Rss ဆိုတာ

wailynnooJune 3, 20101min00

Rss ကြောင်းကို မေးတာတွေ့တွေ့နေတာနဲ့ ကိုယ်သိသလောက်ကို ရေးဖြစ်လိုက်တာပါ။
Rss ရဲ့အရှည်ကတော့ Really Simple Syndication ပါ။ ရိုးရှင်းသောပုံစံဖြင့် ဖြန့်ဝေခြင်းလို့ ကို့ဟာကိုယ်ဘာသာပြန်လိုက်ပါတယ်။
ဘာတွေကို ဖြန်ဝေလည်းဆိုရင် blog တစ်ခုရဲ့ content တွေ၊ သတင်းစာတစ်စောင်ရဲ့ update သတင်းတွေ စတဲ့ website တွေရဲ့ နောက်ဆုံး latest update တွေကို အမြဲဖြန့်ဝေပေးနေတာပါ။
သူ့ကိုဘယ်လိုသုံးရမလဲဆိုတာကို ဆက်လေ့လာကြတာပေါ့။
သင်ဟာ blog တစ်ခုဒါမှမဟုတ် သတင်းစာတစ်စောင်ကို ဝင်ကြည့်လို့ သဘောကျတယ်ဆိုရင် သင် browser ရဲ့ address bar ကိုကြည့်လိုက်ပါ။ အဲဒီမှာ rss logo လေးပေါ်နေမယ်ဆိုရင် click လိုက်ပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။

ကိုယ့် browser က default reader နဲ့ subscribe လုပ်မယ်ဆိုရင်တော့ live bookmark ကို drow down list box မှာရွှေးထားပြီး subscribe လုပ်လိုက်ပါ။ browser မှာ site နာမည်နဲ့ သူ့ site ရဲ့ post တွေကို menu ပုံစံမျိုးဖေါ်ပြပေးပါလိမ့်မယ်။ post အသစ်တင်တိုင်းလဲ အဲဒီ list ရဲ့အပေါ်ဆုံးမှာထပ်တိုးလာပါလိမ့်မယ်။
google reader နဲ့ subscribe လုပ်ပြီးတစ်ခါတည်းဖတ်ချင်ရင်လည်းရပါတယ်။ scuribe တဲ့အချိန်မှာ live bookmark အစား google ကိုရွှေးပြီး subscribe လုပ်လိုက်ပါ။ ဒီလိုတွေ့ရပါလိမ့်မယ်။

အဲဒီမှာ Add to Google Reader ကိုရွှေးလိုက်ပါ။ ဒီလိုတွေ့ရမှာပါ။

ကိုယ့်ရဲ့ Gmail နဲ့ password ကိုဖြည့်ပြီးဖတ်လို့ရပါတယ်။ နောက်တစ်ခုကောင်းတာက ဘမ်းထားတဲ့ site တွေရဲ့ rss ကိုသိရင်အဲဒီမှာ add ပြီးဖတ်လို့ရပါတယ်။

rss ကို ကိုယ့် php နဲ့ရေးထားတဲ့ blog မှာဘယ်လိုထည့်ရမယ်ဆိုတာ ဒီမှာ ကြည့်နိုင်ပါတယ်။

Leave a Reply

Your email address will not be published.