alinsettMarch 22, 20161min019
G = Grasp                           ——————– လွန်ခဲ့သောတစ်နှစ်က ကျွန်တော့်ဆီမှာ ကြိုးငါးပင်သာ ရှိခဲ့သည်။ ယခုနှစ်အရောက်မှာတော့ . . . နောက်ထပ် ကြိုးတစ်ပင် ပိုတိုးပြီး ကြိုးခြောက်ပင်တိတိ ရှိသွားပြီ။   ထိုကြိုးများသည် ကျွန်တော့်အား တစ်ရစ်ပြီးတစ်ရစ် တိုးကာ ရစ်ပတ်တုတ်နှောင်ထားသော ကြိုးများဖြစ်သော်လည်း ”မောင်သူရရေ မင်းကိုယ်တိုင်ကလည်း အဲ့ဒီကြိုုးတွေရဲ့ နွယ်ငင်ရစ်ယှက်မှုကို လိုလားနှစ်သက်နေတယ်မဟုတ်လား”ဟု အသင်မေးလျှင်. . .ကျွန်တော် မငြင်းဆိုချင်ပါ။   အဲ့ဒါ သိပ်တော့ မကောင်းပါ။ ”လောကမှာ ရှိရှိသမျှ ချစ်ခင်နှစ်သက် မက်မောစွဲလမ်းရာဟူသမျှသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် […]


ဇီဇီMarch 22, 20161min022
ပထမဆုံးပြေါချင်တာက ဒီ စာသားကို ရေးနေတဲ့အချိန်မှာ အရီး လတ် ကို လွမ်းတယ်။   The winner takes it all The loser’s standing small Beside the victory That’s her destiny   ခုတလော ဒီ စာသားလေးပဲခေါင်းထဲရောက်ရောက်လာတယ်။ အမေနိုင်ပြီးကတည်းက အွန်လိုင်းမှာ နိုင်ငံရေးအကြောင်းမပြေါတာ ခုချိန်ထိပဲ။ မွေးမေလေ့က မေးလို့တောင် ရှင်းပြမိသေးတယ်။ ရွေးကောက်ပွဲမတိုင်ခင်က ကိုယ်ဒေါင်းတောက်နေတယ်ဆိုတာကလေ ….. မနိုင်မှာကြောက်တယ်။ မဲမရမှာကြောက်တယ်၊ အညစ်ခံရမှာကြောက်တယ်။ ဒီကြားထဲ ခြံစည်းရိုးခွထိုင်တွေမြင်ရင် ဝုန်းချင်တယ်။ ယှဉ် ပြေါခံရရင် အမေ့ကိုယ်စား သိပ်နာကျည်းတယ်။ ရိသဲ့သဲ့ သူ့လူကိုယ့်ဘက်သား အာဘော်တွေကို စိတ်နာတယ်။ ဗြောင်ဘောမ၊ ပါးပါးဘောမ၊ မသိမသာ […]


Kabyar Phyu PhyuMarch 22, 20161min08
ကျွန်မ ၁ဝတန်းတုန်းကပေါ့.. မျှော်လင့်ချက်က ဘာလဲဆိုရင် သချင်္ာမှာ အမှတ် ၁၀ဝ အပြည့် ရချင်တာပါ…   စာမေးပွဲဖြေတော့ ပထမ ၂၅ မှတ်ဖိုး Multiple Choice ဖြေတယ် အိုကေတယ်.. ၃ မှတ်တန် ၅ပုဒ် ဖြေတော့ ၁ပုဒ်က လုံးဝမရဘူး…   အဲမှာ ငါ ၉ရ မှတ်ပဲရတော့မယ် ဆိုပြီး အာရုံထွေးပြား အရှုံးကို တည်တည်ငြိမ်ငြိမ် ရင်မဆိုင်မိတော့ ကျန်တဲ့ ၅ မှတ်တန်တွေပါမှားပြီး … ၈၂ မှတ်နဲ့ပဲ ဂုဏ်ထူးထွက်ခဲ့တယ်…   စာမေးပွဲခန်းထဲက ထွက်တာနဲ့ ငိုလည်းငိုရတယ်.. ဒီနှစ်ကိုဖြတ်ချပစ်မလားလို့တောင် တွေးခဲ့တယ်…   ကျွန်မ သင်ခန်းစာ ရသွားတာကတော့ … လူတစ်ယောက်ဟာ ဘဝမှာ အရှုံးကို […]


ko sixMarch 22, 20161min013
ခေတ်ထဲ ညှို့ချက်ပြင်းပြင်းနဲ့ ပေါက်ဖို့ ကိုယ်ကျင့်တရားကို အောက်ဈေးနဲ့ဖွင့်ချလိုက်ပြီဆို။ မချောကိုပြောလိုက် ရုပ်ကတော့ ၁၆ ပဲရည်အပြည့် စိတ်ဓာတ်က ပေမမီကိုက်မမီ ထိုးသိပ်ထားမှတော့ ပန်းဆိုးတန်းသီချင်းကို ငြီးတတ်တာ အဆန်းလား။ မချောကို ပြောလိုက် ဒုက္ခက ဆားနဲ့တိုးစားရုံနဲ့ အချဉ်ပြေတာမဟုတ်ကြောင်း။ မချောကို ပြောလိုက် စာရိတ္တဆိုတာ သုံးမိနစ်စောင့်ရုံနဲ့ စိုထိုင်းလာတာမဟုတ်ဘူး။ မချောကိုပြောလိုက် ကိုစစ်ဆိုတာ သံပုရာသီးသည်ရဲ့သားပါကွာဆိုပြီး ချဉ်ချင်လည်းချဉ်ပေါ့။ ဓာတ်လိုက်ပြီဆိုမှ ပလပ်ခေါင်းဖြုတ်လို့မရတော့ဘူးဆိုတာ မချောကို ပြောဖြစ်အောင် ပြောလိုက်နော့။ ကိုစစ်


naywoon niMarch 21, 20161min05
ဝမ်​း​လေဒီ Live Show ဇာတ်​ညွှန်​းခွဲပြီးသာ ရုပ်​ရှင်​တစ်​ကား​လောက်​ရိုက်ခွင်​့ရရင်​ သူမ ကို (၁၈) ကိုယ်​​လောက်​ခွဲပြီး ရိုက်​လိုက်​ချင်​ပါရဲ့ ။ သို့​ပေမဲ့ ​ရေးထားတဲ့ဇာတ်​ညွှန်​းအတိုင်​း သူမ သရုပ်​​ဆောင်​မပြမှာက​တော့​သေချာတယ်​ သူမ ရင်​ထဲကအ​တွေး စိတ်​အကြံနဲ့​စေတနာ ဘယ်​သူမှ လိုက်​​တွေးလို့မမှီဘူးရယ်​​လေ ။ ရုပ်​ရှင်​က ရိုက်​လို့မပြီး​သေး ပြဖို့ ရုံ​ပေါ်တင်​ခိုင်​းလိုက်​ပြီ ရိုက်​ရင်​ပြမဲ့ Live Show ကဲ ……. အားပါးတရကြည်​့ ။ ​နေဝန်​းနီ 10:10 PM 2016 March 21


naywoon niMarch 21, 20161min02
​ပြေးလမ်​းတစ်​ခု​ပေါ်က အ​တွေး ွဘဝဟာ ဇာတ်​ညွှန်​း​ရေးသူအလိုကျ အကန်​့လိုက်​ အကန်​့လိုက်​ နံပါတ်​စဉ်​တပ်​ထားတဲ့ ဇာတ်​ညွှန်​းတစ်​ပုဒ်​မဟုတ်​ဘူး ။ ဘဝဟာ သူသူငါငါ အားပြိုင်​တဲ့ ဂိမ်​းကစားနည်​းတစ်​ခု ဆိုရင်​ လိုချင်​တာ ရယူခွင်​နဲ့ မလိုချင်​တာငြင်​းပယ်​ခွင်​့ ရှိရမှာ​ပေါ့ ။ ငါ့ မှာ​တော့ ဘဝမှာ မလိုချင်​တာ​တွေ ငြင်​းပယ်​​နေရင်​း လိုချင်​တဲ့အရာ​တွေနဲ့ လွဲခဲ့ရတာ ဘယ်​သူမှမသိလိုက်​ကြဘူး ။ ဘဝမှာ မဖြစ်​ချင်​တာ​တွေ ​ရှောင်​ရှားရင်​း ဖြစ်​ချင်​တဲ့အရာ​တွေနဲ့ ​ဝေးကွာသွားတာလဲ လူသိနဲခဲ့ ။ ခရီးထက်​ဝက်​​ကျော်​မှ ​နောက်​ပြန်​လှည်​့ကြည်​့လိုက်​​တော့ ​ရေဘူးလည်​းမပါ ဘိနပ်​ကလည်​း ဗလာ ထီးဆိုတာလည်​း နတ္ထိ ​ရှေ့ဆက်​​လျှောက်​​နေတဲ့ ​ခြေလှမ်​း ရပ်​ပစ်​လို့ကလည်​းမဖြစ်​ လှမ်​းနိုင်​သ၍​တော့ ​ရှေ့ဆက်​ကာလှမ်​းဦးမယ်​​ဟေ့ ။ ​နေဝန်​းနီ 11:30 2016 Mar 20


လူဟူသည် ကွဲပြားခြားနားခြင်း ကို စိတ်ဝင်စားသည်။ မတူသည့်အရာကို စူးစမ်းချင်သည်။ အထူးအဆန်းဆိုသည်ကိုမှ စမ်းသပ်ကြည့်ချင်ကြသည်။ ထို့ကြောင့်ပင် ခရီးသွားခြင်းဟူသည့်အရာ ဖြစ်ပေါ်လာရပေသည်။ မိမိနေထိုင်ရာဒေသ၏ အပြင်ဘက်ကို ခဏထွက်ကြည့်ကြသည်။ မတူညီသည့် ပတ်ဝန်းကျင်ကို ခံစားသည်။ မတူညီသည့် ဓလေ့စရိုက်များကို လေ့လာသည်။ အခါအခွင့် ကြုံကြိုက်လျှင် ထိုဓလေ့စရိုက်များနှင့် ခေတ္တအသားကျလိုကြသည်။ ဤကား လူသားတို့၏ ပင်ကိုစိတ်သဘောထားပေတည်။ သင်ကိုယ်တိုင်သည်ပင် လူသားထဲမှ လူသားတစ်ဦးဖြစ်သည့်အတွက် ထိုသို့သော စိတ်သဘောထားရှိနေမည်မှာ မလွဲဧကန်ပင် ဖြစ်ပေသည်။ သို့ဖြစ်၍ သင်သည် မြေပြန့်ဒေသတွင် နေထိုင်သူဖြစ်ပါက တောင်ပေါ်ဒေသများနှင့် ပင်လယ်ကမ်းခြေများသို့ ခရီးသွားလိုပေလိမ့်မည်။ အပူပိုင်းဒေသတွင် နေထိုင်သူဖြစ်ပါက နှင်းတောင်ဒေသများသို့ သွားလည်ချင်ပေလိမ့်မည်။ ကုန်ကုန်ပြောရလျှင် သင်သည် ဗမာလူမျိုးဖြစ်နေပါက အခြားတိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများကို စိတ်ဝင်စားပေလိမ့်မည်။ တိုင်းရင်းသားဝတ်စုံများကို ဝတ်ဆင်ကြည့်ချင်မည်။ တိုင်းရင်းသားအစားအစာများကို မြည်းစမ်းကြည့်ချင်မည်။ […]


ဇီဇီMarch 21, 20163min033
ရွှေညာမြေက ပိတောက်ဝါကို သတိရတဲ့အခါ ချယ်ရီကိုသာပန်ပါ ကျေနပ်ကွယ်~~~~~~~   “ချယ်ရီကိုသာပန်ပါကွယ်” ရဲရဲတင်းတင်း ချယ်ရီပန်းလို့ပဲ သုံးနှုန်းလိုက်ပါတယ် ပိတ်သတ်ကြီးး :chit: ဖြစ်ပုံက Gardens by the Bay   မှာ ချယ်ရီပန်းတွေ (သူတို့ အခေါ် ဆာကူရ) ပြပွဲရှိတယ် ဆိုလို့ သွားရာက ဟိုရောက်တော့မှ ချယ်ရီပန်းဆိုတာ အမျိုးစုံပါပဲလား အံ့ဩခဲ့ရတာပါ။ 😳 တစ်ချို့က ချယ်ရီမဟုတ် မက်မုံပွင့် လို့လည်း ပြောရဲ့။ အဲဒါနဲ့ ဓာတ်ပုံကိုလည်း ဒီ တိုင်းမတင်ရဲပဲ ဆရာဂီကို အရင်လှမ်းမေးး၊ ရှာဖတ် ရှာကြည့်တော့မှ ဂလိုတွေ့ပါတယ်။ . .     မက်မုံသီး (Peach) (တညားကတော့ စွန်းဝူခုန်း ခူးစားခိုးစားတဲ့ အသီးလို့မှတ်ထားတာပဲ) မက်မန်း […]


Kabyar Phyu PhyuMarch 20, 20161min08
○ ၈နှစ်ကျော်တွဲခဲ့တဲ့လက်တွေရဲ့ နွေးထွေးမှုတွေက ခုချိန်မှာ အေးစက်သွားတာ သူမရဲ့ချွဲ့နွဲ့တဲ့ အသံလေး တစ်ခုတည်းကြောင့်လား မောင်။ ကျွန်မတို့ရဲ့ သံယောဇဉ်တွေက ကမ်းစပ်က သဲတွေလို အလွယ်တကူ တိုက်စားခြင်းခံခဲ့ရတာလား။   ○ မောင်ကတော့ မေ့နိုင်ပေမဲ့ ကျွန်မအတွက်တော့ အထိနာလှတယ်။ ကျွန်မလည်း မောင့်လို မေ့နိုင်ချင်တယ်။ တခါတခါ မောင်ကို ယောင်ရမ်းတမ်းတမိလို့ ကျခဲ့တဲ့မျက်ရည်တွေအတွက် ကျွန်မနှလုံးသားက သက်သေတည်တယ်။ မောင်နဲ့ဆုံနိုင်ခွင့်ကို အိပ်မက်ထဲထည့်မက်ချင်ရင်တောင် ကျွန်မအိပ်မက်တွေက ကယောင်ချောက်ချားနိုင်လွန်းတယ်။   ○ အချစ်တွေက ထပ်တူမညီခဲ့လေသလား … ကျွန်မက မမူနွဲ့ခဲ့လို့လား။ မောင် ကျွန်မဘဝကို ခါးသက်စေခဲ့တယ်။   ○ မောင့်ကို ပြင်းပြင်းရှရှလွမ်းနေရတာကိုက နာကျင်ခံပြင်းစရာကောင်းတယ်။ အလွမ်းတွေကလည်း တဖက်သတ်ဆန်လွန်းတယ်။ ကျွန်မလည်း မမှားပါပဲနဲ့ ကံတရားရဲ့အမှားက ရူးကြောင်ကြောင်နိုင်တယ်။ […]


Foreign ResidentMarch 20, 201616min013
အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၉ ( San Francisco City Tour & Alcatraz / The Rock Tour ) ။   ၁၄ – ဝ၅ – ၂၀၁၄ ။   ဒီနေ့တော့ ဟိုတယ်မှာ မနက်စာ စားပြီး ၊ San Francisco မြို့တစ်ခွင် လိုက်ပြမယ့် မဟေသီ ရဲ့ ငယ်သူငယ်ချင်း နှင့်အတူ ၊ ကြိုဝယ်ထားတဲ့ City Tour Bus ရုံး / ဂိတ် နေရာကို ထွက်လာခဲ့ပါတယ် ။ […]


warsojulyMarch 19, 20161min017
ဆောင်းတွင်းဘက်ပုံထွက်မရိုက်ဖြစ်တာရယ် ကင်မရာSensorဖုန်တက်နေတာမဆေးရသေးတာရယ်နဲ့ အတော်ကြာဘာမှသိပ်မရိုက်ဖြစ်ဘဲ… ခုရက်ပြန်ရိုက်ဖြစ်တာတွေထဲက. နေမကောင်းလို့ရုံးမတက်ဖြစ်တဲ့တစ်ရက်.. ပျင်းပျင်းနဲ့အိမ်မှာမရှိရှိတာရှာကြံရိုက်မိ   အပေါ်ကဘုရားပန်းပဲ.. စပရေးဘူးထဲကရေလေးနဲနဲဖျန်းကြည့်ပြီးရိုက်   ထွေထွေထူးထူးမရှိ… အဲဒီပန်းကိုနှစ်တိုင်းလိုလိုရိုက်ဖြစ်တယ်.. ဘာရယ်တော့မဟုတ်   ဆာကူရာကိုဘယ်လိုဖမ်းရင်ကောင်းမလဲစဉ်းစားနေတုန်း.. သူရောက်လာတော့သူပါထည့်ဖမ်းပစ်လိုက်တယ်.. Burnသွားတယ်… အဲဒါနဲ့ပဲ…Post-ProcessingမှာပိုBurnအောင်လုပ်တယ်.. (လွယ်တော့မလွယ်ဘူး..စွတ်လုပ်ရတာပေ့ါ.. :D)     ရွာထဲရောက်.ပို့စ်တစ်ခုတင်..လနဲ့ချီပြီးပျောက်သွား.. ဘာမှထွေထွေထူးထူး…အသိနဲ့ပတ်သတ်ပြီးမရေးတတ်ပေမယ့် ကိုယ်သိသလောက်…ရသလေးတွေ..တစ်ခုခုတော့ရမယ်မျှော်လင့်မိ…


kaiMarch 19, 20161min034
ကိုးနဝင်းရုပ်သေး ၂၀၁၆၊ မတ်လ ၁၅ရက်နေ့တွင် ဦးထင်ကျော် (ထ+က=ကိုး) သည် ကိုယ်စားလှယ်မဲပေါင်း (၃၆ဝ = ကိုး)ဖြင့်ရွေးချယ်ခံရကာ မြန်မာပြည်အတွက်တရားဝင် ကိုးယောက်မြောက်သမ္မတဖြစ်လာပေသည်။ ပြီးခဲ့သောနှစ် နိုဝင်ဘာလကတည်းက ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာသမ္မတ၏အထက်တွင်နေကာအုပ်ချုပ်မည်ဟု ကမ္ဘာ့မီဒီယာတို့အားတရားဝင်ပြောထားပေရာ ယခုသမ္မတသည်ဒေါ်အောင်ဆန်းစုကြည်စိတ်ကြိုက်ရွေးချယ်ထားသော ရုပ်သေးသမ္မတသာလျှင်ဖြစ်ပေလိမ့်မည်။ ဤသို့ကြားသိဖူးပါသည်။ မြန်မာသမ္မတအား မြန်မာလူထုမှတိုက်ရိုက်ရွေးကောက်သည်မဟုတ်သလို ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်နေရန်လည်းမလိုသဖြင့် သမ္မတတွင် မူလကျောထောက်နောက်ခံအင်အားစုရှိရန်မလိုသည်ကိုတွေ့ရမည်။ လွှတ်တော်အမတ်တို့မှ (အခြေခံဥပဒေပုဒ်မ ၅၉ နှင့်ကိုက်ညီပါသည်ဆိုသော) အလိုရှိရာသူကို တိုက်ရိုက်တင်ပေးကြရသည်။ လွှတ်တော်တရပ်ရပ်တွင်ပါတီတခုတည်းမှ၅၀%အထက်ကိုယ်စားလှယ်အင်အားနှင့်အားကောင်းနေပါလျှင် ထိုပါတီမှတင်သည့်သူသည် ဒုသမ္မတဖြစ်လာလိမ့်မည်။ သမ္မတဖြစ်မည့်သူ၏ လူထုနှင့်ထိတွေ့မှုရှိထားရန်မလိုသည့် အခြေအနေကိုအခြေခံဥပဒေမှပင် ခွင့်ပြုထားပေသည်။ သမ္မတဖြစ်မည့်သူသည် လူထုကိုမဲဆွယ်စည်းရုံး၍ ထိတွေ့ဆက်ဆံရန်မဆိုထားနှင့် လူထုမှာ မည်သူဖြစ်မည်ဟုသိပင်မသိခဲ့ကြရပေ၊ သိရန်လည်းမလိုပေ၊ အဆိုပါမိုးကျရွှေကိုယ်ရွေးဟန်မှာ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်၏အငွေ့အသက်လွှမ်းမိုးလွန်းလှသည်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တပ်ကိုယ်စားလှယ်တို့ တင်ပေးလိုက်သော ဒုသမ္မတ ၃ယောက်မှ သမ္မတတဦးရွေးကောက်တင်မြှောက်ရပေရာ ထိုရွေးကြဟန်မှာလည်း […]


Kabyar Phyu PhyuMarch 18, 20161min08
နာရေးသတင်းတစ်ခုကြားတိုင်း ကျွန်မတွေးမိတာက …… ငါကော ဘယ်နေ့လည်းလို့ အလျင်အမြန်တွေးမိပါတယ်။ ကျွန်မဘေးနားကသူတွေကော ဘယ်တော့လဲလို့ ထပ်ဆင့်တွေးမိပါတယ်။ ကျွန်မတို့မသေခင် ဘာတွေချန်ထားပြီး ဘာတွေယူသွားမှာလဲလို့ နောက်ထပ်တွေးမိပါတယ်။ ဒီလိုတွေးပြီးတိုင်း ကျွန်မခံစားရတာက ကျွန်မ မုန်းသောသူ ၊ ကျွန်မ ခွင့်မလွှတ်နိုင်သောသူ၊ ကျွန်မကို တိုက်ခိုက်နေသောသူ၊ ဒုက္ခပေးသောသူ …    သူတို့အားလုံးကို ခွင့်လွှတ်ချင်လာပြီး နောက်တခါ သူတို့နဲ့တွေ့ရင် စိတ်ပါလက်ပါ ပြုံးပြလိုက်မယ်လို့လေ။ ခုချိန်မှာ ကျွန်မသေသွားခဲ့သော် ………   ♦ ကျွန်မ သေသွားခဲ့သော် … တစ်ယောက်သောသူက သူ့အတ္တကို ဆုပ်ကိုင်လို့ အရယ်မျက်လုံး နဲ့ ငိုပေလိမ့်မည် တစ်ယောက်ကတော့ စာနာထောက်ထားစွာနဲ့ အရှိုုက်တစ်ချက်ဖြင့် ငိုလိမ့်မည် တစ်ယောက်ကတော့ သ ူပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းအတွက် နောင်တရနေလိမ့်မည် တစ်ယောက်သောသူကတော့ သူ […]