ကမော္ဘဒီးယားက ကလေးပြည့်တန်ဆာများကို ဟီလာရီ ကလင်တန် တွေ့ဆုံ

zinmyotunNovember 11, 20101min03

ကမော္ဘဒီးယားက ကလေးပြည့်တန်ဆာများကို ဟီလာရီ ကလင်တန် တွေ့ဆုံ

ကမော္ဘဒီးယားနိုင်ငံ မြောက်ပိုင်းတွင် ကလေးပြည့်တန်ဆာများအတွက် ဖွင့်လှစ်ထား သော ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ဌာနသို့ လာရောက်လည်ပတ်ခဲ့သူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က “လိင်ကျွန်ပြုမှု” ကို အဆုံးသတ်စေရန် အကူအညီ များ ပိုမိုပေးအပ်သွားမည်ဟု ကတိပြုပြောကြားခဲ့ ကြောင်း နိုဝင်ဘာ (၁) ရက်နေ့က အေပီသတင်း တွင် ဖော်ပြခဲ့သည်။

အမေရိကန် အကူအညီဖြင့် တည် ထောင် ဖွင့်လှစ်ထားသော အဆိုပါဌာနတွင် ဟီလာရီ ကလင်တန်သည် လူကုန်ကူးမှု၏ သား ကောင်ဖြစ်ခဲ့ရသူ (၅၀) ခန့်ကို တွေ့ဆုံခဲ့ပြီး အမေ ရိကန်အနေဖြင့် အကူအညီများ ဆက်လက်ပေး အပ်သွားမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် (၁၂) ရာစု ခမာယဉ်ကျေးမှု လက်ရာ အန်ကောဝပ်ဘုရားကျောင်းတော်သို့ သွားရောက်လေ့လာခဲ့သည်။

အသက် (၁၇) နှစ် (၂၃) နှစ်ကြားရှိ အမျိုးသမီးငယ်များအား ဟီလာရီ ကလင်တန်က အားပေးစကားပြောကြားခဲ့သည်။ ထိုအမျိုးသမီး ငယ်များသည် ပညာသင်ကြားခွင့်ရကြပြီး အဝတ် အထည်ချုပ်လုပ်မှု၊ လက်မှုပညာ စသည့် အသက် မွေးဝမ်းကြောင်းပညာရပ်များပါ သင်ကြားခွင့် ရကြ သည်။ အမျိုးသမီးငယ်များ၏ လက်ရှိ အနေအ ထား များက သူမကို စိတ်အားတက်စေကြောင်း လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြော ကြားခဲ့သည်။

ဟီလာရီကလင်တန်သည် ဗန်ဆီနာ အမည်ရ အမျိုးသမီးငယ်တစ်ဦးက သူမလိင်ကျွန် ဘဝ ရောက်ခဲ့ရသည့် ဇာတ်လမ်းအား ပြန်လည် ပြောပြသည်ကိုလည်း နားထောင်ခဲ့သည်။ အ သက် (၁၃) နှစ်အရွယ်တွင် ကလေးပြည့်တန်ဆာ ဘဝသို့ ရောက်ခဲ့ရသူ ဆီနာသည် တစ်နေ့လျှင် ယောကျင်္ား (၂ဝ – ၃၀) ခန့်နှင့် လိင်ဆက်ဆံရန် အတင်းအကြပ် စေခိုင်းခံခဲ့ရပြီး နှစ်နှစ်ကျော်မျှ ထိုကဲ့သို့ လုပ်ဆောင်ခဲ့ရသည်။ ယင်းနောက်တွင် ပြည့်တန်ဆာအိမ်သို့ ရောက်ရှိသွားခဲ့သည်။ ငယ် ရွယ်လွန်းသဖြင့် ဖောက်သည်များနှင့် အိပ်ရန် အဘယ်ကြောင့် စေခိုင်းခံခဲ့ရသည်ကိုပင် နားမ လည်ခဲ့ကြောင်း ဆီနာက ပြောပြသည်။ “သား ကောင် ဘဝရောက်ခဲ့ရတာဟာ သိပ်ကို ဆိုးရွား လွန်းပါတယ်” ဟု ပြန်ပြောပြရှာသည်။

“ကျွန်မ ဒါတွေကို မမေ့နိုင်သေးပါဘူး။ တစ်ခါတစ်ရံ အိပ်မက်ဆိုးတွေ မက်ပြီး ကယောင် ခြောက်ခြားဖြစ်တဲ့အထိ ထိတ်လန့်နေတုန်းပါပဲ” ဟု ဆီနာက ပြန်ပြောပြခဲ့သည်။

ဆီယမ်ရိ(ပ်) (Siem Reap) ဟု အမည် ရသော အဆိုပါ ဌာန၏ လုပ်ငန်း လည်ပတ်မှု ကုန်ကျ စရိတ်အတွက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ ငွေကြေးအကူအညီ ယူအက်(စ်) ဒေါ်လာ (၃၃၆,၀၀၀) ကို ပြီးခဲ့သည့် နှစ်က ရရှိခဲ့ သည်။ ငွေကြေးအကူအညီများ ဆက်လက်ပေး သွားမည် ဟုလည်း ဟီလာရီ ကလင်တန်က ကတိ ပြုခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေး တိုက်ပွဲများ အကြိတ်အနယ် ဆင်နွှဲနေသော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် ကမော္ဘဒီး ယားမြောက်ပိုင်းတခွင်ကို နေရာစုံ အောင် လျှောက်သွားခဲ့သည်။
ယခင် သမ္မတကတော်ဟောင်း၊ နယူး ယောက် ဆီနိတ်တာနှင့် သမ္မတလောင်းဖြစ်ခဲ့ဖူး သူ ဟီလာရီ ကလင်တန်သည် သီတင်းနှစ်ပတ် ကြာ ကာလအတွင်း အာရှ-ပစိဖိတ်ဒေသ နိုင်ငံ ပေါင်း (၇) နိုင်ငံကို လည်ပတ်မည်ဟု သိရသည်။
မင်းသက်စံ

Ref: AP

3 comments

  • cobra

    November 11, 2010 at 8:38 am

    ဒို ့နိုင်ငံလည်းလာတွေ ့ပါလား…ဒီမှာလဲပေါမှပေါသေးသေးလေးကနေကြီးကြီးထိ…အိုစုံနေတာဘဲ.။

    Reply

  • naywoonni

    November 11, 2010 at 1:17 pm

    လာတွေ့မယ်ဆိုရင်ဘယ်သူကလက်ခံတွေ့ခွင့်ပေးမှာမို့လဲ
    ကိုယ့်………..အကြောင်းကိုယ်သိရက်နဲ့ 😛

    Reply

  • kopauk mandalay

    November 11, 2010 at 2:55 pm

    အာရှနိုင်ငံတွေ ဒီလိုအောက်ကျနောက်ကျဖြစ်သွားအောင် ဖန်တီးခဲ့သူတွေက
    ဘယ်သူတွေလဲ ဆိုတာကို ပြန်တွေးမိရင် ဒီလိုအခြေအနေဖြစ်နေတာတွေက
    ဘယ်သူကြောင့်ဆိုတာ သိလာပါလိမ့်မယ်။

    Reply

Leave a Reply

Your email address will not be published.