ပင်လယ်ကမ်းစပ်မြို့ကလေး Dalian

ဖူကျားကျွမ်း ကမ်းခြေ

ဒီမြို့ကတော့ တရုတ်ပြည်မြောက်ပိုင်း လျှောင်းနင် (Liaonin) ပြည်နယ်ထဲက တလျှန် (Dalian) မြို့ပါ။ အအေးပိုင်းဒေသဖြစ်ပြီး ပင်လယ်ဆိပ်ကမ်းမြို့လေးဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံနဲ့နီးပြီး ခေတ်မှီတဲ့ ဖက်ရှင်ဒီဇိုင်းနဲ့ အားကစားမှာ နံမည်ကြီးပါတယ်။ ရေကြောင်းလုပ်ငန်းကုမ္ပဏီတွေလဲ အများကြီးရှိပါတယ်။ အလွန်ပူပြင်းတယ့် နွေရာသီမှာတောင် ၃ဝ ဒီဂရီစင်တီဂရိတ်ခန့်ပဲ ရှိလို့ နွေရာသီမှာ ခရီးသွားတဲ့သူတွေတော်တော်များပါတယ်။ ဓါတ်ပုံတွေက လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကပုံတွေပါ။ မြို့ပတ်ဘက်စ်ကားပေါ်ကနေတောင်မှ ပင်လယ်နဲ့ ကမ်းခြေကို မြင်နေရပါတယ်။ နေရာတော်တော်များများက အခုဓါတ်ပုံတွေထဲကလိုပါပဲ … ကမ်းခြေကကျောက်သားကလေးတွေရှိပြီး အပူပိုင်းပင်လယ်ကမ်းခြေတွေနဲ့ကွာတာကတော့ အုန်းပင်မရှိပါဘူး။  တရုတ်တွေကတော့ အကင်စားလိုက် ဘီယာသောက်လိုက် ရေစိမ်လိုက်နဲ့ ကမ်းစပ်မှာတင် ဖြစ်သလိုပဲ နေနေကြတာပဲ။  ဆောင်းတွင်းမှာ အနှုတ် ၁ဝ ဒီဂရီလောက်အထိအေးတယ်။ အဲဒီမြို့ရဲ့လှပတဲ့ တောတောင်တွေနဲ့ ခောတ်မှီတဲ့ အဆောက်အဦးတွေကိုတော့ နောက်မှ သီးသန့်ပို့စ်နဲ့ တင်ပြပေးပါ့မယ်။

weiwei

မဂၤလာပါ ....

This Post Has 12 Comments

  1. ဆူး

    လူတွေကလည်းများလိုက်တာ.. လူတွေ ကြည့်ပြီး စိတ်ညစ်စရာ ကောင်းလိုက်တာ.. လူတွေ များလွန်းတော့ ကမ်းခြေ ဖီလင်တောင် မရှိသလိုဘဲ.. ဘာပဲပြောပြော.. ဘယ်နေရာက ဘယ်လိုရှိတယ် တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်သွားမယ်ဆိုလည်း ရွေးချယ် စဉ်းစားလို့ရတာပေါ့။

  2. weiwei

    တရုတ်ပြည်မှာ အပေါဆုံးက လူ … တစ်အိမ်ထောင်တစ်ယောက်ပဲ မွေးရပေလို့ပဲ … နို့မို့သာဆိုရင်တော့ ….

  3. ဆူး

    ပြောလို့သာ ပြောတာပါ.. ငပလီ သွားတုန်းက လူမရှိတဲ့ အချိန် သွားလို့လားတော့ မသိဘူး.. လူသိပ်မရှိဘူး ရှိတဲ့ လူက နိုင်ငံခြားသား.. နိင်ငံခြားတိုင်းပြည် ရောက်နေသလားတောင် ထင်ရတယ်။

  4. weiwei

    ငပလီကို သင်္ကြန်တွင်းသွားတုန်းကတော့ များလိုက်တဲ့လူတွေ … စိတ်ညစ်ဖို့တောင်ကောင်းတယ် …
    ဗမာပြည်က ကမ်းခြေတွေထဲမှာတောင် ငပလီက အလှဆုံးပဲ …

  5. Cuper

    တော်တော်လှတာပဲနော် ဒါပေမယ့် လူအရမ်းများတယ်နော်။

  6. paukpauk

    တရုတ်တွေ ဒီလောက်ညစ်ပတ်နေတဲ့ကမ်းခြေမှာတောင် ပျော်နိုင်ကြတယ်နော်။
    ကမ်းခြေကတော့ အရမ်းညစ်ပတ်တယ်။
    မနှစ်ကတော့ရောက်ဖူးတယ်။
    တစ်ခြား လှတဲ့နေရာတော့လှပါတယ်။
    ငပလီဝေးလို့ ….
    ချောင်းသာမပြောနဲ့ လက်ခုပ်ကုန်းတောင်မမှီပါဘူး

  7. weiwei

    ရေတွေက မညစ်ပတ်ပါဘူး … ငပလီလောက်မလှပေမယ့် သူ့အလှနဲ့သူ ရှိပါတယ် …

  8. thidakywewa1

    ဟေ့ လူတွေအများကြီးပဲ ပျော်စရာကြီး …တရုတ်မလေးနှစ်ယောက်လောက်ပါရရင် ………ဟိဟိ ပျော်စရာကြီး

  9. char too lan

    ကမ်းခြေဆိုရင် ဘယ်ကမ်းခြေမှ မရောက်ဖူးဘူး ရေလဲမကူးတတ်ဘူး ဒီကမ်းခြေက သဲမဟုတ်ပဲ ခဲ(ဂဲ)တွေလားလို့နော်

  10. ဆူး

    ဒီလောက်များတဲ့လူတွေ ကြားထဲမှာ ရွာထဲက လူတွေများ ပါမလားလို့ လာရှာသွားတယ်။

  11. နီကီတာ

    ငပလီဆိုလို့ ၃လပိုင်းလောက်ကျ သွားမလို့
    ဂေဇတ်က ရွာသူားတွေအတွက် အပြန်လက်ဆောက်ဝယ်ခဲ့မယ် ..ဟိ.:)

  12. weiwei

    အခုအချိန်ဆိုရင်တော့ သုညအောက်ရောက်နေမှာမို့ ကမ်းခြေမှာ လူရှိမှာ မဟုတ်ဘူး ….
    အဲဒီမြို့လေးမှာ ၆ လ လောက်နေခဲ့ဖူးလို့ … လွမ်းထှာ ..

Leave a Reply