Happy Birthday ပါ ကို… ယနေ့မွေးနေ့မှစ.. နောင်နှစ်ပေါင်းများစွာတိုင် ထာဝရပျော်ရွှင်ပါစေ…။ မိဘကျေးဇူး အထူးပြန်ဆပ်နိုင်ပါစေ…။ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ…။ ချစ်သူနဲ့ရွှေလက်တွဲ သက်ဆုံးတိုင် ခိုင်မြဲပါစေ…။


kaiFebruary 10, 20162min041
U.S. Embassy Rangoon added 5 new photos. Yesterday at 12:09am · အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့ နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တို့ကို ညီအစ်မမြို့တော်များ အဖြစ် သတ်မှတ်လိုက်သည့်အကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တရားဝင် စတေးတပ်စ် တင်၍ ကြေညာလိုက်ပြီဖြစ်ပါသည်။ ဖို့တ်ဝိန်းမြို့တော်၏ ညီအစ်မမြိုတော်သတ်မှတ်ရေး ကိုယ်စားလှယ်အဖွဲ့ နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုံးမြင့်၊ မွန်ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးတိုးတိုးအောင် တို့၏ ညီအစ်မမြို့တော်သတ်မှတ်ရေး သဘောတူညီချက်ကို ယခုသီတင်းပတ်အတွင်း၌ မော်လမြိုင်မြို့တွင် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း အပေါ် နှစ်ဖက်မြို့တော်နှစ်ခုစလုံးအား ဂုဏ်ပြုအပ်ပါသည်။ ဖို့တ်ဝိန်းမြို့တော်၏ ညီအစ်မမြို့တော်သတ်မှတ်ရေး ကိုယ်စားလှယ်အဖွဲ့သည် မော်လမြိုင်မြို့သို့ မသွားရောက်မီ သံအမတ်ကြီးမစ်ချဲလ် နှင့် ရန်ကုန်မြို့တွင်တွေ့ဆုံခဲ့ပါသည်။ မော်လမြိုင်မြို့တွင် အထက်တန်းကျောင်းတစ်ကျောင်း […]


black chawFebruary 9, 20166min022
ကျွန်တော် မကြာခဏ ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်က ဦးကုလား မဟာရာဇဝင်ကြီး ပါ။ သမိုင်းဇာတ်လမ်းတွေ ကို ဖတ်ရင်း စိတ်ကူးထဲကလည်း ရုပ်ရှင်ရိုက်နေမိပါတယ်။ အင်း…ဒီနေရာလေးကတော့ ရုပ်ရှင်ရိုက်လို့ သိတ်ကောင်းမှာပဲ ဆိုတာမျိုးပေါ့ဗျာ။ အင်းဝ ဘုရင် သတိုးမင်းဖျား ခေတ်က ရုပ်ရှင်ရိုက်လို့ ကောင်းမယ့် ဇာတ်မျိုးဗျ။ မင်းစဖြစ်ဖြစ်ချင်း ထောင်ထားခြားနားတဲ့ သူတွေကို လှည့်ပတ် နှိမ်နင်း ရတယ်လို့ ဆိုပါတယ်။ ခြားနားသူ တစ်ယောက် ဖြစ်တဲ့ ဘယကျော်သူ ကို ဖမ်းမိတော့ ဘယကျော်သူကို သူကိုယ်တိုင် သတ်ပြီး အလောင်းကြီး ရဲ့ ရင်ဘတ်ပေါ်မှာ စားတော်ပွဲတည်၍ စားတော်ခေါ်ပါသတဲ့။ အဲဒါကို မြင်တော့ မှူးမတ်ဗိုလ်ပါတွေ အလွန်ကြောက်ရွံ့ကုန်ကြသတဲ့။ ဒါက ဇာတ်ရဲ့ နိဒါဏ်းပေါ့။ ရုပ်ရှင်ရိုက်လို့ ကောင်းလိုက်မယ့်ဖြစ်ခြင်း။ ဆင်တွေ မြင်းတွေ […]


Mon LayFebruary 8, 20161min00
ဇလုံတောင်သည် ဗန်းမောက်မြို့ အနောက်မြောက်ဖက်တွင် ရှိသော ကျောက်တောင်တစ်လုံးဖြစ်သည်။ ကျောက်တောင်၏ တည်ရှိနေပုံ ဆန်းကြယ်မှုနှင့်တည်ထားသော ဘုရားတို့ကြောင့် ထင်းရှားသည်။ ဓာတ်ပုံကို မြင်ရုံနှင့် လာချင်လာအောင် ဆွဲဆောင်မှုရှိသော ညှို့ဓာတ်ရှိသည်ဟု ခေါ်နိုင်သည့် တောင်တစ်လုံးဖြစ်သည်။ မြန်မာနိုင်ငံ အထက်ပိုင်း၌ ထူးကဲ့သော ဂုဏ်တန်ခိုး တော်နှင့် ပြည့်စုံသော ဇလုံတောင် စေတီတော်ကြီးမှာ မွန်ပြည်နယ်မှဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီးနှင့် ပမာတူစွာအံ့ဖွယ် ထူးခြားသော ဉာဏ်တန်ခိုးတော် တို့နှင့် ပြည့်စုံသော သမိုင်းဝင်စေတီတော်ကြီး တစ်ဆူ ဖြစ်ပါသည်။ ပင်လယ်ရေ ပြင်ထက် အမြင့်ပေ (၃ဝ၉ဝ) အမြင့်ရှိသော သေလာ ပဗ္ဗက တောင်ထိပ်ပေါ်ဝယ် ထူးတင့်စွာ ဖူးမြော်ခွင့်ရသော ဇလုံတောင် စေတီတော်ကြီးမှာ သမိုင်းအခြေခံ တောင့်တင်းခဲ့သည်။ သမိုင်း အဖြစ်တော်စဉ် အရ မြတ်စွာဘုရားရှင် ဝါတော်(၂ဝ)အရ […]


KyaemonFebruary 8, 201613min04
ယခင်ကအဆက်ပါ။ သူများတင်လိုက်တဲ့ဓာတ်ပုံတွေကလက်ရွေးစင်တွေ ရှုစားခံစားနိုင်ရန်   ———- ——— ကမ်ဘာနှစ်သစ်ကူးပွဲတွေမှာ New York နယူးရောက်ပြီးနောက် Las Vegas လာဗီး ဃတ်စ် က ဒုတိယ အစည်ကားဆုံး   အမေရိကန်နိုင်ငံ Nevada နီဗာဒါပြည်နယ်Las Vegas လာဗီး ဃတ်စ် မြို့ကနှစ်သစ်ကူးရှုခင်း     Planet Hollywood အေဆာက်အအုံ ဖဲကစားရုံ ရှေ့က လမ်းရှုခင်း ———– ———- Bellagio ဖဲကစားရုံ ရှေ့ကရေပန်းအလှ ——— Bellagio အဆောက်အအုံ ဖဲကစားရုံ ရှေ့က လမ်းရှုခင်း ———- ——— Mirage အဆောက်အအုံ ဖဲကစားရုံ ရှေ့က ပင်လယ်ဓမြ Captain Hook နဲ့ တကွရှုခင်း   Fremont […]


တစ်ခါတုန်းက ပုံပြင်အသစ်တွေ မကြားဖူးတဲ့ မောင်ထူးဆိုတဲ့ ကောင်လေး တစ်ယောက် ရှိတယ်။ အုန်းမောင်း ခေါက်တော့ ထုံးစံအတိုင်း မောင်ထူးနိုးပြီ။ ချက်ချင်း ဆိုသလိုပဲ သူသတိရပြီး ဝမ်းနည်းလာတယ်။ အမှောင်ထုထဲ မျက်တောင်ကလေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကြည့်ရင်း ကြေကွဲမှုဟာ ဒီ အမိုက်မှောင်လို သူ့ကို လွှမ်းခြုံထားတယ်လို့ ထင်မိလာ တာပဲ။ ခဏနေတော့ နို့ဆီခွက်ဟောင်းပေါ်ကဖယောင်းတိုင်တိုကို ထွန်းပြီး မီးတောက် ကို ငေးပြန်တယ်။ မီးတောက်ကလေးထဲ မှာ ဘာတွေ မြင်ရပါ့။ အဝါရယ်၊ လိမ္မော်ရယ်၊ ပြာလဲ့လဲ့ရယ်၊ ပြီးတော့မီးစာနက်နက်။ တစ်ညလုံး သူငိုနေခဲ့တာ။ ခုတော့ ဝမ်းနည်း မှုက အစိုင်အခဲကြီးလို ရင်ထဲမှာ ကြပ်ဆို့ လေးလံနေတယ်။ မနေ့က သူ့ဂဏန်းပေါင်းစက်ကလေး ပျောက်သွားတယ်လေ။ ရိုးရိုး ဂဏန်းပေါင်းစက်တော့ မဟုတ်ဘူးပေါ့။ နည်းပညာကောလိပ် […]


နေ့စွဲများ အမှတ်သားဖြစ်စေဖို့ နေ့စွဲတွေကိုလှန်လျောကြည့်မိတယ် သင်္ကေတများစွာ အထုပ်ပိုးတွေပြင်လို့ ဟို ဝေးရာဆီသို့ ဥဒဟိုလျှောက်သွားနေကြတယ် လောင်နေတဲ့မီးစတွေလည်း မငြိမ်းသေးဘူး နောက်ထက်ရှို့မီးတွေလောင်နေပြီ ထွန်နေတဲ့လယ်တွေလည်း မပြီးသေးဘူး သိမ်းတဲ့သူတွေလည်းရောက်နေကြပြီ ဆောင်းမကုန်ခင် နွေရောက်လာတော့ အေးချမ်းရမလား ပူလောင်ရမလား သေချာတာတစ်ခုကတော့ အေးတာလည်းမဟုတ် ပူတာလည်းမဟုတ် အေးလိုက်ပူလိုက်ဖြစ်နေတာကိုက ငါတို့အတွက်………… သင်္ကေတနေ့စွဲတွေအဖြစ်ထင်ကျန်နေခဲ့တယ်။ ။ ဇွဲမာန်(အင်းဝ) 060202016