စာမေးပွဲမှာ စာခိုးနည်းများ

panpanJuly 21, 20111min018

တချို့   နည်းတွေက ရိုးနေလို့ ပုံမတင်တော့တာ

လူတော်တော်များများက အသုံးပြုတဲ့နည်းတွေမို့ မတင်လိုက်တော့ဘူး

ခုခိုးကူးနည်းတွေက ထူးဆန်းလို့

ကိုယ်တိုင်တော့ အဲလိုမလုပ်ခဲ့ပါဘူး

ရင်တုန်ရလွန်းလို့

သူခိုးလမ်းပြလုပ်တာမဟုတ်ဘူးနော်

ကျောင်းသားများ စာမေးပွဲမှာ အဲလိုလိုက်မလုပ်ကြပါနဲ့လို့….  😀

 

 

ဘောပင်လေးမှာရေးထားတယ်နော်

သိပ်မထူးဆန်းပေမယ့် အသေးစိတ်ကျလို့ သဘောကျတယ်

အသုံးပြုရလည်းလွယ်သလို လူလည်း သိပ်မမိနိုင်ဘူး

ဒီနည်းကတော့ မြန်မာနိုင်ငံမှာ လုံချည်တွေနဲ့ဆိုတော့ လုပ်ဖို့မလွယ်ဘူး

ဒါပေမယ့် လုပ်နေကြတာပါပဲ

ကျားရော မရော

ဘယ်လိုကဘယ်လို လုံချည်ကြီးလှန်မလဲတော့ မသိပါ

ဒီနည်း နည်းနည်းလုံခြုံမှုပိုရှိသလားလို့

ခိုးချမှန်းမသိသာဘူး

ဟိုလိုလို ဒီလိုလို

 

ဒီဟာတော့ တော်တော်အသေးစိတ်ရမယ်

လက်သည်းကြီးတဲ့လူဖြစ်ရင် ပိုအဆင်ပြေတယ်

မှင်စိုနဲ့ရေးမှ ပိုအဆင်ပြေမှာ

မှင်မပျက်အောင်လည်း ဂရုစိုက်ရမယ်

ကိုယ်တိုင်ရေးတာထက် တခြားလူကရေးပေးရင် ပိုအဆင်ပြေမယ် (ဒီနည်းအသုံးတည့်ရင် မိတ္တူဆိုင်တွေလို လက်သည်းပန်းချီဆိုင်တွေလည်း လူစည်လာနိုင်မယ်)

အဲ….မျက်စိလည်းကောင်းမှဖြစ်မယ်နော်

နောက်ဆုံး ဒီနည်းလေးကတော့  ဆိုးတယ်

လုပ်ရဲဖို့မလွယ်ရေးချ မလွယ်

အို…..လုပ်နိုင်တဲ့လူ လုပ်ပေ့ါ  😛

————————————————————————-

ဒါ့ကြောင့်ထင်တယ်

စာမေးပွဲဖြေတော့ ဆရာ၊ ဆရာမတွေက ပိုက်ဆံအိတ်တွေလာကိုင်ကြည့်လိုက်

ဘောပင်ထည့်တဲ့အိတ်လေး လာမွှေလိုက် (အထူးသဖြင့် ဆရာမတွေပေ့ါ)

ခဲဖျက်တို့ ပေတံတို့လည်းမနေရ

တခါတလေများ ကျောင်းသားကဒ်လေးတောင် စေ့စေ့စပ်စပ်ကြည့်သေးတာ

———————————————————————————–

ရွာထဲက ကျောင်းသားတွေရှိရင် စာမေးပွဲဖြေရင် အဲလိုမလုပ်ကြနဲ့နော်….. 😀

 

18 comments

  • နွယ်ပင်

    July 21, 2011 at 4:24 pm

    နွယ်ပင်ကတော့ တစ်ခါမှ စာ မခိုးချဖြစ်ဘူးလို့ ပြောရင်ယုံပါ့မလား
    မခိုးချချင်တာမဟုတ်ဘူး မခိုးချရဲတာ တစ်ခါကတော့ စာမေးပွဲခန်းထဲကို ပုံသေနည်းလေးတွေ
    ကူးပြီး ယူသွားဖူးတယ် စောင့်တဲ့ ဆရာမကလဲ လွတ်တယ် ဒါပေမယ့် ကိုယ့်ဘာကိုယ်ကြောက်ပြီး
    ရေးထားတာတွေကို မမြင်ရတော့ဘူး အဲလို သတ္တိကောင်းတာလေ 😛

    Reply

    • pan pan

      July 21, 2011 at 4:36 pm

      ဟုတ်ပါတယ်
      ကျွန်မလည်း မလုပ်ရဲပါဘူး
      ရပြီးသားစာတောင် ပြန်မေ့မယ့်အပေါက်ပဲလေ
      မလွယ်ပါဘူး မနွယ်ပင်ရယ်….. 😀 😀

      Reply

  • cobra

    July 21, 2011 at 4:44 pm

    အောက်ဆုံးကနည်းကကြမ်းတမ်းလိုက်တာ…။

    Reply

  • စုံ စုံ

    July 21, 2011 at 4:56 pm

    ပထမနှစ်ဖြေတုန်းကတော့ဘာသာစုံကိုခိုးချခဲ့ဖူးတယ်
    စာမရလို့မဟုတ်ဘူး
    ဆရာမတွေကလွှတ်ပေးထားလို့
    အားလုံးကလဲခိုးနေတာနဲ့ကိုယ်ပါလိုက်ပြီး
    ခိုးချခဲ့ဖူးတယ်
    ပျော်လို့လေ

    Reply

  • ogre

    July 21, 2011 at 5:24 pm

    ဆယ်တန်းတုံးက ..အထူးထုတ်ကြီးတစ်အုပ်လုံးကို
    ခါးမှာပတ်ချည်ပြီးတောင်…ခိုးချဘူးတယ်
    ဘယ်လောက်ခိုးချချ ..မကြိုးစားရင်ဘာမှမရဘူး
    နောက်ဆုံးဆရာမက ပါတာဖြဲယူထား မပါရင် တစ်အုပ်လုံးပေးဆိုတာတောင်
    “တစ်ပုဒ်မှ မပါလို့ငုတ်တုတ်မေ့နေဘူးတယ်”
    ကြိုးစားလေ့ကျက် မှ သာရတာပါပဲ။။

    Reply

  • juttue.gyi

    July 21, 2011 at 5:50 pm

    အင်း…. ကျတော်ကတော့ အောက်ဆုံးနည်းလေးကို အကြိုက်ဆုံးဘဲဗျာ….

    Reply

  • naywoonni

    July 21, 2011 at 6:57 pm

    ဘောပင်ပေါ်မှာရေးတဲ့ နည်းက နေဝန်းနီတို့ 1992 လောက်ကတည်းကလုပ်လာတာ…။ ဇောင်းလေးတွေပေါ်မှာ ကညစ်နဲ့ ရေးရတယ်…။ စိတ်ရှည်ရတယ်..။ နောက် ခါးကပ်တဲ့ တိပ်ပေါ်မှာလည်းရေးတယ်..။ ဘယ်မှာကပ်သလဲဆိုတော့ ပေါင်မှာ ကပ်ထားတာ..။ အဲ… အဲဒိတုန်းက လုံချည်ပဲ ကျားကျား..မမ ဝတ်ကြတာဆိုတော့ ဘယ်လိုလုပ်ထားတာ်မှတ်လဲ လုံချည် ချုပ်ရိုးကို အထဲက ထားဝတ်ပြီး ဖြည်ထားတယ်ဗျာ…။ စာမေးပွဲခန်းထဲရောက်တော့ အဲဒိ ချုပ်ရိုးဖြည်ထားတာလေးကို အသာလှပ်လိုက်ရင် ပေါင်မှာ ကပ်ထားတဲ့ ခါးကပ် ပလာစတာနဲ့ ကွက်တိ…။ ကျောင်းသားလုပ်နေရင် ဆရာမ မဖမ်းရဲဘူး..။ ကျောင်းသူဆိုရင် ဆရာအနားမကပ်ရဲဘူး..။ လက်တွေ့ လုပ်ဖူးတယ်..။

    Reply

    • ဆူး

      July 21, 2011 at 10:57 pm

      စောစောက ပြောရောပေါ့.. ၉၂ လောက်တုန်းက ၂တန်းလောက်ပဲ ရှိသေးတယ်။
      စာမေးပွဲတော့ တခါမှ မခိုးဘူးဘူး.. တက္ကသိုလ် ရောက်မှ တနေ့ ၅၀ဝ ပေးရလို့ သူများ ဆီက စာရွက်ယူပြီး ကူးထည့်ပေးလိုက်တာ..

      Reply

  • KoNyeinChan

    July 21, 2011 at 11:39 pm

    ကုမ့္ပဏီတစ်ခုမှာ Export/Import Agent လုပ်နေချိန် ရန်ကုန်တက္ကသိုလ်ထဲက အဆောင်မှာ ငှားနေတုန်း စာမေးပွဲကာလဆို နေ ့တိုင်းမြင်နေရတာ စာရွက်တွေဖွေးလို ့..
    ကိုယ်တွေလိုပါဘဲလားလို ့တွေးမိတယ်… 1993-1996 အဝေးသင်ဖြေတုန်းက ကိုယ်တို ့လူစု မိတ္တူဆိုင်တွေမှာ မိုက်ခရိုချုံ ့ တိတ်နဲ ့ကပ် တအောင့်နေရေစိမ်ထား ပြီးတော့ စက္ကူတွေကိုခြစ်ထုတ်.. နောက်ဆုံးတော့အဲ့ဒီတိပ်ပေါ်မှာ စာတွေကျန်ခဲ့ရော.. ဘယ်မှာကပ်ကပ် အဆင်ကိုပြေလို ့…..
    နောက်တနည်းက တခါရေးဘောပင်ပေါ်မှာ ထောက်ဆူးနဲ ့တမျက်နှာနှစ်ကြောင်းရအောင်ရေးခဲ့တာ.. သိပ်မဆန် ့နိုင်တာကြောင့် လက်ရေးတိုနည်းနဲ ့ဘောပင်ထက် အက္ခရာတင်ခဲ့တာ .:D. စာမေးပွဲခန်းထဲ ပြန်ကူးရေးတော့ တခါတလေ မမြင်ရရင် လက်နဲ ့ပွတ်လိုက်.. ဂျီးတွေ ဝင်ပြီး စာလုံးလေးတွေ ပေါ်လာရော… 😀 😀 😀
    လက်တွေ ့ထဲမှာအကြိုက်ဆုံးနည်းက ဘာဂျာခေါက်.. အရမ်းဣန္ဒြေရတာ :D.. ဝတ်လိုက်တော့ ရှပ်ဖြူ ကော်လာကတုံး၊ ယောပုဆိုးနဲ ့ ခိုးချလိုက်တာလည်း အပုဒ်တိုင်း.. ဒါတောင်ကျူရှင်မှာ ဆရာက ပြောပြီးသား “ဒီ ၈ ပုဒ်ထဲ က ၅ ပုဒ်ပါမယ်” လို ့.. ကျက်မယ်ထင်လား??? အပုဒ်တိုင်း ကူးထားပြန်ရော….
    စာမေးပွဲခန်းထဲမှာ သူငယ်ချင်းတစ်ယောက် သူကူးထားတဲ့စာတွေ နေရာမမှတ်မိလို ့လက်ဖဝါးမှာ မြေပုံအညွှန်းလုပ်ပြီး(ခါးကစာရွက်က ဘယ်အပုဒ်၊ ဖိနပ်ကြားထဲမှာက ဘယ်အပုဒ်.. စသည်ဖြင့်) ရေးထားတာ ဆရာမ တွေ ့တော့ အကုန်ထုတ်ခိုင်းတယ်.. ကိုယ်တွေ တွေ ့တော့ ရယ်စရာဘဲ.. သူ ့မှာတော့ ဒုက္ခရောက်လို ့.. ဘာကူးစရာ စာရွက်မှ မကျန်တော့တာကိုး :D.. တချို ့ဆို ပုဆိုး၊ ထမီတွေပေါ်မှာတောင်ရေးကြတာ..
    ပြန်တွေးကြည့်ရင်တော့ ရယ်စရာဘဲ.. မကောင်းမှန်းသိတယ် ဒါပေမယ့် အလွယ်လိုက်ချင်လွန်းလို ့.. စာမေးပွဲဖြေပြီး ကိုယ့်အခြေအနေကို အားမရရင် ဆရာ၊ဆရာမတွေကို သတင်းပို ့ထားလိုက်ကြတာဘဲ..
    စဉ်းစားကြည့်လေ.. တနှစ်လုံးစာအတွက် Hand-Out, Study Guide စာအုပ်တွေပေးထားပြီး စာမေးပွဲ နီးကာမှ အနီးကပ် ၁ဝ ရက်တက်ပြီး စာမေးပွဲဖြေခိုင်းတာ.. မြန်မာပြည်ရဲ ့ပညာရေး စနစ်မကျတာကြောင့် ကိုယ်အပါအဝင် တချို ့တွေ အလွယ်လိုက်ကြတာ..

    Reply

  • windtalker

    July 22, 2011 at 12:21 am

    အောက်ဆုံး က နည်း နဲ ့ခိုးတဲ့ ကျောင်းသူ လေး တွေ ရှိမယ် ဆိုရင်
    သူတို ့ဖြေမယ့် စာမေးပွဲ အခန်း ကို အခမဲ့ စာမေးပွဲ အခန်းစောင့် လုပ်ချင်မိသား နော် ။ ဟီဟိ

    Reply

    • pan pan

      July 22, 2011 at 8:57 am

      ကူးချင်လောက်ကူးပစေ
      လုံးဝမဖမ်းဘူးပေ့ါနော်
      😀 😛 😀

      Reply

  • ကြောင်ကြီး

    July 22, 2011 at 9:37 am

    ဘောလ်ပင်ကိုယ်ထည်မှာ သံချွန်နဲ့ရေးတဲ့နည်းရယ်၊ လက်နှစ်လုံးဗျက် စာရွက်အရှည်ခေါက်ပြီး လက်ကြားထည့်တဲ့နည်းတွေကို အကြိုက်ဆုံးပဲ။ စာများများဆန့်အောင် အတိုချုံးရေးရလို့ ဘယ်နည်းသုံးသုံး ခိုးချမဲ့စာနဲ့ရင်းနှီးနေမှ အဆင်ပြေတယ်။ ခိုးချခဲ့တာများလွန်းလို့ စာမေးပွဲဖြေမဲ့ခါနီးတောင် ဘယ်ဘာသာ ဘယ်နေ့မှန်းမသိ၊ စာလုံးဝမကျရသေးလို့ ခဏခဏ အိမ်မက်မက်တယ်။ မက်နေရင်းနဲ့မှ ငါဘွဲ့ရပြီးသားလို့ အသိစိတ်ဝင်ပြီး စိတ်ချမ်းသာတယ်။ မြန်မာပြည်မှာ ဖြေခဲ့တဲ့ စာမေးပွဲကိုပြောတာနော်။ ယူအက်စ်မှာလည်း တချို့ဆရာတွေက စာမေးပွဲမှာ ဖော်မြူလာ၊ ပုံသေနည်းတွေကို စာတမျက်နှာ ယူခွင့်ပေးတယ်။ အဲဒါကို ကျောင်းသားတွေက cheat sheet လို့ခေါ်တယ်။ အတန်းတခုမှာ ပရော်ဖက်ဆာက cheat sheet သုံးခွင့်ပေးတယ်။ ကျောင်းသားအများစုက အခွင့်ကောင်းယူပြီး mid term စာမေးပွဲမှာ အပိုတွေထည့်ကူးကြတယ်။ ဖိုင်နယ်ကြတော့ ဆရာက စာမေးပွဲမစခင် တဦးချင်းစီရဲ့ စာရွက်တွေကို လိုက်စစ်ပြီး သူသဘောမကျတဲ့ စာရွက်တွေကို ဒေါသတကြီးနဲ့ သိမ်းပြစ်တယ်။ ရိုးသားကြိုးစားတဲ့ ကြောင်ကြီးစာရွက်ကိုတော့ ဆရာက ချမ်းသာပေးလိုက်တယ်။ ရလဒ်က ကျောင်းသားအများစု ဖိုင်နယ်မှာ ဒုက္ခရောက်ကုန်တယ်။ ဘာလို့လဲဆိုတော့ cheat sheet ကို mid term exam အလွဲသုံးလို့ရတဲ့ အရှိန်နဲ့ အတော်များများက သာမန်ဖော်မြူလာလေးတွေကိုတောင် ခေါင်းထဲမထည့်ခဲ့ကြဘူး။ တရက်ထဲ နှစ်ဘာသာဖြေရတာမျိုးဆိုတော့ ဝိတ်လျော့လို့ရတာကို လျော့ကြတာပေါ့။ အတွက်ကို အားပြုတဲ့ စာမေးပွဲဆိုတော့ ဒင်းတို့ဘာမှလုပ်လို့မရဘူး၊ အများစု ထိုင်နေရတယ်…

    Reply

  • etone

    July 22, 2011 at 12:20 pm

    စာခိုးချတာ လွယ်တော့မလွယ်ဘူး … မျက်စိကောင်းတဲ့လူမှ မဖြစ်မှာ … ။
    အထက်တန်းကျောင်းတုန်းက မလုပ်ဖူးပေမဲ့ …. တက္ကသိုလ် နောက်ဆုံးနှစ်တုန်းက နံကြားထောက်စာကျက်ပြီး ကူးချဖူးတယ် … တိတ်ခွေ အကြီးကြီးနဲ့လေ… ဘယ်အခန်း ဘယ်ဆရာမကျမှာလဲ ကြိုသိလို့ … အပျော်လုပ်ကြတာ … ။ လုပ်နည်းက လွယ်ပေမဲ့ …အလုပ်ရှုပ်တယ်… မခိုးချပဲ စာကျက်လိုက်တာတောင် ဒီလောက် အလုပ်မရှုပ်ဘူး … ဒါပေမဲ့ ပျော်စရာတော့ကောင်းတယ် ကျောင်းသားဘဝစာခိုးတဲ့ ရင်ခုန်စရာ ဖီလင်လေး မရလိုက်မှာစိုးလို့ …. လုပ်လိုက်ရပါတယ် … အဟီး 😛 😛

    Reply

  • nayminn

    July 22, 2011 at 1:29 pm

    2001-2002 လောက်က ကြုံခဲ့ဖူးတယ် မန်းတက္ကသိုလ်( အဝေးသင် )်မှာတုန်းက ခိုးနည်းက ရင်ခုန်ဖို.ကောင်းတယ် မနက်ဖြန်ဖြေရမဲ.ဘာသာကို ညဘက်မှာတည်းက ဖယောင်းတိုင်ကိုယ်စီနဲ. ကိုယ်.ခုံမှာကိုယ်သွားရေးထားကြတယ်။တချို.ဆိုကိုယ်တိုင်တောင် မကူးဘူး တစ်ပုဒ် 200 နဲ.ရေးခိုင်းတယ်..

    Reply

  • moethidasoe

    July 22, 2011 at 2:01 pm

    ပ့ဆိုး ထမီ မှာ laser printer နဲ့ ထုတ်ထားတဲ့ sticker ကပ်သွားတဲ့ နည်းရယ် .. micro copying လုပ်ထားတဲ့ စာအုပ်လေးတွေရယ် .. ကွန်ဗာဘူးမှာ sticker ကပ်ထားတဲ့နည်းရယ် .. အကျႌလက်ရှည် ဝတ်ပြီး အသားမှာ sticker ကပ်တာ ..
    လက်သည်းမှာတော့ CD writer pen နဲ့ ရေးလို့ရတယ် မင်မပျက်ပါ
    ကိုယ်တိုင် မလုပ်ဖူးသော်လည်း ကလေးတွေ လုပ်နေတာကို တွေ့ဖူး ကြားဖူးလို့ မျှတာပါ

    Reply

  • etone

    July 22, 2011 at 4:28 pm

    ပျော်ချင်တဲ့ ရွာသူရွာသားတွေ အတွက် လုပ်နည်းမျှဝေလိုက်ပါတယ်… သိပြီးသူတွေ လည်း ရှိသလို မသိသေးတဲ့လူတွေ အတွက်ရည်ရွယ်တာပါ ။
    ဘာဂျာခေါက်က်တော့ လူတိုင်းသိမှာပါ … အေဖိုး တရွက်ကို ကော်လံ လေးခုစာလောက်ခွဲပြီး စာရေးတာပါ…ပြီးတော ့…. ကော်လံတွေကို ကပ်ကြေးနဲ့ ညှပ် ပြီး ဘာဂျာခေါက် ခေါက် ယူသင့်တဲ့နေရာ ဖွက်သွားရမှာပါ …။

    နောက်တစ်ခုကတော့ …တိတ်ပြားကြီး စာ ကော်လံတွေ ခွဲပြီး အေဖိုးစာရွက်အပြည့် စာရိုက်ရမှာ …ပြီးတော့မှ …စာရွက်ကို လိုသလောက်ညှပ်ပြီး … စာပါတဲ့ မျက်နှာဘက်ဖြမ်းကို တိပ်ရဲ့ ကော်ပါတဲ့ အခြမ်းနဲ့ ကပ် … ပြီးတော ့ … ပြင်ညီတစ်ခုမှာ စာရွက်နဲ့ တိတ်တွေကို ပြန့်ပြန့်လေးကပ်အောင်ဖိပေး …ခဏကြာတော့ … လိုသလောက် စာပိုဒ်တွေ ခွဲပြီး …အဲ့ဒီစာရွက်စက္ကူကပ်လေးကို ရေစိမ်လိုက် … ။ စာမေးပွဲဖြေမဲ့ မနက်မှ ရေစိမ်လျှင် ပိုကောင်းတယ် … ။ ရေစိမ်ပြီးတဲ့ တိပ်စာရွက်တွေကို စက္ကူတွေပြန်ခွာလိုက် … အဲ့ဒီအခါ … တိပ်ပြားပေါ်မှာ စာလုံးမည်းမည်းလေးတွေ ကျန်နေလိမ့်မယ် … ။ အဲ့ဒီတိပ်ပြားကို လိုတဲ့နေရာမှာ ကပ်သွားပြီး အဆင်ပြေသလို ကြည့်လှုပ်ရှားပေါ့… ။အ ခန်းထဲရောက်ရောက်ခြင်း စားပွဲအောက်ခြေမှာနေရာမှတ်ပြီး ကပ်ထားလိုက် … လျှင်သလို လုပ်ကြည့် … ပျော်ဖို့ ကောင်းတယ် …ရင်တမမနဲ့ … ဆရာမမိလျှင် အရှက်ပါကွဲမယ် ဟားဟား 😛

    Reply

    • pan pan

      July 22, 2011 at 4:48 pm

      ဘာဂျာခေါက်ပြီး ယူသွားတဲ့စာရွက်တွေများဆို စာမေးပွဲဖြေပြီးရင် လမ်းတလျှောက် ပလူပျံနေတာပဲ
      ဘယ်ချောင်ကြိုချောင်ကြားထဲများ ထည့်သယ်ကြလဲမသိဘူး 😀

      Reply

  • 007James

    July 22, 2011 at 10:32 pm

    naywoonni ရေ အတူတူပဲဗျ။ ထိုနည်း၎င်းလုပ်ခဲ့တယ်။(၁၉၉၅)က။

    Reply

Leave a Reply

Your email address will not be published.