အဆင့်မြင့် ပညာခရီး နှင့် အောင်မြင်ခြင်း ပန်းတိုင်ဟောပြောပွဲ

manawphyulayJuly 14, 20111min00

ကျောင်းသားလူငယ်များအား UK အဆင့်မြင့်ပညာရေးစနစ်အကြောင်း နှင့် ပညာရေးမှတဆင့် ရယူနိုင်သော အောင်မြင်မှုများအကြောင်းကို သိရှိနားလည်စေရန် ရည်ရွယ်၍ Liverpool Hope University မှ Award Director နှင့် Lecturer ဖြစ်သူ ဒေါက်တာဆွေဆွေသန်းမှ “အဆင့်မြင် ပညာခရီး နှင့် အောင်မြင်ခြင်းပန်းတိုင်” ခေါင်းစဉ်ဖြင့် ပညာရေးဟောပြောပွဲတစ်ရပ်ကို ဇူလိုင်လ ၂၂ ရက် သောကြာနေ့ ညနေ ၅ နာရီခွဲ၌ ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ကျင်းပမည်ဖြစ်ပါသည်။

ဒေါက်တာဆွေဆွေသန်းမှ သူမ၏ ပညာသင်ဘဝအတွေ့အကြုံများ နှင့် စိတ်ဝင်စားဖွယ်အောင်မြင်မှုများ အကြောင်းကိုပါ ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ပြီး ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည်ဖြေကြားမည် ဖြစ်ပါသည်။

စိတ်ပါဝင်စားသူများ အနေဖြင့် ဇူလိုင်လ ၂၂ ရက် သောကြာနေ့ နောက်ဆုံးထား၍ ဤ online form အားဖြည့်ပေးခြင်းဖြင့်စာရင်းပေးနိုင်ပါသည်။

အသင်းဝင်မဟုတ်သူများလည်းတက်ရောက်နိုင်ပြီး စာကြည့်တိုက်သို့ လာရောက်သောအခါ မှတ်ပုံတင် (သို့) ကျောင်းသားကဒ် တစ်ခုယူဆောင်လာရန် လိုပါသည်။

Source: Myanmar Network

Leave a Reply

Your email address will not be published.