kaiOctober 7, 20181min016
★Seattle, SF Bay Area တို့က အော်ပီကျယ်၊မင်းကိုနိုင်တို့ စာပေဟောပြောပွဲသတင်းတွေ ★Fresno က မြောက်ဦးဆရာတေ်ာနဲ့ မြောက်ဦးဓမ္မစင်တာဖွင့်ပွဲသတင်းများ ★Los Angeles က မြန်မာသွားဆရာဝန်အသင်းရဲ့ ၁ရကြိမ်မြောက် ညစာမိတ်ဆုံစားပွဲနဲ့ NetMyanmar ရဲ့ ၁၁ကြိမ်မြောက်ပြီဖြစ်တဲ့ မြန်မာရုပ်ရှင်ပွဲတော် မျက်နှာဖုံးသတင်းတွေ..။ ★Las Vegas မှာအခြေချနေတဲ့ “ဇာတ်သဘင်အနုပညာရှင်မိုးမင်း”နဲ့တွေ့ဆုံခြင်း၊ ★ဆရာမောင်စွမ်းရည်ရဲ့ “တသက်တာစာပေဆုရှင် “သူငယ်ချင်းမောင်သာနိုး” အမှတ်တရဆောင်းပါး ★လစဉ်ကျန်းမာရေးဆောင်းပါးဖြစ်တဲ့ မသန္တာအောင်(ဆေးပညာဘွဲ့) ရဲ့”အသည်းရောင် စီ ပိုးနှင့်အဆစ်အမြစ်ဆိုင်ရာရောဂါများ” ★တိမ်မည်းရဲ့ “Facebook ကို သုံးသင့်/မသင့်” နည်းပညာဆောင်းပါး ★ အောက်တိုဘာအလှပန်းအဖြစ် SF Bay Area က “Tracy Chin” တို့ဓာတ်ပုံများနှင့်အတူ လစဉ်ဖော်ပြနေကျ ဆရာမျိုးကျော်မြင့်ရဲ့အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး။ ကဗျာ၊ ကာတွန်း၊ ကမ္ဘာ၊ မြန်မာသတင်းဒိုင်ယာရီ၊ […]


“ထပ်ပြီး အသေးစိတ်လေး ပြောပါဦး။” ခရက်စ်က တောင်းဆိုလိုက်သည်။ ဝူး က ပြုံးပြီး – “မော က ရဲတိုက်ထဲမှာ နေတယ်။ မော ဆိုတာ ကျမ ပေးထားတဲ့ နာမည်ပါ။ ရှင့်ဟာရှင်လည်း ကြိုက်တဲ့ နာမည် ပေးချင်ပေးလို့ ရပါတယ်။ အဲဒါက မိခင်ကြီးလည်း ဟုတ်တယ်။ အစာအိမ်ဆိုလည်း ဟုတ်တယ်။ အမသတ္တဝါ ဆို ရမှာပေါ့။ ရှင့် လက်သီးဆုပ် လောက်တော့ ရှိလိမ့်မယ်။ သူက မလှုပ်ရှားနိုင်ဘူး။ တကယ်တော့ သဲဘုရင် ဆိုတဲ့ နာမည်က သူတို့နဲ့ သိပ်တော့လည်း မဆီလျော်လှပါဘူး။ လှုပ်ရှားနိုင်တဲ့ အကောင်လေးတွေကတော့ စစ်သားတွေဆိုလည်း ဟုတ်တယ်။ တောင်သူလယ်သမား၊ အလုပ်သမားတွေလို့ ပြောလည်း ဟုတ်တယ်။ တကယ် အုပ်ချုပ်တဲ့သူက ဘုရင်မ […]


ေမာင္ရိုးOctober 6, 20181min03
#မောင်ရိုးနှင့် ပရီမီယံဖားပြုတ်ဝီစကီ ~~ . . . အစစ အရာရာဈေးကောင်းနေသောခေတ်တွင် မောင်ရိုးတစ်ယောက်အလုပ်များစွာပြောင်းလဲလုပ်ကိုင်နေရသည် ။ တစ်ခုမကောင်း တစ်ခုပြောင်းရင်းဖြင့် သတင်းထူးသတင်းဦးများကိုနားစွင့်နေရသည်မှာလည်းလက်မလည် . . . ယခုလည်း ထူးထူးဆန်းဆန်းအလုပ်များမောင်ရိုးလုပ်နေပြန်လေပြီ . . . ” ဖားပြုတ် အရှင်လတ်လတ်များဈေးကောင်းပေးဝယ်သည် ” အထက်ပါကြော်ငြာအား သတင်းစာပေါင်းစုံ၊ ဂျာနယ်ပေါင်းစုံနှင့် အွန်လိုင်းတခွင်ပြဲပြဲစင်အောင်ထည့်သွင်းရုံမက လူကိုယ်တိုင်ပင် အရပ်တကာလှည့်၍ ဝယ်ယူနေပြန်သေးသည် ။ ညနေစောင်း မမှောင့် တမှောင်တွင် ဆင်ခြေပုံးရပ်ကွက်များအတွင်း ဖားပြုတ်အရှင်များလိုက်လံဝယ်ယူနေသော မောင်ရိုး၏ အဝယ်တော်များကိုတွေ့ကြရပေလိမ့်မည် ။ မဟုတ်မှလွဲရော . . . မောင်ရိုးတစ်ယောက်တော့ ထမင်းဆိုင်ဖွင့်နေပြီထင့် ! . . . မဖြစ်နိုင်ပါ . . . […]


ဇီဇီOctober 2, 20181min03
  DIY Home Spa အပိုင်း (၂) လို့ပဲ ဆိုကြပါစို့။ အပိုင်း (၁) က အိမ်မှာတင် ပင်လယ်ဆား အသုံးပြုပုံ ရေးပြီးပြီနော်။ ခုက အိမ်သုံး Scrub တွေအကြောင်းရေး မလို့။ (ကိုးကား – Bright Side) . . ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ DIY Scrub အမျိုးအစားတွေ အများကြီးရှိပေမဲ့လည်း အရမ်းလွယ်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာတင် ရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ လုပ်ရတဲ့ Scrub တွေကို ရှာရေးထားပါတယ်။ ရေးရင်း ဗိုက်တွေ ဆာလာတာပါဆို။ ခွိခွိခွိ 😛 😛 😛 Scrub ဆိုတော့ သာမာန်သန့်စင် ဆပ်ပြာ Foamတို့ Creamတို့လို နေ့စဉ်သုံးလို့ရတဲ့ အမျိုးအစားမဟုတ်တာမို့ […]


kaiSeptember 28, 20183min01
ယခုလမှာ complex sentence လေးတွေကို ရေးတတ်၊ ပြောတတ်လာအောင် လေ့လာကြပါစို့။ complex sentence လေးတွေကို လူတွေက simple sentence လေးတွေ compound sentence လေးတွေထက် ပိုပိုနှစ်သက်ပြီး သုံးလိုကြပါတယ်။ လူ့သဘာဝပေါ့နော်။ လူ့ဘဝကိုရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူလေးနေသွားလိုသူ နည်းပါးလှပါတယ်။ ဘုန်းကြီးအရေအတွက်နဲ့ လူအရေအတွက် ယှဉ်ကြည့်လိုက်ပါလား။ ဘဝကို ရှုပ်ရှုပ်ထွေးထွေးလေး ခက်ခက်ခဲခဲလေး ကျော်သွားနိုင်မှ လူဖြစ်ရကျိုး နပ်သလို ထင်တတ်သူတွေကများပါတယ်။ ဒီတော့ Complex sentence လေးတွေကို လူကြိုက်များတာ မဆန်းပါဘူး။ complex sentence လေးတွေကို transition words လေးတွေနဲ့သုံးစွဲရပါတယ်။ transition များစွာရှိတဲ့အနက် လူသုံးအများဆုံးတော့ because ဖြစ်ပါတယ်။ Because ပါတဲ့ adverb clause လေးဟာ […]


kaiSeptember 28, 20181min02
ဂိမာန်ကုန်၍ဟေမာန်ဦးဝင်ပါပြီ။ အမေရိကားတွင် အအေးပိုလာသော်ငြား နိုဝင်ဘာ(၆)ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နိုင်ငံရေးအပူလှိုင်းများတက်၍နေ၏။ Blue Wave အနိုင်နှင့်အတူ သမ္မတထရမ့်အား အယုံအကြည်မရှိအဆို တင်သွင်းဖြုတ်ချရန်အထိ ရည်မှန်းထားပုံရသော အပြာ-ဒီမိုကရက်နှင့် အနီ-ရီပါ့ဗလစ်ကန်င်တို့၏ပွဲကောင်း/ပွဲတောင်းလာသည်။ ရွေးကောက်ပွဲအတွက်ကြိုပြင်ဆင်မှုတို့တွင် ယခုနှစ်၌ ဒီမိုကရက်ပါတီကိုယ်စားပြုဝင်ပြိုင်သော အမျိုးသမီးအမတ်တို့မှာသမိုင်းစံချိန်တင်လိုက်ပါသည်။ ပထမဆုံးမွတ်ဆလင်အမျိုးသမီးအမတ်နှင့် ပထမဆုံးနေးတစ်အမေရိကန်အမျိုးသမီးအပါအဝင် ဗားမောင့်ပြည်နယ် ဂါဗနာအဖြစ် ပထမဆုံးအမျိုးသမီးဘဝလိင်ပြောင်းခွဲစိတ်ခံယူထားသူလည်းပါနေသည်။ Me Too Movement (#MeToo) လှုပ်ရှားမှုဖြင့် ယခုခေတ် အမေရိကနိုင်ငံရေး ဖိုဝါဒလွှမ်းမိုးသောအခန်းကဏ္ဍများတွင်လည်း တွန်းတိုက်နေရာယူလာခြင်းသဘောမြင်ရ၏။ “တိုင်းပြည်ဦးစီး အမျိုးသမီး” မြန်မာ့သန်းခေါင်စာရင်း(၂၀၁၄)အရ မြန်မာအမျိုးသမီးများသည် အမျိုးသားများထက်လူဦးရေပိုများ( ၁၀၀/၉၃ အချိုး)ယုံမက ကုန်ထုတ်လုပ်မှုလည်းပိုသည်။ တိုင်းပြည်၏လက်ငင်းအခြေအနေကို ကြည့်ပြောရသော် အမျိုးသားများမှာ ကုန်ထုတ်လုပ်မှုမရှိသော သာသနာရေးနှင့်တပ်မတော်သားအဖြစ်ခံယူခိုလှုံကြပေရာ ထိုထိုလူတန်းစားအား စား၊ဝတ်၊နေရေးလိုအပ်ချက်များဖြည့်စည်းရန် လည်း အမျိုးသမီးများက အလုပ်ပိုလုပ်ကြရသည်။ အမျိုးသမီးများမှာ မြန်မာလူနေမှုအသိုင်းအဝိုင်းဝယ် သူတို့ကိုယ်တိုင်မသိသော ဦးစီးအာဏာပါဝါရှိသည်ကို ကိုယ်တိုင်လည်း […]


အမေရိကန် စာရေးဆရာ George R. R. Martin (၁၉၄၈- ) သည် မြန်မာပြည် စာဖတ်ပရိသတ်နှင့် မစိမ်းပါ။ Game of Thrones ကို ကြည့်ဖူးသူတိုင်း သိကြပါလိမ့်မည်။ ထိုဇာတ်လမ်းတွဲမှာ သူ၏ Song of Ice and Fire ဝတ္ထုရှည်ကြီး ကို မှီငြမ်း၍ ရိုက်ကူးထားခြင်း ဖြစ်ကြောင်းလည်း သိကြပါလိမ့်မည်။ သူ၏ စာရေးခြင်း အသက်မွေးမှုကို အိမ်နီးချင်း ကလေးများအား မကောင်းဆိုးဝါး ဇာတ်လမ်းများ ရေးသား ရောင်းချခြင်းဖြင့် စတင်ခဲ့သည်ဟု ဆိုကြပါသည်။ နောက်ပိုင်းတွင်  Hugo နှင့် World Fantasy ဆုများ ရရှိ အောင်မြင်ခဲ့ပါသည်။ စာဖတ်သူများက သူ့အား အထူးတလည် ဆန်းကြယ်သော ဇာတ်လမ်းများနှင့်သာ […]


ko sixSeptember 22, 20181min09
===================== မျက်ရည်တွေ လွယ်ထားမနေပါနဲ့။ ကြယ်တွေ နေ့မွန်းတည့်မှာ ကြွေကျနေကြသလို ဘယ်သူမှ မမြင်နိုင်အောင် ငိုတော့။ အလင်းတွေကလည်း ညာတာပါပဲ စူးတောက်တောက် အလင်းတွေက မှောင်မိုက်နေတာနဲ့ မမြင်ရပုံခြင်း မခြားနား။ တိမ်တွေလာတယ် မိုးမပါဘူး။ အဲသလို အိုးအရွဲ့တွေက သံယောဇဉ်အတည့်တွေကိုလည်း မငဲ့တတ် ရည်ငံနေတုန်းခဏ လေထဲမှာ မွှေးရနံ့တွေချည်း ကခုန်နေကြတယ်လို့ ယုံမှတ်။ ဘယ်တော့မှ လျော့ကျမသွားတဲ့မြေကြီးမှာ ပုတ်အဲ့အဲ့အနံ့တွေလှိုင်မှ အချစ်လို့ ထင်မှတ်မိခဲ့တဲ့ ပိဿာလေးဟာ နံကြားထဲ ထွေးကနဲ ထိမှန်။ မင်းတစ်ယာက်တည်း ယူရေနီယံ အဆိပ်သင့်နေတယ် မထင်ပါနဲ့ ငါတို့အားလုံး ဝက်သက်ပေါက်ဖူးပြီးသား အလူးလူး အလိမ့်လိမ့် အသက်လု ကုထားကြရသူတွေချည်း။ ကိုစစ် #အားဆေးလေးပေးပါဦးဟုပြောထားသူအတွက်


Mon LaySeptember 21, 20181min04
ဒီချုပ်အစိုးရထံ မျှော်လင့်ချက်များစွာထားခဲ့ပြီး  အစိုးရ၏ အခက်အခဲများကို စာနာနားလည်သော်လည်း ငွေကြေးဖောင်းပွမှု ဒဏ်ကို ပြည်သူများ အလူးအလဲခံနေရခြင်းဖြစ်သည်။ ထို့ကြောင့်  ဒေါ်လာကို ဈေးကစားနေမှုများကို အစိုးရက ထိရောက်စွာ အရေးယူရန်လိုပြီး ကျပ်ငွေတန်ဖိုးပြန်မာလာစေရန် စနစ်တကျအစီအစဉ်ဆွဲ၍ အာရုံစူးစိုက်ဆောင်ရွက် ရမည့် အချိန်ဖြစ်ပါသည်။ #credit အမှန်ကိုဆောင်ရွက်ရတော့မည့်အချိန်ဖြစ်သည်။ မဟုတ်ရင် မြန်မာငွေကြေးတန်ဖိုး မဟားတရားကိုကျသွားမယ့်ကိန်းဆိုက်နေပြီ။ ဒေါ်နယ်ထရန့်ကတော့ သူ့ငွေကြေးတိုးတက်အောင် သူကဘက်စုံကြိုးစားမှာပဲ။ သူ့မှာ အမေရိကန်တိုးတက်အောင် ကြိုးစားပိုင် ခွင့်ရှိတယ်။ သူသမ္မတ..ဒါသူ့အလုပ်။ ကိုယ်တွေကလည်း ကိုယ့်ငွေမတက်ရင်အောင် ကျမသွားအောင်လုပ်နိုင်ရမည်။ ခုဆိုဒေါ်လာတက်ရုံမက ရွှေဈေးပါလိုက်တက်တယ်။ ၁ဝသိန်းကျော်သွားပြီ။ ၁ဝသိန်း ၃သောင်းတဲ့။ ကိုယ်က အမြဲလက်စွပ်တို့၊ လက်ကောက်တို့ဝတ်ထားတတ်တယ်။ ခုဆို အိမ်က အကုန်ချွတ်ထားနော်.. ခေတ်ကကောင်းတာမဟုတ်…လုတာထက် သတ် သွားမှ ဟုတ်ပေ့ဖြစ်မယ်ဆိုလို့ ခုဆို Fancy လေးတွေနဲ့ပဲ အလှဆင်ထားရတယ်။ […]


Mon LaySeptember 19, 20184min00
ဒီတစ်ခေါက်ကတော့ မွန်လေး မိုးတွေရွာနေတဲ့အခါ၊ နေပူနေတဲ့အခါ ဘာသောညာသော အကြောင်းကြောင်းကြောင့် ပစ္စည်း ဝယ်ဖို့ အပြင်မထွက်ချင်တဲ့အခါ အမြဲဝယ်နေကျ Online Shop ဆိုင်လေးအကြောင်းကို ပြန်ရှယ်ပေးချင်ပါတယ်။😊😊😊 #နာမည်📝 သူလေးကတော့ ပြင်သစ်နာမည်လေးလို့ပြောပါတယ်။ “Fashion La Princesse (www.facebook.com/fashionlaprincesse) တဲ့။ La Princesse Fashion လို့ပေးထားတာတဲ့ တကယ်လည်း ဆိုင်နာမည်ကို facebook မှာ register လုပ်တော့ Fashion La Princesse ဖြစ်သွားတာတဲ့။ အဲ့နာမည်ကပဲ အကျိုးပေးတာလားတော့ မသိ ခုဆို လုပ်လာတာ ၄နှစ်ကျော်လာပြီတဲ့။4⃣ ရောင်းတဲ့လူကတော့ ပိုင်ရှင်၂ ယောက်၊ တစ်ယောက်က နိုင်ငံခြားမှာ၊ တစ်ယောက်က ရန်ကုန်မှာတဲ့။ အရောင်းသမားတွေ ၁၂ယောက်ရှိပါပြီတဲ့။ 😲 #ရောင်းတဲ့ပစ္စည်းတွေ 🥌🧥🧢👝👛👜⌚️🎁🎒🛍🕶👒 ပစ္စည်းတွေကတော့ […]


ko sixSeptember 12, 20181min04
±±±±±±±±±±±±±±±±±±±±± သမိုင်းထဲမှာ ခဲချွန်စက်က မဲဆွယ်တာဖတ်ခဲ့ဖူးတယ်။ မျှော်လင့်ချက်တွေ ပီပီသသဖတ်ရဖို့ စိတ်ရောကိုယ်ပါ မဲသည်းနေအောင် အသက်ရှင်နေတာ။ ခဲတံကလည်း ညည်းတွားပြောတာ သိခဲ့ရတယ် အဖြူအမည်းသိဖို့ ရင်ကိုခွဲပြနေလည်း ခြေနဲ့ပွတ်ရင်တောင်ပျက်တဲ့ မျဉ်းဖြောင့်စာလုံးတွေပဲ ထွက်ကျလာမှာ။ ခုလောလောလတ်လတ် သမိုင်းကို ဖတ်လိုက်တော့ လက်ညှိုးက ပြောတယ် သေနတ်တစ်လက်အတွက် ငါက အူမ မတောင့်သေးဘူး။ လက်သန်းက ပြောတယ် ပြည်သူအတွက် မျက်နှာတစ်ပြင်လုံး အိုးမဲသုတ်ဖို့ အပြင်ဘက်မှာ ရပ်နေတာမှ မဟုတ်တာ။ ကဲ ပဲလှော်ကြားက မင်းတို့သုံးချောင်း သူခိုးမဟုတ်ကြောင်း ထောက်ခံရုံလောက်ပဲလားလို့ ဝိုင်းပြောကြတော့ မဟုတ်ပါဘူး။ ငါ့တို့က ခြံစည်းရိုးနားက ကပ်ကြည့်နေတာပါ။ အစိမ်းသင်းက ဂိုးသွင်းလည်း လက်ခုတ်တီးမှာပါ။ အနီသင်းက ဂိုးသွင်းရင်လည်း ထခုန်ကြမှာပါ။ ဒီနှစ်မှ တန်းတက်လာကြတဲ့ အပြာသင်းတွေ၊ အဝါသင်းတွေ ဂိုးသွင်းပြလည်း […]


2018/ဇွန်လထုတ်/ ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြပြီးတဲ့ ကျနော့် ဆောင်းပါးကို သံယောဇဉ်တွယ်နေတဲ့ ဂဇက်ရွာထဲမှာ မှတ်တမ်း ချန်ခဲ့ပါကြောင်း         ကဗျာစာအုပ်ပါးပါးအတွက် ဝေဖန်၊ခံစားမှုပါးပါး ဆရာကျော်စွာခေါင်နဲ့ ဆရာမဝင့်ပြုံးမြင့် ၂ယောက် တွဲဆက် ရေးသားပြီး Journalist Publishing စာအုပ်တိုက်ကနေ ၂၀၁၈၊ မတ်လမှာ တန်ဖိုး ၂၀၀ဝိ/ကျပ်နဲ့ ထုတ်ဝေလိုက်တဲ့ “အချစ် ကဗျာများ” ဆိုတဲ့ ကဗျာစာအုပ်ခပ်ပါးပါးကို ကျွန်တော် ခပ်ပါးပါး ဝေဖန် / ခံစား ကြည့်ပါမယ်။ စကားအတင်း စပ်ပြီး ပြောရရင် ကျွန်တော်တို့ဆီမှာ စာပေ လေ့လာ/ ဝေဖန်သူတချို့က စာအုပ်တစ်အုပ်/ စာပေ အနုပညာ လက်ရာ တစ်ခုကို ဝေဖန်ရာမှာဖြစ်စေ၊ ခံစား ညွှန်းဆိုရာမှာ ဖြစ်စေ ပုံမှန်အားဖြင့် “SUBJECTIVISM” လို့ […]


kotun winlattSeptember 8, 20181min05
မူရင်းစာအုပ်အမည်- The Road to WANTING မူရင်း စာရေးသူအမည်- WENDY LAW – YONE မြန်မာဘာသာပြန် စာအုပ်အမည် – ဝမ်တိန်အသွားလမ်း မြန်မာဘာသာပြန်သူ အမည် – ဝင့်ပြုံးမြင့် ထုတ်ဝေသည့် စာအုပ်တိုက် – ငါတို့ စာပေ ထုတ်ဝေသည့် ခုနှစ် – ၂၀၁ရ ဇန်နဝါရီ တန်ဘိုး – ၃၅၀ဝ ကျပ် စာမျက်နှာ – ၃၄၃ ၂၀၁ရ ခုနှစ်ရဲ့ နှစ်ဦးမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်လေးတစ်အုပ်ဟာ ကျွန်တော့်ဆီကို ဇန်နဝါရီလကုန်ပိုင်းမှာ ရောက်ရှိလာခဲ့ပါတယ်။ အပြင်မှာ လူချင်းမတွေ့ဘူးပေမဲ့ အစ်မရင်းတစ်ဦးလို ခင်မင်ရတဲ့ ဘာသာပြန် စာရေးဆရာမ အစ်မ ဝင့်ပြုံးမြင့်က ကျွန်တော့်လို့ အညတရ စာဖတ်သူတစ်ဦးဆီကို […]