မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths

KyaemonMay 9, 20162min028

 


MYITCONST

 

အဖြစ်မှန်

တိုင်းရေးပြည်ရေးကိစ္စဆိုတာနက်နဲကျယ်ပြန့်လှ၏၊
အမှားနဲ့အမှန်ကို ခွဲခြားစိတ်ဖြာနိုင်မှသာလျှင် တော်ရုံကျ၏၊
အဆုံးအဖြတ်မှန်ကန်ရင် ရေရှည်အကျိုးဖြစ်ထွန်းနိုင်၏၊

အများပြည်သူရဲ့အကျိုးအတွက် ဆွေးနွေး စဉ်းစား၊
သုံးသပ် ဝေဖန်၊ ချင့်ချိန် ဆုံးဖြတ် ရတဲ့နေရာမျိုး မှာ
ခေါင်အေးအေးနဲ့ အဖြစ်မှန်တွေပေါ်မူတည်ရမှာပါ၊

သာဓက

ကြုံလို့ပြောရရင်၊

အနောက်နိုင်ငံမှာတရားဥပဒေစံနစ်က လွှမ်းမိုးတယ်
လွန်စွာကောင်းမွန်ကြံ့ခိုင်တယ်၊

အပြစ်ကျူးလွန်ကြောင်း ယုံမှားသံသယစိုးစိမျှမရှိရအောင်
သက်သေထူနိုင်မှသာလျှင် အပြစ်ပေးတယ်၊တဘက်နဲ့
တဘက် အပြန်အလှန် ထုချေခွင့်ပေးတယ်၊

၎င်းအတွက်လဲ လိုအပ်ရင် တရားခံကိုကာကွယ်ဘို့
ရှေ့နေငှါးပေးတယ်၊နိုင်ငံတော်ကယင်းရှေ့နေစရိတ်ကို
ကျခံပေးတယ်၊

သို့ပင်ငြားလဲ ဒီလိုစံနစ်ကောင်းမှာတင်,အပြစ်မဲ့သူတွေကို
သေဒဏ်တို့ တသက် တကျွန်းအပြစ်ဒဏ်တို့ပေးမိခဲ့တယ်၊

ဒါကြောင့်မို့

ကောဠဟဠ နားကြားတာတို့၊မလိုမုန်းထားနဲ့ဂုံးချော
တာတို့စိတ်လိုက်မာန်ပါပြောတာတို့မိစ္ဆာတွေကို
ဖယ်ရှားရမှ အဆုံးအဖြတ်မှန်ကန်ပြည့်စုံနိုင်မှာ
တဘက်သားကိုအသလွတ်စွပ်စွဲတာကိုအဟုတ်မှတ်ပြီး
စီရင်ချက်ချမိရင် မှန်ကန်မျှတမှာလဲမဟုတ်၊ကိုယ့်သိက္ခာ
လဲကျဆင်းနိုင်မှာ၊


ဒေါ်လာသန်းပေါင်း ၈၀ဝ မှ ၁၀၀ဝ ထိ လျော်
ကြေးကုန်ကျစရိတ်နဲ့ပတ်သက်ပြီး
သူမြားကိုအလျော်ပေးကာစီမံကိန်းကိုဖျက်ခိုင်းဘို့
တချိန်လုံးဆော်ဩတိုက်တွန်းနေကြတဲ့
လျှာချောင်အာချောင် အနောက်နိုင်ငံဩဇာခံ အဖွဲ့
အစည်းတွေဝိုင်းတော်သားတွေလဲရှိကြသေး၊

 

MYITCONST2

 

 

 

ပဌမ မေးခွန်း

မြစ်ဆုံက စစ်ကိုင်းမြေငလျင်ကျောပေါ်မှာတည်ရှိနေတယ်၊
ဒါမှမဟုတ်ရင် အနီးအနားမှာတည်ရှိနေတယ်၊လို့ပြောကြတယ်၊

ဥပမာ အောက်ပါ အနောက်မီဒီယာ ကဒီလို ပြောကြတယ်၊
ဒီလိုပြောတာကမှန်ကန်ပါသလား၊

ဒုတိယမေးခွန်း

မြစ်ဆုံနားမှာမြေငလျင်ကြီး ရံဖန်ရံခါဖြစ်စေ၊
အကြီးအကျယ်ဖြစ်စေ၊၊
ဖြစ်ခဲ့သလား သို့တည်းမဟုတ် ဖြစ်နိုင်မလား

တတိယမေးခွန်း

မြစ်ဆုံရေသိုလှောင်မှုကြောင့် မြေငလျင်ကျော

ရွေ့လျော်ကာ မြေငလျင်ဖြစ်လာနိုင်တယ်၊
၎င်းရဲ့ဂွင်းဆက်ကြောင့် ရေကာတာပေါက်ကွဲ
ပျက်စီးပြီး အောက်ခြေဘက်ကမြစ်ကြီးနားမြို့
တဝှိုက် အကြီးအကျယ် သေကြေပျက်စီးနိုင်တယ်၊

ဆိုတာ မှန်ကန်ပါသလား

 

 

စတုတ္ထ မေးချွန်း

မြစ်ဆုံရေကာတာရဲ့ ရေသိုလှောင်မှု
ကြောင့် ဧရာဝတီ မြစ်ရေခမ်းခြောက်
သွားနိင်မလား၊ သောင်တွေတင်လို့
ရေသွားလမ်းကြောင်းပိတ်ဆို့နိုင်မလား

ပဉ္စမ မေးခွန်း

ရေအားလျှပ်စစ်စွမ်းအားထုတ် ရေကာတာတွေက မြန်မာနိုင်ငံအတွက်
အကျိုးမပေး သူမြားနိုင်ငံကိုဘဲအကျိုးပေးတယ် ဆိုတာမှန်ကန်
ပါသလား

ဆဋ္ဌမ မေးခွန်း

ရေကာတာလုပ်ပြီးလျှပ်စစ်စွမ်းအားတင်ပို့ရောင်းချတာကြောင့်
နော်ဝေနိုင်ငံသားတဦးချင်းရဲ့ဝင်ငွေကအမေရိကန်တဦးချင်းရဲ့ဝင်ငွေ
ထက်သာသွားတယ်ဆိုတာရယ်၊

အလားတူ ရေကာတာလုပ်ပြီးရေအားလျှပ်စစ်ရောင်းစားလို့လဲ
လားအိုးပြည်သူတဦးချင်းရဲ့ဝင်ငွေကမြန်မာထက် နှစ်ဆခွဲ မက
သာလွန်နေပြီဆိုတာရယ်

မှန်ကန်ပါသလား


အများပြည်သူတွေကို၎င်း၊လွှတ်တော်တွင်၎င်း၊အဖြစ်မှန်၊ကိုချပြ
ဆွေးနွေးရှင်းလင်းရန် သို့မဟုတ်ကျွမ်းကျင်သူများအား ရှင်းလင်း
ခွင့်ပေးရန်လိုအပ်မယ်လို့ထင်ပါတယ်၊
အဖြစ်မှန်သိရလို့တိုင်းပြည်ဖွံ့ဖြိုးချမ်းသာမယ်အကျိုးရှိမယ်၊
ဓာတ်အားဖူလုံလို့စက်ရုံတွေထူဟောင်နိုင်ပြီးအလုပ်ရကြမယ်
ဆိုရင်
အများကလက်ခံလာကြမှာပါ၊

တချိန်တုံးက ဖက်ဒရယ် မူစံနစ် ဆိုကြားတာနဲ့ဖမ်းဆီးအကျဉ်းချ
တယ်၊ယခုတော့ရင်စစ်တပ်ကပင်ပြောလာကြတယ်မဟုတ်လား၊
ပင်လုံစိတ်ဓာတ်ကိုပြန်လယ်လာတယ်မဟုတ်လား၊

 

လာအိုး နော်ဝေး တို့လိုရေအားလျှပ်စစ်စွမ်းအားနဲ့ဖွံ့ဖြိုးအောင်လုပ်
ပေးနိုင်ရင် ကိုယ့်ကို

” ကြိမ်ကြိမ်ထပ်လောင်း”

ဆိုတာလို


အခါခါ ရွေးကောက်တင်မြောက်ခြင်း
ခံရမှာမြေကြီးလက်ခတ် မလွဲရပါ၊  

 

 

US Struggles to Keep Asia in Dark Age

03.11.2014 Author: Tony Cartalucci
http://journal-neo.org/2014/11/03/us-struggles-to-keep-asia-in-dark-age/

အာရှနိုင်ငံတွေကိုအမှောင်ချ ခေတ်နောက်ကျအောင်
အမေရိကန်ကမနဲကြိုးစား ခေါင်းစဉ်နဲ့

ပထဝီဝင် နိုင်ငံရေး စားကျက် လုပွဲကို ဘန်ကောက်မြို့နေ
Tony Cartalucci က မတ်လ ၂၀၁၄ နဲ့ ဖော်ထုတ်ပြီ၊

International Rivers, ဧရာဝတီ သတင်းစာ၊ လူမှုရေး အဖွဲ့ ဆန္ဒပြ သမား
ကြေးစား အတူအယောင် စသည်တို့ရဲ့အကြောင်းကို ၎င်းက
ဖော်ထုက်ထားတယ်၊

ဆောင်းပါးဘတ်လိုရင် ထိပ်စီး က browser စာကြောင်းအကွက်မှာတင်
လို့ရ၊
However, to oppose their construction entirely is a regressive, politically

motivated agenda


အဆိုးတွေရှိနိုင်သော်လဲဘဲ ရေကာတာ ဆောက်လုပ်တာကို
သက်သက်မဲ့ဆန့်ကျင်တာက (အရိုင်းခေတ်သို့)နောက်ပြန်ဆုတ်
ရအောင် ဖန်တာနဲ့(ပထဝီ) နိုင်ငံရေးအကွက်ဆင်(စားကျက်)လုတာ
လို့သူကယူဆ၊

 

ဆက်ရန်

 

 

28 comments

Leave a Reply

Your email address will not be published.