“စိတ်မဆိုးဘဲနေနိုင်ပါ့မလား” (တောင်တွေးမြောက်တွေးအပိုင်းအစလေးများ-2016)     ကျနော်တို့ငယ်ငယ်ကပေါ့။ စာသင်ပေးတဲ့ဆရာ ဆရာမ ဆိုရင် အရမ်းကြောက်ရပါတယ်။ သူတို့ စာသင်နေချိန်မှာ နားမထောင်ရင် စာလိုက်မရေးရင် ငေးချင်ရင်ငေးနေရင် ဆော့နေရင်အဆော်ခံထိ မှာ အသေအချာပါဘဲ။ အဲလို့ နေမိရင်လဲ စာသင်ပေးနေတဲ့ဆရာ ဆရာမကို မခန့်လေးစားလုပ်တယ် လို့  အသတ်မှတ်ခံရပြီး အပေအတေ စာရင်းထဲဝင်သွားတတ်ပါတယ်။   ပြီးခဲ့တဲ့ ရက်ပိုင်းက ကျနော်ခရီးတွေထွက်ရင်း တာချီလိတ်ကို ရောက်တော့ လမ်းလေးတစ်ခုသာခြားတဲ့ ထိုင်းနိုင်ငံနယ်စပ်က မယ်ဆိုင်မြို့ဘက်ကို မိတ်ဆွေတစ်ယောက် လိုက်ပို့ပေးလို့ ရောက်သွားခဲ့ပါတယ် အဲလိုသွားနေရင်းက  ခန်းနားတဲ့အဆောက်အဦးတစ်ခုကိုမြင်တော့ ကားရပ်ခိုင်းပြီးအထဲကိုဝင်ကြည့်လိုက်တဲ့အခါ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်ပါနေပါတယ်။ ကျောင်းဝင်းထဲလှည့်ပါတ်ကြည့်ရင်း သစ်ပင်ရိပ်မှာ  စာသင်နေတဲ့ ဆရာတစ်ဦးနဲ့ ကလေးလေးတွေကိုမြင်တော့ စိတ်ဝင်စားသွားပါတယ်။ ဆရာကပြောပြလိုက် ဆရာကမေးတဲ့အခါ ကလေးတွေကလက်ကလေးတွေထောင်ပြီးပြန်ဖြေလိုက် လုပ်နေတာကို မြင်ရတာကတော့ ကြည်နူးစရာပါဘဲ။ စာသင်နေပုံက […]


padonmarMarch 17, 20161min010
ကွယ်လွန်သူ ဆရာကြီး ဦးအောင်သင်းရဲ့ လှလိုက်တာနော် နှင့် ရသ စာတမ်းငယ်များ စာအုပ်ထဲက `စစ်မဲ့သူရဲကောင်း´ ဆောင်းပါးလေး ကောင်းလွန်းလို့ မိတ်ဆွေများကို မျှဝေပါတယ်။ ဆရာကြီးက စစ်မဲ့သူရဲကောင်းအဖြစ် ရမည်းသင်းစား သီဟပတေ့က သူ့လက်ဖက်ခွက်ပေါ် ဖက်ဝန်း မအုပ်ပေးမိမှုအပေါ် အထင်လွဲပြီး ပုန်ကန်ရန်ကြံစည်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ငါးစီးရှင်ကျော်စွာ ကို ရည်ညွှန်းပါတယ်။ သူနဲ့ နှိုင်းယှဉ်ပြတာကတော့ ငရမန်ကန်းနဲ့ ကြွေအံကစားရင်း မခံချင်စိတ်နဲ့ `နင်စွမ်းရင် ပုန်ကန်လေ´ လို့ ပြောခဲ့တဲ့ စောလူးမင်း ရဲ့ မိုက်မဲမှုပါပဲ။ သမိုင်းမှာ စောလူးမင်းလို ညံ့ဖျင်းတဲ့ ခေါင်းဆောင်မျိုး မွှေလိုက်ပြီ ဆိုရင် နောက်ဆက်ခံရတဲ့ ခေါင်းဆောင်ဟာ ဖာလို့ ထေးလို့ မဆုံးနိုင်အောင်ဖြစ်တတ်တာ ဓမ္မတာပါတဲ့။ စောလူးမင်းနောက်က တက်တဲ့ ကျန်စစ်မင်းကြီးရဲ့ ဘဝဟာ သူ့ရဲ့ […]


Rain girlMarch 16, 20161min012
ရာသီဥတုက ခုဆို အအေးပေါ့လာပြီ။ နေဝင်ချိန်တွေတောင် နောက်ကျနေပြီပေါ့။ နွေကို တဖြည်းဖြည်းကူးပြောင်းနေလေပြီ။ အိမ်ရှေ့က ဗန်ဒါပင်မှာတော့ သစ်ရွက်တွေဟာ အနီအဝါ အရောင်စုံနေပြီ။ ညနေခင်း နေကျချိန်မှာ မိုးကောင်ကင်က အနီအဝါရောင်စုံသမ်းပြီး ကောင်းကင်ကြီးက လှနေပြီ။ ကောင်းကင်ကြီးနဲ့အပြိုင်လှနေတာကတော့ ကိုယ့်အိမ်ရှေ့က ဗန်ဒါပင်ပေါ့။ ဒီလိုအချိန် ဒီအရောင်တွေနဲ့ ဒီသစ်ပင်ကို ကြည့်ရင်းစိတ်ထဲဖြစ်ပေါ်လာတာက ဒီလို လှပတဲ့ပြီးပြည့်စုံတဲ့ အလှတရားတွေကို မပျောက်ကွယ်သွားအောင် ဒီအချိန်လေးကို ရသမျှကြာအောင် အချိန်ဆွဲထားခြင်စိတ်တွေပေါ်လာတော့တယ်။ ဒါပေမယ့်လဲ နေညိုချိန်ကနေပြီးတော့ တဖြည်းဖြည်းနဲ့ နေဝင်သွားပါပြီပေါ့ကွယ်။ မနက်ခင်းမှာ နေခြည်နုနုရဲ့ အနွေးဓါတ်နဲ့အတူ ကိုယ့်ရဲ့ မနက်ခင်းက လှပစိုပြည်လာခဲ့တယ်။ ဒီမနက်လဲ ကိုယ့်ရဲ့ ဗန်ဒါပင်ကိုကြည့်ဖို့ အိမ်ရှေ့ကို ကော်ဖီတစ်ခွက်နဲ့အတူ ရောက်လာခဲ့ပြန်ပြီ။ အို ကိုယ့်ဗန်ဒါရွက်တွေ ဘယ်လိုဖြစ်သွားတာပါလိမ့်။ အပင်ရဲ့ ခြေရင်းမှာ လှပတဲ့ ဗန်ဒါရွက်တွေ […]


hmeeMarch 15, 20161min028
“ကျေးဇူးတင်စကား ” ကျေးဇူးတင်စကားကို လူတိုင်းကြားဖူးမည် ထင်ပါသည်။ နောက် ….. ပြောလည်း ပြောဖူးကြပါမည်။ မိမိက ကူညီလိုက်သောကြောင့် ကျေးဇူးတင်ခံရသည်မှာ သိပ်မထူးဆန်းလှသော်လည်း မိမိတာဝန်မို့ လုပ်သင့် လုပ်ထိုက်လို့ လုပ်ရသော အလုပ်ကို ကျေးဇူးတင်ခံရသည်မှာ ထူးဆန်းသလိုလို ရှိသည်။ မည်သို့သော အကြောင်းကို အခြေခံစေကာမူ ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ ကျေးဇူးတင်ပါတယ်ရှင် ဆိုသည်ကတော့ နားဝင်ချိုလှသည်မှာ အမှန်ပင်။ ကျွန်မ ပညာ သင်ယူဖူးသော ဆရာတယောက်မှ သင်ကြားသည်ကို ကျွန်မ ဘယ်တော့မှ မမေ့သလို အမြဲလည်း လိုက်နာဖြစ်သည်။ ကျေးဇူးတင်ပါတယ် ဟူသော စကားကို ပြောရန် တိုက်တွန်းခြင်းဖြစ်သည်။ မိမိ အခပေး၍ ဌါးစီးလာသော ကြောင့် လိုရာလိုက်ပို့ပေးသော ကားသမားကိုပင် ကားခပေးရင်း ကျေးဇူးတင်ပါတယ်ဟု ပြောဖြစ်အောင် ပြောလိုက်ပါ […]


Foreign ResidentMarch 14, 201615min017
အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၈ ( San Francisco ၊ Cable Car ၊ SF Bay Cruise & Lombard St ) ။   ၁၃ – ဝ၅ – ၂၀၁၄ ။   ဒီနေ့ မနက်တော့ Hotel မှာ နေ့လည်စာစားပြီး ၊ ဝယ်ထားတဲ့ Airport Transfer က လာကြိုတဲ့ကားနှင့် ၊ LV လေဆိပ်ကို ထွက်လာခဲ့ပါတယ် ။   LV လေဆိပ် မှာ မှတ်မှတ်ထင်ထင်ရှိတာကတော့ ၊ […]


naywoon niMarch 12, 20161min09
ကျ​နော်​သာ ​ဒေါ်​အောင်​ဆန်​းစုကြည်​ ​နေရာမှာဆိုရင်​ ( သို့မဟုတ်​ )ပရိဿတ်​ အာရုံ ထဲမ​ရောက်​တဲ့ မင်​းသား ​ခေါင်​းစဉ်​က​လေးပြီး လက်​က တွန်​့ဆုတ်​ တွန်​့ဆုတ်​ဖြစ်​​နေတာ ။ ​ရေး​ကော ​ရေးသင်​့ရဲ့လား ​ပေါ့ ။ ​ခေါင်​းစဉ်​ ​ပေးထားပြီး နှုတ်​ပက်​​လေး ဖွင်​့လိုက်​ ပြန်​ပိတ်​လိုက်​ ။ စာဖတ်​​နေလည်​း ခဏပဲ ။ ဂိမ်​း​ဆော့ ​နေလိုက်​ ခဏပဲ အာရုံစုစည်​းလို့ မရ ဘူး ။ ခုရက်​ပိုင်​း သမ္မတ ​ရွေးချယ်​တာ နဲ့ ပတ်​သက်​ပြီး ကျ​နော်​​ပြောချင်​လွန်​းလို့ပါ ။ ခု ဒုတိယ သမ္မတ နှစ်​​ယောက်​​ရွေးချယ်​ပြီးခဲ့ပြီ ။ အားလုံးက ပြည်​သူ့လွှတ်​​တော်​က တင်​တဲ့ ဒုတိယ သမ္မတ ကိုပဲ အာရုံထဲမှာထား ။ Facebook […]


kotun winlattMarch 11, 20161min04
စကားလုံးများကို သီကုံးမိခြင်း ################# စကားစမြည် စိုက်ခင်းထဲမှာ စိမ်းစိမ်းလန်းလန်း စကားလုံးတွေကို စပြောဖြစ်ခဲ့တဲ့ စနေနေ့ …. မြောက်ပြန်လေညှင်းက သယ်လာတဲ့ အလွမ်းပွင့်တွေက စီရရီ … သတိရခြင်း အမှာတော်စကားတွေက ပဲ့တင်ထပ် …. ဒါဘဝအမောတွေပါဆိုပြီး သက်ပြင်းတွေကိုလည်း ခဏခဏ မှုတ်ထုတ်….။ အဝေးမှာနေပါရစေ … အားလုံးကို မေ့ပစ်ပါရစေ … အတ္တတွေ ကြီးတတ်ချင်လိုက်တာရယ်…။ ပွင့်တဲ့ပန်းတိုင်း ကြွေရမဲ့ သင်္ခါရ … ကြွေဖို့ ပွင့်လေသလား ဝေဖို့ ပွင့်လေသလား။ ဘာပဲဖြစ်ဖြစ် ပန်းရဲ့ တာဝန် ကျေပွန်ဖို့က အဓိကလေ…။ @@@@@@@@@@@@@@@@@@  နင့်နင့်နဲနဲပေါ့ … ခံစားပစ်လိုက်တယ် … ရှိစုမဲ့စု မာနလေးတွေက မြေပေါ်မှာ ဝပ်တွားခယ …။ တကယ်က လောင်းရိပ်မိနေတဲ့ […]


ဇီဇီMarch 11, 20162min019
ဘာရေးရမှန်းလည်းမသိ။ စိတ်ထဲရှိတဲ့ အပြောင်းအလဲတွေကိုလည်း ရေးချင်။ စိတ်ထဲ သွားသလောက် လက်က လိုက်မရှင်းပြနိုင်၊ လိုက်မဖော်ပြနိုင်တာမို့ ရောက်တတ်ရာရာလေး ပြောအူးမယ်။   ကိုယ်တွေက ရှင်ဘုရင်ခေတ်ကနေစလို့ ကိုလိုနီခေတ် မဆလ နဝတ ကနေ ခု ကသစ (ကသေးစိမ်) ခေတ်ထိက အကြောက်တရားနဲ့ နေခဲ့ နေသားကျခဲ့တာမို့ အစိုးရဟေ့ ဆိုရင်ကို …. ဘုရင်မျိုး မှတ်ပြီး ကြောက်ရမယ် စိတ်မှာ စွဲနေကြတာ။ အစိုးရ ဆိုတာ ကိုယ့်ကို အုပ်ချုပ်မယ် အပြစ်ပေးမယ် ထောင်ထဲထည့်နိုင်တယ် စသည်ဖြင့်လောက်ပဲ တွေးနိုင်နေသလိုဖြစ်နေကြလို့သာ။ .   ကိန်းသေ/ကိန်းရှင်ပုံစံနဲ့ တွက်ကြည့်ရင် … ပြည်သူက ကိန်းသေပါ။ ပြောင်းလဲလို့ မရဘူး… အစိုးရဆိုတာ ကိန်းရှင်ဖြစ်ရမှာ။ . နောက်ပြီး ဥပဒေဆိုတာ […]


black chawMarch 11, 20164min016
ပန်းရဲ့လမ်း အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့  သားထွေး နှင့် အင်တာဗျူး ဖြစ်ပါသည်။ မေးခွန်းများ စီစဉ်ထားခြင်း မရှိပဲ ဝိတိုရိယ ဆေးရုံရှေ့က ဖီးလ် စားသောက်ဆိုင်မှာ ထိုင်ပြောခဲ့ကြခြင်း ဖြစ်၏။ အမှန်တော့ လွန်ခဲ့တဲ့ ၂၀၀၇ လောက်တုန်းက ကိုသားထွေး နှင့် သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးသဖြင့် ခင်မင်ခဲ့ဖူးပါသည်။ အခုအချိန်အထိ မှတ်မိနေသော ကိုသားထွေး အား ကျေးဇူးတင်ရပါ၏။     ကိုသားထွေး က ကိုမောင်မောင် တို့ ကိုနေဝင်းတို့ ကိုရဲလွင် တို့လက်ပေါ်မှာ ကြီးပြင်းခဲ့ရသူတဲ့။ အဲ့ဒါကိုက စိတ်ဝင်စားစရာ ကောင်းနေပါသည်။ အလုပ်သဘောထက် ကျွန်တော် သိချင်တာလေးတွေ မေးဖြစ်သဖြင့် အင်တာဗျူး က နှစ်နာရီ လောက် ကြာခဲ့ပါတယ်။ ဒါကြောင့် နှစ်နာရီ အင်တာဗျူး လို့ ခေါင်းစဉ်တတ်လိုက်ရပါတယ်ဗျာ။   မြန်မာဂဇက်  –  ကိုသားထွေးရဲ့ လောလောဆယ် အနုပညာ လှုပ်ရှားမှုလေးတွေ ပြောပြပေးပါ။   သားထွေး – လောလောဆယ် […]