လေးဦးဂိုဏ်း ဆိုသည်မှာ မော်စီတုံးခေတ်နှောင်းပိုင်းကာလ ဩဇာအာဏာကြီးမားသော တရုတ်ကူမြူနစ်ပါတီ ခေါင်းဆောင်လေးဦး အဖွဲ့ဖြစ်သည်။ ထိုဂိုဏ်းတွင် မော်၏ဇနီး ကျန်းကွင် Jiang Qing နှင့် သူ့ဖော်ကိုင်ဖက် ဝမ်ဟွမ်ဂွမ် Wang Hongwen ၊ ယိုဝမ်ယွမ် Yao Wenyuan ၊ ကျန်ချွန်ကွို Zhang Chunqaio တို့ပါဝင်ပြီး အားလုံးမှာ ရှန်ဟဲမြို့မှ အဓိက ပါတီ တာဝန်ရှိသူများ ဖြစ်သည်။ သူတို့မှာ ယဉ်ကျေးမှုတော်လှန်ရေး (၁၉၆၆ – ၇၆) ကာလတွင် နေရာရလာပြီး တရုတ်ပြည် ဒုတိယအကြီးဆုံးမြို့တွင် မော်၏ မူဝါဒများအား ဖိဖိစီးစီး အကောင်အထည် ဖေါ်ခဲ့သူများဖြစ်သည်။ ။။။။ ထိုဆယ်စုနှစ်ပိုင်း ကာလအတွင်း မော်၏ ကျန်းမာရေး ယိုယွင်းလာသည့်အခါ အစိုးရ အဓိက ဌာနများကို […]
