အောက်ကသတင်းကို VOAက ကူးပါတယ်..။ အဲဒီမှာက.. NLD ထဲကသဘောထားတွေ ပေးထားကြတာတွေ့ကြရမှာပါ။ လူထုသဘောထား မပါပါဘူး..။ အဲဒါနဲ့အဲဒီသတင်းလေးကူးတင်ပြီး ရွာထဲချပြလိုရင်းပါပဲ..။ ဖြစ်နိုင်ရင်တော့ သဘောထားလေး..ဆွေးနွေးချက်လေးပါ..ကော်မန့်ရေးပေးပေါ့..။ အခုလောလောဆယ် Poll လုပ်ထားတာအရ NLD ပါတီမှတ်ပုံတင်ခြင်း .. ပြုသင့်သည်။ 78.27% (1,419 votes) မပြုသင့်။ 21.73% (394 votes) Total Votes: 1,813 ၇၈.၂၇% က မှတ်ပုံတင်သင့်သည်… ဖြစ်နေတာမို့… မှတ်ပုံတင်ဖို့ လူထုကသဘောထားမှတ်ချက်ပေးထားတာ များတယ် သိသာပါတယ်..။ အခုလ.. ၁၈ရက်နေ့မှာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်) ဗဟိုကော်မတီ ၁၀၆ ဦးပါ အစည်းဝေးကိုခေါ်ပြီး အပြီးဆုံးဖြတ်မှာမို့.. လူထုသဘောထားကို အဲဒီအစည်းအဝေးမှာအချက်အလက်တခုအနေနဲ့လုပ် ပေးချင်တာလည်းပါပါတယ်..။ (ယူတာမယူတာ.. တပိုင်းပေါ့.. 🙂 ) […]
