သားသမီးချင်းကိုယ်ချင်းစာကြပါ

မြန်မာနိုင်ငံမှာ လူမသိသူမသိကျွန်ပြုနှိပ်စက်ခံနေရတဲ့ကလေးတွေအများကြီးရှိပါတယ်။

မဖြစ်စလောက်ငွေကြေးလေးအတွက်နဲ့ ဈေးဆိုင်တွေ၊အိမ်တွေမှာ စားချိန်၊အိပ်ချိန်ပင်မမှန်ပဲ အကြောက်တရားများစွာနဲ့လူမသိ၊သူမသိရှင်သန်နေရတဲ့ကလေးတွေဘဝပါ။
တစ်ချို့က ဘယ်လောက်တောင်ယုတ်မာလဲဆို မိဘမဲ့ဂေဟာကနေ မွေးစားဖို့ဆိုပြီးခေါ်လာကာ ကျွန်ပြုထားကြပါတယ်။
အိမ်ဖော်ငှါးဖို့တောင်တွန့်တိုတတ်သူတွေဟာ အမွေစားအမွေခံအဖြစ် အမွေပေးဖို့ဆိုတာ ယောင်လို့တောင်တွေးထားမယ်မထင်ပါ။
ဥပဒေကို လက်တစ်လုံးခြား လုပ်ချင်တိုင်းလုပ်လို့ရနေတဲ့နိုင်ငံပါ။

9 comments

  • Tawwin Pan

    September 20, 2016 at 11:41 am

    အိမ်မှာတော့ တူမ တစ်ယောက်ခေါ်ထားပါတယ်။ ဘယ်လိုသင်ပေးလို့လည်း မရ။ နားလည်အောင်ပြောလည်း မရ။ ဒါတောင် သူ့ကို မီးဖိုချောင်၊ အဝတ်လျှော် အဲလို အလုပ်တွေ တခုမှ မခိုင်း။ အမေ့အတွက် အထောက်အကူရအောင် ခေါ်ထားပေးရတာ။ တနေ့ တနေ့ သူ့ကို ရေချိုးဖို့၊ ထမင်းစားဖို့ ပြောရတာ အမော။ ဆူလိုက်ရင်လည်း မျက်ထောင့်နီကြီးနဲ့ ပြန်ကြည့်သေးတာ။ သူ့ရွာမှာဆိုရင် ကလေးထိန်း၊ ရေထမ်း၊ အကုန်လုပ်ရတာကို သိထားတော့ ဘယ်လိုနားလည်ပေးပြီး ဘယ်လိုဆုံးမရမှန်းမသိတော့။
    မိဘမဲ့ခေါ်မွေးစားပြီး နှိပ်စက်တဲ့သူကတော့ လူမဆန်တဲ့လူယုတ်မာတွေပဲ။ အိမ်ရှင်တွေအနေနဲ့လည်း အိမ်ဖော်ခေါ်ပြီး အဆင်မပြေရင် ပြန်ပို့တာအကောင်းဆုံးလို့ ထင်ပါတယ်။ မိဘတွေကလည်း သားသမီးတွေပို့ထား လစာတွေကြိုယူထားသုံးထားတော့ ကိုယ့်သားသမီး နှိပ်စက်ခံထိလည်း မပြောနိုင် အဲလိုဖြစ်နေတာ များတယ်။
    ကိုယ့်အသားနာမှာတောင် ကြောက်တဲ့သူမို့ နှိပ်စက်တယ်ဆိုတဲ့ သတင်းတွေ ကြားရတိုင်း ဒီကလေးတွေပဲ သနားနေမိတော့တာ။

    Reply

    • ကျွန်မသားအငယ်မွေးတော့ မိဘနဲ့အင်မန်ဝေးတဲ့ပင်လယ်ဘက်ရောက်နေတာမို့ ကလေးငယ်တုန်းအကူခေါ်ရပတယ်။
      ပထမတယောက်က ၁ရနှစ်လောက်ပါ။ခေတ်လူငယ်မို့ဝတ်တာာနေတာက အလုပ်နဲ့အဆင်မပြေပါ။။ခက်တာကမီးတောင်သေသေချာချာမမွှေးတတ်တာနဲ့ သူဆင်းတဲံနေ့တွက်ပေးပြီး ပြန်လွှတ်လိုက်ပါတယ်။စခေါ်တည်းက စမ်းလာလုပ်ကြည့်နေ့တွက်နဲ့။အဆင်ပြေမှလခနဲ့ခေါါ်မယ်လို့ပြောခေုခဲ့တာပါ။

      နောက်ထပ် ၂၅နှစ်အရွယ်တယောက်ရတော့ အဆင်ပြေတယ်။ဘာမှသင်စရာမလိုပဲ တည်ငြိမ်ကျွမ်းကျင်တယ်။အိမ်အကူအလုပ်ကိုပဲ သဘောကျလို့ ဈေးဆိုင်တွေတောင်လိုက်မလုပ်တာလို့ပြောတယ်။
      ကလေးအရွယ်တွေတော့ မခေါ်ဖူးပါ။
      တစ်ချို့ဈေးဆိုင်တွေမှာ ခေါ်ခိုင်း ငေါက်ငမ်းခေါက်ထစ်နေတာတွေမြင်ရတယ်။ကလေးတွေကဈေးသက်သာတယ်။ပြောသမျှ ပြန်မလုပ်ရဲဘူးဆိုပြီးခေါ်ထားတဲ့လူကများတယ်။
      ကလေးတွေဟာ ကလေးဖြစ်လို့ ကစားဖို့နဲ့ပညာသင်ဖို့ပဲအာရုံရှိမှာပါ။
      မိဘတွေဘယ်လောက်ငွေလိုလို့ပို့ပို့ အလုပ်ရှင်တွေကလက်မခံသင့်ပါ။

      Reply

        • သမီးသော်တွေ့ရသလောက်ကတော့ ကလေးတွေလက်ခံတတ်ကလေးတွေလက်ခံတတ်သူအများစုဟာ သူတို့စားဝတ်နေရေးပြေလည်သွားလောက်တဲ့ထိပေးသူတို့စားဝတ်နေရေးပြေလည်သွားလောက်တဲ့ထိပေးတာမတွေ့ဖူးပါလေးပေါက်။ရှိရင်လည်းရှိမပေါ့နော်။

  • Thint Aye Yeik

    October 14, 2016 at 10:27 am

    အိုဘယ့် မြန်မာပြည်

    Reply

    • kai

      October 14, 2016 at 12:02 pm

      မိဘနဲ့ သားသမီးဆက်ဆံရေးရဲ့.. ချွတ်ချော်မှားယွင်းနေမှုကို… အပေါ်ကစာတွေကနေ… တစေ့တစောင်းမြင်ရတယ်..။
      စနစ်ကြောင့်ကား… မဟုတ်..။ 😥

      Reply

  • etone

    October 14, 2016 at 3:30 pm

    တကယ် ပီပီပြင်ပြင် အလုပ်မလုပ်တဲ့ ဌာနဆိုင်ရာ ရုံးတွေကြောင့် ဒါတွေ ဖြစ်နေခဲ့ ဖြစ်နေစဲ ထပ်ဖြစ်နေဦးမှာပဲ ။
    အလုပ်သမား လူတန်းစားဆိုတာ စာရွက်ပေါ်စာရင်းသွင်း ဖောင်ဖြည့်မှ အကြုံးဝင်နေတော့လည်း ခက်သားလား ။ အလုပ်သမား အမည်ခံထားသူတွေကိုတောင် ထိထိရောက်ရောက် ကာကွယ်မှု မပေးနိုင်တာ ၊ လူသိတာရော လူမသိတာရော အခြေနေနဲ့အလုပ်သမားဖြစ်နေသူတွေ အများကြီးရယ် ။ ချိုင်းလေဘာလေးတွေနဲ့ ပတ်သတ်ပြီး ထိထိရောက်ရောက် စစ်ဆေးမှုမျိုးတွေ မတွေ့ရဘူး ။ နောက်ကြုံမှ ပြောပါဦးမယ် ဘာအဖွဲ့စည်း ညာအဖွဲ့စည်း အမည်ခံထားပေမယ့် တကယ်တမ်းငွေနောက်လိုက်ပြီး မြေနိမ့်ရာ လှံစိုက်တဲ့ အဖွဲ့စည်းတွေ ရှိနေစဲပါ ။

    Reply

  • ဝင့်ပြုံးမြင့်

    October 22, 2016 at 3:02 pm

    အဲဒီအကြောင်းကတော့ အစတစ်စဆွဲမိရင် ရေးလို့ကို မကုန်နိုင်တော့အောင် ပြဿနာ သိပ်များတာ။

    Reply

  • aye.kk

    October 28, 2016 at 7:55 pm

    မျစ်ပြောတာကို
    ထောက်ခံပါတယ်။

    Reply

Leave a Reply

Your email address will not be published.