အရှုံးပြီးတော့ အရှုံး

zinmyotunNovember 11, 20101min04

အရှုံးပြီးတော့ အရှုံး

ရည်စားအပေါ် လိမ်ညာမှုကြောင့် ရည်းစား၏ အဆက်ဖြတ်မှုကို ခံရသူ စင်္ကာပူနိုင်ငံသားတစ်ဦးသည် ချစ်သူနှင့် ပြန်လည်ပြီး ပြေလည်မှုရရန် အောင်သွယ်တော် မြားနတ်မောင်များထံ အကူအညီတောင်းခံရာမှ ရင်းဂစ် (၉၀,၀၀၀) ခန့် အလိမ်ခံခဲ့ရကြောင်း စင်ချူးဒေးလီးသတင်းစာက ဖော်ပြခဲ့သည်။
ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်သူ ယူ (၃ရ နှစ်) သည် ၎င်းအားကူညီရန် အမေရိကန်နို်င်ငံမှ အောင်သွယ်တော် အေဂျင်စီတစ်ခုကိုပင် အင်တာနက်မှ ငှားရမ်းခဲ့ကြော်ငး၊ သို့သော်လည်း ရင်းဂစ် (၇၁,၀၀၀) ခန့် လိမ်လည်ခံရကြောင်း သိရသည်။
ကုန်ကျငွေများတွင် ကျန်ခဲ့သည့် သုံးလအတွင်း တယ်လီဖုန်းခေါ်ဆိုမှုများ၊ ဖယောင်းတိုင်သုံးတိုင်အတွက် ပေးရသည့်ငွေများ ပါဝင်ကြောင်း သိရသည်။ ယူအနေဖြင့် ယူအက်စ်ရဲဌာနကို ဆက်သွယ်တိုင်ကြားခဲ့သော်လည်း ငွေကြေးပြန်ရရန် အလွန်ခက်ခဲမည်ဟုသာ အကြောင်းပြန်ကြားခဲ့သည်။ ယူသည် ၎င်းနှင့် ရှစ်နှစ်ကြာတွဲလာခဲ့သော ချစ်သူအပေါ် လိမ်ညာမှုကြောင့် ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ “ပထမအကြိမ် ကျွန်တော် သစ္စာမဲ့စဉ်က သူခွင့်လွှတ်နားလည်ပေးခဲ့တယ်။ ဒါပေမယ့် သူ့အပေါ် နောက်ထပ်လိမ်ညာမိခဲ့သလို စကားများ ရန်ဖြစ်စဉ်က သူ့ကို တစ်ကြိမ်ရိုက်နှက်ခဲ့တယ်။ အဲဒီနောက် သူကျွန်တော့်ကို လမ်းခွဲသွားခဲ့တာပါ” ဟု ယူက ရင်ဖွင့်ခဲ့သည်။

Ref: The Star

4 comments

  • draungkyawkyawoo

    November 11, 2010 at 4:08 am

    လည်လွန်းတဲ့ …. ဖြစ်တယ်ဆိုတာမျိုးပေါ့ ။

    Reply

  • cherrywine

    November 11, 2010 at 6:31 am

    အလိမ်ခံရတာတောင် နည်းသေး။ကောင်းတယ် ဒါမှ မှတ်မှာ။

    Reply

  • saunghnin@gmail.com

    November 11, 2010 at 10:57 am

    အချစ်တွက်ရူးတွတ်မှု တစ်ခုပေါ့။

    Reply

  • kopauk mandalay

    November 11, 2010 at 2:49 pm

    အဲဒါ အချစ်မဟုတ်ဘူး။
    အရူးထတာ ၊အတာ ။
    အဲတော့ ကပိုက်ဆံတွေအလိမ်ခံရတာ နည်းတောင် နည်းသေးတယ်။

    Reply

Leave a Reply

Your email address will not be published.