အယ်ဒီတာ့သင်ပုန်း – ဇန်နဝါရီ ၂၀၁၇

kaiDecember 28, 20161min06

၂၀၁ရမှလည်ပြန်နှစ်ဦးစာတို့ဖြစ်ပါ၏။ ဖတ်သူရှိ၍သိစေသော်..။
အဆိုတော်ကြီး David Bowie သေခြင်းဖြင့် စလိုက်သော ၂၀၁၆သည် ကမ္ဘာ့အကောင်းဆုံးအနုပညာသည်များစွာကို ခြွေချသွားခဲ့သည်။ ခရစ်စမတ်တွင် George Michael နှင့် ဒီဇင်ဘာ၂ရတွင်ပင် Carrie Fisher ကိုထပ်မံခေါ်ပေရာ ကြယ်တွေကြွေတဲ့နှစ် ဟုဆိုရပေမည်။

ခြောက်ပူးဃကြီး

မြန်မာပြည်တွင် ၆၆(ဃ) ဆိုသော ဆက်သွယ်ရေးဥပဒေပုဒ်မကားလက်စွမ်းပြလှချေသည်။ အဆိုပါပုဒ်မ ပြဌာန်း အရ ဆက်သွယ်ရေးကွန်ယက် တစ်ခုခုကိုအသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း ၊ အနိုင်အထက်ပြုကျင့်ခြင်း ၊ မတရားတားဆီးကန့်ကွက်ခြင်း အသရေဖျက်ခြင်း ၊ နှောက်ယှက်ခြင်း ၊ ခြိမ်းခြောက်ခြင်း ပြုလုပ်ကြောင်းပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံစေ ရမည် ဟုဆိုသည်။ထိုပုဒ်မကြောင့် ဒီမိုသမား တော်တော်များများထောင်ထဲရောက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရအားဏာရပြီးနောက်လည်း မဖျက်နိုင်အား၊ ထိုပုဒ်မနှင့်ပင် ဆွဲစေ့ရေး လုပ်ကြ(ရ)ပြန်၏။
အင်တာနက်တခွင်ပြန့်နေသော လူထုအသံများ တချက်လောက်နားထောင်ကြည့်လျှင်ပင် အဆိုပါဥပဒေ၊ပုဒ်မတို့မလိုအပ်သည်မှာ သေချာသည်။ အများပြည်သူတဘောမတူတဲ့ ဥပဒေဟူသမျှ လူထုရွေးကောက်အစိုးရက ဖြုတ်ပယ်ပစ်ရမည်မဟုတ်တုံလော။

British exit = Brexit

ဗြိတိသျှတို့ ဥရောပသမဂ္ဂမှထွက်ခွာ၏။ ကောင်းသောခွာခြင်းလော၊ မကောင်းသောခွာခြင်းလော မည်သူမျှမသိနိုင်အား၊ ဇွန်လ ၂၃ တွင်တနိုင်ငံလုံးမဲပေးဆုံးဖြတ်ကြရာဝယ်ထင်သလိုမဖြစ် မထင်သလိုဖြစ်၍ ဝန်ကြီးချုပ်David Cameron ကတိအတိုင်း နှုတ်ထွက်လိုက်ရပေသည်။ ပေါင်ငွေနှင့် ဥရောပငွေ ယူရိုဈေးလည်း ပြုတ်ကျပြီးရင်းကျရာ ယူရိုသည် ဒေါ်လာငွေနှင့်ပင် တန်းတူနီးပါးဖြစ်လာသည်။
ဥရောပသမဂ္ဂ၏ကင်တင်ရှင်တို့ဖြစ်သော ပြင်သစ်နှင့်ဂျာမဏီပြည်လည်း အခြေအနေ မကောင်း၊ အမေရိကားမှ အိုဘားမား၏နိုင်ငံခြားရေးပေါ်လစီအရ သွားဖွထားခဲ့သော အာရပ်တွန်းကန်ထကြွမူ၏ အကြမ်းဆုံးအကျိုးဆက်ဖြစ်သည့်ဆီးရီးယားသူပုန်ထမှု၏ နောက်တွဲ (Refugee)ပြောင်းခိုသူများ၏ လှိမ့်ဝင်မှုဒဏ် ဥရောပတခုလုံးခံနေရပေ၏။ ဂျာမန်များ၏ပင်စင်အသက်တမ်းကာလများတွင် ကူညီထောက်ပံ့အလုပ်အကျွေးပြုရသူများဖြစ်လာရမည့် ပြောင်းခိုသူများအားလက်ခံ၍( နိုင်ငံသား(လက်မှတ်)နှင့် လုပ်အား/ငွေကြေးဝင်ငွေ လဲလှယ်သည့် )လူဝင်မှုကြီးကြပ်ရေးကစားသည့် မူလဗျူဟာပင်ပျက်လုလုဖြစ်ရချေသည်။ ( ဂျာမဏီသည် ကလေးမွေးဖွားနှုန်း အမျိုးသမီးတယောက် ၁.၄၄နှုန်းနှင့် လူဦးရေကျဆင်း
နေပေရာ သက်ကြီးရွယ်အိုဂျာမန်များကြောင့် နောင်အနှစ် ၂ဝ အတွင်းအလုပ်လုပ်နိုင်သူနှင့် ပင်စင်နှင့်ကျန်းမာရေးအခွင့်များခံစားသူအချိုး ပျက်မည်ဖြစ်သည်။)
ဆီးရီးယားအပါအဝင် အရှေ့အလယ်ပိုင်း အစ္စလမ်မစ်နိုင်ငံများမှလာသောပြောင်းခိုသူ များ၏ အသက်အရွယ်တန်းသည် အကောင်းဆုံးအလုပ်လုပ်နိုင်သော အရွယ်တန်း များဖြစ်နေပေရာ ပစ်ရမှာလည်းအဆီတဝင်းဝင်းဖြစ်နေသည်တမုံ့။

မစ္စတာဒေါ်နွယ်ထွန်း

နှစ်ကုန်ခါနီး အကြားအများရဆုံးမှာ သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံထားရသော ဒေါ်နယ်ထရမ့်၏သတင်းများဖြစ်လေသည်။
သူကား နိုဝင်ဘာ၈ ရက်နေ့ရွေးကောက်ပွဲတွင် နိုင်သည်။ တကယ်တော့ သူနိုင်တော့မည်ကို Brexit နှင့် ဖိလစ်ပိုင်သမ္မတ၏ ပွဲကြမ်းခြင်းများက နိမိတ်ပြထားဟန်ရှိသည်။ ယခုလောက သည် ထင်၍တွက်ထားသည်များ ပြန်ပြောင်း၍ပြောင်းပြန်ဖြစ်သည်မဟုတ်ပါလော။
သို့နှင့် မြန်မာတို့က ဒေါ်နွယ်ထွန်းခေါ်သော ဒေါ်နယ်ထရမ့်သည် လူအများ စုမဲပေါ်ပြူလာမဲတွင် တနိုင်ငံလုံး၌မဲ၃သန်းနီးပါးမျှ ရှုံးလေသဖြင့် Electoral Collegeတွင်အပြတ်နိုင်ထားပေရာ Electors များက သူပုန်ထ၍ သမ္မတအဖြစ်ကို ရွေးပယ်မည့်ရက် ဒီဇင်ဘာ ၁၉ရက်ကို စောင့်ကြပြန်သည်။
ကြားထဲတွင် မဲတိမ်း၍ယိမ်းပြည်နယ်များ၌ မဲပြန်လည်ရေတွက်ခြင်းပြုကြပါရန် ဂရင်းပါတီမှ Jill Stein ဦးစီး၍ ငွေကြေးစုဆောင်းခြင်းပြု၏။ ဒေါ်လာငွေ ၁ဝသန်းမျှရပေရာ ဝတ်စ်ကိုဆင်၊ ပန်င်ဆန်ဗေးနီးယားနှင့် မီချီဂန်ပြည်နယ်တို့၌ မဲပြန်လည်ရေတွက်ခြင်းစတင်ပါသည်။ တရား ရေးမှတားဆီးသည်တချို့ရှိခဲ့ငြား အောင်မြင်စွာရေတွက်နိုင်ခဲ့၍ မဲရှုံးခြင်းသေချာခဲ့ပြန်သည်။
၁၉ရက်ရောက်လေသော် အဆိုပါအီလက်တာများစုဝေးမဲပေးရာ ဆိုင်ရာပြည်နယ် အသီးသီး၏မြို့တော်များသို့ ဒီမိုကရက်များပြေးကြ၊ ဆန္ဒတွေပြကြနှင့် ဖိအားပေးကြသည်။ ရလဒ်ကား ထူးမခြားနားသာတည်း။
တကယ်တော့ အီလက်တာဆိုသူများသည် ဆိုင်ရာပြည်နယ်အနိုင်ရပါတီ( လူထုမဲအများစု ရပါတီ) ၏ နိုင်ငံရေးသမား၊ လွှတ်တော်အမတ်များ၏ ဆွေမျိုး၊မိတ်ဆွေရင်းများဖြစ်ကြကုန်၏။
ပေါင်း ၅၃၈ယောက်ရှိကာ သာမန်နိုင်ငံသားများဖြစ်ကြ၍ သူတို့၏ဆန္ဒသည် ပါတီ၏ဆန္ဒ ဖြစ်ဖို့ရာ သေချာသလောက်ရှိနေသည်တမုံ့။
ယခုနှစ်ရွေးကောက်ပွဲသည် အမေရိကန်တို့ ဝဋ်လည်သည့်နှစ်ဆိုရမည်။ ရှေ့ ၁၉ရာစုနှစ် တခုလုံးတွင် အမေရိကန်တို့ဝင်မွှေသဖြင့် အထွေထွေရွေးကောက်ပွဲရလဒ်တို့ ပြောင်းပြန် ဇောက်ထိုးဖြစ်ကုန်သော နိုင်ငံများစွာရှိသည်။ ယခုတခါတွင်တော့ အမေရိကရွေး ကောက်ပွဲရလဒ်အား ရုရှန်းဟက်ကာတို့မှ ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု အမေရိကား၏
ထောက်လှမ်းရေးအဖွဲ့ ၁ရခုလုံးတညီတညွတ်တည်းဆိုထားပေသည်။ အမေရိကန်တို့တွင် Kim Dotcom, Julian Assange နှင့် Edward Snowden ဟူသော ရန်သူတော်ကြီးများရှိသည်။ ထိုသူတို့နှင့်ရုရှားစနက်ပါသည်/မပါသည်ကို bipartisan နိုင်ငံရေးမနွယ် ပါတီကြီး၂ခုတွဲပါ
ကော်မရှင်ပင်ဖွဲ့၍စစ်ဆေးနေပေရာ အကယ်၍(အကယ်၍) သေချာခဲ့လျှင်တောင် ဘာဘာ ဘာမှမတတ်နိုင်။ ထရမ့်သည်လည်း နောက်ဆုတ်ပေးရေးလုပ်မည်မဟုတ်။ အမေရိကန်တို့ “ခံလိုက်ရပေသည်”ဟုသာ သမိုင်းတွင်ကျန်ရစ်မည်တည်း။

မြန်မာ-အမေရိက ခန့်မှန်းခြင်းနိဒါန်း

သမ္မတသစ်ထရမ့်သည် မြန်မာ့အခြေအနေကို လုံးဝနီးပါးစိမ်းသူဖြစ်သည့်ကြား မြန်မာသည် (ထရမ့်နှင့်အဆင်မပြေသူ)ဘီလီယံနာ ဂျော့ဆိုးရော့စ်၏ စိတ်ကျရာတိုင်းပြည်ဖြစ်နေပေရာ ထရမ့်-မြန်မာဆက်ဆံရေးကား အခြေအနေကောင်းမည်ဟု ပြောရခက်လှသည်။
ထရမ့်ကိုယ်တိုင်မယ်စကြဝဌာအဖွဲ့အစည်းပိုင်ရှင်ဖြစ်စဉ်ကမူ မြန်မာပြည်သည်မယ် စကြဝဌာနှစ်၅ဝကျော်ကြာနားထားရာမှ ပြန်စ၍ ပြန်ဝင်ဖူးသည်။ သူသိလောက်သည်။
ထို့အပြင် ထရမ့်သည်မြောက်အမေရိကတိုက် လွတ်လပ်စွာကုန်သွယ်ခွင့် (NAFTA)၊ ပစိဖိတ်သမုဒ္ဒရာ ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု (Trans-Pacific Partnership) စာချုပ်တွေကို ပြန်ဖျက်သိမ်းမည် ဆိုထားသဖြင့် အာရှနှင့်ခွာမည့်အသံရိုးတိုးရိတ်တိတ်မြင်ရ၏။
ဘီလီယံနာစီးပွားရေးသမားကြီးသည် အသက် ၇ဝ ဘဝတလျှောက် စီးပွားရေးလောကကို ထုံးလိုချေရေလိုနှောက်ခဲ့ပေရာ မည်သည်က မည်သို့ဆိုသည်ကို သိသည့် ဝိဇ္ဇာဣဒ္ဓိပါဒ် ရထားသည်ကား သေချာသလောက်ရှိ၏။
သူသည် ရီပါ့ဗလစ်ကန်င်ပါတီ၏အကောင်းဆုံးသမ္မတလောင်း ၁၁ယောက်ကိုဖြတ် တက်ပြီး ဒီမိုကရက်ပါတီ၏အကောင်းဆုံးနှင့်အခိုင်ဆုံး ဟီလာရီကလင်တန်ကို ကျော်နိုင်သူ။ သူပိုင်ကုမ္ပဏီမှ ဒေဝါလီခံခြင်း ၄ခါလုပ်ကာ ဘီလီယံနာဖြစ်နေသူ။ ကမ္ဘာ့နိုင်ငံ ၂၅နိုင်ငံရှိ ကုမ္ပဏီ ၁၄၄ခုတွင်ပေါင်းစပ်စီးပွားရေးလုပ်ငန်းလုပ်နေသူဖြစ်နေသူဆိုသည်ကို မမေ့သင့်။
အထူးသဖြင့် ထရမ့်စိတ်အားခန့် မှန်းရခက်လှသဖြင့် သူလုပ်မှလူသိနိုင်မည်ဖြစ်ပေရာ သေချာခြင်းကား လှေကြုံလိုက်စီးခြင်းဖြစ်အံ့တည်း။မြန်မာအတွက်
ကမ္ဘာ့စူပါပါဝါဖြစ် လာနေသော ရှောင်လွဲမရသည့်အိမ်နီးချင်းချိုင်းနားကပ်ဝါဒသည်သာ၂၀၁ရအတွက် အသင့်ဆုံးဖြစ်မည်ထင်ပါသည်။ ကပ်လက်စနှင့် အိနိ္ဒယ၊ ဂျပန်ကိုပါ ထည့်သွင်း ထားကြည့် ပါလေ။ အမေရိကားကား မသေချာအား။

Myanmar National/Citizen

ဒေါ်လာဈေးလည်းတက်။ မြန်မာပြည်စီးပွားရေးလည်းဂယက်ထလျှက်ရှိပေသည်။၂၀၁ရတွင် ဘာဖြစ်မှန်းသေချာသိသူလည်းမရှိ၊ သိသာနေသည်မှာတော့ ဆိပ်ကမ်းမှပို့ကုန်မရှိသလောက်ဖြစ်နေခြင်းနှင့် ယခင်ခေတ်က ဆောက်လုပ်ရေးနှင့်ချမ်းသာအဆင်ပြေခဲ့သူများ အလုပ်နည်း ပါးကျဆင်းနေခြင်းတည်း။
တိုင်းပြည်လည်ပါတ်ငွေမည်မျှရှိနေသည်လည်း မသိ။ စာရင်းဇယားလည်း တိတိ ကျကျမရှိကြသော ပြည်တွင် e-Government ထလုပ်ကြမည်ဆိုထားပြန်ပေရာ မိမိနိုင်ငံမှ မထုတ်နိုင်သေးသော ကွန်ပျူတာဆာဗာတို့ပျက်လျှင် ဘာလုပ်ကြမည်နည်းသာမက၊ ဆိုင်ဘာ လုံခြုံရေးကျိုးပေါက်လျှင် အဘယ်သို့ဖြေမည်နည်းလည်း အဖြေရှိကြပုံမပေါ်။

တကယ်တော့ အဖြေတို့ရှိနေပါသည်။ လူဦးရေ ၅၃သန်းရှိမြန်မာပြည်တွင် မြန်မာလူမျိုး ၁ဝသန်းမျှသည် နိုင်ငံအပြင်ထွက်၍ အောင်မြင်စွာရပ်တည်နေထိုင် နေကြပေရာ ထိုအင်အားသည် တိုင်းပြည်ကောင်းတခုတည်ထောင်ရန် လုံလောက်ပါ၏။
ထိုမြန်မာလူမျိုးတို့တွင် ငွေရှိသည်။ အလုပ်လုပ်ကိုင်စွမ်းရည်ရှိသည်။ ကျန်းမာသည်။ ပညာရှိသည်။ စားဝတ်နေရေးမပူရ၊ ရုန်းကန်ထကြွနိုင်စွမ်းသည်။
အစွန်းမနင်း၍ကိုယ်ချင်းစာတတ်သည်။  ခေါင်းခေါက် ရွေးချယ်ယူပါလေ။

6 comments

  • Thint Aye Yeik

    December 28, 2016 at 4:57 pm

    ဒီသူကြီးးးး
    ဝလုံး()နဲ့ သုည() မသဲကွဲဘူး။
    အရောရော အထွေးထွေးနဲ့
    :k:

    ကီးဘုတ်မှာလေ… ယပက်လက်(ယ) ရှိတဲ့ ခလုပ်ကလေးကို
    Shift ကီးလေး ဖိပြီး နှိပ်၊ ဝလုံးလေး ထွက်လာတယ် သပ်လား။

    အပေါ် နံပါတ်စဉ်တွေထဲက ဇီးရိုးကို မြန်မာလက်ကွက်နဲ့ ဒီအတိုင်း နှိပ်လိုက်ရင်
    ဝလုံး တခြမ်းစပ်ကြီး(သုညကြီး) ထွက်လာတယ် သပ်လား။
    :k:

    Reply

  • ဝင့်ပြုံးမြင့်

    December 29, 2016 at 7:27 am

    ထရမ့် နိုင်သွားတော့ လူတွေက တတိယကမာ္ဘစစ်ဖြစ်ဖို့ သေချာသလောက်ပဲလို့ ပြောတာကကော သဂျီး။

    Reply

    • kai

      December 29, 2016 at 8:11 am

      သူ့မှာဒိဗ္ဓစက္ကုရှိပုံရတယ်..။ ဘယ်သူမှ သူ့ vision လိုက်မမှီ(သေး) 🙂
      ကမ္ဘာက ဘာဖြစ်မယ်တော့ မသိ..။ အမေရိကားကတော့ အပေါ်စီးတော်တော်ရောက်ချင်ရောက်သွားမယ် ထင်တာပဲ..။
      America First တဲ့..။
      Make America Great Again တဲ့..။

      Reply

  • ကထူးဆန်း

    December 29, 2016 at 5:48 pm

    ကုလသမဂ္ဂ လေပေါနေတဲ့ အဆောက် အဦးတ ဲ့ … ဒေါ်နွယ်ထွန်းကို ပထမဆုံးထောက် ခံ ခြင်း .. 🙂
    သူ့ အကြွေး တွေ မပေး ရအောင် စကြံပြီလား မသိ … 🙂

    Reply

  • ဂျစ်စူ

    January 5, 2017 at 11:05 am

    ခေါင်းခေါက်ရွေး တဲ့
    ပြောတော့ အတော်လွယ်တယ်
    အဲလောက် အပြောကောင်းနေတာ ပွဲဇားလုပ်စားလုပ်စားပါလား

    ပြောလိုက်ရ မကောင်းရှိမယ်
    အကုန် လေနဲ ့ ဆရာလုပ်နေကြတာ
    ကိုယ်တိုင်ကိုယ်ကျ ကိုယ်ကျိုးစွန် ့ကယ်တင်မဟဲ့ဆိုတာ အတော်ရှားတယ်
    သဂျီးတောင် ခဏလာချောင်းပြီး အခြေအနေမကောင်းလို ့ ပြန်လစ်သွားတာမဟုတ်လား
    စွတ်စွဲတာမဟုတ်ပါဘူး နားစွန်နားဖျားကြားတာပြောပြတာ

    Reply

Leave a Reply to ဂျစ်စူ Cancel Reply

Your email address will not be published.