နှစ်ကျ ဖြစ်ရတဲ့ အတွေ့အကြုံများ

Mr. MarGaJanuary 29, 20131min027

နှစ်ကျ ဖြစ်ရတဲ့ အတွေ့အကြုံများ

မန်းလေးဂဇက်က ရွာသူားအားလုံး မင်္ဂလာပါ

ကျွန်တော်ကတော့ ဒီရွာထဲက သိကြားမင်း ဦးမာဃရဲ့ သားတော်မောင်ပါဗျ အဟိ

ဒီနေ့ ဘိုးတော်က သူ့အကောင့်ကို မပိတ်ပဲ ထွက်သွားလို့ ခပ်တည်တည် အခွင့်အရေးရတုန်း ဝင် ပွားတာပါဗျာ

ကျွန်တော့်ကိုတော့ နည်းနည်း သိကြမယ် ထင်တာပဲ

လွန်ခဲ့တဲ့ နှစ်လလောက်က ဖခမည်းတော်ကြီး ရှက်လွန်းလို့ပါ ဆိုပြီးတော့ ရွာထဲမှာ ဖွ သွားတဲ့ သားတော်မောင်ပါ။

မသိသေးရင် ဒီမှာ ဖတ်ကြည့်ကြပါဗျ

တော်သေးတာပေါ့နော် ရှက်လွန်လွန်းလို့သာ

မရှက်ရင် တိုင်းသိပြည်သိတောင် ဖြစ်သွားမလား မသိဘူး

အဲဒီတုန်းက ကျွန်တော်လဲ အတော် ခေါင်းကျိမ်းသွားတယ်။ တစ်ပတ်လောက် အဆူခံလိုက်ရတာ။

ခင်ဗျားတို့ မသိလို့ဗျ သူက ဆူရင် အခန်းဆက်နဲ့ဆူတာ

(မရှိတုန်း အတင်းတုပ်ထားရတာ ပြန်လာလို့ တွေ့ရင်တော့ ဘယ်လိုနေမယ်မသိ)

ကဲ

ကိုယ့်ကိုကိုယ်တော့ မိတ်ဆက်ပြီးပြီ

အခု ကျွန်တော် ပွားချင် (အဲလေ) ပြောချင်တာကတော့

ချစ်လှစွာသော ကျောင်းတော်ကြီးမှာ တစ်နှစ် ဆက်နေရလို့ ကြုံတွေ့လာရတာလေးတွေပါ။

သူများတွေကတော့ စာမေးပွဲမအောင်ရင် ဘယ်လိုနေမယ်မသိဘူး

ကျွန်တော်ကတော့ အတွေ့အကြုံ နည်းနည်း တိုးသွားတယ်လို့ ခံစားရတယ်။

ကျောင်းသားဘဝ သက်တမ်းတစ်လျှောက်မှာ ပထမဆုံး ဖြစ်တာဆိုတော့လေ

ဒါပေမယ့် အငယ်တွေကိုတော့ ဒီအတွေ့အကြုံ မယူစေချင်ပါဘူး (တကယ် စေတနာနဲ့ ပြောပြတာပါ)

ကျွန်တော့်အတွက်ကတော့ ဒီတစ်နှစ်က အတော်ကို ကောင်းကျိုးရော ဆိုးကျိုးရော ရတဲ့ (ရမယ့်) နှစ်လို့ ထင်ပါတယ်။

ဆိုးကျိုးကတော့ နှစ်ကျဖြစ်တဲ့အတွက် သူငယ်ချင်းတွေ၊ အတန်းဖော်တွေ၊ ဆရာ/ဆရာမတွေနဲ့ တွေ့ရင် မျက်နှာငယ်ရတယ်။

ပို ဆိုးတာက နောက်ဆုံးနှစ်ဖြစ်လို့ အတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ဘွဲ့ဝတ်စုံတွေ ဝတ်ကြမယ့် အချိန်၊ လုပ်ငန်းခွင်ကို ကိုယ်စီကိုယ်စီ ဝင်ကြမယ့် အချိန်မှာ ကျွန်တော့်မှာတော့ ကြိတ်လို့ ဝမ်းနည်းနေရတယ်။

ကောင်းကျိုးကတော့

ရှားရှားပါးပါး အဆင့်မြင့်ဆိုပြီးတော့ တစ်နိုင်ငံလုံးမှာ နှစ်ကျောင်းပဲ ရွေးလို့ အဆင့်မြှင့်ပေးတဲ့အထဲမှာ ကျွန်တော်တို့ကျောင်း ပါတယ်။

အဲဒီတော့ ဒီ စနစ်ပြောင်းချိန်မှာ ရောက်လာကြတဲ့ ကျောင်းသူ၊ကျောင်းသားလေးတွေ၊ သူတို့ကို သင်တဲ့ သင်ကြားနည်းစနစ်တွေကို သိလာ ကြုံလာရတယ်။

နောက်ပြီးတော့ သူတို့အတွက် လုပ်ပေးတဲ့ အထောက်အပံ့တွေ ပံ့ပိုးမှုတွေကို ကပ်သုံးလို့ရတယ်လေ။

အဆင့်မြင့်နဲ့ မူလလက်ဟောင်း ကျောင်းသားတွေ အဆင်မပြေတာ နည်းနည်း ရှိပေမယ့်လဲ

ကျွန်တော် ကျောင်းတက်လာသမျှ သက်တမ်းတစ်လျှောက်လုံးမှာ မကြုံခဲ့ရတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကအစ ဒီနှစ်မှာ ကြုံရတယ်

ဒါတွေကတော့ လက်ရှိအချိန်ထိ ကျောင်းတက်တုန်း ကြုံလာခဲ့တဲ့ ကောင်းကွက် ဆိုးကွက်တွေပေါ့ဗျာ

ဆိုတော့ ဒါတွေကို စာမေးပွဲအောင်ပြီး ဂုဏ်ထူးတန်းပါရင်လဲ ကြုံရမှာပဲ ဆိုပေမယ့် အခုတော့ ပြောင်းပြန်နည်းနဲ့ ကြုံနေရတာပေါ့ဗျာ။

မနှစ်ကတည်းက ဒီလိုအတွေ့အကြုံတွေ (ကောင်းကွက်တွေပါ) ကို ကြုံချင်လှတယ် ဆိုပြီးတော့ ကျွန်တော်က တတွတ်တွတ် ပြောနေခဲ့တာဗျ

အခုတော့  ကြုံရပြီပေါ့လေ။

ကောင်းသောနည်းနဲ့ ကြုံရတာ မဟုတ်ပေမယ့် တွေ့ချင် ကြုံချင် ခံစားချင်တာတွေကို ကြုံရလို့ နည်းနည်းတော့ ဖြေသာသလိုပဲ။

နောက်တစ်ခေါက်တော့ ထပ်မကြုံချင်တော့ပါဘူးဗျာ၊ ထပ်သာကြုံရင် တာဝတိံသာက နှင်ချခံရလိမ့်မယ်။

အင်းးးးးးးးးးးးးးးးးးးးးးးးး ဒီစကားတွေ ဖခမည်းတော်ကြီးသာသိရင် ဘယ်လိုနေမယ်မသိ

ဖခမည်းတော်ရေ သားတော်ကတော့ မျက်နှာကို ကတ္တရာစေးနဲ့ သုတ်လိုက်ပြီဗျို့

ပြောရင်းဆိုရင်း သူပြန်လာမယ့်အချိန်လဲ နီးနေပြီဆိုတော့ ဒီလောက်နဲ့ပဲ ရပ်ပါတော့မယ်ဗျာ

မိသွားရင် မကောင်းဘူးလေ

နောက်လဲ ကြုံရင်ကြုံသလို ခိုးသုံးပြီးတော့ ဝင်ပြောပါဦးမယ်ဗျာ

စိတ်ရှည်လက်ရှည်နဲ့ အဆုံးထိ ဖတ်ပေးကြတဲ့ သူအားလုံးကို အထူး ကျေးဇူးတင်ပါတယ်ဗျာ။

 

အချစ်၊အလွဲ များစွာနှင့်

ရေးသူ-သားမာဃ

 

27 comments

  • Mr. MarGa

    January 29, 2013 at 6:28 pm

    အင်းးးးးးးးးးး
    သားတော်မောင်ကတော့ ရေးချင်ရာရေးသွားပါပေါ့
    ထားပါလေ
    သူလဲ စိတ်ပေါက်တုန်း ဝင်ရေးတာဆိုတော့
    လက်သွေးတယ်ပဲ သဘောထားလိုက်ပါမယ်လေ
    ဝေဖန်ချက်လေးများ အားမနာတမ်း လုပ်ကြစမ်းပါဦးဗျာ သားတော်မောင်ကို

    Reply

    • အိမ်းးး
      အဲ့ဒီ သားတော်မောင်ကို ထိန်းမရရင် ကျုပ်ဆီလွှတ်လိုက် …
      မှတ်လောက်သားလောက် ဖြစ်သွားအောင်
      နပန် ကျင်းပေးလိုက်မယ် … ငွင်းးး ငွင်းးး :mrgreen:
      (အရသာ တယ်ရှိသကိုးး)

      ဒို့ဒေါ့ဖြင့် …
      နှစ်ကျ အတွေ့အကြုံ ချိခဲ့ဘူးးးး
      ကျောင်းသားဘွ တစ်လျောက်လုံး
      အန်တီရဲ့ ကြိမ်လုံးအောက်မှာ ဆိုဒေါ့ … ဂလိုပေါ့နော် …

      Reply

      • Mr. MarGa

        January 30, 2013 at 2:51 pm

        အဲဒါပဲလေ
        ပညာ မစုံခဲ့ရှာဘူး
        ကျွတ် ကျွတ်
        ပညာ တောင် မစုံခဲ့တော့
        ကြင်ယာကတော့ အင်းးးးးးးးးးး
        စုံမယ်မထင် :hee:

        Reply

        • အွန် ….
          သူ့ကျမှ နှစ်ကျ ဖစ်မှဘဲ
          ပညာစုံဒေါ့ မလိုလို ….

          အိုက်ဒါ … ဘာမှ ဆိုင်ဝူးးးး
          ဟုတ်တယ် မဟုတ်လား အရပ်ကတို့ …
          အာ … ဟုတ်တယ် .. မောင်အံ သိပ်မှန်ဒယ် …
          ကိုင်း .. တွေ့ဒယ်ဟုတ် .. :mrgreen:

          (ဒါ့ထက် ကြင်ယာအကြောင်း မပါကြေး)

        • Mr. MarGa

          January 30, 2013 at 3:01 pm

          ပညာဆိုတာ ရတုန်း ရှာရသကွယ့်
          သားတော်မောင်က ပညာ စုံတော့မယ်
          ကြင်ယာလဲ စုံအောင် လုပ်ပေးဦးမှာ
          နင်ကတော့
          ပညာမှ မစုံတာ
          ကြင်ယာတော့
          ………………………………………………………….
          (မပါကြေးဆုိုတော့ ပြောတော့ဘူး)
          ပိတ်သတ်ကြီးရေ ဖြည့်တွေးပေးလိုက်ပါဗျာ

        • ပညာစုံလို့ … ဌာနေသို့ .. အရောက်လှမ်းခဲ့ပေ ..
          လမ်းတစ်လျောက်မှာလည်း … ပန်းပိတောက်တွေ သင်းပျံ့ကြိုင်နေ ..
          မရောက်တာ ကြာခဲ့လို့လည်းလေ ….
          ကစားဖော် သူငယ်ချင်းတွေက .. အရင်လို .. မဟုတ်တော့ပေ …
          တူနှယ် .. တူနှယ် …

        • Mr. MarGa

          January 30, 2013 at 3:16 pm

          တစ်ယောက်တော့ သွားရှာပြီ

  • မောင်ပေ

    January 29, 2013 at 8:42 pm

    ဘဝမှာ အမြဲတမ်း အောင်မြင်မှုတွေရနေရင် သိပ်မကောင်းဘူး
    အဲဒါ အဲဒါ

    Reply

    • Mr. MarGa

      January 30, 2013 at 2:36 pm

      အဲဒီအတွေးလေးလဲ ဆိုးဘူးပဲ
      သားတော်မောင်ကို ပြောလိုက်မယ်ဗျို့

      Reply

  • Mobile

    January 29, 2013 at 10:19 pm

    Mr.marga ကဘာဖြစ်လို့သားတော်မောင်ကို တာဝတိန်သာက တက်ကသိုလ် မှာမထားပဲ
    လူ့ပြည်က မန်းလေး ရတနာပုံ တက်ကသိုလ်ထင်ပါ့ အဲ့ဒီမှာထားလဲဗျ။ သူလည်းနတ်ပြည်ကနေ
    လူ့ပြည်ကိုကျောင်းလာတက်ရရှာလေတော့ လူ့ပြည်လူ့ရွာက ပညာရပ်တွေအကြောင်းကို
    ဘယ်လိုလုပ်ကောင်းကောင်းနားလည်မလဲ။
    အဲ့ဒါကြောင့် မောင်မိုဘိုင်း ပြောဖူးပါတယ် ဦးမာဂရဲ့သားကို ကျုပ်ဆီမှာပို့ပြီး နတ်တို့တတ်အပ်သည့်
    ပညာရပ်……………….
    နတ်သမီးတစ်ဖက်ငါးရာနှင့်အဆင်ပြေစွာပေါင်းသင်းဆက်ဆံနည်း
    လူ့ပြည်လူ့ရွာမှာရှိသည့် အပျိုချော အအိုချောများကို နတ်ပြည်သို့ခေါ်ဆောင်နည်း
    သင်ကြားပေးပါမည်။ သို့မဟုက် အကြံပြုပရစေ
    လူ့ပြည်မှာကျောင်းတက်မည်စိုက(မြန်မာနိုင်ငံအတွက်သာ သီးခြား)
    ဟေလာကွယ်မောင့်ရို့ ဝမ်းစမိုးနဲ့သောသောညံ ရော့…. ရော့ ………..
    ဆိုသည့်သီချင်း စ လယ် ဆုံး ပါဝင်သည့် စာမေးပွဲအောင်နည်း များစွာ ဆိုတဲ့
    မောင်မိုဘိုင်းရေးသားပြီး မြန်မာနိုင်ငံ လဒ်ပေးလဒ်ယူမှုထိန်းသိမ်းရေးအဖွဲမှ
    ထောက်ပံငွေဖြင့်(ကြားတွင်လဒ်စားသူရှိသဖြင့် တစ်နိုင်ငံလုံးသို့ မဖြန့်ဝေနိုင်ပါကြောင်း)
    အဲ့ဒီစာအုပ်လေးကို သားတော်မောင်အတွက် လေ့လာရန် ဝယ်ပေးထားသင့်ပါကြောင်းးးးးးးးးးးးး

    Reply

    • Mr. MarGa

      January 30, 2013 at 2:38 pm

      ကိုရင်မိုဘိုင်းရေ
      သားတော်မောင်ကိုတော့ ရတနာပုံမှာ မထားပါဘူးဗျာ
      ကောင်မလေးတွေက လက်ရဲဇက်ရဲနဲ့
      သားတော်မောင် မနူးမနပ်ကလေး ပါသွားမှဖြင့်
      ဦးမာဃ ရင်ကျိုးရချေရဲ့
      စာမေးပွဲအောင်နည်းတွေကိုတော့ မဝယ်တော့ပါဘူး
      အသိလေးဝင်အောင်ပဲ ပြောလိုက်တော့မယ်

      Reply

  • ခိုင်ဇာ

    January 29, 2013 at 10:54 pm

    တစ်ယောက်တည်းကို ရှုပ်နေတာပဲ။
    ဟိုနေ့ကပြောတော့ တစ်မျိုးပါ။
    နေပါဦး။
    သက်သေတစ်ယောက်ရှိပါသေးတယ်။
    ဘယ်သူပါလိမ့်။

    စဉ်းစားရမှ ပြန်လာဦးမယ်။
    :mrgreen:

    Reply

    • Mr. MarGa

      January 30, 2013 at 2:40 pm

      စဉ်းစား စဉ်းစား
      ရရင် ပြန်လာပြောဦးနော် :mrgreen:

      Reply

  • MaMa

    January 30, 2013 at 8:08 am

    ရုပ်ရှင်မင်းသမီး ဝါဝါဝင်းရွှေ ခေတ်တုန်းကလို…
    ဦးမာဃ ဘယ်နှစ်ကိုယ်ခွဲပြီး သရုပ်ဆောင်နေတာလဲ မသိဘူး။ :harr:

    Reply

    • Mr. MarGa

      January 30, 2013 at 2:41 pm

      ဘယ်နှကိုယ်မှ မခွဲရပါလား
      ဟိုအကောင် ခိုးရေးသွားတာ မို့
      ဦးမာဃ ဟာ ဦးမာဃပါ လို့

      Reply

  • Ma Ei

    January 30, 2013 at 9:38 am

    မျက်စိလည်သွားပြီ၊ ဒီအရွယ် Mr. MarGa က သားနဲ့…
    အေးပေါ့လေ…နတ်၊သိကြားဆိုတော့လဲ…

    Reply

    • Mr. MarGa

      January 30, 2013 at 2:45 pm

      မျက်စိ မလည်ပါနဲ့
      သိကြားမင်း ကိုယ်ထင်ပြတုန်းက သားတော်မောင်ရဲ့ ဥပဓိကို သုံးလိုုက်တာမို့ပါ
      အဲသလို အဲသလို

      Reply

  • Mon Kit

    January 30, 2013 at 9:51 am

    သား မာဃ က ဖခင်မာဃ ကို ခြေရာနင်းနိုင်မဲ့ပုံဘဲ…
    :hee:

    Reply

    • Mr. MarGa

      January 30, 2013 at 2:46 pm

      ဖခင် မာဃ ခြေရာ နင်းနိုင် မနင်းနိုင်ကို
      LCD ဖန်သားပြင်ပေါ်မှာ ဆက်လက် ကြည့်ရှုနိုင်ပါကြောင်း :kwi:

      Reply

  • P chogyi

    January 30, 2013 at 11:35 am

    နှစ်ကိုယ့် တစ်စိတ်ပဲကြားဖူးတာ
    အခုတော့ နှစ်စိတ် တစ်ကိုယ်ပါလား..??????

    Reply

    • Mr. MarGa

      January 30, 2013 at 2:48 pm

      နှစ်ကိုယ့် တစ်စိတ်လဲမဟုတ်
      နှစ်စိတ် တစ်ကိုယ်လဲ မဟုတ်
      သားတော်မောင် လက်ချက်သာ ဖြစ်ပါကြောင်းးးးးးးးးးးးးး
      အဟိ

      Reply

  • ကိုယ့်ဟာကိုယ်စာမကြိုးစားပဲ အလေလိုက်နေလို့ကျတာကို ရင်တစ်ခုလုံးကခံဇားရရုံမက ကွဲကွဲ
    (Copy-Paste)FB…
    :kwi:

    နောက်ကို ပါပါကြီးအကောင့်ခိုးမသုံးနဲ့သိလား
    ခမည်းခမက်နဲ့တွေ့ရင် တိုင်ပြောမှာ။

    Reply

    • Mr. MarGa

      January 30, 2013 at 2:49 pm

      သားတော်မောင်ကို ကြိမ်းလိုက်ပါဘီ
      ခိုးသုံးမှာ မဟုတ်တော့ပါဘူး
      သူ့ကို အဲလိုပြောလိုက်ရင်တော့
      အင်းးးးးးးးးးးးး
      ထိုင်ငိုလောက်တယ်

      Reply

  • ဗုံဗုံ

    January 30, 2013 at 3:06 pm

    ဘာဖစ်လဲ စာမေးပွဲကျတော့ ဘာဖစ်ချင်လဲ ယောက်ဂမဂျီး သေချာကျအောင်ဖြေခိုင်းတာ ဦးမာဃ စည်းစိမ်ပြုတ်အောင်လို့ မြှောက်ပေးဦးမှာ ဟွန်း :mrgreen:

    Reply

    • Mr. MarGa

      January 30, 2013 at 3:09 pm

      ဗုံကလေးရယ်
      အဲလိုတော့ လုပ်လိုက်ပါနဲ့
      မုန့်ကျွေးမယ်နော်
      သိလား

      Reply

  • ဒီလိုသားမျိုး နားရင်းအချက်တစ်ရာလောက်ပိတ်တီးပစ်ချင်တယ်…
    စာမေးပွဲကျတာတင် အားမရလို့ နှစ်ယောက်တစ်ယောက် လုပ်နေသေးတယ်…
    ငါရိုက်လိုက်ရ..သေတော့မယ်… :mrgreen:

    Reply

    • Mr. MarGa

      January 31, 2013 at 6:15 pm

      မွန်မွန်ရေ
      ရိုက်သာရိုက် အားမနာနဲ့ သိလား
      ယောက်ခမ က ကျေကျေနပ်နပ် ခွင့်ပြုပြီးသား :mrgreen:

      Reply

Leave a Reply

Your email address will not be published.