ဘရာဇီးနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတသစ် ဒီ(လ်)မာရောက်ဆက်(ဖ်)

zinmyotunNovember 11, 20101min00

ဘရာဇီးနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတသစ် ဒီ(လ်)မာရောက်ဆက်(ဖ်)

၁၉၇ဝ ပြည့်နှစ်များက လက်နက်ကိုင် ပုန်ကန်မှုများကြောင့် ထောင်နန်းစံခဲ့ရဖူးသူ ဒီ(လ်) မာ ရောက်ဆက်(ဖ်) (၆၂ နှစ်) သည် ဘရာဇီး၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး သူမအား အကြံပေးညွှန်ကြားခဲ့ သူ လက်ဝဲယိမ်းဝါဒီခေါင်းဆောင် လူလာဒါ ဆေး (လ်)ဗားအား ဆက်ခံသူ ဖြစ်လာကြောင်း နိုဝင် ဘာ (၂) ရက်နေ့က အေအက်(ဖ်)ပီသတင်းတွင် ဖော်ပြခဲ့သည်။

ရောက်ဆက်(ဖ်)သည် သူမ၏ ပြိုင်ဖက် ဆာအိုပေါ်လိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂျို ဆေး ဆာရာအား အနိုင်ရကာ သမ္မတဖြစ်လာခဲ့ ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ရန်အတွက် သမ္မတဟောင်း လူလာ၏ ဝန်ကြီး အဖွဲ့အကြီးအကဲအဖြစ်မှ ပြီးခဲ့သည့် ဧပြီလက နှုတ်ထွက်ခဲ့သူ ရောက်ဆက်(ဖ်)သည် လက်တင် အမေရိကမှ စီးပွားရေးအင်အား အကြီးမားဆုံး နိုင်ငံ၏ သမ္မတရာထူးကို လာမည့် ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင် ထမ်းထောင်မည်ဟု သိရသည်။
မင်းသက်စံ

Ref: AFP