ဧရာဝတီကို (တကယ်) ကယ်တင်ကြ

kaiJanuary 16, 20191min04
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား..
လူထုကို.. တိကျစွာအဖြေပေးလိုက်ပါ..။ မြစ်ဆုံဆည်စီမံကိန်းများကိုပြန်စပါ..။
ချိုင်းနားနဲ့ ချုပ်ထားတဲ့စာချုပ်တွေ စိစစ်ပြန်ချုပ်ပါ..။ ချိုင်းနားက.. ဆက်မဆောက်နိုင်ပါဘူးဆိုရင်..ဂျပန်..။ ဥရောပ..။အမေရိကားတို့နဲ့ ပူးပေါင်း..တိုင်းပြည်ငွေတွေ အလုံးအရင်းသုံး ဆောက်ဖြစ်အောင်ဆောက်ပါ..။

ဧရာဝတီမြစ်ဟာ..သောင်ထွန်းရေလျှံ..။ နွေရောက်ရေခမ်းနဲ့ သေနေပါပြီ..။
ဧရာဝတီကို ကယ်တင်ပါ..။ လာမယ့်ဆယ်စုနှစ်တွေမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့.. ရှားလာတော့မယ့်.. ရေချိုသန့်တွေကို ဆည်ထားပါ..။ ရေချိုကို.. Export လုပ်ပါ..။ ထုတ်ရောင်းပါ..။
ဆည်တို့ထုံးစံ..အပိုရမယ့်ရေအားလျှပ်စစ်ဓာတ်ထုတ်ပါ..။ ပြည်တွင်းသုံးရာကအပိုလျှပ်စစ်တွေကို.. ချိုင်းနားကို ရောင်းစားပါ..။ အဲဒီဒေသရဲ့ တိုးရစ်ဇင်ကိုမြှင့်တင်ပါ..။ ရွှေတူးထုတ်လုပ်ငန်းတွေ ပိတ်ပစ်ပါ..။ သစ်တောတွေထိမ်းသိမ်းပါ..။

ဧရာဝတီမြစ်ကို တကယ်(တကယ်) ကယ်တင်ပါ..။
လူထုရဲ့.. မိုးတွင်းရေကြီး..၊ နွေရောက်ရေရှား..ဘဝတွေကိုကယ်တင်စေလိုပါကြောင်း..။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထုအများစုက မဲပေးရွေးကောက် တင်ထားတဲ့ အစိုးရဖြစ်ပါကြောင်း..။
တိုင်းပြည်ကောင်းကျိုးရှိမယ်မြင်ရင်..တွက်ဆနိုင်ရင်.. လူထုအသံထပ်နားထောင်နေဖို့မလို..လုပ်သင့်တာ.. ပြတ်ပြတ်သားသားလုပ်စေလိုပါကြောင်း..။ သမိုင်းက… စကားပြောမှာဖြစ်ပါကြောင်း…။

ယနေ့မြစ်ဆုံ
https://www.facebook.com/ThakhinKai/posts/10210995588525476

4 comments

  • Shar Thet Man

    January 16, 2019 at 4:02 pm

    ကျန်းမာပါစေ …မြစ်ဆုံ

    Reply

  • ဇီဇီ

    January 30, 2019 at 1:53 pm

    မြန်မာနိုင်ငံကြီးတောင် ခုထိ ဆယ် နေတုန်းဟာကို။
    heheheheh

    Reply

  • ဦး လေး မန်း

    February 2, 2019 at 5:08 am

    သူကြီးရေဒီလိုတွေရေးလို့ဖွဘုတ်မှာမန်းဂဇက်ကိုတရုတ်လော်ဘီဆိုပြီးပြောနေကြတယ် ဂဇက်မှာဒီကိစ္စစတင်တော့ဒီလူတွေမြစ်ဆုံဆိုတာကြားဘူးရဲ့လားမသိဘူး၊

    Reply

    • kai

      February 4, 2019 at 1:04 pm

      အင်းနော..။ တောသားတွေ.. ရီတော့ရီရတယ်..။
      ဧရာဝတီမြစ်ကို ကယ်တင်ကြဆိုပြီး.. ကင်ပိန်းစလုပ်တာလည်း.. ဒီဝက်ဘ်ဆိုက်က စတာပါပဲ လို့တောင်ပြောရမယ်..။ ကိုအောင်ဒင့် စာတောင်ရှိဦးမှာ..။
      အဲဒီတုံးက အိပ်ပျော်နေသူတွေက.. လှုပ်နှိုးလိုက်မှ.. နိုးလာပြီး.. အခုကျ..

      တောသားလို့.. မရေး မပြောဘူးလို့ဆုံဖြတ်ထားတာ..။
      အခုတော့ရေးရမယ်..။
      ဖွင့်ဆိုချက်ကတော့… တောသားဆိုတာ.. ဘုမသိဘမသိ.. အများယောင်ရင်လိုက်ယောင်တဲ့.. ဝေလေလေကို ပြောတာ..လို့စ်..။

      Reply

Leave a Reply

Your email address will not be published.