ဘာသာစကား Vs နိုင်ငံအရေး

မနေ့က YUFL (ပြင်သစ်) ကျောင်းသားဟောင်းများ ဆရာကန်တော့ပွဲကို သွားခဲ့တယ်။ အဲဒီမှာ ပါမောက္ခချုပ်ဆရာကြီးက မိန့်ခွန်းပြောတယ်.. အဲဒီထဲမှာ ပညာရေးပြုပြင်ပြောင်းလဲမှုအကြောင်းတွေပြောသွားတယ်။

ပညာရေးဥပဒေအသစ်အရ တက္ကသိုလ်ကောင်စီကသာလျှင် အဓိကတာဝန်ရှိသူဖြစ်တယ်။ တက္ကသိုလ်ကောင်စီမှာ internal အနေနဲ့ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ၊ ဌာနမှူးတွေ၊ နောက် ကျောင်းသားများသမဂ္ဂ နဲ့ ဆရာများသမဂ္ဂ က ကိုယ်စားလှယ်တွေပါမယ်။ Extrenal အနေနဲ့ ကျောင်းသားဟောင်းများအသင်းက ကိုယ်စားလှယ် ၂ ယောက် နဲ့ တတ်သိပညာရှင်တွေ ပါမယ်။

တက္ကသိုလ်ကောင်စီက တက္ကသိုလ်ရဲ့ နှစ် (၂၀)၊ (၅) နှစ်၊ (၁) နှစ် ရည်မှန်းချက်တွေကို ရေးဆွဲအကောင်အထည်ဖော်ရမယ်။ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခု ဖြစ်လာဖို့က အနည်းဆုံး နှစ် (၂၀) အချိန်ယူရမယ်ဆိုတာလည်း ထည့်ပြောသွားသေးတယ်။

အဓိက ပြောချင်တာက အခုမှ ရောက်လာတာ။ နိုင်ငံခြားဘာသာတက္ကသိုလ်အနေနဲ့လည်း ပညာရေးဥပဒေအသစ်အောက်မှာ Post graduate အတန်းတွေ ထပ်ဖွင့်ဖို့ရှိတယ်တဲ့။ အခုလက်ရှိဖွင့်နေတာက BA., MA., နဲ့ Diploma တန်းတွေ။ ထပ်ဖွင့်မယ့်အတန်းက စိတ်ဝင်စားဖို့ကောင်းတယ်။ Bachelor in Chinese Language အပြင် Post graduate degree in China Studies၊ Master in Chinese Language အပြင် Post master degree in China Studies တန်းတွေ ထပ်ဖွင့်မယ်တဲ့။

ဘာသာစကားတင်မဟုတ်တော့ဘဲ နိုင်ငံ့အရေးကို လေ့လာရမှာ။ လက်ရှိအခြေအနေတွေအရ တရုတ် ကို အရင်ဆုံးစသင်မှာ ဖြစ်ပါတယ်တဲ့။ တရုတ်တွေက မြန်မာတွေအကြောင်း၊ မြန်မာနိုင်ငံအကြောင်း အတွင်းကျကျသိသလောက် မြန်မာတွေက တရုတ်အကြောင်းကို ဘာမှမသိဘူး။ သိတဲ့သူရှိပေမယ့်လည်း အင်မတန်နည်းပါတယ်။ သင်ရိုးတွေအနေနဲ့ ပထဝီ၊ သမိုင်း၊ လူမျိုး၊ ပွဲတော် စတာတွေအပြင် တရုတ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်တွေကိုပါ လေ့လာရမှာ ဖြစ်တယ်တဲ့။

အခု နိုင်ငံခြားဘာသာတက္ကသိုလ်အနေနဲ့ ပညာရေးဥပဒေသစ်ကို အကောင်အထည်ဖော်မယ်ဆိုရင် ပါဝင်ဖို့ အတော်လေး လေ့ကျင့်ပြီးသားဖြစ်ပြီလို့လည်း ဆိုပါတယ်။ ကျောင်းသားများသမဂ္ဂကို ဖွဲ့ပြီးပြီ။ ဆရာများသမဂ္ဂကိုလည်း မကြာခင်ဖွဲ့စည်းနိုင်ပါမယ်တဲ့။ ပြီးရင် ကျောင်းသားဟောင်းများ အသင်းကိုလည်း ကိုလည်း ၂၀၁၈ ဇန်နဝါရီလောက်မှာ ဖွဲ့စည်းနိုင်ဖို့ မျှော်မှန်းထားပါတယ်တဲ့။ ပြီးရင်တော့ ကျောင်းသားဟောင်း ကျောင်းသားသစ် ချိတ်ဆက်နိုင်ဖို့အတွက် ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလလောက်မှာ ကျင်းပသွားဖို့ရှိပါတယ်။

ဆရာကြီးစကားပြောတာ အတော်ကြာပေမယ့် ကိုယ်ကတော့ နားထောင်ရတာ စိတ်ဝင်စားလွန်းလို့ အချိန်တွေ ကုန်သွားမှန်းတောင် မသိဘူး။ အတော်လေးလည်း အားရကျေနပ်မိတယ်။ ဒီခရီးမဝေးတော့ဘူးလို့လည်း ယုံကြည်နေမိပါတယ်ရှင်။

17 comments

  • ဦးကျောက်ခဲ

    July 3, 2017 at 3:21 pm

    UFL မှာ မြန်မာစာလာသင်တဲ့ နိုင်ငံခြားသားထဲမှာ စိနတိုင်းသားတွေ အများဆုံး…
    စာသင်ဖို့ထက် နေထိုင်ခွင့် (Stay Permit) ရအောင် ကျောင်းတက်ပြတာဆိုပဲ…
    သင်းတို့တွေက မြန်မာလိုတတ်ပြီးသား … အပြင်မှာ စီးပွါးရေးလုပ်နေကြတာ …
    အဖြူတွေကတော့ တကယ်တတ်ချင်လို့ ကျောင်းတက်တာ …
    Geo-politic ကို လေ့လာပြီး မြန်တျန့်အရေး ကျွမ်းကျင်သူတွေ လုပ်ကြမှာလေ…

    Reply

    • ဟုတ်တယ်.. တစ်နိုင်ငံလုံးအနှံ့ သူတို့မရောက်ဖူးတဲ့နေရာ မရှိဘူး.. မြန်မာနိုင်ငံမှာ အဲဒီလို တရုတ်အရေးကျွမ်းကျင်သူ.. စင်ကာပူအရေးကျွမ်းကျင်သူ တွေ ရှိလားဟင်..

      Reply

      • kai

        July 3, 2017 at 4:09 pm

        မကြာသေးကမှ.. နိုင်ငံတော်လုံခြုံရေးအကြံပေးဆိုလား.. ဝန်ကြီးအဆင့်ခန့်တာမို့.. အဲလိုစပယ်ရှယ်လစ်တွေ.. အစိုးရမှာ
        ရှိပုံမရ..။ တပ်မှာတေ့ာ ရှိမယ်..။

        အစိုးရမှာ.. မရှိသေးလည်း.. ဒီလိုခေတ်မှာ ရှိသင့်တယ်လို့ထင်တယ်..။
        အမေရိကအရေးကျွမ်းကျင်သူလိုရင်တော့.. အလုပ်လျှောက်ချင်သား..။ :k:

        Reply

      • ဦးကျောက်ခဲ

        July 3, 2017 at 4:27 pm

        ရှိပါတယ် … ရှိပါတယ်…
        မြန်တျန့်… ထိုင်းအရေး ကျွမ်းကျင်သူ (ပက်ပုန်း)
        မြန်တျန့်… စလုံးအရေး ကျွမ်းကျင်သူ (ဂေလန်း) :k:

        အမှန်တော့ ရွာကနေ ထိုင်သင်လို့မရ ၊ အဲသည့်နိုင်ငံတွေကို Study Tour လွှတ်ပြီး ပညာရေး ၊ စီးပွါးရေး ၊ လူမှုရေး ၊ ဥပဒေ ၊ စစ်ရေး … အစရှိတာတွေကို ထဲထဲဝင်ဝင် လေ့လာခိုင်းထားရမှာ ။ အဲဒါမှ အကြောင်းရှိလာရင် တပမ်းသာမှာလေ ။ အနည်းဆုံး… အဲသည့် နိုင်ငံတွေနဲ့ စီးပွါးရေးအဆက်အသွယ်လုပ်ပြီဆို အဲသည့်နိုင်ငံအကြောင်း ကျွမ်းကျင်သူတွေ လိုမှလို ။

        Reply

        • kai

          July 4, 2017 at 9:39 am

          ကြည့်.. နေရာဦးမယ်မကြံရသေးဘူး.. လာလုနေပြန်ပြီ..။
          ထိုင်းအရေး ကျွမ်းကျင်သူ (ပက်ပုန်း) လဲ.. ကျုပ်ပဲ..။
          စလုံးအရေး ကျွမ်းကျင်သူ (ဂေလန်း)… ကျုပ်ပဲ..။
          လာမထိနဲ့.. လာမထိနဲ့..။ :k:

        • ဇီဇီ

          July 6, 2017 at 3:55 pm

          ဟားးးး
          ရွက်ပုံးသီး
          ကျွမ်းကျင်ပညာရှင်ဒွေ ပေါ်လာဖီ။

          :k:

  • သင့်အေးရိပ်

    July 3, 2017 at 4:05 pm

    တရုတ်စာ သင်ချင်နေတာ။
    အခု ကိုရီးယားစာနဲ့ အင်္ဂလိပ်စာကြားမှာ လုံးလည်ချာလည် လည်ထွက်နေတာ။ ငါ့နှယ်
    အချိန်က မရ ရတဲ့အထဲ သင်ချင်နေပြန်ပြီ။
    :k:

    Reply

    • အေးဆို.. ငါလည်း အရှေ့တိုင်းထဲက တစ်ခုခု သင်ချင်နေတာ.. တရုတ်နဲ့ အင်ဒိယ သင်မယ်.. တရုတ်က လေ့လာဖို့. အင်ဒိယက ဇာတ်လမ်းကျိဖို့ အာဟိ.. :mrgreen:

      Reply

  • ကျော်လွင်ဖြိုး

    July 3, 2017 at 4:35 pm

    နိုင်ငံအရေး (နိုင်ငံတကာ ဗဟုသုတ) မှာ ဘာသာစကား က အတော် အရေးကြီးမယ် ထင်တယ်။
    လောလောဆယ် ကိုယ့်လူတွေ ဂျင်းထည့်ခံလိုက်ရ နှိမ်ခံလိုက်ရ နွှာခံလိုက်ရရင် အဲ့ဒီ ဘာသာစကား မကျွမ်းတာ တွေ ကြောင့် က ၈၀% လောက် ရှိမယ်။

    Reply

    • ဟုတ်တယ်.. အရင်က နိုင်ငံခြားသားတွေ မြန်မာစာသင်ကြတာ အံ့ဩနေတာ.. ခုမှ သဘောပေါက်တယ်.. ကိုယ်တွေကို ဂျင်းထည့်ဖို့ ကိုယ့်ဘာသာစကားကို တတ်အောင်သင်ကြတာ..ကိုယ်တွေမှာသာ သူတို့စကားလည်း နားမလည်. သူ့တို့အကျင့်တွေလည်းမသိတော့ ခံရရော..

      ဒီရက်ပိုင်း စိတ်ထဲပေါ်နေတာလေး.. table manner လေးတွေကို တက္ကသိုလ်အဆင့်မှာဖြစ်ဖြစ် သင်စေချင်မိတယ်..
      ဘာလို့ဆို.. မနေ့က fish knife မသုံးတတ်ဘဲ အခွက်ဒေရှဲခဲ့လို့ :mrgreen: :mrgreen:

      Reply

  • weiwei

    July 4, 2017 at 1:34 pm

    အခုတလော တရုတ်တွေ ရန်ုကုန်မှာ ဆိုင်တွေလာဖွင့်နေကြတာ တွေ့မိတယ် .. စားသောက်ဆိုင်သေးသေးကစလို့ ဆိုင်ကြီးကြီးအထိ သူတို့နေရာယူနေကြတယ်။ သူတို့ အဲလိုတွေလုပ်နေတာမြင်ရင် ကိုယ်တွေအသုံးမကျတာ သိပ်သိသာတယ်လို့ ခံစားရတယ်။

    Reply

    • အမျိုးသားအကျိုးစီးပွားကာကွယ်တယ် ဆိုတာ ဘယ်နေရာတွေ ကာကွယ်နေတာလဲ မသိတော့ပါဘူး… 😥

      Reply

  • padonmar

    July 4, 2017 at 8:13 pm

    တရုတ်အရေး ကျွမ်းကျင်သူတွေ ရှိသင့်တာပေါ့။တရုတ်နိုင်ငံရေးလည်း လေ့လာသင့်တာပဲ။ တရုတ်စစ်ရေးဗျူဟာတွေ အကြောင်းဆို စာအုပ်ရော ရုပ်ရှင်တွေရော စိတ်ဝင်စားစရာပါ။
    ပညာရေးဆိုင်ရာ တာဝန်ရှိသူတွေ မျက်စိဖွင့်ကြည့်လာတာလည်း အားရစရာပါ။

    Reply

    • ဟုတ်ကဲ့ တီဒုံ.. ကိုယ့်ကျောင်းမို့ ပြောတာ မဟုတ်.. UFL ရဲ့ ပညာရေးစနစ်တွေကိုတော့ တကယ်သဘောကျမိပါကြောင်း :mrgreen:

      Reply

  • ဇီဇီ

    July 6, 2017 at 3:57 pm

    မမဂျီး ဦးနှောက်မှာ အတော် ညံ့တဲ့ အပိုင်းက ဘာသာစကား လေ့လာမှုပဲ။ တခြားသူတွေကိုပဲ အားပေးဗျဇီ။
    ဟိ။
    ကိုယ်ကတော့ တခြားဘာသာစကားပြောတဲ့ မျက်နှာချောချောလေးတွေပဲ လေ့လာဗျဇီ

    :k:

    Reply

Leave a Reply

Your email address will not be published.