၂) အမေရိကားကိုထွက်ဖြစ်ခဲ့တဲ့အကြောင်း။ ကျနော်တို့မိသားစုက ရန်ကုန်၂၆လမ်းမှာ DH Madha Building Materialရောင်းဝယ်ရေးလုပ်ပါတယ်။၁၉၆၂ ဗိုလ်ချုပ်နေဝင်းအစိုးရတက်လာချိန်မှာ ကျနော်တို့မိသားစုပိုင်၂၆လမ်းကဆိုင်ကို ပြည်သူပိုင်အသိမ်းခံလိုက်ရတယ်။ကျနော်တို့မှာလုပ်စားစရာမရှိတော့ဘူး။အဲဒီ့အချိန်မှာ တိုင်းပြည်အပြင်ထွက်ချင်သူတွေလျှောက်ပါပြောတော့ ၁၉၆၄မှာ US Embassyကိုဗီဇာလျှောက်တယ်။၁၉၆၄မှာUS Embassyက ကိုတာsystemရှိတာ တနှစ်ကိုလူတရာထက်ပိုမသွားရဘူးဆိုတာ။ဗိုလ်ချုပ်နေဝင်းအစိုးရအာဏာသိမ်းတော့ […]


kaiDecember 25, 20111min023
၂၀၁၁တွင် မြန်မာ-အမေရိကန်တို့အတွက် ကြီးမားသော အပြောင်းလဲများဖြစ်ခဲ့သည်။ ၂၀၁ဝ သန်းခေါင်စာရင်းအရ အမေရိကတွင်နေထိုင်သူမြန်မာဦးရေ ၁၀၀၂၀၁ ယောက် စာရင်းထွက်ခဲ့ကာ မြန်မာ-အမေရိကအစိုးရပိုင်းဆက်ဆံရေးပြန်ချိတ်ဆက်သွားသဖြင့် ဗီဇာနှင့်လူဝင်မှုကြီးကြပ်ရေးစံနစ်တို့တွင်လည်း မြန်မာတို့အတွက်ဂယက်ရိုက်ခဲ့ပါလေသည်။ ကမ္ဘာထိပ်တန်း နိုင်ငံများဖြစ်သော အမေရိက၊တရုတ်၊ဂျပန်၊အင်္ဂလန်၊ရုရှား၊အိနိ္ဒယတို့မှ မြန်မာပြည်သို့အာရုံတို့စုပြုံကျခဲ့ရာနှစ်ဟုလည်း ဆိုချင်သည်။ ဟီလာရီကလင်တန်၏ခရီးစဉ် အမေရိကအစိုးရအဖွဲ့၏ တတိယနှင့်အမေရိကနိုင်ငံ၏ စတုတ္ထအရေးအကြီးဆုံးရာထူးရှင်၊ သမ္မတဟောင်းဘီလ်ကလင်တန်၏ဇနီးသည်၊ အမေရိကနိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် ၅၅နှစ်ကျော်အတွင်းပထမအကြိ်မ်အဖြစ် (ရာထူးအကြီးဆုံးကိုယ်စားပြုကာ) နိုဝင်ဘာ၃ဝရက်နေ့ကမြန်မာပြည်သို့အလည်အပတ်သွားရောက်ခဲ့သည်။ ခရီးစဉ်တွင် မြန်မာသမ္မတ ဦးသိန်းစိန် ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ စူပါပါဝါနိုင်ငံ ရာထူးမြင့်ခေါင်းဆောင်တဦး၏ခရီးစဉ်သည် ကမ္ဘာသို့လည်းမီးစိမ်းပြလိုက်ခြင်းလည်းဖြစ်နေပေရာ သူမ၏နောက်မှ ဘင်္ဂလားဒေ့ရှ်၊ထိုင်းဝန်ကြီးချုပ်များ၊ ဂျပန်၊အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီးများ၏ ခရီးစဉ်များတွဲပါလာသည်ကို တွေ့နိုင်မည်။  ယခုနှစ်ဇွန်လက အတိုက်အခံ (ရီပါ့ဗလစ်ကန်င်ပါတီ)မှထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဆီနိတ်တာ ဂျွန်မက်ကိန်းသွားရောက်ထားသဖြင့် ယခုချည်းကပ်မှုတို့သည် အမေရိကပါတီ၂ရပ်၏ မဟာဗျူဟာမြောက်သော လှုပ်ရှားမှုများဟုပင်အမည်တပ်လိုပါ၏။ အမေရိက၏ စိတ်ဝင်စားမှုတို့သည် လာမည့် ဆယ်စုနှစ်တို့တွင် အရှေ့တောင်အာရှ၊တောင်အာရှနှင့် […]


kaiDecember 21, 20112min00
နိဒါန်း ကျန်းမာရေး၊ လုံခြုံရေး။ ဒီစကားလုံးလေးနှစ်ခုကို အပေါ်ယံအနေနဲ့ ကြည့်လိုက်ရင် ဆက်စပ်တယ်လို့ သိပ်မထင်ရပါဘူး။ ကျန်းမာရေးဆိုတဲ့ စကားလုံးကို ကြားရသူတွေက ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်၊ သူနာပြု၊ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်“ ဆိုတဲ့ စာသား၊ အေအိုင်ဒီအက်စ်၊ ကင်ဆာစတဲ့ ရောဂါဆိုးတွေ၊ ဒဗလျူအိတ်ဂျ်အို၊ ယင်လုံအိမ်သာ ဆောက်လုပ်ရေး စတဲ့ အကြောင်းအရာ တွေကိုပဲ မြင်ယောင်မိကြမှာ ဖြစ်ပါတယ်။ လုံခြုံရေးဆိုတဲ့ စကားလုံးကို ကြားရသူတွေကလဲ စစ်တပ်၊ ရဲ၊ လုံခြုံရေးဝန်ထမ်း၊ အကြမ်းဖက်မှု၊ ဗုံးပေါက်ကွဲမှု၊ ဒုစရိုက်မှုပပျောက်ရေး၊ နေတိုးအဖွဲ့၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ စတာတွေကိုပဲ စဉ်းစားမိကြမှာ ဖြစ်ပါတယ်။ ကျန်းမာရေးလုပ်သားတွေကလဲ နိုင်ငံရေး၊ နိုင်ငံတော်လုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေးကိစ္စတွေဟာ ကိုယ်နဲ့ မပတ်သက်သလိုပဲ ယူဆမိကြပါလိမ့်မယ်။ လုံခြုံရေးလုပ်သားတွေကလဲ မိသားစု […]


kaiDecember 21, 20111min05
ရဟန်းသံဃာတော်များသည် ဘုရားရှင်လက်ထက်ကထဲကပင် အစုအဖွဲ့နှင့် နေလာခဲ့သည်မှာ ယနေ့ မျက်မှောက်ခေတ်တိုင်အောင်ပင် ဖြစ်ပါတယ်။ နောင်လည်းပဲ အစုအဖဲ့ွ အနေနှင့်ပင် ဆက်လက် နေသင့် နေကြရမှာဖြစ်ပါတယ်။တပါးကို ပုဂ္ဂလ၊ နှစ်ပါး သုံးပါးကို ဂဏ၊ လေးပါးနှင့် လေးပါးအထက်ကို သံဃာလို့ ဟောထားသဖြင့် သံဃာဟုဆိုလိုက်လျှင်ပင် အဖွဲ့အစည်းတခုဖြစ်နေပါတယ်။ သံဃာဆိုတဲ့ အဓိပ္ပါယ်ကလည်း အစုအဖွဲနဲ့ နေတဲ့ ပေါင်းစုထားတဲ့ အဖဲ့ွအစည်းလို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ဖဲ့ွနေစရာ မလိုတဲ့ သဘောပါ။ ဗုဒ္ဓက သူ့ သာသနာတော်သို့ ဝင်ရောက်လာသူ မှန်သမျှကို ဝိနည်းသိက္ခာပုဒ်အတိုုင်း လိုက်နာနေထိုင်ပါက သံဃာ့အဖွဲ့ဝင်အဖြစ် အသိ အမှတ်ပြုပါတယ်။ မှတ်ပုံတင်မရှိကြသလို မည်သည့်အစိုးရထံမှလည်း ရဟန်းဖြစ်ကြောင်း ဟုတ်မှန်ကြောင်း တောင်းခံရတာမျိုး မရှိခဲ့ပါဘူး၊ အချင်းချင်း ကြီးစဉ်ငယ်လိုက် ထေရက္ကမအစဉ်ဖြင့် အရိုအသေပေးပြီး သီတင်းသုံးနေထိုင်ကြရပါတယ်။ […]


kaiDecember 19, 20112min06
ဘိုဘိုကျော်ငြိမ်း – မဇ္ဈိမ လတ်တလော အရေးပါလာတဲ့ ကမ္ဘာ့ပြဿနာတွေအထဲမှာ ရှေ့တန်းရောက်လာတာက ဥရောပ ငွေကြေးပြဿနာဖြစ်တယ်။ အချို့ကလည်း ယူရိုပြဿနာလို့ ခေါ်ကြတယ်။ တချို့ကလည်း နိုင်ငံ့အကြွေး ပြဿနာ (Sovereign Debt)လို့ အမည်တပ်ကြပြန်တယ်။ မည်သို့ပင် တပ်တပ် ဒီပြဿနာ ကိုမဖြေရှင်းနိုင်ရင် တကမ္ဘာလုံး စီးပွားရေးနှေးကွေးမှု (Global Slowdown) ဖြစ်မယ် ဒီကမှတဆင့် ကမ္ဘာ့စီးပွားရေးကပ် (Global Recession / Depression) အထိ ကျဆင်းနိုင်တယ် ဆိုပြီး စိုးရိမ်သူတွေ ရှိကြတယ်။ ဒါကြောင့် ဒီပြဿနာကို မရရအောင် ရှင်းရမယ်ဆိုပြီး ဥရောပခေါင်းဆောင်တွေက ဆုံးဖြတ်ထားပုံရတယ်။ အပေါ်ယံကြောကြည့်ရင် ဒီဥရောပ ငွေကြေးပြဿနာဟာ စီးပွားရေးပြဿနာ သက်သက်လို့ မြင်နိုင်ပေမယ့် အဓိက အခြေခံ အချက်တွေမှာ နိုင်ငံရေးပါရုံမက နိုင်ငံရေး […]


kaiDecember 18, 20111min049
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်းကောက်နှုတ်ချက်။ ကျွန်မ ပြည်သူတွေကို မေတ္တာရပ်ခံ ပါရစေ။ ကျွန်မတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ပြောဆို ဆက်ဆံကြပါ။ ကျွန်မတို့ကို ဟိုဟာ ပြောရကောင်းလား၊ ဒီဟာ ပြောရ ကောင်းလားဆိုပြီး။ ကျွန်မတို့ ဘာမှမလုပ်ပါဘူး။ ပြောစရာရှိတာကို ပြောပါ။ သဘောမတူ လို့ရှိရင် သဘော မတူဘူး ဆိုတာကိုတော့ ပြန်ပြောမှာပါ။ ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံလေ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နဲ့ မတူဘူးလေ။ တစ်ခါတစ်လေတော့ ကြိမ်းမောင်း တာလေးတော့ ပါချင်ပါမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ပြောဆိုဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့ […]


kaiDecember 13, 20111min06
Wall Street မှပေးပို့လိုက်သော သတင်းစကား အားလုံးရကြမည်ထင်ပါသည်။ အမေရိကန်တို့၏ နေ့စဉ်ဘဝအချိန်တချို့ကို သိမ်းပိုက်လိုက်သော နယူးယောက် ဝေါစထရိ အနီးရှိ(Zuccotti Park)ပန်းခြံမှစတင်လိုက်သည့် လှုပ်ရှားမှုသည် ကမ္ဘာအနှံ့ခြေဆန့်ခဲ့ပြီးဖြစ်သည်။ သူတို့ဘာလုပ်ကြသနည်း Occupy Wall Street (OWS)  ခေါင်းစဉ်ဖြင့် ဆန္ဒပြနေသူတို့ က သူတို့ သည် ၉၉% ဖြစ်ကြောင်း ထင်ရှားပြထားကြသည်။ အချို့မှာမူကျန်၁%  ၏လောဘကြီးမှုတို့ လျှော့ချရပ်တန့်အောင် တောင်းဆိုနေသည်ဆိုလေသည်။ အချို့မှာ အလုပ်လုပ်မဲ့ဖြစ်ရခြင်း၊ ကျမ်းမာရေးစောင့် ရှောက်မှုတို့ လျှော့နည်းနေခြင်း၊ဝယ်ပြီးအိမ်များ ဘဏ်လက်သို့ပြန်အပ်နေရမှု စသည်တို့ကို မီးမောင်းထိုးပြောနေကြသည်။ အမေရိကန်တို့၏ ၁ %သည်အမေရိက ပြည်ထောင်စု ချမ်းသာကြွယ်ဝမှုအားလုံး၏ ၄၀% ကို ပိုင်ဆိုင်ထားသော တနှစ် ၆သိန်းနှင့်အထက်ဝင်ငွေရှိသူများဖြစ်ပြီး ကျန် ၉၉% သည် အခြေခံလူတန်ုးစားနှင့် အလယ်လတ်တန်းစားကို ကိုယ်စားပြုသူများဖြစ်သည်။၉၉% […]


kaiDecember 9, 20111min012
ကျွန်မအိမ်အနီးက မီးပွိုင့်ကလေးမှာ တနေ့တုန်းက ယာဉ်တိုက်မှု တခုဖြစ်ပါတယ်။ အလုပ်က အပြန်မှာ ကားလမ်းပိတ်ထားတာကြောင့် ဘာများဖြစ်လဲလို့ အနီးအနားက လူတွေကို မေးမြန်းကြည့်တော့မှ ယာဉ်တိုက်မှုဆိုတာ သိရတာပါ။ ဆိုင်ကယ်နဲ့ လူက ပွဲချင်းပြီး သေဆုံးသွားပြီး၊ ကားမောင်းသူကတော့ ဆေးရုံကို အရေးပေါ်ကားနဲ့ ခေါ်သွားခဲ့ရပါတယ်။ မီးပွိုင့်မှာ ဆိုင်ကယ်က မရပ်တာလား၊ ကားက မရပ်တာလား၊ တဘက်ရဲ့ အမှားလား၊ နှစ်ဘက်စလုံးရဲ့ အမှားလားဆိုတာကို တာဝန်ရှိသူတွေက ပြန်လည်စုံစမ်းနေကြဆဲပါပဲ။ သို့ပေမယ့် သေချာတာကတော့ လူတယောက်ရဲ့ အသက်ဆုံးရှုံး သွားခဲ့ပါပြီ။ လူတယောက် ဆေးရုံရောက်သွားခဲ့ပါပြီ။ ဒီအဖြစ်လေးက ကျွန်မရဲ့ လူငယ်ဘဝကို ပြန်ပြီး အမှတ်တရ ဖြစ်စေပါတယ်။ ကျွန်မ ဆယ်ကျော်သက် လူငယ်ဘဝတုန်းကလဲ အတော်ကားမောင်းကြမ်းတာကလား။ တောင်ကြီး- ဟဲဟိုးကားလမ်းမှာ ရှေ့က ကျော်တက်သွားတဲ့ ကားကို […]