Mon LayOctober 20, 20164min02
 Singaporeကိုခဏခဏရောက်ဖူးလို့ ပျော်စရာတွေကုန်သွားပြီလို့ထင်နေပါသလား။ထပ်ပြီးစဉ်းစားကြပါစို့။Singapore နိုင်ငံက သေးသေးလေးပါ။ဒါပေမယ့်ခရီးသွားတွေကိုဆွဲဆောင်နိုင်မယ့်လျှို့ဝှက်ချက်တွေကတော့အပြည့်ပါဘဲ။မိတ်ဆွေတို့တစ်ခါမှမတွေးထားဖူးတဲ့နေရာတွေနဲ့အစီအစဉ်တွေရှိပါသေးတယ်။အဲ့ဒါတွေကိုတော့ကျွန်မရဲ့အခုဆောင်းပါးမှာဖော်ပြပေးသွားမှာပါ။ဒီဆောင်းပါးကိုဖတ်ပြီးနေရာတွေကိုထပ် သွားပြီး ဘယ်လိုပျော်စရာကောင်းတာတွေကိုခံစားရင်း မိတ်ဆွေတို့ရဲ့ခရီးစဉ်ကိုကုန်ဆုံး မလဲဆိုတာ ဆုံးဖြတ်နိုင် လိ်မ့် မယ် လို့ ကျွန်မယုံကြည်ပါတယ်။ လမုတောထဲမှာလှေစီးမယ်။ Image credit: Bureau of Land Management Singapore မှာ လမုပင်တွေပေါက်တဲ့စိမ့်တောတွေရှိတယ်ဆိုတာ လူတိုင်းသိမှာပါ။ ဒါပေမယ့် အဲ့ဒီ့တောတွေထဲမှာ လှေစီးလို့ရတယ်ဆိုတာတော့ သိကြမှာမဟုတ်ပါဘူး။ Bedok တမံနဲ့ Pulau Ubin ကလမုပင်တွေအောက်မှာလှေစီးတာနဲ့မတူပါဘူး။ တောထူထပ်ပြီးလူသူမရှိတဲ့ကျွန်းတစ်ကျွန်းပေါ်ကိုသွားလည်ရသလိုပါဘဲ။ အခုမှစသွားမယ့်မိတ်ဆွေတွေကိုတော့၄နာရီခရီးကိုစာရင်းပေးဖို့အကြံပေးချင်ပါတယ်။ လွတ်လွတ်လပ်လပ်စွန့်စားချင်သူတွေကတော့ Pulau Ubin မြောက်ဘက် ကနေစပြီး တောင်ဘက်ထိရောက်တဲ့ Ubin Bisect Kayaking မှာစာရင်းပေးပါ။ လမုတောထဲမှာလှေစီးခြင်းကမိတ်ဆွေတို့ရဲ့ခရီးစဉ်ထဲမှာ ပါဝင်သင့်တဲ့အရာတစ်ခုပါ။ လမုတောထဲက Pasir Ris တံတားပေါ်မှာအေးအေးဆေးဆေးလမ်းလျှောက်ကြ မယ်။ Image credit: Nparks […]


Foolish GirlOctober 19, 20161min03
ပျော်ရွင်မှုတစ်ခုကြောင့် ငါအလွန်ပျော်ရွှင်ခဲ့တယ် ဘာကိုမှသတိမရဘဲပေါ့ ဒါပေမယ့် ပျော်ရွှင်မှုကသူ့တစ်ကိုယ်တည်းမလာဘဲ သူ့အခြွေအရံအပေါင်းအသင်းတွေပါခေါ်လာတယ် သူ့အခြွေအရံအပေါင်းအသင်းတွေက ဝမ်းနည်းပူဆွေးခြင်းတွေဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူတို့က ငါ့ဧည့်ခန်းထဲမှာ ကျကျနနနေရာယူနှင့်ခဲ့ကြပြီးပြီ။


Kabyar Phyu PhyuOctober 19, 20161min012
☆ ပျိုမျစ်နုပျိုတဲ့ နေ့တစ်နေ့ ကောင်းကင်ကြီးက ပြာလဲ့လဲ့ အိပ်မက်တွေကလည်း မက်ကောင်းတုန်းမှာ … ကျွန်မဟာ သူငယ်ချင်းတစ်ယောက်ကို ကောက်ရခဲ့တယ်။ ☆ သူဟာ အရောင်အဆင်း မရှိပေမဲ့ နူးညံ့မှုအသွင်နဲ့ နက်ရှိုင်းတယ် ပုံဖော်ပြလို့မရပေမဲ့ သူ့ကိုတော့ လူတိုင်းသိတယ်။ ☆ သူ နဲ့ ကျွန်မဟာ တဖြည်းဖြည်းနဲ့ ရင်းနှီးကျွမ်းဝင်လာလိုက်တာ သူမရှိရင် ကျွန်မဘဝကြီးပျက်လေမလားတောင် ထင်မိပါရဲ့ ကျွန်မကတော့ သူ့ကို နာမည်တပ်လိုက်တယ် ‘အချစ်’ လို့လေ။ ☆ သို့သော်… အိုမင်းရင့်ရော်လာတဲ့ နေ့တစ်နေ့ ကောင်းကင်ကြီးက မှုံမှိုင်းမှိုင်း အိမ်မက်တွေလည်း ပျောက်ဆုံးသွားတဲ့ အချိန်မှာတော့ အချစ် နဲ့ ကျွန်မ စီးချင်းထိုးကြတယ်။ ☆ အချစ်ကြောင့် ကျွန်မ ဝမ်းနည်းပူလောင်ရတယ်။ အချစ်ကြောင့် ကျွန်မ နာကျင် ခံပြင်းရတယ်။ […]


”  လိုအပ်ချက် များ’   လွန်လေပြီးသော အတိတ် ဖြစ်တည်နေဆဲ ပစ္စုပ္ပန် ရောက်မလာသေးသော အနာဂါတ် ကဏ္ဍသုံးရပ်စလုံးမှာ မင်း ရှိနေဘို့လိုအပ်တယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ ၁၆၁၀၁၆


နွေဦးOctober 18, 20161min07
လူတိုင်း မှားတတ်ကြပါတယ်နော်.. ကျွန်တော်လဲ မှားတတ်တာဘဲ.. ခင်ဗျားတို့လဲ မှားတတ်ကြတာဘဲ.. ကိုယ့်ကြောင့်လဲ မှားတတ်တာဘဲ စက်ကြောင့်လဲ မှားတတ်တာဘဲ.. မှားတဲ့အခါ…… “ဟလိုဟလို…” ” ဒေါ်လုံးကြီးတင်ရှိလား..” ” ဖုန်းမှားနေပါတယ်…” ” ဂျလောက် ဂွပ် ..” မှားတယ်လို့ပြောတာကို ခင်ဗျားက ဘာမှပြန်မပြောဘဲ ဂွပ်ဆို ချပစ်တတ်တဲ့သူလား… “ဟလိုဟလို…” “ရန်ကနားရေရန်ကနားရေ ဂန်ဂျီမကို ဖုန်းပေးလိုက်စမ်း..” “အကို ဖုန်းမှားနေတယ်..” “အေး မရှိရင် ဗေတားကို ပေးပြောလိုက်..” “ဟေ့လူ ဖုန်းမှားဆက်နေတယ်လေဗျာ..” “အော်..ဟုတ်လား…” “ဂွပ် ဂျလောက်.” ဖုန်းမှားတာကို နှစ်ခါလောက်ပြောမှ ဟုတ်လား ဆိုပြီး ဖုန်းချပစ်တတ်တဲ့ သူမျိုးထဲ ခင်ဗျား ပါသလား.. “ဟလို…” “ဟလို..ဟလို..ဒေါ်လေးတို့အိမ်ကလား. ” “ဘယ်သူ့ဆီဆက်တာလဲခင်ဗျား..” မေးရတော့တာပေါ့.. အိမ်မှာက ဒေါ်လေး […]


”  ပြန်ချိန်”   ဆည်းဆာ မှောင်ရီ မပီ့တပီ။   လှသောရောင်စုံ ပန်းချီ ရုပ်သိမ်းပြီ။   ကျနော်လည်း ပြန်ခဲ့ပြန်ခဲ့ပြီ။   ကိုပေါက်လက်ဆောင် အလင်းပုံရိပ်များ ၁၅၁၀၂၀၁၆


“ရူခြင်းနဲ့ရှင်ခြင်း”   လူတစ်ယောက်ဟာ ဂုဏ်သိက္ခာမဲ့စွာနဲ့ လူ့လောကကြီးထဲမှာ နေ့စဉ်ဖြတ်သန်းနေတယ်ဆိုရင် သူဟာ “အသက်ရှင်”နေတာ မဟုတ်ဘဲ “အသက်ရှူ”နေတာ လို့မြင်နေမိပါတယ်။   ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး ၁၆၁၀၁၆


Mon LayOctober 17, 20163min02
  Image Credit-www.phuket.com Phuket မှာရှိတဲ့ ဘုရားကြီးကတော့ ဖူးခက်ကျွန်းပေါ်က နာမည်ကြီးလူသိများတဲ့ နေရာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Chalong နဲ့ Kata ခရိုင်ငယ်နှစ်ခုကြားက Nakkerd တောင်ကုန်းထိပ်မှာ တည်ထားတဲ့ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးဖြစ်ပြီး အမြင့်ပေ ၄၅ မီတာမြင့်တဲ့အတွက် အဝေးကနေဖူးမြင်နိုင်ပါတယ်။ မြင့်မားတဲ့တောင်ကုန်းပေါ်မှာရှိတဲ့အတွက် စိမ်းစိုနေတဲ့ ဖူးခက်မြို့အလှ၊ Kata ကမ်းခြေ၊ Karon ကမ်းခြေ နဲ့ Chalong ကမ်းရိုးတန်းဒေသ စသဖြင့် ကျွန်းတစ်ကျွန်းလုံးကို ဘုရားပေါ်ကနေမြင်ရပါတယ်။ ဖူးခက်ကနေ ပင်မလမ်းမကြီးအတိုင်း (၆) ကီလိုမီတာ လောက်ဆက်သွားရုံနဲ့ အလွယ်တကူရောက်နိုင်တဲ့အတွက် ဖူးခက်ကိုရောက်ရင် မသွားမဖြစ် သွားသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Image Credit-www.phuket.com Big Buddha ဘုရားပေါ်ကိုရောက်ပြီဆိုရင်တော့ အရမ်းကိုအေးချမ်းပြီး ဆည်းလည်းသံတွေ၊ ဘုရားပရဝုဏ်အတွင်းမှာ စိုက်ထူထားတဲ့ သာသနာ့အလံတွေရဲ့ […]


Mon LayOctober 17, 20161min02
ကမ္ဘာတစ်ခွင်က အကောင်းဆုံး ရှုခင်းရှိတဲ့ ဘားတွေကို ရှာဖွေရာမှာ ဥရောပကနေ အရှေ့အလယ်ပိုင်း၊ အမေရိက နဲ့ အာရှဒေသ က နေရာတော်တော်များများရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့တာကတော့ အောက်ပါ ဘား (၅)ခုဘဲဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း၊ ဒူဘိုင်းနိုင်ငံ ၊ မြို့ပြင်က ဘား၊ Jumeirah Beach Hotel ရဲ့ ဘား ဒီလှပတဲ့ ဟိုတယ် ရဲ့ ၂၄ထပ်မှာ ရှိတဲ့ မြို့ပြင်က ဘားလေး ဟာ ဒူဘိုင်းမြို့ ရဲ့ အဆောက်အဦး တွေရဲ့ ကောင်းကင်မြင်ကွင်း ကိုပေးစွမ်းနိုင်ပြီး အာရေဘီယမ် ပင်လယ်နဲ့ အနီးနားက သဲကန္တာရ ကို ကြည့်ရှုနိုင်ပါတယ်။ သူတို့ဆီမှာ ရနိုင်တဲ့ ယမကာ စာရင်းမှာ အစားစားချင်စိတ်ကို နှိုးဆွပေးတဲ့ ဟင်းလျာတွေ အပြင် […]


Mon LayOctober 15, 20161min02
နောက်ရေးမယ့်ပို ့စ်လေးက ကမ္ဘောဒီးယားသွားခဲ့တဲ့ခရီးစဉ်လေးပါ………….နည်းနည်းကြာမယ်နော်..ဘာဖြစ်လို့လဲဆိုတော့ရေးဖို ့ကဘုရားသမိုင်းတွေ လည်းစုရဦးမှာဆိုတော့လေ….စာတွေဖတ်ရပါဦးမယ်..ခုခေတ်စားနေတဲ့ခရီးစဉ်လေးလည်းဖြစ်လို ့..ဗဟုသုတရအောင်.. ရေးပေးချင်ပါတယ်…စောင့်မျှော်ကြပါဦးနော်…………….


kaiOctober 15, 20161min02
NCA စာချုပ်တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း —— —— —— ဒီနေ့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ရဲ့ တစ်နှစ်ပြည့်မြောက်တဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒီတစ်နှစ်အတွင်းမှာလည်း အတော်အတန်ပဲ တိုးတက်မှုရှိခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒီစာချုပ်ကို ပထမဆုံးဖြစ်အောင်လို့ လက်မှတ်ထိုးပေးနိုင်အောင်လို့ ဝိုင်းဝန်းပြီးတော့ ကူညီကြတဲ့ ယခင်အစိုးရ သမ္မတကြီး ဦးသိန်းစိန်နဲ့တကွ အားလုံးကိုလည်း ကျွန်မ ကျေးဇူးတင်ပါတယ်။ ဂုဏ်ပြုပါတယ်။ လမ်းတစ်လှမ်းကို စလျှောက်မယ်ဆို ပထမခြေလှမ်းက အရေးကြီးဆုံးပါပဲ။ အဲဒီတော့ ကျွန်မတို့က ပထမခြေလှမ်းကို လုပ်ပြီးပါပြီ။ ဆက်ပြီးတော့ လှမ်းစရာခြေလှမ်းတွေ ရှိပါသေးတယ်။ အခုတော့ ကျွန်မတို့ရဲ့ NCA ထဲမှာ ဘာတွေပါလဲဆိုတာတော့ နောင်မှာ အခုအခမ်းအနားတွေမှာပဲ ဆက်ပြီးတော့ ဖတ်ပြကြမှာဖြစ်ပါတယ်။ ကျွန်မတို့အခုဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေး […]


Mon LayOctober 15, 20163min04
ကမာ္ဘ့အကြီးဆုံးတိုက်ကြီးတစ်ခုဖြစ်တဲ့ အာရှတိုက်ဟာ စိတ်ကူးယဉ်ဖွယ် အလှအပတွေနဲ့ ပြည့်နှက်နေတဲ့ နေရာကြီးတစ်ခုပါ။ ကမာ္ဘ့အမြင့်မားဆုံးတောင်တန်းကြီးတွေ၊ ဖြူလွှလွှ သဲသောင်ပြင်ကမ်းခြေတွေ၊ အခြောက်သွေ့ဆုံး ကန္တာရတွေလည်း ပိုင်ဆိုင်ထားပါတယ် ဒီအရာတွေထဲမှာမှ ပင်လယ်ကမ်းခြေတွေက ကြင်စဦးမောင်နှံတွေအတွက် ပျားရည်ဆမ်းခရီးသွားဖို့ ဆွဲဆောင်မှုအရှိဆုံးနေရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေရဲ့ ပျားရည်ဆမ်းခရီးစဉ်အတွက် သွားသင့်တဲ့နေရာ (၁၀) ခုကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။ (ဝါကျွတ်ပြီလေ……………) ၁။ ထိုင်းနိုင်ငံမှ ဖူးခတ်ကမ်းခြေ Credit : www.tripzilla.com ကမာ္ဘပေါ်မှာ အကျော်ကြားဆုံး ကမ်းခြေတွေထဲက တစ်ခုဖြစ်တဲ့ ဖူးခတ်ကမ်းခြေဟာ ပျားရည်ဆမ်းခရီး ထွက်ချင်သူတွေအတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခုပါ။ ဇိမ်ခံဟိုတယ်ကြီးတွေ၊ စည်းချက်ညီညာနေတဲ့ ညခင်းတွေ၊ ရိုမန်တစ်ဆန်တဲ့ နေဝင်ဆည်းဆာအလှတွေ ရင်ခုန်ဖွယ်ကောင်းတဲ့ လှုပ်ရှားမှုတွေနှင့် အကောင်းဆုံးပင်လယ်စာတွေ ရရှိနိုင်မယ့် နေရာကတော့ ဖူးခတ်ပါပဲ။   ၂။ မော်လ်ဒိုက်ကျွန်းစုများ Credit : www.tripzilla.com […]