” ၁၆ အလွန် ၁ရ “

”  ၁၆ အလွန် ၁ရ   “

မျျှော်လင့်ခြင်းတွေ

တစ်လှေကြီးနဲ့

ကြိုဆိုခဲ့တဲ့

တစ်ဆယ့်ခြောက်

မရေရာခြင်း

များစွာနဲ့လွန်မြောက်ပါတော့မယ်။

တ ဒီ ထဲဒီ ခဲ့ကြတဲ့

ကျနော်များကရော

လက်တွေ့မှာ

ညီခဲ့ကြပါသလား။

“ပြောင်းလဲချိန်တန်ပြီ”

ပီသအောင်

မြည်နိုင်ကြပေမယ့်

လက်တွေ့မှာ

ကြည်မြတဲ့ဂီတတေးသွား

တော့ဖြစ်မလာပေဘူး။

ကျောက်ဆောင်ကမ်းပါးကို

လက်သန်းအားတွေနဲ့

ဖြိုခဲ့ကြပေမယ့်

ရှေ့ဆက်ကြတဲ့ခရီးမှာ

ကိုယ့်အား ကိုယ်မကိုး

လက်ညှိုးတွေသာ

အပြန်အလှန်ထိုးနေတော့

ရှေ့မတိုးနောက်မဆုတ်

အရင်ဇာတ်ထုတ်ဟောင်းဘဲ

ကောင်း သယောင်

ပြန်ပြောင်း ကာ

တသူ ကလဲ

တ ပေ သပေါ့။

တီးလုံးက အသစ်

ဇာတ်ခုံကတော့ အဟောင်း

ဇာတ်ညွှန်းကိုတော့

နည်းနည်းလေးပြောင်း

ဒါပေမယ့်

ဇာတ်ရံတွေကအဟောင်းဆိုပြန်တော့

မင်းသားမင်းသမီး

ဘယ်လောက်ပြောင်းပြောင်း

ကြည့်ရတဲ့အရသာက

အရင်အဟောင်းလိုဆိုတော့

ပရိသတ်ခဗျာ

မချင့်မရဲဖြစ်ရုံလွဲလို့

ဘာမှလဲ  မတတ်နိုင်ပါဘူးလေ။

မစောင့်တတ်တဲ့

ပြက္ခဒိန်ရက်များကတော့

သူ့လမ်းသွားရင်း

တဖြုတ်ဖြုတ်ချွေ

၃၆၅ ပြည့်ချိန်

အသစ်တဖန်ပြောင်းလေတော့

ကဲ

မျှော်လင့်ခြင်းအပြည့်တွေ

ရင်မှာပိုက်ရင်း

နှစ်အသစ်ကလေး

တစ်ဆယ့်ခွန်ကို

နွေးထွေးစွာ

ကြိုဆိုလိုက်ကြပါစို့။

ကိုပေါက်လက်ဆောင်အတွေးစဉ်

၂၉၁၂၁၆

One comment

  • Darli May Aye

    December 31, 2016 at 9:32 pm

    ၂၀၁၇-ခုနှစ်အတွက်
    စိတ်အညစ်တွေ
    ဆေးကြောပစ်လို့
    စိတ်အသစ်ဖြူဖွေး
    နွေးထွေးစွာနဲ ့ကြိုဆိုပါတယ်
    နှစ်ထောင့်ဆယ့်ခွန်။

    Reply

Leave a Reply

Your email address will not be published.