kaiFebruary 27, 20196min01
အရင်လက Topic sentence လေးတွေအကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဆိုကြပါစို့။ topic sentence လေးတွေ ကောင်းကောင်း ရေးတတ်နေပြီ။ ဒီတော့ paragraph လှလှလေးတွေရေးနိုင် ပြီလားပေါ့။ အဲနီးစပ်လာပြီပေါ့နော်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို topic sentence ကောင်းကောင်းရေးတတ်ရင် အစကတော့ကောင်းနေပြီပေါ့။ အနှောင်းသေချာဖို့အတွက် အဲ့ဒီ topic sentence မှာပါတဲ့ controlling idea ကို သေချာရှင်းပြနိုင်ရမယ်။ နမူနာလေးတွေနဲ့ support လုပ်ပေးပြီး လှပတဲ့ မှတ်သားဖွယ်ရာ conclusion လေးနဲ့ အဆုံးသတ်ပေးလိုက်ရင် လှပခန့်ညားတဲ့ paragraph လေးတစ်ခု ဖြစ်လာမှာပါ။ controlling idea ကိုပီပီပြင်ပြင် ရှင်းပြနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဥပမာ အနေနဲ့ အရင်လက လေ့ကျင့် ဖို့ပေးထားခဲ့တဲ့ ခေါင်းစဉ်လေးတွေထဲက […]


kaiFebruary 8, 20191min014
မြန်မာ့ဂဇက် ၂၀၁၉ ဖေဖော်ဝါရီလထုတ်၊( Vol 7/Issue 2 – No.122. 32 Pages, Printed in Los Angeles )* မောင်လူပေရဲ့ ဝက်နှစ်ဗေဒင်* မောင်စွမ်းရည်ရဲ့ မန္တလေးသတင်းစာဆရာကြီးဦးကြည်မြ* ဘလက်ချောတွေ့ဆုံတဲ့ ဂီတပညာရှင် ပက်ထရစ်* ဖေဖော်ဝါရီအလှပန်းအဖြစ် Shumawa Kyaw* တိမ်မည်းရေးတဲ့ စမတ်ဖုံးရဲ့ လျို့ဝှက်အစွမ်း ၂၁ခု* မောင်မိုးညိုရဲ့ ရေး..(၃)ရေး..* မသန္တာအောင် (ဆေးပညာဘွဲ့) ရေးတဲ့ ခန်းခြောက်ခြင်းရှိုးဂရင်းစ်ရောဂါစု (Sjogren’s syndrome)* လစဉ်ပါနေကျ ကာတွန်း၊ ဗေဒင်၊နေ့စဉ်မြန်မာ/ကမ္ဘာသတင်းဒိုင်ယာရီ၊ အင်္ဂလိပ်စာသင်ခန်းစာ၊ တိုင်းရင်းဆေးကဏ္ဍ၊ ဆယ်လီဘရိတ်တီသတင်းများနဲ့အတူ..ဖေဖော်ဝါရီလ ၂၀၁၉ ထုတ် မြန်မာ့ဂဇက်ထွက်နေပါပြီ။မြန်မာစတိုးဆိုင်များ၊ စားသောက်ဆိုင်၊ ဆေးခန်းများ၊ဘုန်းတော်ကြီးကျောင်းများမှာ အခမဲ့ရယူပါ..။https://issuu.com/myanmargazette/docs/myanmar_gazette_feb_2019


kaiFebruary 1, 20192min02
E Pluribus Unum ဖေဖော်ဝါရီ ၁၂ မြန်မာ ပြည်ထောင်စုနေ့ နီးလျှင် “စည်းလုံးခြင်း၏အား” “မတူခြင်းများစုစည်းထား” ကို သတိရပါသည်။ ထိုစည်းလုံးရမည်ဆိုသော ယခုတိုင်းရင်းသား ၁၃၅မျိုး ဘယ်ကလာ၍မည်သို့စည်းလုံးကြမည်နည်း။ တိုင်းရင်းသား ၁၃၅မျိုးကို ဗိုလ်ချုပ်မှူးကြီးစောမောင်က ၁၉၈၉ ဇူလိုင် (၅) တွင်ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၇၂ခု ဒီဇင်္ဘာ(၉)ရက်နေ့ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဋ္ဌာနထုတ်ပြန်စာရင်းအရ ၁၄၄မျိုးဖြစ်ပေရာ ထိုအထဲမှ အချို့ကို ဖြုတ်/ ပြောင်းပစ်ခြင်းဖြစ် ၁၃၅ ရသွားသည်ဖြစ်၏။ ၁၉၈၂ ဦးနေဝင်း၏ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂) ပုဒ်မ ၃ အရဆိုပါလျှင် တိုင်းရင်းသားဟူသည်”နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မှီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း စသည့်တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်။” […]


kaiJanuary 30, 20193min00
ယခင်လကပြောခဲ့တဲ့အတိုင်း ယခုလမှ Paragraph လု့ိခေါ်တဲ့ စာပုဒ်လေးတွေရေးတတ်လာအောင် လေ့ကျင့်ကြပါစို့ ။ ဦးစွာပထမ မှာကြားလိုတာကတော့ paragraph ကို essay နဲ့ မမှားမိပါစေနဲ့ ။ မြန်မာကျောင်းသားကျောင်းသူအများစု ရဲ့စိတ်ထဲမှာ essay ကိုပဲ စွဲနေတတ်တယ်။ စာရေးကြပါဆိုရင် essay ရေးဖို့ လောက်ပဲသိတယ်။ ခဏလေးတော့ essay ကိုမေ့ထားပြီး paragraph ကို အာရုံစိုက်ဖို့ တိုက်တွန်းပါရစေ။ ဘာနဲ့တူသလဲဆိုတော့ မပြေးတတ်သေးခင် လမ်းလျှောက်တတ် အောင်ကြိုးစားရသလိုပေါ့။ Essay ဟာ ပြေးတာနဲ့တူပါတယ်။ paragraph ကတော့ လမ်းလျှောက်သလိုပဲ။ လမ်းမလျှာက်တတ်သေးခင် ပြေးဖို့ကြိုးစားရင် တဘိုင်းဘိုင်းလဲကြမှာပေါ့။ ဒီလိုပါဘဲ paragraph လေးတွေ မကျွမ်းသေးခင် essay ရေးဖို့ကြိုး စားရင် အောင်မြင်ဖို့မလွယ်ပါ။ ဒီတော့ “Let’s focus […]


kaiJanuary 28, 20194min01
One Million Strong Burman-American အမေရိကားမှာ မြန်မာ-အမေရိကန် ၁သန်း အထက်ရှိနေပြီဖြစ်တယ်လို့ ယူဆပါတယ်..။စာရင်းအရ..၁) ပြောင်းခိုသူ Refugee ပေါင်း ၁သိန်းရသောင်း ( ၂၀၀၀-၂၀၁ရ စာရင်း ၁၆၉၉၄၉)How many Burmese are in the US?The study also shows that 169,949 Burmese refugees have been admitted to the United States since 2000. Over 23,000 Burmese individuals reside in Indiana and approximately 17,000 are calling the city of Indianapolis […]


kaiJanuary 20, 20192min05
သခင်ဘသောင်းက “နင်”နဲ့”ငါ” ကိုသုံးတယ်။ ဆရာအလွန်ကြိုက်တယ်။ “ငါ”ဆိုတဲ့စကားဟာ အလွန်အဖိုးတန်တဲ့စကား။ ဒီစကားဟာ သေးနုပ်တဲ့စကားမဟုတ်။ မောင်မင်းတွေ၊ သင်တွေ၊ ညည်းတွေ စသည်ဖြင့် မြန်မာဝေါဟာ ကြွယ်တယ်ဆိုပေမယ့် စကားတွေသာများပြီး အဆီအသားမပါဘူး၊ “ငါ”သုံးရင်အလွန်ကောင်းတယ်လို့ ဆရာသဘောရတယ်။ – ပါမောက္ခ ဦးဖေမောင်တင် (၁၈၈၈ – ၁၉၇၃) မြန်မာ့နိုင်ငံရေးနှင့် သခင်ဘသောင်း – တင်ထွန်းအောင်(မြန်မာ့အလင်း)၁၉၈၀(ဒီဇင်ဘာ) နိဒါန်း စာမျက်နှာ ၄ ပါမောက္ခ ဦးဖေမောင်တင် (၁၈၈၈ – ၁၉၇၃) ရန်ကုန်မြို့ အင်းစိန် ပေါက်တောရပ်၌ အဖ ဦးဖေ၊ အမိ ဒေါ်မြိုင်တို့က (၂၄ ဧပြီလ ၁၈၈၈) တွင် ဖွားမြင်သည် ။ မွေးချင်း (၆)ယောက်တွင် ပဉ္စမမြောက်ဖြစ်သည်။ ငယ်မည် မောင်ဘတင်၊ နောင်တွင် […]


kaiJanuary 16, 20191min04
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား..လူထုကို.. တိကျစွာအဖြေပေးလိုက်ပါ..။ မြစ်ဆုံဆည်စီမံကိန်းများကိုပြန်စပါ..။ချိုင်းနားနဲ့ ချုပ်ထားတဲ့စာချုပ်တွေ စိစစ်ပြန်ချုပ်ပါ..။ ချိုင်းနားက.. ဆက်မဆောက်နိုင်ပါဘူးဆိုရင်..ဂျပန်..။ ဥရောပ..။အမေရိကားတို့နဲ့ ပူးပေါင်း..တိုင်းပြည်ငွေတွေ အလုံးအရင်းသုံး ဆောက်ဖြစ်အောင်ဆောက်ပါ..။ ဧရာဝတီမြစ်ဟာ..သောင်ထွန်းရေလျှံ..။ နွေရောက်ရေခမ်းနဲ့ သေနေပါပြီ..။ဧရာဝတီကို ကယ်တင်ပါ..။ လာမယ့်ဆယ်စုနှစ်တွေမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့.. ရှားလာတော့မယ့်.. ရေချိုသန့်တွေကို ဆည်ထားပါ..။ ရေချိုကို.. Export လုပ်ပါ..။ ထုတ်ရောင်းပါ..။ဆည်တို့ထုံးစံ..အပိုရမယ့်ရေအားလျှပ်စစ်ဓာတ်ထုတ်ပါ..။ ပြည်တွင်းသုံးရာကအပိုလျှပ်စစ်တွေကို.. ချိုင်းနားကို ရောင်းစားပါ..။ အဲဒီဒေသရဲ့ တိုးရစ်ဇင်ကိုမြှင့်တင်ပါ..။ ရွှေတူးထုတ်လုပ်ငန်းတွေ ပိတ်ပစ်ပါ..။ သစ်တောတွေထိမ်းသိမ်းပါ..။ ဧရာဝတီမြစ်ကို တကယ်(တကယ်) ကယ်တင်ပါ..။လူထုရဲ့.. မိုးတွင်းရေကြီး..၊ နွေရောက်ရေရှား..ဘဝတွေကိုကယ်တင်စေလိုပါကြောင်း..။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထုအများစုက မဲပေးရွေးကောက် တင်ထားတဲ့ အစိုးရဖြစ်ပါကြောင်း..။တိုင်းပြည်ကောင်းကျိုးရှိမယ်မြင်ရင်..တွက်ဆနိုင်ရင်.. လူထုအသံထပ်နားထောင်နေဖို့မလို..လုပ်သင့်တာ.. ပြတ်ပြတ်သားသားလုပ်စေလိုပါကြောင်း..။ သမိုင်းက… စကားပြောမှာဖြစ်ပါကြောင်း…။


kaiJanuary 11, 20194min06
မြန်မာ့ကျေးလက်ရွာတွေမှာ ကာလသားတွေ ညမှာ ချက်စားကြတဲ့ ဟင်းမို့ ကာလသားဟင်းခေါ်ပါတယ်..။ ကာလသားဆိုတာက.. ကျေးရွာတွေမှာရှိတဲ့ လူပျိုပေါက် လူငယ်တွေပေါ့..။ ကာလသားခေါင်းဆိုပြီး.. ခေါင်းဆောင်ရှိတတ် ရပ်ရေးရွာရေးတွေမှာ လုပ်အားအလှူလုပ်တတ်ကြသူများပါ.။ ဆိုတော့..ညဦးပိုင်းမှာ ကာလသားတွေစု ဗိုက်ဆာဝမ်းဟာလာရင်.. ချက်စားကြတဲ့နည်းမို့.. ပါဝင်ပစ္စည်းတွေက.. ဟိုကဆွဲဒီကယူ အလွယ်တွေဖြစ်ရပါမယ်..။ကြက်ကိုလည်း ဒေါ်ဘုမအိမ်က ဆွဲလာမယ်..။ ဘကြီးဖြိုးအိမ်နောက်ဝင်းထဲက.. စပါးလင်၊ ဘူးသီး၊ ငရုပ်သီး ခူးလာမယ်..။အောင်ဘုက သူ့အမေမသိအောင်..မီးဖိုခောျင်ထဲဝင်.. ဆား၊ ဆီ၊ ကြက်သွန်ဖြူ/နီ၊ ဆနွင်း၊ ငရုပ်သီးမှုန့် နည်းနည်း ယူလာမယ်..။ကာလသားခေါင်း ကိုဖိုးထောင်ကတော့.. ဆေးခြောက်အဖူးနဲ့တခိုင် ဖြတ်လာမယ်ဆိုပါစို့..။ညသန်းခေါင်မတိုင်ခင် ဝိုင်းစားကြမှာမို့.. လွယ်လွယ်ပဲ.. ထင်းမီးနဲ့ ဒါန်အိုးတလုံးတည်ကြပါမယ်..။ဟင်းက..ခူးထား ခိုးထားတာတွေနဲ့ ပြာယိပြာယာ အမြန်ချက်တာမို့.. ကြက်သားက မနူးမနပ်နဲ့ပါ.။ အရေးမကြီးပါ..။ အဲဒါကိုက.. ကာလသားဟင်းရဲ့ သဘာဝဖြစ်ပါကြောင်းနဲ့.. ဟင်းတပွဲစာကို.. ဒါန်အိုးငှားလိုက်တဲ့.. ကွမ်းတောင်ကိုင်အိမ် […]


kaiJanuary 2, 20191min014
BAMA ရဲ့ မြန်မာနိုင်ငံသို့သွားရောက်ဆောင်ရွက်ခဲ့တဲ့ Myanmar Medical MissionU.S. အနယ်နယ်အရပ်ရပ်မှ ခရစ်စမတ်နှင့် လှုပ်ရှားမှုသတင်းများ။မောင်စွမ်းရည်ရဲ့ နယူးယောက်လမ်းဘေးမှာ ဟင်းရွက်ခူးခြင်း။ဇတ်ပို့သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ် နဲ့တွေ့ဆုံခြင်းမောင်မိုးညိုရဲ ့ အရွယ်လွန်မှ အမေရိကသို့ပြောင်းအခြေချခြင်း ဆောင်းပါးတိမ်မည်းရဲ့ ကားသစ်ဝယ်သူတိုင်း ဖတ်ရမယ့် ကားဝယ်တာခေါင်းချာလည်နေသလား ဆောင်းပါးသန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ လက်နာနေသူများဖတ်သင့်တဲ့ Hand Pain ဆေးပညာဆောင်းပါး။နှစ်သစ်အလှပန်း မယ်မြန်မာစကြဝဋ္ဌာ နှင်းသွေးယုအောင် လစဉ်ဖော်ပြနေက ျ ဆရာမျိုးကျော်မြင့်ရဲ့ အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး။ ကဗျာ။ ကာတွန်း။ ဗေဒင်။ သုတ၊ ရသ စုံလင်စွာ ဓာတ်ပုံဝေဝေဆာဆာဖြင့် ၂၀၁၉၊ ဇန်နဝါရီလထုတ် မြန်မာ့ဂဇက်ထွက်နေပါပြီ။ မြန်မာစတိုးဆိုင်နှင့် မြန်မာစားသောကက်ဆိုင်များမှာ အခမဲ့ရယူပါ။


kaiDecember 30, 20181min00
နှစ်ကုန်ပြီ။ မြန်မာ့ဂဇက်အမေရိကားတွင်လစဉ်ထုတ်ဝေခဲ့သည်မှာ ၂၀၁၉၌(Vol 7)ရနှစ်ထဲဖြစ်၏။ ဤခရီးထဲခိုင်မာသော ပုံနှိပ်မီဒီယာအဖြစ်ရပ်တည်နိုင်ခဲ့သလို ယခုနှစ်ထဲတွင် ဒစ်ဂျစ်တယ်- အင်တာနက်ပိုင်းကို များစွာတိုးချဲ့ပါမည်။ သက်တမ်း၁၃နှစ်ထဲဝင်လာပြီဖြစ်သော သတင်းစာ၏ဝက်ဘ်ဆိုက်ကိုလည်းအဆင့်မြှင့်ပါမည်။ လုပ်ငန်းရှင်များကို စုစည်းကာ မိတ်ဆုံစားပွဲမျိုးလည်းလုပ်ရန်ဆန္ဒရှိပါ၏။ဆန္ဒတို့ အကောင်အထည်ပေါ်ရန်မှာ ကြော်ငြာရှင်များနှင့် စာဖတ်သူပရိသတ် ပေါ်တွင်များစွာတည်မှီပါသည်။ အားပေးကူညီကြပါကုန်။ “ရုတ်တရက် နှစ်ကုန်ရက်”နှစ်ကုန်ခါနီးဒီဇင်ဘာ၂၉တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနား၌ မြန်မာ့ဘဝများစွာကိုသေကြေ၊ ထိခိုက်စေခဲ့သည့် ထောက်လှမ်းရေးအကြီးအကဲနှင့်ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်အား သက်ကြီးစာရေးဆရာအဖြစ် ရှေ့ဆုံးခုံပေါ်တင် ရန်ကုန်မြို့၏ဝန်ကြီးချုပ်နှင့် အခြားထိပ်တန်းအရာရှိများအပါအဝင် စာရေးဆရာများ၏အကန်တော့ကို ခံစေလိုက်သည်။ သမိုင်းတလျှောက် ဘယ်တော့မှ အုပ်စုလိုက်ကြီးခေါင်းငုံ့ခဲ့ခြင်းမရှိသည် စာပေသမားများအားနာမ်နှိမ်ခြင်းလော။ ဤသူမသိ။မည်သူက မည်သူ့ကိုတောင်းပန်ဝန်ချကန်တော့သင့်ပါသနည်း။ငါးဖယ်က ပြောင်းပြန် တောင်းပန်ခြင်းမရှိသေးသူကို ခွင့်လွှတ်ပါသည်ဟုပြောနေကြယုံမက ပြန်၍ပင်ကန်တော့ပန်းဆင်ပေးလိုက်သေး၏။ ပြောင်းပြန်များကိုစနစ်တကျလုပ်ကြသည့် ဓလေ့နှင့်တိုင်းပြည်ဖြစ်မှန်းမသိဖြစ်လာနေကာ ၂၀၁၉နှစ်အား ပြောင်ပြရင်း ကြိုဆိုလိုက်ဟန်ပါတည်း။ဦးဆောင်ကန်တော့လိုက်သူသည် နိုင်ကျဉ်းဟောင်းဝန်ကြီးချုပ်ဖြစ်၍ ပုဂ္ဂလိကဆိုင်ရာစိတ်ခံစားမှုဦးစားပေးပြုလုပ်ခြင်း(ခွင့်လွှတ်ခြင်း )ပို၍ပင်မပေးသင့်ပေ၊ထိုရာထူးသည်ရွေးကောက်ခံတို့မှပေးအပ်ထားသော […]


kaiDecember 29, 20182min01
အင်္ဂလိပ်သဒ္ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းလေးတွေအကြောင်း ရေးခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ အတော်အသင့်လည်း ပြည့်စုံပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ယခုလကစပြီး အင်္ဂလိပ်လိုကောင်းကောင်းရေးတတ်အောင်လှလှပပ အမှားနည်းစွာရေးတတ်အောင် သင်ကြားပြသပေးလိုပါတယ်။ နှစ်သစ်ကူးမှာ အင်္ဂလိပ်လို ကောင်းကောင်းရေးတတ်အောင် လေ့ကျင့်ကြမယ်၊ ကြိုးစားကြမယ်လို့ အဓိဌာန်ပြုစေလိုပါတယ်။ အင်္ဂလိပ်စာ ကောင်းကောင်း ရေးတတ်ရင် အကျိုးများစွာ ရှိပါတယ်။ အလုပ်မှာရော၊ ကျောင်းမှာရော၊ ရပ်ကွက်ထဲမှာပါ လူလေးစားတာခံရမှာ သေချာပါတယ်။ မည်သူမျှ အနိုင်မကျင့်ရဲကြပါ။ ဦးစွာပထမ – ဝါကျလှလှလေးတွေရေးတတ်အောင် လေ့ကျင့်ကြပါစို့။ ဝါကျလေးတွေက မရေးခင် မှာကြားခြင်တာကတော့ ဘာသာမပြန်ဖို့ပါ။ လူတော်တော်များများက ခေါင်းထဲမှာ မြန်မာလို စာစီလိုက်တော့၊ ချရေးတော့ အင်္ဂလိပ်လိုပေါ့။ ။ ယခုခေတ် Apps လေးတွေကလည်း အများသားဆိုတော့ မြန်မာလိုတွေး၊ မြန်မာလိုရေး၊ Apps လေးက ဘာသာပြန်ပေးတယ်။ ကိုယ်က […]


kaiDecember 8, 20181min016
Azusa ဗြဟ္မဝိဟာရကေ ျာင်းတိုက် ၂၀၁၈ခုနှစ် အသံမစဲပဌာန်းအောင်ပွဲသတင်း။FBBC Annual Thanksgiving Celebration သတင်း။U.S. အနယ်နယ်အရပ်ရပ်မှ စုပေါင်းကထိန်သင်္ကန်းကပ်ပွဲသတင်းများ။မောင်စွမ်းရည်ရဲ့ ပီနန်ဆရာတော်ကြီးအမှတ်တရဆောင်းပါး။.Fitness Model မေသွယ်မောင်နဲ့တွေ့ဆုံပြီး ခန္ဓာကိုယ်က ျစ်လစ်လှပလိုသူများအတွက်အကြံဉာဏ်ကောင်းများ။မောင်မိုးညိုရဲ ့ Social Security Benefits များအကြောင်းတစေ့တစောင်းဆောင်းပါး။မသန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ HIV and Rheumatic Diseases ဆေးပညာဆောင်းပါး။ဒီဇင်ဘာအလှပန်း ယုနန္ဒာဝင်း။ လစဉ်ဖော်ပြနေက ျ ဆရာမျိုးကေ ျာ်မြင့်ရဲ့ အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး။ ကဗျာ။ ကာတွန်း။ ဗေဒင်။ သုတ၊ ရသ စုံလင်စွာ ဓာတ်ပုံဝေဝေဆာဆာဖြင့် ၂၀၁၈၊ ဒီဇင်ဘာလထုတ် မြန်မာ့ဂဇက်ထွက်နေပါပြီ။ မြန်မာစတိုးဆိုင်နှင့် မြန်မာစားသောကက်ဆိုင်များမှာ အခမဲ့ရယူပါ။ https://issuu.com/myanmargazette/docs/myanmar_gazette_dec_2018


kaiNovember 28, 20182min01
အရင်လက Have, make , get စသည့် ကြိယာလေးများဖြင့် သုံးရတဲ့ structure လေးတွေကို ဖော်ပြခဲ့ပါတယ်။ ဒီ structure လေးတွေကို grammar စာအုပ်တွေမှာ causative လို့ ခေါ်ပါတယ်။ ဒီကြိယာသုံးခုကိုလည်း causative verbs လို့ လူသိများပါတယ်။ တစုံတယောက်ကို တစုံတယောက် ချော့ပြီးဖြစ်စေ၊ ခြောက်ပြီးဖြစ်စေ၊ တစုံတခု လုပ်ခိုင်းတယ် ပေါ့။ ဒီနေရာမှာ ဒုတိယ Noun လေးဟာ ပြုလုပ်သူ ဖြစ်ကိုဖြစ်ရမှာပါ။ လူမဟုတ်တဲ့ noun လေးတွေကို ဒီ structure မှာ ထည့်ပြီး သုံးလို့မရတာကို သဘောပေါက်ဖို့ လိုပါတယ်။ ဥပမာ “He got a book to show to […]