black chawAugust 9, 20161min012
ကိုငှက် နဲ ့ ညီညီသွင်…။ (ညီညီစံ ရေးသည်) ———————————————————– ကိုငှက် နဲ့ ညီညီသွင် ဟာ ကိုငှက် ပထမစီးရီး နာရီပေါ်ကမျက်ရည်စက်များ မထွက်ခင်ကတည်းက တပူးပူး တတွဲတွဲ ရှိခဲ့ကြပေမယ့် ညီညီသွင့် သီချင်းကို ကိုငှက် တခါမှ မဆိုဖူးပါဘူး။ ကိုငှက်ကလည်း သူကိုယ်တိုင် ရေးနိုင်၊ ဆိုနိုင်၊ ဖန်တီးနိုင်သူမို့ တော်ရုံတန်ရုံ သူများ သီချင်းကို ဆိုတာ တော်တော်ရှားပါတယ်။ ညီညီသွင်ကလည်း သူ့မှာ ရေးထားတဲ့ သီချင်းအသစ်လေးတွေ ရှိပေမယ့် ကိုငှက် ဆိုပါလားလို့ တခါမှ မပြောဘူး၊ မတောင်းဆိုဘူးတာ ကျနော် သတိထားမိခဲ့တယ်။ ဒါကလည်း သီချင်းတွေနဲ့ ပတ်သက်တဲ့၊ ညီညီသွင်မှာ ရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ အနုပညာမာန စိတ်လေးကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် […]


သမီးငယ် နဲ့ သူ့သူငယ်ချင်းတွေ စုပြီး သိပ္ပံစမ်းသပ်ချက်တစ်ခုကို အခန်းကိုယ်စားပြု အားလုံးရှေ့ ထွက်ပြီး စမ်းသပ်ပြ ရှင်းပြဘို့ ကို တက်တက်ကြွကြွနဲ့ တိုင်ပင် ကြ အပြင်ကို ပစ္စည်းတွေ စုံစမ်းကြ လုပ်နေတာတွေ့တော့ ဘာမှ ဝင်မစွက်ပဲ အသာကြည့်နေရင်း မိဘတစ်ဦး အနေနဲ့ လူငယ်တွေရဲ့ တက်ကြွမှု စူစမ်းချင်မှုအတွက် ဝမ်းသာပီတိ ဖြစ်ရင်း ငယ်ငယ် အိပ်ယာဝင်ပုံပြင်တွေထဲ က အမေပြောဘူးတဲ့ အဖြစ်တစ်ခု ချက်ချင်း အတွေးထဲ ပေါ်လာတယ်…   ၁၉၇ဝ လောက်ကပါ .. မိသားစု မှာ အမေ က အလတ် အကိုတွေ မောင်တွေ ညီမတွေ ရှိတယ် ဇတ်လမ်းထဲက ဇာတ်လိုက်ကျော်က ကပ်ရပ် မောင်ငယ်ပေါ့ အားလုံးက ချစ်ပေမဲ့ […]


kaiAugust 8, 20161min03
ဧရာဝတီမြစ်ကိုသိရန် မြစ်ဝကျွန်းပေါ်၊ မြစ်ဆုံသာမက မေခနှင့်မလိခ အထိလိုက် ကြည့်မှပြည့်စုံမည်။ ၈-၈-၈၈ အရေးအခင်း၊ ဖုန်းမော်နေ့ စသည်တို့ကို မွေးဖွားပေးလိုက်သော ၁၉၈ရ ခု၊ စက်တင်ဘာလ ၅ ရက်နေ့ သုံးစွဲနေကြသည့် ငွေစက္ကူများကို တရားမဝင်ကြေညာလိုက်၍ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား များ လမ်းပေါ်ထွက် ဆန္ဒပြကာ ရဲရင့်ပြောင်မြောက်စွာ မဆလ အစိုးရအား စိန်ခေါ်လိုက်ခြင်းကို သေးသိမ်းမှေးမှိန်အောင် လုပ်လို့ရနိုင်မည်မဟုတ်။ သတင်းသမားအနေနှင့် ရေးသည့်ဆောင်းပါးကို ဖတ်ကြည့်ပါ။ ၁၉၈၈ ခု၊ မတိုင်မီကဆို မဆလ လက်အောက်သေကြရမည်ဟု ထင်မှတ် ထားခဲ့ကြ၏။ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက ပြုပြင်ပြောင်းလဲ လုပ်တော့မည်ဆို၍ ချိချိနဲ့နဲ့အားညှစ်ကာ ယုံဖို့ကြိုးစားခြင်းကို ကျနော့သတင်းသမားဦးနှောက်က လက်မခံပယ်ချလိုက်သည်။ ၁၉၆၂ ခုကတည်းက ကြားနေကျ၊ နောက်ဆုံးအဖျား ရှူးသွားမြဲကိုး။ ယခုအကြိမ်တွင်မူ ပိုဆိုးမည့် […]


Tawwin PanAugust 8, 20161min012
သူမများ ဘယ်တော့မှ အကြွေးနဲ့အကျိုးမပေးဘူးထင်ပ။ သူမက ချေးလိုက်တဲ့ပိုက်ဆံမှန်သမျှ ပြန်မရတဲ့အပြင် ဒီလိုလေးပြောသွားတာတောင်ခံလိုက်ရသေး။ အဟေးဟေး………..နင်တို့အိမ်က အဆင်ပြေတယ်လေဟာတဲ့။ ကိုယ့်အိမ်တွင်းရေး သူသိတာကျလို့။ အိမ်မှာ အပြင်ထွက် အလုပ်လုပ်တာ ဆိုလို့သူမတစ်ယောက်တည်း။ ရတဲ့လစာကလည်း လေးသောင်းစွန်းစွန်းသာရယ်။ အောက်က အငယ်တွေအကုန်လုံးကကျောင်းသား။ အဖေအမေကိုယ်တိုင်လုပ်တဲ့ မိသားစု စီးပွားရေးကလည်း ကိုယ်ရမယ့် အကြွေး သိန်းဆယ်ချီရှိတာတောင် တခါသွားတောင်း ၂သောင်း၊ ၃သောင်းပဲပေး။ ကိုယ်ပေးရမယ့်အကြွေးကျတော့ ချက်ချင်းလက်ငင်းရှင်းနေရတဲ့ဘဝ။ အဲလို ပြောတဲ့သူကလည်း အခြားမဟုတ် ကိုယ့်အမျိုးအရင်းကြီးရယ်။ အစ်ကို ၄ယောက်လောက် ရှိတာတောင် သက်ရှိကျန်နေတဲ့ အမေကို မထောက်ပံ့နိုင်ကြ။ သူ့ခမျာ မိန်းကလေးတန်မဲ့ အမေအိုကြီးကို တင်ကျွေးထားလို့ ဘာမှမပြောတော့ပါဘူးလေ။ အဲဒီတုန်းကတော့ သူ့အတွက်ဆိုပြီး ကိုယ့်နာမည်ခံချေးပေးထားတဲ့ ၄သောင်းကို အတိုးပါဝိုင်းဆပ်ပေးလိုက်ရတာ တစ်နှစ်ကြာလောက်မှ ကြေပါလေရော။ ဒါက တပိုင်းပေ့ါ။ နောက်တစ်ယောက်ကျန်သေးတယ်။ […]


  65000 တန် အုန်းကြာပင်လယ်စာ   ပေ့ချ်တွင်ကြော်ငြာတင်ထားသောပုံ      မောင်ဆာမိတစ်ယောက် မဟာဖွဘုတ်တော်ကြီးကိုအတော်စိတ်နာလျှက်ရှိသည် ။ မဟာဖွဘုတ်တော်ကြီးကား ပျှော်ရွှင်ကြည်နူးစရာများကို သယ်ဆောင်လာသကဲ့သို့ စိတ်ညစ်ညူးစရာများကိုလည်း လက်ဆောင်ပေးတတ်သည် ။ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်သကဲ့သု့ိ စီးပွားပျက်စရာကိစ္စများနှင့်လည်း မိတ်ဆွေဖြစ်တတ်ပြန်သေးသည် ။ ထို့အတူ … အထူးထူးသော ကောင်းကျိုး ဆိုးကျိုးများနှင့် ရှုပ်ထွေးနေသည့်အားလျှော်စွာ မောင်ဆာမိတစ်ယောက် စိတ်နာစရာများနှင့်ကြုံရသည်မှာ သိပ်တော့မထူးဆန်းပေ ….။   လင့်မျက်နှာ တစ်ရွာထင်ပါသည်ဟု ဆိုခဲ့ဖူးလေသော မဒမ်ဆာမိသည်ပင် မဟာဖွဘုတ်တော်နှင့် မျက်နှာခြင်းဆိုင်မိသည့်နောက် မောင်ဆာမိအား မေ့နေလေပြီ ။ တခါတရံ စကားပြောစရာရှိ၍ ပြောနေသည်ကိုပင် မကြားတချက် ကြားတစ်ချက် ။ ထို့ကြောင့်မောင်ဆာမိမှာ ရွှေညဏ်တော်စူးရောက်စွာဖြင့် မက်ဆင်ဂျာမှ လှမ်းပြောလိုက်မှပင် လိုရာခရီးရောက်လေတော့သည် ။ တစ်အိမ်တည်းနေ၍ မက်ဆေ့ပို့ရသည့်အဖြစ်ကား […]


kotun winlattAugust 7, 20161min020
ဘခက် ******* (၁) ”ဘခက်ရဲ့ ရာဇဝင်မှာ မရဘူးဆိုတာ မရှိစေရဘူး” ” ဟာ . . . တယ် ဆို တဲ့ စာပါလားဗျ ” ”ဒီလိုပဲလေ . . . အာစိ(အာစရိ အတိုကောက်)ရ ဒီစကားလုံးနဲ့ လုပ်စားနေရတာပဲဗျ . . . ” ရယ်ကျဲကျဲနှင့် ပြန်ဖြေ၏။ ”နို့ နေပါဦး ကိုဘခက်ရ . . . ခင်ဗျား ဒီပညာကို သင်ခဲ့ရပုံနဲ့ ဒီရွာမှာ အခြေချဖြစ်ပုံလေး ကျနော့ကို ပြောပြစမ်းပါဦး” ” ဟားးးဟားးး အာစိရာ ပြောရရင် အရှည်ကြီးပါ။ ကျုပ်မိဘတွေက မိတ္ထီလာနယ်ဘက်ကဗျ . . . အဖေက […]


Foolish GirlAugust 5, 20161min011
ကျွန်တော်၏နှင်း………….. ညှို့စွမ်းအင်အပြည့်ရှိသော မျက်ဝန်းတစ်စုံကို ထွန်းကျော် ရင်ခုန်မိသည်။ သူမနာမည် ကိုမသိသော်လည်း “မျက်ဝန်းလေး” ဟုအမည်ပေးခဲ့သည်။ စာသင်ခန်းထဲသို့နောက်ကျမှရောက်၍ ဆရာရှိမရှိ ခိုးကြည့်သောမျက်ဝန်းလေးကို တွေ့မိလိုက်သည့် ထွန်းကျော် တစ်ယောက် မျက်ဝန်းတစ်စုံ၏ ညှို့ယူခြင်းကိုခံလိုက်ရပြီဖြစ်သည်။ “တောက်နာတယ်ကွာ ဒီလိုမှန်းသိအစောကြီးကတည်းကကျောင်းတက်ပါတယ်” ထွန်းကျော်တစ်ယောက်ကိုယ့်ဘာသာမကျေမနပ်နှင့် တစ်ယောက်တည်း ရေရွတ်နေမိသည်။ ကျောင်းကို လဝက်လောက်နောက်ကျမှတက်ခဲ့မိသည်ကို အလိုမကျဖြစ်နေခြင်းဖြစ်သည်။ “ဟေ့ကောင်ဘာတွေစဉ်းစားနေတာလဲကွ” “လန့်လိုက်တာယောက်ဖရာ မင့်နှမ မုဆိုးမဖြစ်တော့မှာဘဲ” “မင်းအတွေးလွန်လို့ပိုလန့်နေတာ ငါသိသားပဲ ငါခေါ်နေတာကြာနေပြီကွ။ မှန်မှန်ပြောမင်းဟိုကောင်မလေးအကြောင်းစဉ်းစားနေတာမဟုတ်လား” မင်းနိုင်နှင့် ထွန်းကျော်တို့မှာ ပြောမနာဆိုမနာငယ်ပေါင်းကြီးဖော်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေမို့ အတွင်းသိအဆင်းသိများဖြစ်သည်။ “မင်းကို ငါမလိမ်ပါဘူးကွာ မင်းကိုလိမ်လို့ ငါဘာမှမရဘူး။ ဒါနဲ့မင်းအဲကောင်မလေးနာမည်သိလား။ မင်းကကျောင်းစဖွင့်ကတည်းက တက်တဲ့ကောင်ဆိုတော့” “သူ့နာမည်က နှင်းဟန်ဖြိုးတဲ့ ဘုစပ်စပ်နဲ့ပါကွာ ဟိုတစ်ခါကတောင်ငါနဲ့ရန်ဖြစ်ကြသေးတယ်” “ငါ့တောင်မပြောဘူးကွာ” “ခွေးကောင်မင်းနဲ့ငါကမနက်ကမှတွေ့တာလေကွာ တွေ့တွေ့ချင်း သူ့အကြောင်းပြောရမှာလားကွ ဘာမှမဆိုင်ဘူး လာဘ်ပိတ်တယ်” “တောင်းပန်ပါတယ်ယောက်ဖရယ်ပြောပြပါ” […]


kaiAugust 4, 20162min020
– တိုင်းပြည်အတွင်း ဝင်ရောက်ခွင့်မရသည့် အမည်ပျက်စာရင်းတွင် ပါဝင်နေသော နိုင်ငံသားနှင့် နိုင်ငံခြားသား ၆၀ဝ ကျော်ကို မြန်မာအစိုးရက ယမန်နေ့တွင် စာရင်းမှ ပယ်ဖျက်ပေးလိုက်ပြီး အစိုးရသစ်၏ ရက် ၁၀ဝ စီမိန်းကိန်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ “ရက် ၁၀ဝ စီမံကိန်းအရ ကျွန်တော်တို့ဟာ အမည်ပျက်စာရင်းမှာ ပါတဲ့သူ အရေအတွက်ကို လျှော့ချသွားမှာဖြစ်ပါတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ယမန်နေ့တွင် ပြောကြားခဲ့သည်။ အစိုးရမှာ လက်ရှိအချိန်အထိ အမည်ပျက်စာရင်းမှ ၆၁၉ ဦးကို ဖယ်ပျက်ခဲ့ပြီး ထိုအထဲတွင် မြန်မာနိုင်ငံသား ၂၄၈ ဦးနှင့် နိုင်ငံခြားသား ၃၇၁ ဦးပါဝင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ကာ အမည်ပျက်စာရင်းတွင် စုစုပေါင်း အရေအတွက် မည်မျှရှိနေသည်ဆိုသည်ကိုမူ ဖွင့်ဟခဲ့ခြင်း […]


ဇီဇီAugust 4, 20161min020
မလေးရှားက စားဖိုမှူး ကိုလပြည့် လက်ရာ။ မဘုတ်ဆီက တဆင့်ခိုးလာတာပါ။ ဟိ!!!   ကြက်သွန်နီ -၂ လုံး၊ ငရုတ်သီးစိမ်း – ၁၅ဝ ဂရမ်၊ ပူစီနံ – ရ ခက် ပင်စိမ်း – ၁ဝ ခက် ကြက်သွန်ဖြူ – ၂ လုံး ဂျင်း – တစ်တက် စပါးလင် – သုံးချောင်း ကိုနုတ်နုတ်စင်းပြီး အကုန်ရောကြိတ်၊ ဆား၊ကြက်သားမှူန့်၊ငရုတ်ကောင်းသင့်တငိ့ရုံထည့်ပြီးရောကြိတ်၊ ပြီးရင် ြ၊ကက်ပေါင်ကို ဓားနဲ့သုံးချက်စီမွန်းပြီး ခုနကကြိတ်ထားတဲ့အနှစ်တွေကိုသင့်တင့်ရုံနှယ်ပြီးနှပ်ထား၊ တစ်နာရီလောက်ကြာရင်၊ဗန်းထဲရေထည့်၊ ဇကာခံ၊ ကြက်ပေါင်တင် ၊ အာဗင်အပူချိန်၄၅ဝနဲ့၊မိနစ်လေးဆယ်၊လေးဆယ့်ငါးလောက်ကင်ပြီးရင်စားလို့ရပြီ၊။ အနှစ်တွေပိုနေရင်အအေးခန်းထဲမှာသိ်မ်းထား.. ပြန်လုပ်စားလို့ရတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အဲဒါ လုပ်စားကြည့်တော့ ထင်ထားတာထက်ကို အရသာကောင်းလွန်းလို့ လာမျှတာ။ မယ်ခွစ်ရော မွသဲရော […]


SawAungAugust 3, 20161min011
‘ကျန်နေသေးတဲ့ ဘဝခရီးတွေ xxxx xx ကိုယ်တစ်ယောက်တည်းတော့ xxx xx မသွားတော့ပါ xxxxမင်းလိုက်နိုင်မလားကွာ’   လက်ပ်တော့ကနေ နှိပ်မိရာ နှိပ်မိလိုက်တဲ့ သီချင်းက ဆောင်းဦးလှိုင်ရဲ့ သီချင်း။ နှုတ်ခမ်းက တစ်ချက်ပြုံး လိုက်မိတယ်။ သီချင်းလေးထဲကအတိုင်း တခါတရံ အချစ်ကမှားနေသလားပေါ့။ ပြန်စဉ်းစားမိတယ်။ လက်ပ်တော့က သီချင်းသံက လွင့်ပျံနေလို့ ပြတင်းပေါက်ကနေ အပြင်ကို တစ်ချက်လှမ်းကြည့်မိတယ်။ လေတစ်ချက်နှစ်ချက်တိုက်လို့ အပင်တွေ လှုပ်ယီလှုပ်ယဲ့ နေဝင်ချိန်မို့ ငှက်ငယ်အချို့အိမ်ပြန်တာ တွေ့နေရတယ်။ မြင်နေတဲ့ မြင်ကွင်းကို ကြည့်ရင်း ပြုံးမိပြန်တယ်။ ကိုယ့်ကိုယ်ကို ဘာလို့ ပြုံးမိမှန်း မသိပြန်ဘူး။   လောလောဆယ် လက်ပ်တော့က လွင့်ပျံလာတဲ့ သီချင်းကို ချစ်တယ်။ ပြတင်းပေါက်က ကြည့်နေရတဲ့ ရှုခင်းကို ချစ်တယ်။ အချစ်ဆိုတာ လူတစ်ယောက်ကို […]


kotun winlattAugust 3, 20161min015
ကျနော်နဲ့ ဒေါက်တာ @@@@@@@@ (၁) သူ့ကို ရွာထဲက လူတွေက “ဒေါက်တာ” လို့ ခေါ်ကြတယ်။ အရပ်မြင့်မြင့် အသားဖြူဖြူ အမြဲတမ်း ပြုံးပြုံးနဲ့ နေတတ်တဲ့သူ …။ ပုဆိုးကို တိုတိုဝတ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ တန်ဘိုးနည်း စွပ်ကျယ်(သို့) ရှပ်အကျင်္ ီ ခပ်နွမ်းနွမ်းကို အမြဲဝတ်ထားတတ်သည်။ ကျနော်ငယ်ငယ်က သူနဲ့တွေ့တိုင်း မေးဖြစ်သည်က ” ဒေါက်တာ ဘယ်နှစ်နာရီရှိပြီလဲ” ဆိုသည့် မေးခွန်း ….။ ကျနော်မေးသည့် မေးခွန်းကို သူက ဟန်ပါပါဖြင့် လက်ပတ်နာရီ ဝတ်ဆင်ထားခြင်းမရှိသည့် သူ၏ ညာဘက်လက်ကို တစ်ချက်ငုံ့ကြည့် ထို့နောက် ကောင်းကင်ကို တစ်ချက်မော့ကြည့်ပြီး ” ၁ဝ နာရီ ၃ဝ မိနစ် ရှိပြီ လူကလေး ” ဟု […]