black chawAugust 3, 20161min016
အတ္တပုံဆောင်ခဲများ စီးရီးစ်မထွက်ခင် ၁၉၉ဝ မဟေသီ မဂ္ဂဇင်းမှာ ပါခဲ့တဲ့ ဆောင်းပါးရှင် “မောင်” နှင့် ထူးအိမ်သင် တို့ရဲ့ အင်တာဗျူး အစီအစဉ်ပါ…။ ကိုငှက် တစ်ယောက် ရာဇဝင်များ ရဲ့ သတို့သမီး သီချင်းကို ဘယ်လို ဖန်တီးရေးသားခဲ့သလဲ ဆိုတာကို သိခွင့် ရပါလိမ့်မယ် ဗျာ…။ ————————————————- ၁၉၇ဝ ပြည့်နှစ် တုန်းက မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ် မှာ လွှင့်တဲ့ Pussy Cats ရဲ့ Missisipi ဆိုတဲ့ သီချင်းလေး တစ်ပုဒ်ကို အရမ်းစွဲလမ်းခဲ့ဖူးပါတယ်။ Missisipi မြစ်ဝှမ်းသားတွေ သူတို့ရဲ့ ဒီမြစ်ကြီးကို ဘယ်လိုများ ရင်ခုန်ခဲ့ပါသလဲ။ ကျွန်တော်လည်း ဒီသီချင်းလေးကို နားထောင်ရင်း… လိုက်ဆိုရင်းနဲ့ ကျွန်တော်ကိုယ်တိုင် မမြင်ဖူး…မတွေ့ဖူးတဲ့ Missisipi […]


A mar nyoAugust 3, 20161min07
အလုပ်ဆင်းလို့ အိမ်အပြန်ရောက်ရောက်ခြင်းပဲ ချစ်တူမတော်ပေါက်စလေးက နို့ဘူးလွတ်ကျပြီး ကွဲသွားလို့ သွားဝယ်ပါဦးဆိုတော့ ဈေးထဲသွားဖို့ပြင်တော့ နှစ်ယောက်သားလိုက်ချင်လို့ တကဲကဲ အပြင်သွားရမှန်းသိတတ်နေသော အငယ်မက လသားအရွယ်ဆိုတော့ ချီသွားလို့ရပေမဲ့။ခုန်ပေါက် ပြေးလွှားကစားခြင်းနှင့် ပူဆာခြင်းတွင် တစ်ဘက်ကမ်းခတ်ကျွမ်းကျင်လှသော တူမတော်ကိုခေါ်သွားလျှင်ဖြင့် ဒုက္ခတွေ့နိုင်သည်။ ထို့ကြောင့်လိုက်ချင်ရင် ဘာမှမပူဆာရ၊ မုန့်ဝယ်မကျွှေးခိုင်းရ၊ ပြောစကားနားထောင်ပါမည်ဟူသော အပေးအယူအရင်လုပ်ရသည်။ ဒါတောင်ဆိုင်ရောက်တော့ပီကေဝယ်ကျွှေးလိုက်ရသေး။ အိမ်ကထွက်ထွက်ခြင်း အကြောင်းသိနေသော တူမတော်အား အရင်မှာရသည် မပြေးရမလွားရဆိုတော့ ကျွှန်မကိုမော့ကြည့်ကာ တီလေးမလွားရဆိုတာဘာပြောတာလဲတဲ့။ ပြောမိသောကျွှန်မ ဘာဖြေရမှန်းမသိဖြစ်သွားသည်။ အဖြေကို အပြေးအလွားစဉ်စားကာ စိတ်ထဲထင်တဲ့အတိုင်း “သမီး ပြေးတဲ့အခါ လွားခနဲပြေးတာကိုပြောတာ”ဟုဖြေလိုက်တော့ ထပ်မမေးတော့။ ဆိုင်လည်းသိမ်းချိန်ဖြစ်နေတော့ နို့ဘူးဝယ်ပြီးကုန်းထိပ် အစ်မရှိသောဆိုင်အထိတက်သွားလိုက်သည်။ ဆိုင်သို့ရောက်လျှင် တွေ့သမျှအပေါက်နိုက်ကာ မြင့်သမျှပါးစပ်ထဲကောက်ထည့်တတ်သော တူမကိုဆွဲကာ ကားအသွားအလာမပြတ်တတ်သောလမ်းတွင် ဆော့နေသော မြန်မာပြည်ရောက် အမွေစိန်ကို တဟဲ့ဟဲ့အော်နေရတော့သည်။ ခဏနေတော့ အဒေါ်ပေါက်စနှင့် သမီးတော်နှစ်ပါးကို […]


ဂ်စ္စူAugust 2, 20161min020
ရေလည် အီးတင်းနေတာနဲ့ ဆိတ်ပြေလက်ပျောက် လျှောက်ဆော့နေတာ ဒါပေမဲ့ အတော်မှန် သဟေ့ အဟေ့ အဟေ့ ညှင်းညှင်း   အတော်မှန်တယ် ပျင်းရင် မစံဂျာကနေ SimSimi ကို ရိုက်ရှာပြီးမေးကျိ


black chawJuly 30, 20161min027
ကျွန်တော့် အဖေ က အခြားအဆင့် စစ်သားကြီး တစ်ယောက်ပါ။ ကျွန်တော်တို့ မောင်နှမ တွေ ကလည်း အဖေ တာဝန်ကျရာ တပ်တွေလိုက်ပြောင်းပြီး နေခဲ့ရသူတွေပါ။ ကျွန်တော့်ကို ပုသိမ် ကင်မလင်းကျွန်းမှာ မွေးပါသည်…။ ကျောင်းစတက်တဲ့ အချိန်အထိ ပုသိမ်မှာပဲ နေခဲ့ရပါ၏…။ သူငယ်တန်း နှစ်ဝက်လောက်မှာ အဖေ တပ်ပြောင်းရပါသည်…။ ခ.လ.ရ (၈၀) အင်းမမြို့ ကိုပါ…။ အဖေ နဲ့ အမေ က အင်းမ တပ်ကို အရင်သွားနှင့်ကြပြီး ကျွန်တော် က အမေ့အစ်ကို အိမ်ရှိတဲ့ ကြည့်မြင်တိုင် သာဓုလမ်းထဲက အ.မ.က ကျောင်း မှာ သူငယ်တန်း ဆက်တက်ပါသည်…။ သူငယ်တန်းအောင်တော့မှ အင်းမကို လိုက်ပြောင်းပြီး တပ်တွင်းအ.မ.က မှာ ပထမတန်း စတက်ပါသည်…။ […]


မောင်စော က ပြောတယ်။ {{{ ပြန်မရနိုင်တဲ့အလှအပလေးတွေကို ဓါတ်ပုံရိုက်ပါ ..(လူမပါကြေး )}}} တဲ့။ လွန်ခဲ့သော ၁ရနှစ် နှစ် ကပေါ့။ “နီးနီးလေးနဲ့ဝေး” ခဲ့တာလေးတွေကို အမှတ်တရ အနေနဲ့ ပြန်ကြည့်နေနိုင်ဖို့ အထိမ်းအမှတ် နေရာတွေ၊ ရှုခင်း တွေ ကြား ခပ်မှုံဝါးဝါး အသေးလေးတော့ ပါသင့်ပါတယ်ကွယ်။ 😉 :-))))  


nicolus agralJuly 29, 20161min012
လူသားများအတွက် တိုးတက်ဖွံဖြိုးပြီးလူသားများသည် လူသားများဖြစ်သည် တိုးတက်မှုနည်းသောလူသားများသည် ကျေးကျွန်များဖြစ်သည် အခြားသက်ရှိများ အပင်များအတွက် တိုးတက်ဖွံဖြိုးပြီးလူသားများသည် အဖျက်သမားများဖြစ်သည် တိုးတက်မှုနည်းသောလူသားများသည် သဘာဝဖြစ်သည် ကမ္ဘာကြီးအတွက် တိုးတက်ဖွံဖြိုးပြီးလူသားများသည် ကင်ဆာဖြစ်သည် သို့ virus ရောဂါဖြစ်သည် တိုးတက်မှုနည်းသော လူသားများသည် ဂေဟစနစ်ဖြစ်သည် လူသားမျိုးနွယ်ကြီး ပျက်သုံးပါစေ သဘာဝတရား တည်တံပါစေ ကမ္ဘာကြီး ကျန်းမာပါစေ


A mar nyoJuly 29, 20161min013
ကျွှန်မအစ်မလတ် အိမ်ထောင်ကျပြီးသကာလ သျှောင်နောက်ဆံထုံးပါကာ သတု့ိသားနေအိမ်သို့လိုက်သွားလေသည်။သတို့သားနေအိမ်ဟုဆိုသော်လည်း ခဲအိုမှာမူ နိုင်ငံတာဝန်ထမ်းဆောင်နေသောအမှု့ထမ်းရဲဖြစ်သောကြောင့် ၈မို်င်ရဲဘော်ဟောင်းတွင်ရှိသော ဝန်ထမ်းအိမ်ရာတွင်နေထိုင်ခြင်းဖြစ်သည်။ လိုင်းခန်းတွင်တစ်နှစ်ကြာနေထိုင်ပြီး ခဲအိုမှာဝန်ထမ်းဖြစ်သည့် အလျောက် နေပြည်တော်သို့တာဝန်ထမ်းဆောင်ရန် အမိန့်ထွက်လာသောကြောင့် ကျွှန်မအစ်မနှင့်ချစ်လှစွာသောတူမတော် နောက်တိုးလေးနှင့် အိမ်သို့ပြောင်းရွှေ့လာကြလေသည်။ရောက်လာကာစတော့ ဆည်းလည်းလေးအတိုင်းပင် အင်မတန်မချစ်ဖို့ကောင်းသောကြောင့် အဒေါ်တွေ ဦးလေးတွေရဲ့ အသည်းနှလုံးလေးပင်ဖြစ်သည်။ တူမတော် ငိုသံကြားလျှင်ကို အပြေးအလွားချော့လိုက်ရသည်မှာ ဖတ်ဖတ်မော။ စကားစပြောကာစဆိုလည်းတတ်လိုက်သည်မှာ လည်လိုက်သည်မှာဆိုပြောစရာမရှိ။ မှားလို့ဆူရင်လည်းသူကဦးအောင်ပစ်ချွဲပြလေတော့ ဆူမည့်သူမှာမဆူရက်။ ဟောတဖြည်းဖြည်းနည်းနည်းကြီးလာတော့ ချစ်စရာတူမလေးမှာဆည်းလည်းလေးမှတဆင့် ခေါင်းလောင်းလေးသို့ တဖြည်းဖြည်းပြောင်းလဲအသံမြည်လာသည်။ပြောင်းလဲလာပုံကတော့ လိုချင်တာမရရင် ထိုင်ပြီး (၇)အိမ်ကြား (၈)အိမ်ကြားအော်ငိုသည်။ ဒါတင်မကဈေးခေါ်သွားလို့လမ်းမှာလိုချင်တာမရရင် တော်တော်နှင့်ပြန်ခေါ်မရ ပေပြီးရပ်နေ(သို့)လမ်းမှာငုတ်တုတ်ထိုင်နေတတ်သည်။ထိုသို့ဂျျီကျတတ်လာသော တူမတော်လေးကြောင့်ကျွှန်မတို့အဒေါ်တွေမှာ တူမကြောနပ်ကာ ဈေးသွားရင် ပိုက်ဆံအပိုမယူသွားတော့ချေ။ ပူဆာရင်ပိုက်ဆံမပါတော့ဘူးပြောကာ ပြန်ခေါ်လာခဲ့ရတော့သည်။ ပထမ တစ်ခေါက်နှစ်ခေါက်လက်ခံသော်လည်းနောက်ပို်င်းတွင် သူလူလည်ကျ ပုံကဘီးကုပ်လိုချင်ရင် ဘီကုပ်ဆိုင်ရှေ့တွင် ရပ်နေတော့သည်။ ဒီတော့လည်း ကျွှန်မတို့မှာ မဖြစ်မနေ […]


weiweiJuly 29, 20161min017
ရွာထဲ ခဏဝင်ကြည့်ရင်း တစ်ခုခုရေးခဲ့ချင်စိတ်ပေါက်လို့ပါ .. ပို့စ်မတင်ဖြစ်တာ တော်တော်တောင်ကြာခဲ့ပြီမို့လို့ .. ခေါင်းစဉ်တစ်ခု စဉ်းစားလိုက်တယ်   အဲဒါကတော့ ….   ရွေးချယ်ဖို့ အခွင့်အရေး ရခဲ့မည်ဆိုလျှင် ….   ကျွန်မတို့တွေအားလုံး ရွေးချယ်မှုတွေတစ်ခုပြီးတစ်ခုလုပ်ရင်း နေ့ရက်တိုင်းကို ဖြတ်သန်းနေကြရပါတယ်။ ရွေးတဲ့နေရာမှာလဲ ရွေးလို့ရရင်ရသလောက်ရွေးတတ်ကြတယ်။ တကယ်လို့များ မနက်စာကို ပဲပြုတ်ထမင်းကြော်တစ်မျိုးပဲ ရမယ်ဆိုလျှင် ကျွန်မတို့တွေ အဲဒါကိုပဲ စိတ်လျော့ပြီး စားလိုက်ကြမှာပါ။ နောက်တစ်မျိုးထပ်တိုးရရင်ဆိုရင် နှစ်မျိုးထဲက တစ်မျိုးကို ရွေးကြရလိမ့်မယ်။ သုံးမျိုးဆိုရင် သုံးမျိုးထဲကတစ်မျိုးကို ရွေးကြရပါတယ်။ ရွေးချယ်ခွင့်များလေလေ ရွေးချယ်ရခက်လေလေပါပဲ။ အဲလိုအခြေအနေမှာဆိုရင်တော့ မှန်ကန်စွာရွေးချယ်တတ်ဖို့ အရေးကြီးလာပါပြီ။ အစားအသောက်တင်မက အဝတ်အထည်မှာလဲ အတူတူပါပဲ။ ရွေးချယ်မှုတွေနဲ့ အသားကျလို့နေပါတယ်။ ဘဝအတွက် အရေးကြီးတဲ့ ရွေးချယ်မှုတွေမှာတော့ သေသေချာချာ အကြိမ်ကြိမ် စဉ်းစားဆုံးဖြတ်ဖို့တော့ […]


”   နောက်ဆုံးစကား”   အလုံးစုံ ပျက်စီးခြင်းရဲ့အဆုံး သုံးမရ ပြင်မရ ဒီဘဝရောက်မှတော့ သံယောဇဉ်တွေ အစိမ်းလိုက်ဖြတ် ပြတ်သားစွာ အားလုံးရပ် ငါ့ကိုချန်ထားခဲ့ပါတော့။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၈၇၁၆  


alinsettJuly 29, 20162min04
              သစ်ရွက်တို့. . .လေတိုက်သောကြောင့် လှုပ်လှုပ်ခက်ခက် ဖြစ်သွားသည်။ တဖျတ်ဖျတ်အသံတို့ အဆက်မပြတ်။ လေက ဟူးဟူးရားရား။ မကြာသေးခင်ကမှ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော တောအုပ်သည် ဗြုန်းခနဲ မျက်လှည့်ပြလိုက်သလို လှုပ်ရွဆူညံသော တောအုပ်တစ်အုပ် ဖြစ်သွားသည်။   မနီးမဝေးဆီမှ . . .ရေစီးသံ သဲ့သဲ့ ထွက်ပေါ်နေသည်။ သာမန် စမ်းချောင်းတစ်ခုဆီမှ ထွက်သည့်အသံလိုမျိုး တသွဲ့သွဲ့မဟုတ်။ ကုန်းမြေမြင့်ဆီမှ ထိုးဆင်းကျလာသည့် ရေစီးသံလိုမျိုး တဝေါဝေါအသံများပင် ကြားရသည်။   ဤတဲကလေး အနီးမှာတော့ တောအုပ်က ပို၍ နက်ရှိုင်းသည်။ ဤတဲကလေး ပတ်လည်တွင် သစ်သီးသစ်ဥအပင်တို့ နတ်စီခြယ်သလိုပေါက်ရောက်သည်။ ပေါက်ရောက်ရှင်သန်နေသမျှ အပင်တို့သည် ဤတဲကလေးကို တည်ဆောက်ခဲ့သော လူသားအတွက် […]


sorrowJuly 28, 20161min025
ကျွန်တော်တို့ ခရီးမထွက်တတ်ကြဘူး .. . Travel Planner တစ်ယောက်ရဲ့ အမြင်ကိုပြောရရင် … ကျွန်တော်တို့ အခြေခံအချက်သုံးချက်နဲ့ စဉ်းစားပါတယ် ။ နေရာ ။ သက်တောင့်သက်တာရှိမှု နဲ့ ပျော်ရွှင်မှုပါ ။ ငွေကြေးကိုနောက်ဆုံးမှစဉ်းစားပါတယ် ။ မြင်သမျှ လွဲမှားနေတဲ့ အချက်တွေထောက်ပြရရင် .. .လေယဉ်လက်မှတ်ရွေးချယ်တာကစချင်ပါတယ် မနက်ခြောက်နာရီထွက်တဲ့လေယဉ်မျိုးကိုရွေးချယ်မိရင် အိပ်မက်ဆိုးပါ.. ခြောက်နာရီလေယဉ်အတွက် လေးနာရီချက်ကင် ဝင်ရမယ် .. ဆိုတော့ကာ သုံးနာရီ အနည်းဆုံးထရမယ် ….အိပ်ရေးပျက်ပြီးပင်ပန်းနေတဲ့လူအတွက် ..အဲ့နေ့က မလန်းဆန်းနိုင်တော့တာ ငြင်းမရတဲ့အမှန်တရားပါ ..ဈေးသက်သာတဲ့လေယဉ်အများစုက အချိန်မကောင်းပါဘူး ..မနက်အစောကြီးဖြစ်ရင်ဖြစ် ..ညသန်ခေါင်ဖြစ်ရင်ဖြစ်ပါမယ် ။ နောက်တခုက. ကျွန်တော်တို့ နေရာစုံကိုအချိန်တိုအတွင်းငွေအနည်းဆုံးနဲ့သွားချင်ကြပါတယ် ။ ဓါတ်ပုံရိုက်ချင်ပါတယ် ။ ရောက်ဖူးကြောင်း ဖေ့ဘွတ်တင်ချင်ပါတယ် ။ အမှားတော့မဟုတ်ပါဘူး ။ […]