ငြင်းမယ်…ရှင်းမယ်

yannaingechJune 21, 20101min02

တစ်ချို့အယူအဆများမှာ အလွန်ကြောက်ဖို့ကောင်းပါသည်။ တစ်ချို့အယူအဆကြတော့ လွန်စွာ အစွန်းရောက်ပါသည်။ တစ်ချို့အယူအဆတွေက အလွန်အံ့ဩဖို့ကောင်းပြီး တစ်ချို့မှာ ခံစားချက်ပြင်းပြင်းတွေကို ပေးစွမ်းနိုင်ပါသည်။ ငြင်းသင့်၊ ရှင်းသင့်သည်ဟုယူဆသည့် အတွေးတစ်ချို့ကို ငြင်းပေး၊ ရှင်းပေးနိုင်ရန် ချပြလိုပါသည်။

၁။   ကမ္ဘာပေါ်မှာ အကြွင်းမဲ့အမှန်တရားမရှိ (There is no absolute truth on Earth)

ကိစ္စတစ်ရပ် မှန်တယ်၊ မှားတယ်ဆိုတာ ကြည့်တဲ့သူရဲ့ ကြည့်တဲ့ရှုထောင့်ပေါ်မှာသာမူတည်တယ်။ ရှုထောင့်တစ်ရပ်မှာ မှန်နေတဲ့သဘောတစ်ခုဟာ တစ်ခြားရှုထောင့် တစ်ခုမှာ မှားနေနိုင်တယ်။ အမှန်လို့ယူဆထားတဲ့အဆိုတစ်ခုကို အပေါ်ကအယူအဆလက်ကိုင်ထားသူနေရာက အချေတင်ကြည့်ပါတယ်။

အဆို- လူမှန်သမျှ မွေးပြီးရင် သေရမယ်။

အချေ- သေတာကို ခန္ဓာကိုယ်ကြီး မြေကြီးထဲရောက်သွားတာလို့ ယူဆသူတွေအတွက်သာမှန်တယ်။ လူတစ်ယောက်လောကထဲရောက်လာခဲ့ပြီး သူလုပ်ခဲ့တာ၊ သူပေးခဲ့တာ တွေလောကကြီးထဲကျန်နေသ၍၊ သူ့နာမည်နဲ့တွဲပြီး လူတွေသုံးနေသ၍၊ သူ့ကိုလူတွေမေ့မသွားသ၍သူရှင်သန်နေသေးတယ်လို့ယူဆရင် အခုချိန်ထိ မသေသေးတဲ့ လူသေတွေအများကြီးပါ။ နယူတန်၊ အိုင်းစတိုင်း၊ …

ကဲ…ငြင်းကြည့်ကြရအောင်

2 comments

  • လင်းဝေကျော်

    June 22, 2010 at 2:53 am

    မှန်တယ်မှားတယ် ဆိုတာ လူတွေလက်ခံယုံကြည်သလားဆိုတာပေါ်မူတည်ပါတယ်။
    ဘယ်ကိစ္စကိုမှ လူတိုင်း အားလုံးက လက်မခံပါ။
    လူတွေ သဲသဲလှုပ်ယုံကြည်ကိုးကွယ်ကြတဲ့ ယေရှုတောင် သူများသတ်တာခံရသေးတယ်။
    မဟာဗုဒ္ဓ ကို မယုံကြည် လက်မခံသူတွေရှိတယ်။
    နောက်ဆုံး လောကီ ကိစ္စပြောရရင် လူတိုင်းချစ်ပါတယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းတောင် သူများသတ်လို့သေရတယ်။
    မှန်တယ် မှားတယ် ဆိုတာ တကယ် တော့ ယေဘုယျသတ်မှတ်ချက် ရှိပါတယ်။
    လူတိုင်းလက်ခံတယ် လက်မခံဘူးဆိုတာတော့ အမှန်အမှား မြင်နိုင်မှုပေါ်မူတည်ပါတယ်။

    သေချာသော အချိန်အတိုင်းအတာ တစ်ခုအတွင်းမှ သတ်မှတ်သောအခြေအနေပေါ်မူတည်လို့
    အကြောင်းအရာတစ်ခုဟာ မှန်တယ်လို့တော့ ပြောရပါတယ်။

    Reply

  • Gong Zhu

    September 16, 2010 at 1:24 pm

    အကြွင်းမဲ့မှန်တာရှိတယ်လို့ထင်တယ် ။ နေက အရှေ့ကထွက်တယ် အနောက်ဘက်ကိုနေဝင်တယ်လေ ဟုတ်ဘူးလား 🙂

    Reply

Leave a Reply

Your email address will not be published.