CourageSeptember 21, 20161min06
 သတင်းသမားတွေ သတင်းဆန်သင့်တယ် – အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူကလေးနှစ်ယောက်ကိစ္စနဲ့ ပတ်သက်ပြီး လူအခွင့်အရေးကော်မရှင်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကြည့်ပြီးတော့ တွေးမိတာက light weigh တန်းက heavy weigh တန်းကို ယှဉ်ထိုးသလို ဖြစ်နေတာကို သွားတွေ့ရတယ် – ပထမအချက်က မေးခွန်းတွေမေးနေကျတဲ့ မီဒီယာသမားတွေအနေနဲ့ လူ့/ကော်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အခွင့်အာဏာကိုသိပ်မသိကျဘူးလို့မြင်မိတယ်။ ပြီးတော့ မေးခွန်းအားလုံးမှာ စိတ်ခံစားမှုတွေပါနေတယ်။ မထိရောက်ဘူး မတိကျဘူးဖြစ်နေတယ်။ – နိုင်ငံနဲ့ချည်ကာဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး တော်ရုံမေးခွန်း စွပ်စွဲချက်တွေလောက်ကို ငပျောသီးခွာစားတာထက်လွယ်အောင် ဖြေနိုင်ဖို့ ကြိုတင်ပြင်ဆင်ပြီးသားဆိုတာကို ကြိုသိထားသင့်တယ်။ သူတို့မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူတို့ရဲ့လုပ်ရပ်အတွက် သူတို့ကို အပြည့်အဝကာကွယ်ပေးနိုင်မယ့် အချက်တွေရှိပြီးသားဆိုတာ သိထားသင့်တယ်။ – ပွဲရဲ့အမေးအဖြေတွေကြည့်ရသလောက်တော့ လူ့/ကော်အနေနဲ့ သူတို့လုပ်ခဲ့တဲ့လုပ်ရပ်ဟာ နှစ်ဖက်သောပုဂ္ဂိုလ်များကို ခေါ်ယူကာ စေ့စပ်ညှိနှိုင်းပေးရုံပဲဆိုတာကိုတွေ့ရတယ်။ […]


ဒီမိုကရေစီဆိုတာကို တလွဲတွေးပြီးမှုခင်းတွေစိတ်ရှိတိုင်းကျူးလွန်းနေကြတယ်။ ရပ်ကွက်ထဲကမိန်းမကြီးတစ်ယောက်ကပြောတာကို မသိနားမလည်လို့ရှင်းပြပါဆိုပြီးသယ်လာတဲ့တစ်ယောက်ထံက ပြန်ကြားရတယ်။ ဖြစ်မှာပေါ့ လိုချင်ဦးလေ ဒီမိုကရေစီ တဲ့ ဒီမိုကရေစီရဲ့အခွင့်အရေးဟာဘာလဲ ဆိုတာအသိကျယ်ပြန့်အောင် ဖြန့်ချရေးတဲ့စာတွေကိုလူတိုင်းမဖတ်ကြဘူး။ မိုက်ရူးရဲစာတိုတွေမှာလောက်ပဲ ဝင်ယောင်နေကြတယ်။ #ဖြစ်မှာပေါ့ လိုချင်ဦးလေဒီမိုကရေစီ- ဆိုတဲ့ စကားဟာ သိပ်လန့်ဖို့ကောင်းပါတယ်။အဲ့လိုအတွေးကိုလက်ခံထားသူ ဘယ်နှစ်ယောက်များရှိနေပြီလဲ?


kaiSeptember 20, 20161min014
ကျေးဇူး ပညာရေးဝန်ကြီးဌာနထုတ် မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင် “ကျေးဇူး”ကို 1. Good deed for others 2. Benefit 3. Gratitude ဟု ဖေါ်ပြထားသည်။ Benefit အထိပင်ပြထားသော်ငြား အင်္ဂလိပ်ဘာသာစကားအားဖြင့် ထင်ရှားတိကျသော စာလုံးမရှိ၊ မြန်မာအနက်ကောက်လျှင်မူ အပြုအမူပြ စကားနှစ်လုံးပေါင်း၏အဓိပ္ပါယ်  “ကြေးစူး”မှလာသည်။  “ကြေး”ဆိုသည်မှာ တန်ကြေး၊ “စူး”ဆိုသည်မှာ စူးဝင်ခြင်းဟုဖွင့်ဆိုပါသည်။ သို့ဖြစ်လျှင် ကျေးဇူးဟူသည် ကြွေးကင်းလွတ်လပ်နေသူကို အကြွေးတင်စေခြင်းဖြစ်သည်။ ပြန်ဆပ်ရမည့်သဘောပါသည်။ အပေးအယူသဘောသက်သည်။ အတိုးပေးရမည့်အဓိပ္ပါယ်ဝင်သည်။ ကြွေးရှင်အဖြစ်အာဏာရှင်အငွေ့အသက်ပါသည်။ တကယ်တော့ ဥစ္စာကြွေး၊ ဝဋ်ကြွေး နှုတ်ကြွေး အကုသိုလ်ကြွေး၊ ချစ်ကြွေး၊ ရန်ကြွေး မည်သည့်အကြွေးမှ မတင်စကောင်း။ နို့တလုံး ရတနာသုံးပါးနှင့်တန်းတူထားကာ ဘုရားဟောမဟုတ်သည့် “အနန္တောအနန္တငါးပါး”ပြု၍ မိဘနှင့်ဆရာကို တွန်းတင်ခြင်းသည် မြန်မာ့ ယဉ်ကျေးမှုဓလေ့တွင်သာရှိပေသည်။ ဂေါတမဗုဒ္ဓဘုရားသည်ပင် “မိခင်၏နို့တလုံးဖိုးသာ […]


Tawwin PanSeptember 20, 20161min06
ဟိုရက်တွေက မမကြီးခင်ဇော်တင်တဲ့ပို့စ်မှာ အားလုံးဝိုင်းဆွေးနွေးနေကြတာလေးကို ကြည့်ပြီး ရေးမယ်ဆိုပြီး မရေးဖြစ်တဲ့အကြောင်းလေး ရေးရင်ကောင်းမလားလို့။ ကိုယ်ရေးကိုယ်တာ ခံစားချက်ဆိုတော့လည်း ရေးရမလား၊ မရေးရဘူးလားဆိုပြီး ဒွိဟဖြစ်နေလို့ပါ။ ရွာထဲက သူတွေအကုန်လုံး စာဖတ်အားကောင်းပြီး ဆွေးနွေးငြင်းခုံနိုင်တဲ့ အသိပညာတွေနဲ့ပြည့်နေလို့ အားကျစိတ်တွေလည်းဖြစ်မိပါရဲ့။ အဲဒီတော့ သူမအတွက် အကြံဉာဏ်ကောင်းတွေပေးနိုင်မယ်လို့ မျှော်လင့်ပြီး ရေးပါရစေနော်။ အရင်တင်ထားဖူးတဲ့ပို့စ်တခုမှာလည်း အဖေနဲ့ပတ်သက်ပြီး ရေးပြချင်ပါတယ်လို့ ဆိုထားခဲ့ဖူးလို့ အဖေ့အကြောင်း သူမရဲ့အမြင်ကို အရင်ရေးပြချင်ပါတယ်။ အဖေနဲ့ပတ်သက်ရင် သူမရဲ့အမြင်က အဆိုးမြင် ဝါဒီ ဖြစ်မှန်းမသိ ဖြစ်နေပါတယ်ဆိုတာတော့ ဝန်ခံထားပါရစေ။ အမှန်တော့ အဖေက လူရိုးလူကောင်း အညာသားတစ်ယောက်ပါပဲ။ မှတ်မိသလောက်ဆိုရင် အမျိုးတွေထဲမှာ ရန်ကုန်ကို တက်ပြီး စီးပွားဖြစ်ထွန်းခဲ့တဲ့အထဲမှာ အဖေက ဦးဆောင်သူပါပဲ။ ငယ်ငယ်တုန်းကတော့ အဖေက ရေခဲမုန့်ဗုံးလေး လွယ်ပြီး ရပ်ကွက်တကာပတ်ပြီး ပစ္စည်းတွေနဲ့အလဲအလှယ်လုပ်ပြီး ဈေးရောင်း […]


မြန်မာနိုင်ငံမှာ လူမသိသူမသိကျွန်ပြုနှိပ်စက်ခံနေရတဲ့ကလေးတွေအများကြီးရှိပါတယ်။ မဖြစ်စလောက်ငွေကြေးလေးအတွက်နဲ့ ဈေးဆိုင်တွေ၊အိမ်တွေမှာ စားချိန်၊အိပ်ချိန်ပင်မမှန်ပဲ အကြောက်တရားများစွာနဲ့လူမသိ၊သူမသိရှင်သန်နေရတဲ့ကလေးတွေဘဝပါ။ တစ်ချို့က ဘယ်လောက်တောင်ယုတ်မာလဲဆို မိဘမဲ့ဂေဟာကနေ မွေးစားဖို့ဆိုပြီးခေါ်လာကာ ကျွန်ပြုထားကြပါတယ်။ အိမ်ဖော်ငှါးဖို့တောင်တွန့်တိုတတ်သူတွေဟာ အမွေစားအမွေခံအဖြစ် အမွေပေးဖို့ဆိုတာ ယောင်လို့တောင်တွေးထားမယ်မထင်ပါ။ ဥပဒေကို လက်တစ်လုံးခြား လုပ်ချင်တိုင်းလုပ်လို့ရနေတဲ့နိုင်ငံပါ။

14397291_1280319752001384_2123081570_n-600x450.jpg

Mon LaySeptember 19, 20163min01
ငွေ ၁၇၀၀ဝ တည်းနဲ ့နေ ့ချင်းပြန်ခရီးကိုသွားလို့ ရပါ့မလား…သူများတွေတောင် နေ ့ချင်းပြန်ခရီးကို ၃၅၀၀ဝ ကောက်နေတာလို့ မေးမယ်ဆိုရင် …ပြန်ဖြေပေးမယ်နော်။ ရပါတယ်..တကယ်ကို၁၇၀၀ဝတည်းနဲ ့မွန်လေးသွားခဲ့တာပါ.ကားခအပြီးအစီးပေ့ါဟဲဟဲ(ရေသန် ့ဘူးတော့ပါတယ်)…ထမင်းစားတာသောက်တာတော့ကိုယ့်ဖာသာကြိုက်သသောက်စား၊ကျသလောက်ဆက်ရှင်းပေါ့။ >ရန်ကုန်စုရပ်ကနေ..မနက် ၄နာရီစထွက်ကြတယ်။(သူများတွေကညပို်င်းထွက်ကြတယ်) ပထမဦးဆုံးမနက် ၆နာရီကျော်မှာဘုရားကြီးမြို  ့ကိုရောက်တယ်။သန်းကြွယ်စားဖွယ်စုံဆိုင်မှာ ..မနက်စာစားကြတယ်.အိမ်ကနေမုန် ့နဲ ့ကော်ကော်သောက်လည်းအဲ့ချိန်မှာပြန်ဆာတာမို ့မုန် ့ဟင်းခါးအိုးဘဲဥလေးနဲ ့အရင်သွပ်လိုက်တယ် (သိပ်မကောင်းဘူး) မိတ်ဆွေတို ့သွားဖြစ်ရင် တခြားဟာမှာစားကြနော်.. ဘီးလင်းမြို ့ကို မနက်ရနာရီကျော် ၈နာရီထိုးခါနီးမှာရောက်သွားတယ်.. ကျာက်ပိရဟန္တာရှိတဲ့မဲလံဆံတောင်ကိုမြို  ့ထဲကနေတော်တော်ဆက်သွားရသေးတယ်..တောင်ခြေရောက်တော့ 10နာရီထိုးနေပြီ။.                        မဲလံတောင်မုခ်ဦးအဝင်ဝ ကျောက်ပိရဟန္တာ တောတောင်တွေကိုလှမ်းမြင်ရတာနဲ ့တင်စိတ်မှာကြည်နူးမဆုံးပဲ…ကျိုက်ထီးရိုးတောင်ပေါ်တက်သလိုမျိုး ကားနဲ ့တဆင့်ပြန်ခဲ့ရတယ်(ကျိုက်ထီးရိုးကားကအမိုးမပါဘူး။သူကအမိုးပါတယ်)…အဝင်ဝကြည့်လိုက်တော့အတော်မတ်တယ်ပေါ့နော်..နောက်တက်လည်းတက်ရော.နောက်ပို်င်းတွေမှာသိပ်မမတ်တော့ပါဘူး..တစ်ချက် တစ်ချက် Roller Coaster စီးရသလိုပဲ..အသည်းထဲအေးသွားတာပဲ။သိပ်မကြာပါဘူး ၁ဝမိနစ်ပဲ. ရွှတ်ဆိုရောက်ရော။              ဒီကားနဲ ့အုပ်စုလိုက်တက်ခဲ့ကြတယ် ပစ္စည်းစုံလင်တဲ့ဈေးဆိုင်ခန်းတွေကိုကျော်သွားတော့မှတောင်ပေါ်ကိုလှေကားနဲ ့ […]


ယောက်ျားသုံးယောက်ကို ပိပိရိရိသတ်ပစ်တဲ့ မိန်းမတစ်ယောက်အကြောင်းပေါ့ကွာ။ ကြားဖူးလားတော့ မသိဘူး။ လေးယောက်မြောက်ကျကာမှ မိတော့တာ။ အိုင်ယာလန်မှာ ဖြစ်ခဲ့တာပါ။ အင်း..မသေမချင်းကြိုးကွင်း စွပ်သတ်စေပေါ့။ သူ့ယောက်ျားတွေကို ဘယ်လိုသတ်ပစ်ခဲ့သလဲ ဟုတ်လား။ ဒီလိုကွ..အရင်ဆုံး ဆေးခပ်ပြီး မူး မေ့အောင်လုပ်။ ပြီးတော့ ပွက်ပွက်ဆူနေတဲ့ ခဲရည်တွေကို ကတော့လေးတစ်ခုနဲ့ နားထဲလောင်းထည့်တာပဲ။ အေးပေါ့..မူးမေ့ပြီး အိပ်ပျော်နေတဲ့အချိန် လုပ်တာပေါ့။ အေး..တခြားတော့ ဘာမှ ထူးထူးခြားခြား မဖြစ်သေး ဘူး။  မနှစ်က ဒီအချိန်လောက်..။အင်း အဲဒီညနေ ထမင်းပွဲပြီးတဲ့နောက်ပေါ့..။ နိုဝင်ဘာလပဲကွ..။ မှတ်မိတာ ပေါ့ကွာ။ မနှင်းရည်လေးတစ်ယောက် အိပ်ယာထဲမှာပဲ ရုတ်တရက် ဆုံးရှာသတဲ့။ အဲ..ရက်စွဲလား..အဲဒါတော့ မသေချာဘူးကွ။ အဲဒီတုန်းက ရခိုင်ဘက် ငါရောက်နေတာ။ အင်း..အင်း..မနှင်းရည်ကလေး ဆုံးရှာတော့ ငါ့ညီ လူထက် အထီးကျန်ရှာမှာပဲဆိုပြီး ငါသွားတွေ့တာ ပေါ့။ ဒီကောင့်ကြည့်ရတာ […]


kaiSeptember 19, 20162min02
နယူးယောက်တွေ့ဆုံပွဲ ဒေါ်စုမိန့်ခွန်း အပြည့်အစုံ 18.09.2016 07:20 ဗွီအိုအေ (မြန်မာပိုင်း) DASSK in NY ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁ရ ရက် စနေနေ့မနက်ပိုင်းက နယူးယောက်မြို့ မြန်မာသံရုံးမှာ မြန်မာနို်င်ငံသားတချို့နဲ့ တွေ့ဆုံခဲ့ ပါတယ်။ အဲလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ ဘက်ပေါင်းစုံကလူတွေ ပါဝင်နို်င်အောင် သူတို့အစိုးရကို ဖွဲ့စည်းခဲ့ကြောင်း၊ ဝန်ထမ်းရွေးချယ်ရာမှာလည်း အရည်ချင်းရှိပြီးတော့ တိုင်းပြည်အကျိုး တကယ်ထမ်းဆောင် မယ့်သူမျိုးတွေကို ရွေးချယ်ဖို့ လိုအပ်တဲ့အကြောင်း၊ ပြည်ပရောက် မြန်မာတွေအတွက် ပြည်ဝင်ခွင့်ဗီဇာနဲ့ ပတ်သက်ပြီး တင်းကြပ်မှုတွေကို ဖြေလျော့ပေးမယ့်အကြောင်း၊ ပြည်ပရောက် ပညာရှင်တွေ အထူးသဖြင့် ဆရာဝန်တွေရဲ့ အကူညီတွေလိုအပ်ကြောင်း စတဲ့ကိစ္စတွေ ပြောကြားခဲ့ပြီး၊ ဒုတိယပိုင်းမှာတော့ ဆွေးနွေးပွဲမှာပါတဲ့ ပရိသတ်တချို့ရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့တာတွေကို စုစည်းတင်ဆက် လိုက်ပါတယ်။ […]


hmeeSeptember 19, 20161min018
မြန်မာ မှန်ရင် ပုဂံရောက်ဖူးရမယ်။ ပုဉ္ဖင်းတက်ဖူးရမယ်။ ပွဲကြည့်ဖူးရမယ် လို့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ကဆိုပါတယ်။ ဒီလိုဆိုရင်ဖြင့် ကျွန်မ တယောက် မြန်မာ မပီသသေးဘူးဟုဆိုရမှာပါ။ ကျွန်မ ပုဂံကို မရောက်ဖူးသေးပါဘူး။ ကျွန်မတို့ မိသားစုဝင်တွေ  ကျွန်မ ညီမတွေ ပုဂံကို သွားကြ ရောက်ကြပေမဲ့ တကြောင်းမဟုတ် တကြောင်းနဲ့ ကျွန်မ ကျန်ခဲ့ရတာမို့ အခု အသက်အရွယ်ထိ တခေါက်မှပင် မရောက်ဖူးသေးပါ။ ဒုတိယ တခုကတော့ မိန်းမသားမို့ လွတ်မည် ထင်ပါရဲ့။ တတိယ တခုနှင့် ပတ်သက်လို့ကတော့ဖြင့် ကျွန်မ မြန်မာ ပီသလွန်းသူဟုပင်။ အငြိမ့်ပွဲ၊ ဗလာပွဲ၊ ရုံပွဲ  ပွဲ အတော်များများစုံအောင် ကြည့်ဖူးသည်။ အညာသူမို့ ပွဲကြိုက်သည်ဟုပင် ဆိုနိုင်ပါသည်။ အလှုတွေမှာ အလှုအောင်ပွဲ အငြိမ့်ထည့်သည့် အရပ်မို့ […]


  အားတဲ့ရက်မှာ ရုပ်သံစီးရီးစ်လေးတွေကြည့်ဖို့အတွက် အညွှန်းနဲ့ လင့်ခ်လေးတွေပါ။ :chit:   MY QUEEN – Taiwanese #အသက်၃၃နှစ်အရွယ် ရှမ်းဝူရွှမ်းဟာ ချောမောလှပသလောက် အလုပ်နဲ့ပတ်သတ်ရင် ဘယ်သူ့ကိုမှအကြောမခံလိုတဲ့ သတင်းထောက်မတစ်ယောက်ပါ။ အလုပ်အပေါ်သဲကြီးမဲကီးနဲ့ ဘယ်သူ့မျက်နှာမှမထောက်တတ်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့မုန်းတီးခြင်းခံရသူ၊ ဘယ်သူမှ မကြိုက်ဝံ့သူ အထီးကျန်အပျိုကြီးပါ။ #အသက်၂၅နှစ်အရွယ် နုပျိုချောမောသွက်လက်တဲ့ လုခါစင်း ဆိုတဲ့ကောင်လေးနဲ့ပတ်သတ်ခဲ့ပြီးနောက် သူမရဲ့လက်ထောက် လုခါစင်းကြောင့် တဖြည်းဖြည်းပြောင်းလဲလာတဲ့စိတ်ထားကို မာနနဲ့ဖုံးကွယ်ရင်း #My Queen ဆိုတဲ့ ထိုင်ဝမ်ဇာတ်လမ်းတွဲလေးကိုကြည့်မယ်ဆိုရင် အောက်ပါလင့်ခ်မှဒေါင်းယူနိုင်ပါတယ်။ https://disqus.com/home/discussion/sugoideasmain/my_queen/ The Time We Were Not In Love – Korean ချွဲဝမ်နဲ့ဟာနာ တို့ဟာ အိမ်ချင်းကပ်လျက် ငယ်သူငယ်ချင်းတွေ။ ငယ်ငယ်တည်းက အတူသွား၊အတူစားနေထိုင်လာပြီး အချစ်ရေးမှာတော့ တစ်ယောက်ကို တစ်ယောက် […]

13872661_1741236232763640_8898218515651586064_n-1-600x400.jpg

Mon LaySeptember 17, 20163min01
ညဈေးတွေမှာ နိုင်ငံတကာ Brands တွေနဲ့ စားသောက်ဆိုင် ကောင်းကောင်းတွေ ရှာဖို့ အကောင်းဆုံးနေရာတွေ ပေါ့။ လက်မှုပညာသည် ပြုလုပ်ထားသော ရိုးရာလက်ဆောင်ပစ္စည်းများ၊ ဒေသခံများပြုလုပ်သော ရိုးရာအစားအစာများ လေ့လာဖို့ ညဈေးက သွားသင့်တဲ့နေရာတခုပါ။ ဈေးနှုန်းချိုသာစွာနဲ့ နာမည်ကြီး တံဆိပ်တွေ ဝယ်နိုင်တဲ့ လက်မလွှတ်သင့်တဲ့ ဘန်ကေက်က ညဈေး ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်နော်….. Ref: www.bangkok.com Rot Fai Market Srinakarin Rot Fai ညဈေးဟာ တော်တော်ကျယ်တဲ့ ညဈေးကခုပါ။ ဘန်ကောက် မြို့၏အရှေ့ဘက် ဆင်ခြေဖုံးအရပ် Srinakarin မှာတည်ရှိပါတယ်။ ညဈေးက အပိုု်င်း၃ရှိပြီး နေ့တိုင်း ခေတ်မှီအဝတ်အစားများ၊ ရှားပါးပစ္စည်းများကို ကမာ္ဘတဝန်းမှ စုဆောင်းပြီ ရောင်းချလျက်ရှိပါတယ်။ညဈေး၏ အဓိက အားသာချက်ကတော့ အရေအတွက်များများကို ဈေးနှုန်းချိုသာစွာ […]


အိမ်ထောင်သည်တွေအပေါ်သာယာမိသူတွေဟာ အတိတ်ဘဝက ကံကြောင့်လို့သတ်မှတ်ကြသလို ကျူးလွန်သူကာယကံရှင်တွေကတော့ အချစ်ကြောင့်လို့ လွှဲချတတ်ကြတယ်။ ယောက်ျား၊မိန်းမ နှစ်မျိုးစားလုံးဟာဆန့်ကျင်ဖက်လိင်ရဲ့ဆွဲဆောင်မှုအပေါ်သာယာတတ်ကြပါတယ်။ *အိမ်ထောင်သည်ဘဝမှာတော့ ယောက်ျားတွေကချည့်ဖောက်ပြန်မှုပိုများလာရခြင်းဟာ ပိုလွတ်လပ်မှုရှိခြင်း၊ဖျော်ဖြေမှုများခြင်းနဲ့သားသမီးဗာရီယနည်းပါးခြင်း တို့ကြောင့်လည်းသက်ဆိုင်ပါတယ်။ မိန်းကလေးတွေဘက်ကစ၍ဆွဲဆောင်တာမျိုးချည့်အပြစ်ပြောလို့မရပါဘူး။ လက်တည့်စစမ်းချင်တဲ့ယောက်ျားတွေဟာလည်းဒုနဲ့ဒေးပါ။ အိမ်ထာင်သညေ်ယာကျ်ားဘက်က တည်ငြိမ်အေးဆေးပါလျက်မိန်းကလေးတွေဘက်က စတင်ဆွဲဆောင်ကာ ဖောက်ပြားကြခြင်းတွေများသလို၊ အိမ်ထောင်သည်ယောက်ျားတွေက စဆွဲဆောင်လို့ နှလုံးသားကျွံဝင်ပြီး အရှက်ကွဲကြရတဲ့မိန်းကလေးတွေလည်းရှိတတ်ကြပါတယ်။ ဘယ်ဘက်ကပဲ စကျူးလွန်သည်ဖြစ်စေ စိတ်ဆင်းရဲသောကကြီးစွာဖြစ်ရတာက    အိမ်ထောင်သည်ရဲ့ဇနီးနဲ့သားသမီးတွေပါ။ သားသမီးတွေဟာ ဖခင်ကြောင့်အရှက်ရရသလို၊ ဇနီးဖြစ်သူမှာတော့ အရှက်ရခြင်းထက် ခင်ပွန်းသည်ရဲ့ ချစ်ခြင်းမေတ္တာဆုံးရှုုံးရလေခြင်းဆိုတဲ့ သောကနဲ့ သားသမီးတွေမျက်နှာငယ်မယ့် မဖူလုံမယ့်အရေး၊ဖခင်ဆိုတဲ့အရံတံတိုင်းကြီးပျောက်ဆုံးမယ့် ိစု်းရိမ်မှုအရေးက ပိုတတ်ကြပါတယ်။ *အိမ်ထောင်သည်မိန်းမတွေအဖို့မှာတော့ ဖောက်ပြန်နိုင်ချေနည်းပါးကြပါတယ်။ စိတ်နှလုံးသားက ယိမ်းယိုင်သည့်တိုင် မိသားစုဗာရီယ၊မိရိုးဖလာဓလေ့အစရှိတဲ့   ခြိမ်းေြုခာက်မှုတွေကြောင့် လက်မလွန်ခင် ချွန်းအုပ်တတ်ကြပါတယ်။ ဒါ့ထက် မြန်မာ့ဓလေ့အရ အိမ်ထောင်သည်မိန်းမတွေကို ကျူးလွန်လိုစိတ်နည်းပါးကြတာလည်းပါပါတယ်။ ယနေ့ခေတ်အနေနဲ့ကတော့ အင်တာနက်လူမှုကွန်ယက်စာမျက်နှာတွေမှတဆင့် အိမ်ထောင်သည် ၊                       အပျိုလူပျို […]