ပြည်ထောင်စုအဆင့်သတ်မှတ်ခြင်းကိစ္စ

YE YINT THUAugust 22, 20121min02

လက်ရှိအငြင်းပွားနေတဲ့ လွှတ်တော်နဲ ့ဖွဲ ့စည်းပုံအခြေခံဥပဒေခုံရုံး ကိစ္စမှာ ဘယ်ဖက်က မှန်တယ်လို ့ယတိပြတ် မဝေဖန်လိုပေမယ့် ပြည်ပရောက် ရှေ ့နေ ဦးအောင်ထူးနဲ ့DVB တို ့ရဲ ့အမေးအဖြေကဏ္ဍမှာ ပါတဲ့ အောက်ဖေါ်ပြပါ ကောက်နှုတ်ချက်ကလေးက တော်တော် လေးစိတ်ဝင်စားဖို ့ကောင်းတဲ့ အတွက် ရွာသား အပေါင်းကို ဗဟုသုတအဖြစ် မျှဝေပေးတာပါ။

မေး။ လက်ရှိဖြစ်နေတဲ့ ဖွဲ ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ ့ဆုံးဖြတ်ချက်တွေကို ပြည်သူ ့လွှတ်တော်ကလည်းမကျေနပ်ဘူးလို ့ပြောနေတယ်။ အဲဒါကိုရောဘယ်လိုသုံးသပ်လို ့ရလဲ။ ဥပဒေဆိုင်ရာပေါ့နော်။

ဖြေ။ “ နှစ်ပိုင်းရှိတယ်။ တပိုင်းကပြည်သူ ့လွှတ်တော်နဲ ့အမျိုးသားလွှတ်တော်တို ့က ကော်မတီနဲ ့ကော်မရှင်တွေကို ဘယ်လိုဖွဲ ့စည်းလဲဆိုတာနဲ ့ဆိုင်ပါတယ်။ ပြည်သူ ့လွှတ်တော်နဲ ့အမျိုးသားလွှတ်တော်တို ့ကဖွဲ ့စည်းပေးလိုက်တဲ့ ကော်မတီနဲ ့ကော်မရှင်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ ့သာဖွဲ ့စည်းမယ်ဆိုရင်တော့၂၀၀၈ ဖွဲ ့စည်းပုံ အခြေခံ ဥပဒေအရကိုပဲ ပြည်ထောင်စုအဆင့် သတ်မှတ်ရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များနဲ ့ဖွဲ ့စည်းထားပါလျှက်နဲ ့ပြည်ထောင်စုအဆင့်မသတ်မှတ်ပေးဘူးဆိုရင်တော့ ဖွဲ ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ချက်လွဲနေတယ်လို ့ပြောရမယ်။ ဒါပေမယ့် တချိန်တည်းမှာလွှတ်တော် ကိုယ်စား လှယ် မဟုတ်သူတွေနဲ ့ပါဖွဲ ့စည်းထားတဲ့ကော်မတီနဲ ့ကော်မရှင်တွေရှိနေတယ်။

ဥပမာ လွှတ်တော်ဥက္ကဋ္ဌ ကြီးသူရ ဦးရွှေမန်းရဲ ့သားတိုးနိုင်မန်းဆိုတဲ့ပုဂ္ဂိုလ်ကလည်းလွှတ်တော် ကိုယ်စား လှယ် မဟုတ်ဘဲနဲ ့လွှတ်တော်ကဖွဲ ့ပေးတဲ့ ကော်မရှင်တစ်ခုထဲ မှာပါနေတယ်။ အဲဒီလိုမျိုး လွှတ်တော်ကိုယ် စားလှယ် မဟုတ်ဘဲနဲ ့ပြည်သူ  ့လွှတ်တော်နဲ ့အမျိုးသားလွှတ်တော်တို ့က ဖွဲ ့စည်းပေးလိုက်တဲ့ ကော်မတီနဲ ့ကော်မရှင် ထဲမှာပါနေပြီးတော့ အဲဒီကော်မတီနဲ ့ကော်မရှင်တွေကိုပြည်ထောင်စုအဆင့်သတ်မှတ် စေချင်တယ်လို ့လွှတ်တော် တွေကတင်လာရင်တော့ ဒါဟာဖွဲ ့စည်းပုံအခြေခံ ဥပဒေနဲ ့ဆန် ့ကျင်သွားပြီ။အဲဒါအတွက်ဖွဲ ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးကဒီကော်မတီနဲ ့ကော်မရှင်တွေဟာပြည်ထောင်စုအဆင့် မဟုတ်ဘူးလို ့ဆုံးဖြတ်မယ်ဆိုရင်ဒီ ဆုံးဖြတ်ချက်ကို လက်ခံရမယ်လို ့ကျနော်နားလည်ပါတယ်။

ဦးအောင်ထူးနဲ ့DVB တို ့ရဲ ့အင်တာဗျုးအကြောင်းအသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ အောက်က link  မှာလေ့လာကြည့်နိုင်ပါတယ်။

http://www.myanmarnewshub.com/

2 comments

  • ကျေးဇူးပါ အကိုရေ။သားကိုနေရာပေး ဆွေစဉ်မျနုးဆက်ကောင်းစားရေးဖြစ်နေတာကို
    ဝေဖန်ထားတာကောင်းပါတယ်

    Reply

  • YE YINT HLAING

    August 22, 2012 at 12:08 pm

    “လွှတ်တော်ဥက္ကဋ္ဌ ကြီးသူရ ဦးရွှေမန်းရဲ ့သားတိုးနိုင်မန်းဆိုတဲ့ပုဂ္ဂိုလ်ကလည်းလွှတ်တော် ကိုယ်စား လှယ်မဟုတ်ဘဲနဲ ့လွှတ်တော်ကဖွဲ ့ပေးတဲ့ ကော်မရှင်တစ်ခုထဲ မှာပါနေတယ်”

    လုပ်ငန်းတွေ ဒီလောက်မှ များတာ စီးပွါးရေးပဲ ကောင်းကောင်းလုပ်ပါကွယ် !

    Reply

Leave a Reply to YE YINT HLAING Cancel Reply

Your email address will not be published.