အတိတ်ဆိုးမှကင်းဝေးကြပါစေ

aye.kkOctober 21, 20171min07

အတိတ်ဆိုတာ

လူတိုင်းမှာရှိတယ်

ကောင်းတဲ့အတိတ်ရှိသလို

မကောင်းတဲ့အတိတ်လဲရှိတယ်။

ကောင်းတဲ့အတိတ်က

ကိုယ့်စိတ်က

ဆင်ခြင်တုံတရားရှိပြီးတွေးခေါ်တတ်တဲ့စိတ်ကြောင့်,

သိနားလည်တဲ့စိတ်ကြောင့်

ကောင်းတာတွေကိုပြုလုပ်ထားတဲ့အတွက်

ကောင်းတဲ့အတိတ်ဖြစ်စေပါတယ်။

ကောင်းတာတွေပြုလုပ်ထားမိခဲ့အတွက်လည်း

အချိန်ကာလ၊ဘယ်လောက်ပဲကြာကြာ

ကိုယ့်စိတ်ထဲမှာ

တိုက်ဆိုင်တဲ့အခါတိုင်းဖြစ်ဖြစ်၊ပြန်တွေးမိတဲ့အချိန်တိုင်းဖြစ်ဖြစ်

ကြည်နူးပီတိခံစားရစေပါတယ်။

အဲဒီအတွက်လည်းလက်ရှိပစ္စုပ္ပန်မှာ

ကောင်းတဲ့အကျိုးတရားတွေခံစားရပါတယ်။

မကောင်းတဲ့အတိတ်က

ကိုယ့်စိတ်က

ဆင်ခြင်တုံတရားမရှိ၊မတွေးခေါ်တတ်တဲ့စိတ်ကြောင့်

မသိနားမလည်တဲ့စိတ်ကြောင့်

မကောင်းတာတွေပြုလုပ်ထားမိတဲ့အတွက်

မကောင်းတဲ့အတိတ်ဖြစ်ပါတယ်။

ကိုယ်ပြုလုပ်ထားမိတဲ့အမှားတွေကိုဆိုချင်တာပါ။

ကိုယ့်စိတ်က

မခံချင်တဲ့စိတ်ကြောင့်ဖြစ်ဖြစ်

မသိနားမလည်တဲ့စိတ်ကြောင့်ဖြစ်ဖြစ်

မကောင်းတာကိုပြုလုပ်ထားမိခဲ့လျင်

ကိုယ့်စိတ်ထဲမှာ

ပြန်ပြီးစဉ်းစားမိတဲ့တိုင်း၊

ကိုယ့်စိတ်မှာခြောက်လှန် ့ခြင်းခံနေရသလို

အပြစ်ရှိနေသလိုဝမ်းနည်းတဲ့စိတ်တွေဖြစ်ပေါ်ခံစားရစေပါတယ်။

မိမိကိုယ်တိုင်ကပြုလုပ်ထားမိလို ့

ဖျောက်မရတဲ့အတိတ်ဆိုးဖြစ်နေခဲ့ပါလျင်

အမြဲကိုယ့်စိတ်မှာခြောက်လှန် ့ခြင်းခံနေရသလို၊

ခံစားနေရတတ်ပါတယ်။

 

မခံချင်တဲ့စိတ်ကြောင့်ဖြစ်စေ

မသိနားမလည်တဲ့စိတ်ကြောင့်ဖြစ်စေ

အမှားမပြုလုပ်မိခဲ့ဘူးဆိုပါလျင်

အတိတ်ဆိုးဆိုတာလည်း၊မဖြစ်လာနိုင်ပါဘူး။

အားလုံး-

ကိုယ်ပြုလုပ်မိမှားတဲ့အတိတ်ဆိုးမှ၊အစဉ်ကင်းဝေးနိုင်ကြပါစေ။

 

 

 

 

 

 

 

7 comments

  • Shar Thet Man

    October 21, 2017 at 9:40 am

    ဟိုတခါရေးတာကမကောင်းတဲ့အတိတ်မှကင်းဝေးနိုင်ကြပါစေနော်..

    Reply

  • ဇီဇီ

    October 25, 2017 at 1:52 pm

    တန်ဖိုးရှိတဲ့ စကားတွေအတွက် ကျေးဇူးပါ။

    🙂

    Reply

  • manawphyulay

    October 25, 2017 at 2:08 pm

    အိတ်နိမိတ်ကောင်းနဲ့ အမြဲနီးပါစေပေါ့နော်…

    Reply

  • Thint Aye Yeik

    October 25, 2017 at 9:03 pm

    အတိတ်ထဲက ဆိုးတာတွေ(အကုသိုလ်တွေ)ကို ပြန် တွေးပြီး နောင်တရတာဟာ
    ငါး အပုပ်အသိုးကို ပြန်စားတာနဲ့ တူတယ် ဆိုလား။

    ကျနော်တော့ အခု လက်ရှိကိုပဲ အတိတ်ဆိုးအဖြစ် ချန်ရစ်ခဲ့မိတာမျိုး မဖြစ်အောင် ဂရုစိုက်တော့တယ်။
    ဒါတောင် ကိုယ် သတိလက်လွတ် လုပ်မိတာတချို့က… နောင်တချိန် ပြန်တွေးရင် ကျေနပ်စရာ မကောင်း။

    အတိတ်ဆိုးထဲက သင်ခန်းစာ ယူစရာလေးတွေ ပြန်တွေးပြီး ယူနိုင်သလောက် ယူခဲ့ပြီမို့….
    အဲ့ဒီအတိတ်ဆိုးကို ငါးအပုပ်အသိုး ပြန်မစားချင်သလိုမျိုး လှည့်မကြည့်ချင်တော့ပြီ။
    😆

    Reply

  • aye.kk

    November 5, 2017 at 5:17 pm

    ရှားသက်မန်
    အန်တီ၂ခါရေးမိသွားတယ်။

    Reply

  • aye.kk

    November 5, 2017 at 5:20 pm

    ဇီဇီ
    စိတ်ကိုမနိုင်တော့
    အတိတ်ဆိုးကနေ ကင်းဝေးနိုင်ဖို ့တွက်
    ခဲယဉ်းလှတယ်။

    Reply

  • aye.kk

    November 5, 2017 at 5:22 pm

    မနောလေး
    စိတ်ကိုမှနိုင်ဖို ့
    ဆိုတာကမလွယ်ဘူး။

    Reply

Leave a Reply

Your email address will not be published.