သကြားစားသုံးခြင်းအကြောင်း တစေ့တစောင်း (risk of sugar)

AKKONovember 12, 20101min00

သကြားနှင့် အချိုများစားသုံးခြင်းရဲ ့အန္တရာယ် ဘာလဲ။
သကြားဓါတ်ကို လိုသည်ထက် ပိုမိုစားသုံးခြင်းကြောင့် ခန္ဓာကိုယ်တွင် အဆီအဖြစ်ပြောင်းလဲ စုဝေးပြီး အဝလွန်ခြင်းမှ အစပြုရျ် ဆီးချို၊ နှလုံး၊ သွေးတိုး၊ လေဖြတ်ခြင်း အစရှိသော ရောဂါဆိုးကြီးများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို ့ကြောင့်သကြားအချိုဓါတ်ကို စားသုံးမှု လွန် ကဲခြင်းသည် ကျန်းမာရေးအတွက် ဆိုးကျိုးများသော နောက်ဆက်တွဲ အန္တရာယ် ဆိုးများကို တံခါးဖွင့် ထားသည်နှင့်တူပါသည်။
ယခင်က အသက်အရွယ်ကြီးရင့်သူများတွင်သာ တွေ ့ရတတ်သော ရောဂါများသည် ယခု အခါ သက်လတ်ပိုင်းနှင့် ငယ်ရွယ်သော ဆယ်ကျော်သက်များတွင်ပါ ဖြစ်ပွားလာကြောင်းတွေ ့ရှိရပါသည်။ ကလေးငယ်များ အဝလွန်မှုများပြားလာခြင်းမှာ အထက်ပါရောဂါများကို အချိန်မတိုင်မှ လက်ယပ်ခေါ် နေသကဲ့သို ့ဖြစ်နေပါသည်။
ထို ့ကြောင့်နာတာရှည်ရောဂါများကို ကာကွယ်ရန် ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းနှင့် ကျန်းမာနုပျိုသောလူနေမှု ဘဝတစ်ခုကို တည်ဆောက်ရန်အတွက် သကြားအချိုဓါတ် စားသုံးမှုကို လျှော့ချရန် အလွန်အရေးကြီးပါသည်။ သို ့သော်လည်းငယ်စဉ် ကလေးဘဝ ကတည်းက ခုံမင်စွာ နှစ်သက်စွဲလမ်းခဲ့သော အချိုဓါတ်တည်းဟူသော ရသတဏှုာကို လျော့ချရန် သို ့ အဆက်ဖြတ်ရန် ဆိုသည်မှာ လူသားတို ့၏ သဘာဝအရ လက်မခံနိုင်စရာ ကိစ္စတစ်ခုပင်ဖြစ်သည်။
သကြားအစားထိုးအချိုဓါတ်ဆေးပြားများနှင့် ဘေးထွက်ဆိုးကျိုးများ
သို ့အတွက်ကြောင့်ကိုယ်အလေးချိန်ကိုလည်း လျော့ချ ထိန်းသိမ်းရာရောက်ရျ် အချိုအ့ရသာ ကို ပါ ပေးစွမ်းနိုင်သော သကြားအစားထိုးအချိုဓါတ်ဆေးပြားများကို လူနေမှု စနစ်၏ လိုအပ်ချက်အရ သိ်ပ္ပံနည်းပညာများဖြင့် ခေတ်အဆက်ဆက်တီထွင်ခဲ့ကြပါသည်။ ပထမဆုံးပေါ် ထွန်းခဲ့သော သကြား အစားထိုးပစ်စည်းများမှာ Saccharin ခေါ်ဆေးသကြားဖြစ်သည်။ ဆေးသကြားသည် သကြားထက် အဆ၃၀ဝ ပိုချိုသော်လည်း အချိုဓါတ်အပြီးတွင် လျှာပေါ်၌ ခါးသက်သက်အရသာကို စွဲကျန်စေခဲ့ပါ သည်။ ဆေးသကြားသည် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအတွက် များစွာမသင့်တော် ကြောင်း American Medical Association မှ အဆိုပြုထားပါသည်။ ထို ့အပြင် ဆီးအိမ်ကင်ဆာ က်ို ဖြစ်စေနိုင်ခြေရှိကြောင်း တွေ ့ရှိထားပါသည်။
ဒုတိယဖြစ်ပေါ်လာသော Aspartame သည် သကြားထက် အဆ ၂၀ဝ ပိုချိုသော်လည်း မျိုး ရိုးဗီဇနှင့်ပတ်သက်သော Phenylketouria ရောဂါရှိသူများ အသက် ၂နှစ်အောက် ကလေးများတွင် သုံးရျ် မရပေ။ Aspartame ကို ကြာရှည်စွာသုံးစွဲခြင်းသည် Migraine ခေါ် ခေါင်းတစ်ခြမ်းကိုက် ရောဂါနှင့် ဝက်ရူးပြန်အတက်ရောဂါတို ့ကိုဖြစ်စေနိုင်ကြောင်း တွေ ့ရှိရပါသည်။ ၎င်းအပြင် အပူပေးခြင်း ဖြင့် ၄င်၏အချိုဓါတ်ဆုံးရှုံးစေသောကြောင့် ချက်ပြုတ်ရာတွင် မုန် ့ဖုတ်ရာတွင် အသုံးမပြုနိုင်ပေ။

Leave a Reply

Your email address will not be published.