ဖေဖော်ဝါရီ ၂၈၊ တနင်္လာ မနေ့ညက ဒီကိုရောက်တယ်။ တကယ်က ဒီနေ့မှ ပြောင်းဖို့ကို မနေ့ တနင်္ဂနွေနေ့ညကတည်းက မထူးပါဘူး ဆိုပြီး တစ်ခါတည်း ရွှေ့လာတာ။ ပစ္စည်းက ခရီးဆောင် အိတ်နှစ်လုံးစာ။ ကိုယ့်ရှိတာလည်း ဒါအကုန်ပါ။ အခန်း ရောက်တော့ ပစ္စည်းလေးတွေ နေရာချတန်တာချ။ အိပ်ယာတန်းဝင်။ အိပ်လို့ကောင်းလိုက်တာ။ ကိုးနာရီထိုး၊ ဒေါ်အုန်းနွယ် တံခါးလာခေါက်မှ နိုးတယ်။ မနက်စာ လာပို့တာ။ ကြီးတော် ခမျာ ကျွန်တော့်ကို အရေးတယူနဲ့ ဂရုစိုက်ရှာပုံရပါတယ်။ မနက်စာက ကြက်ဥကြော်၊ ထမင်းကြော်နဲ့ ကော်ဖီ။ ကော်ဖီ သိပ်ကောင်း။ မျက်နှာသစ်၊ အဝတ်လေးလဲ၊ မနက်စာစားပြီးတော့ တည်းရိပ်သာက ကောင်လေး အခန်းသန့်ရှင်းရေး လုပ်တုန်း ဆေးလိပ် တစ်လိပ်ဖွာတယ်။ ကဲ..ဒီမှာတော့ ရောက်နေပြီ။ နည်းနည်းတော့ အန္တရာယ် […]


Mon LayOctober 14, 20161min02
အမျိုးသားသမိုင်းဝင်နေရာတစ်ခု အဖြစ်သတ်မှတ်ခဲ့တဲ့ 1962 နောက်ပိုင်းရာစုနှစ် တစ်ဝက်လောက် အကြာ ၊Vietnamဂရင်းနစ် မှတ်တမ်းမှာ ဗိသုကာလက်ရာ အမြောက်ဆုံး ဘုရားအဖြစ် မှတ်တမ်းတင်ပြီး (၇) နှစ်အကြာမှာ Mot Cott (One-Pillar) ဘုရားကAsiaတိုက်မှာဗိသုကာလက်ရာအမြောက်ဆုံး ဘုရားတစ်ဆူအဖြစ် Asia Record Organizationရဲ့အသိမှတ်ပြုခံခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ Mot Cot ဘုရားက နှစ်ပေါင်း တစ်ထောင်နီးပါး သက်တမ်းရှိနေတဲ့ဘုရားတစ်ဆူဖြစ်ပြီး သမိုင်းဝင်အမွေအနှစ် များစွာနဲ့ ဗိသုကာလက်ရာများစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဗီယက်နမ်ရဲ့အကောင်းဆုံးသမိုင်းမှတ်တမ်းတစ်ခုဖြစ်တဲ့ “Dai Viet su ky toan thu” အရ Mot Cot ဘုရားကို Ky Suu နှစ်၊ ရက်စွဲအရပြောရရင် Sung Hung Dai Bao 1 (1049) ၊ […]


Mon LayOctober 14, 20163min08
ဥရောပတိုက်ရဲ့ ခရီးသွားအများဆုံးနိုင်ငံဖြစ်တဲ့ Switzerland နိုင်ငံကို မိတ်ဆွေတို့ရဲ့တစ်သက်မှာ တစ်ခါတော့သွားလည် ဖြစ်မှာပါ။ ဒါဆိုဘာလို့မပြင်မဆင်ဘဲ နေနေမှာလဲ။ လည်စရာမြို့တွေ၊ လုပ်စရာအလုပ်တွေ၊ သွားရောက်လည်ပတ်သင့်တဲ့ တောင်တွေနဲ့ အစားအသောက်ကောင်းတွေစားသောက်နိုင်မယ့် နေရာတွေက အဆုံးမရှိအောင်များပြားလွန်းပါတယ်။ ဒါပေမယ့် ဘယ်အရာတွေက ခရီးကိုပျော်ရွှင်အောင်ဖန်တီးမလဲ၊ ဘယ်အရာတွေက ခရီးကို နှောင့်နှေးသွားစေမလဲဆိုတာ သိထားဖို့လိုပါတယ်။ Amalfi Coast လမ်းညွှန်လိုဘဲ Switzerland မသွားခင် ခရီးသွားတွေ ကြိုတင် သတိထားရမယ့်အချက်တွေကို စာရင်းပြုစုထားပါတယ်။   Switzerland နိုင်ငံက ကြီးမားတဲ့နိုင်ငံတစ်ခုမဟုတ်ပါ။ Switzerland ကိုသွားလည်ဖို့အကောင်းဆုံးအချက်က ၎င်းရဲ့တောင်ဘက်မြို့တော် Geneva ကနေ မြောက်ဘက်မြို့တော် Zurich ကို ရထားနဲ့သွားရင် ၂နာရီ နဲ့ ၄၅မိနစ်လောက်ဘဲကြာတာပါ။ ဘယ်နေရာကိုမဆို ရထားစီးပြီး အချိန်ခဏနဲ့ရောက်နိုင်တာက ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့အချက်ပါဘဲ။ Germany နဲ့ […]


Kabyar Phyu PhyuOctober 13, 20161min02
အိမ်ထောင်ပြုပြီး တွေ့သောသူတိုင်းဆီက ထိုစေတနာစကားများကို ခဏခဏ ကြားရသောအခါ။ (၁) [မေး] “ကလေးမယူသေးဘူးလား..ယူတော့လေ” [ဖြေ] “ရဖို့ကို ကြိုးစားမနေသလို .. မရဖို့လည်း မကြိုးစားနေဘူး ..” [မေး] “အသက်ကြီးနေပြီ ..” [ဖြေ] ….. ( ပြုံးပြ ) … [ဂျစ်ကန်ကန်အတွေး] “အသက် ၅ဝဆယ်ထိ နေရမယ်ဆိုရင်တောင်  နောက်နေရ ၁၈ နှစ် … ဘာကြောင့် စိတ်ပင်ပန်းခံတော့မှာလဲ” [စိုးရွံအတွေး] “ဟုတ်တယ် … ငါ ကလေး ယူတော့မယ် .အသက်ကြီးလာရင် မလွယ်ဘူး ..” (၂) [မေး] “ကလေးယူ .. ဒါမှ အသက်ကြီးရင် အဆင်ပြေမှာ” [ဂျစ်ကန်ကန်အတွေး] “ဟင် … ကလေးယူတဲ့ ရည်ရွယ်ချက်က […]


Mon LayOctober 13, 201611min04
ကရင်ပြည်နယ်ကသိပ်လှတယ်လို့…ကိုယ်ပြောရင်….မင်းယုံလိုက်ပါ……… ကရင်ပြည်နယ်မြိုင်ကြီးငူမှာရှိတဲ့ကျုံထော်ရေတံခွန်ကိုသွားမယ်ဆိုတော့..အစဦးဆုံးတိုးရဲ ့လူစုရပ်..မဟာမြိုင်ကိုသွားရပါတယ်..ည၉နာရီမှာစထွက်တော့..လမ်းမှာပဲတစ်ညအိပ်ပါတော့တယ်… # ရွှေရင်မျှော်ဘုရား ကားကမြန်လို ့လား…ခရီးလမ်းကြောင်းကပဲတိုလို့လားတော့မသိ…ကရင်ပြည်နယ် ဘားအံမြို့ရှိသံလွင်မြစ်ကမ်းဘေးမှ သမိုင်းဝင် ရွှေရင်မျှော်ဘုရားကို.မနက်3နာရီမှာရောက်သွားပါတယ်…တိုးကအိပ်စေချင်တဲ့ဆန္ဒနဲ ့ခရီးသွားဧည့်သည်များကို မနိုးဘဲမနက်၅နာရီကျမှ..ရောက်ရှိကြောင်းပြောပြီးမျက်နှာသစ်ဖို ့သွားတိုက်ဆေးတို့ကားပေါ်ကဆင်းဆင်းချင်းပေးပါတယ်.. အိမ်သာတက်ဖို ့ကျတော့..ဘုရားထဲမှာရှိတဲ့အိမ်သာပဲ..တန်းစီပြီးတက်ရပါတယ်. ပြီးတော့ဘုရားပရဝဏ်အတွင်းကိုလျှောက်ပတ်ကြည့်လိုက်တယ်…မနက်စောစောပဲရှိသေးတော့….ပတ်ဝန်းကျင်ကမှောင်နေတုန်း။မြူတွေကျနေလို့လား…ကိုယ်ကပဲအိပ်ချင်မူးတူးဖြစ်နေလို့လားတော့မသိ….ပတ်ဝန်းကျင်ကဝိုးတိုးဝါးတားနဲ ့.ကောင်း ကောင်းမမြင်ရပါ။မနက်စာကိုဘုရားနားက”ချစ်စရာ”လက်ဘက်ရည်ဆိုင်မှာထမင်းကြော်နဲ ့ကြက်ဥကြော်စားလိုက်ပါတယ်။  ရွှေရင်မျှော်ဘုရားပေါ်မှာ ပြီးတော့သဘာဝက ဖန်ဆင်းပေးထားသော အေးချမ်းသော ကျုံထော်ရေတံခွန်ကိုဦးစွာသွားကြပါတယ်…အသွားအပြန်၂နာရီ ကြာလို့ရေတံခွန်ကိုပဲရောက်အောင်အရင်သွားတယ်လို့ပြောပါတယ်။ လမ်းခရီးကသာတဲ့နေရာရှိသလို..မသာယာတဲ့နေရာ လည်းရှိပါတယ်..ပြီးတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ ့အုပ်ချုပ်နေတဲ့ကရင်ရွာလေးတွေကိုဖြတ်ကျော်သွားရင်းတွေ ့ရပါသေးတယ်။ #ကျုံထော်ရေတံခွန် လမ်းကတော့ ဇွဲကပင်တောင်နောက်နားလောက်မှာ ဘားအံ လေပျံကွင်းတိုင်း မြိုင်းကြီးငူ ဘက်ကိုလှည့်ရင်ရပါပြီ။ တောင်တက်လမ်းက ခဏပါပဲ မြိုင်ကြီးငူကျော်မှ တောင်တက်ရတာဆိုတော့ ကားသေးသေးလေးတွေ Hijet hondafit လေးတွေတက်တာတွေ ့ပါတယ်။ မြိုင်ကြီးငူ ဆရာတော်ကဖောက်ပေးထားတာလေ အဲလမ်းက ဆက်သွားရင် ထိုင်းနယ်စပ်ထိရောက်တယ် ခိုးလမ်းလို့လဲခေါ်တယ်။ အထူးသတိပေးလိုတာက အဲနေရာဟာ မြိုင်ကြီးငှု DKBA […]


Foolish GirlOctober 13, 20161min02
နှိုးစက်၏ ဆူညံစွာလှုပ်နှိုးသံကြောင့် ဆောင်းတစ်ယောက် မထချင်ထချင်ဖြင် ထကာ အိမ်ယာပေါ်တွင်ငုတ်တုတ်ထိုင်ခဲ့သည်။ မေဦးပြောသလိုပင် ဆောင်းပျော်နေမိပါတယ်အမှန်ပင်ဖြစ်သည်။ သူတိတ်တခိုးသဘောကျနေသော ဆောင်းဦးမောင်ထံမှ မမျှော်လင့်သောဆက်ဆံမှုကြောင့်အရမ်းပျော်နေမိသည်။ သို့သော် ထိုပျော်ရွှင်မှုကို မည်သူ့ကိုမှ ချမပြချင်ခဲ့ ဒဏ္ဍာရီထက်မှာသာ ရင်ဖွင့်ထားလိုက်သည်။ “ဟဲ့ ဆောင်း အိပ်ယာပေါ်မှာ ငုတ်တုတ်ကြီး ဘာလုပ်နေတာလဲ။ အိပ်ယာထတုန်းကအားလုံးအတူတူထတာ အခုငါတို့က ပြင်ဆင်လို့တောင်ပြီးတော့မယ် နင်ကခုထိမျက်နှာသစ်ဖို့မပြောနဲ့ အိပ်ယာပေါ်ကတောင်မဆင်းသေးဘူး။ နေမကောင်းဘူးလား” “နေမကောင်းတာမဟုတ်ဘူး အကြွယ်ရေ့ ပီတိတွေဖြာ နေတာ” “မေဦးကောင်မစုတ် ဘာတွေလျှောက်ပြောနေမှန်းမသိဘူး” “တွေ့လားအကြွယ် အိုးမလုံအုံပွင့်တာ” မနက်ခင်းတစ်ခုကတော့ဖြင့် ဆောင်းတစ်ယောက် သူငယ်ချင်းများ၏စနောက်မှုဖြင့် ပျော်ရွှင်စွာ ကုန်ဆုံးစေခဲ့ပြန်ပါသည်။ ဆောင်းစိတ်ကိုပြေလျော့စေသော သူငယ်ချင်းများကို ကျေးဇူးတင်မိတယ်။ “ဟိတ်ကောင်တွေ ဆော့မနေကြနဲ့ အကျီမြန်မြန်လဲကြ။ မနက်စာစားရဦးမယ် ဖယ်ရီမမှီဘဲနေဦးမယ်” “ဟုတ်ကဲ့ပါ မေမေသဲနုရယ်” သုံးယောက်သား သဲနုမောင်ကို ရွဲ့ကာပြောဆိုရင်း ပြင်ဆင်ကာ […]


”  – – – – – ပြီးတဲ့အခါမှ   ”   တောင်းဆု ကောင်းမူ့ အမျှဝေ ဒါတွေကို မင်းမလုပ်ရဘူးနော်   ငါသေ- – – – – ငါသေ- – – – – –   ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၂၁၀၁၆


Mon LayOctober 12, 201611min00
ကရင်ပြည်နယ်ကသိပ်လှတယ်လို့…ကိုယ်ပြောရင်….မင်းယုံလိုက်ပါ………….. ကရင်ပြည်နယ်မြိုင်ကြီးငူမှာရှိတဲ့ကျုံထော်ရေတံခွန်ကိုသွားမယ်ဆိုတော့..အစဦးဆုံးတိုးရဲ ့လူစုရပ်..မဟာမြိုင်ကိုသွားရပါတယ်..ည၉နာရီမှာစထွက်တော့..လမ်းမှာပဲတစ်ညအိပ်ပါတော့တယ်… # ရွှေရင်မျှော်ဘုရား ကားကမြန်လို ့လား…ခရီးလမ်းကြောင်းကပဲတိုလို့လားတော့မသိ…ကရင်ပြည်နယ် ဘားအံမြို့ရှိသံလွင်မြစ်ကမ်းဘေးမှ သမိုင်းဝင် ရွှေရင်မျှော်ဘုရားကို.မနက်3နာရီမှာရောက်သွားပါတယ်…တိုးကအိပ်စေချင်တဲ့ဆန္ဒနဲ ့ခရီးသွားဧည့်သည်များကို မနိုးဘဲမနက်၅နာရီကျမှ..ရောက်ရှိကြောင်းပြောပြီးမျက်နှာသစ်ဖို ့သွားတိုက်ဆေးတို့ကားပေါ်ကဆင်းဆင်းချင်းပေးပါတယ်.. အိမ်သာတက်ဖို ့ကျတော့..ဘုရားထဲမှာရှိတဲ့အိမ်သာပဲ..တန်းစီပြီးတက်ရပါတယ်. ပြီးတော့ဘုရားပရဝဏ်အတွင်းကိုလျှောက်ပတ်ကြည့်လိုက်တယ်…မနက်စောစောပဲရှိသေးတော့….ပတ်ဝန်းကျင်ကမှောင်နေတုန်း။မြူတွေကျနေလို့လား…ကိုယ်ကပဲအိပ်ချင်မူးတူးဖြစ်နေလို့လားတော့မသိ….ပတ်ဝန်းကျင်ကဝိုးတိုးဝါးတားနဲ ့.ကောင်း ကောင်းမမြင်ရပါ။မနက်စာကိုဘုရားနားက”ချစ်စရာ”လက်ဘက်ရည်ဆိုင်မှာထမင်းကြော်နဲ ့ကြက်ဥကြော်စားလိုက်ပါတယ်။  ရွှေရင်မျှော်ဘုရားပေါ်မှာ ပြီးတော့သဘာဝက ဖန်ဆင်းပေးထားသော အေးချမ်းသော ကျုံထော်ရေတံခွန်ကိုဦးစွာသွားကြပါတယ်…အသွားအပြန်၂နာရီ ကြာလို့ရေတံခွန်ကိုပဲရောက်အောင်အရင်သွားတယ်လို့ပြောပါတယ်။ လမ်းခရီးကသာတဲ့နေရာရှိသလို..မသာယာတဲ့နေရာ လည်းရှိပါတယ်..ပြီးတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ ့အုပ်ချုပ်နေတဲ့ကရင်ရွာလေးတွေကိုဖြတ်ကျော်သွားရင်းတွေ ့ရပါသေးတယ်။ #ကျုံထော်ရေတံခွန် လမ်းကတော့ ဇွဲကပင်တောင်နောက်နားလောက်မှာ ဘားအံ လေပျံကွင်းတိုင်း မြိုင်းကြီးငူ ဘက်ကိုလှည့်ရင်ရပါပြီ။ တောင်တက်လမ်းက ခဏပါပဲ မြိုင်ကြီးငူကျော်မှ တောင်တက်ရတာဆိုတော့ ကားသေးသေးလေးတွေ Hijet hondafit လေးတွေတက်တာတွေ ့ပါတယ်။ မြိုင်ကြီးငူ ဆရာတော်ကဖောက်ပေးထားတာလေ အဲလမ်းက ဆက်သွားရင် ထိုင်းနယ်စပ်ထိရောက်တယ် ခိုးလမ်းလို့လဲခေါ်တယ်။ အထူးသတိပေးလိုတာက အဲနေရာဟာ မြိုင်ကြီးငှု DKBA […]


Foolish GirlOctober 12, 20161min03
ဆောင်းနှောင်းနွေ ချစ်စရာကောင်းသောရုပ်ရည် ၊ ကြည်လင်သောမျက်လုံး ၊ လခုံးနှင့်တူသော မျက်ခုံးများကိုပိုင်ဆိုင်ထားသော မျက်နှာပိုင်ရှင်ဖြစ်သည်။ လိမ်လည့်လှည့်ဖြား ပြောဆိုလျှင် မည်သို့မျှမဖုံးမဖိတတ်သော ရိုးသားသည့်မျက်ဝန်း ပိုင်ဆိုင်သူ ဖြစ်သည်။ အရပ်မှာမရှည်သော်လည်း မိန်းမတစ်ဦးပိုင်ဆိုင်သင့်သော အဆစ်အကောက်အချိုးအစားဖြင့် တင့်တယ်လှပသူ အသားမဖြူသော်လည်း ညိုညက်သောအသားအရေပိုင်ဆိုင်သူ ဆံပင်ကို step ဆွဲထားကာ ကပိုကရိုချထားတတ်သည်က သူမ၏ ဆွဲဆောင်မူတစ်မျိုးပင်ဖြစ်သည်။ ဆောင်းနှောင်းနွေသည် ရိုးသားသော်လည်း ခေါင်းမာသူတစ်ဦးဖြစ်သည်။ သူမမျှော်လင့်ကြီးစွာ ဆုံးဖြတ်ထားသည့် ကိစ္စ များကို မည်သူဖျက်ဖျက်လက်မခံ မှားယွင်းသောဆုံးဖြတ်ချက်ဖြစ်ခဲ့ပါကလည်း နောင်တမရတတ်ပေ။ ခံစားချက်ကိုလျှို့ဝှက်တတ်သည်။ များသောအားဖြင့် ဝမ်းနည်းမှုကို ပို၍ဖုန်းကွယ်တတ်သည်။ သူမဝမ်းနည်းနေမှန်း သိနေရ ပေမယ့် သူမဆီမှ ဝမ်းနည်းမှုဟန်ပန်မျိုးလုံးဝထုတ်ဖော်ခြင်းမရှိတတ်ပါ။ အပေါင်းအသင်းဆန့်သည်။ မိတ်ဆွေဖွဲ့တတ်သည်။ အပေါင်းအသင်းများကို ခင်မင်တတ်သည်။ သို့သော် ယောက်ကျားလေးများနှင့် မူ ခပ်တန်းတန်းသာ ဆက်ဆံတတ်သည်။ စိုးရိမ်စိတ် […]


Foolish GirlOctober 12, 20161min04
မြန်မာနိုင်ငံမှာ  Facebook သုံးတဲ့သူတော်တော်ကိုများနေပါပြီ အောက်ခြေအလုပ်သမားကအစ ဟိုးအထက်ကပုဂ္ဂိုလ်တွေထိတောင်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြတာပါ။ Facebook ကြောင့် ဝေးကွာသူတွေပြန်ဆုံတယ်၊ ဗဟုသုတတွေလည်းအများကြီးရ၊ သတင်းပေါင်းစုံ အတင်းအဖျင်းပေါင်းစုံလည်းသိရ၊ အစအစသောအကျိုးကျေးဇူးတွေအများကြီးရတယ်။ လောကသဘာဝအရ ကောင်းကျိုးရှိတော့ အဆိုးလည်းရှိပါတယ်။ Relationship ပျက်စီးရတယ် ၊ အိမ်ထောင်တွေကွဲရတယ် သမီးပျိုလေးတွေအချိန်မတန်ခင် အပျိုရည်ပျက်ရတယ် လူကုန်ကူးသူတွေ / ဒုစရိုက်သမားတွေရဲ့ သားကောင်ရှာတဲ့ စားကျက်ဖြစ်လာတယ် အနီးကလူတွေနဲ့ဝေးကွာစေတယ် ကျန်းမာရေး အထူးသဖြင့် လက်ဆစ်နှင့် မျက်လုံးကျန်းမာရေးကိုထိခိုက်စေတယ် အစအစရှိသဖြင့်ပေါ့ ခုတလောခေတ်စားလာတဲ့ facebook ပြသနာလေးတွေက ၁) Online Shopping အတုလုပ်တယ် ငွေအရင်လွဲပါ ပစ္စည်းကို တစ်ပတ်နေရင်ပို့ပေးပါ့မယ် ဘာညာပေါ့၊ အစပိုင်းကတော့ မှန်မှန်ကန်ကန်လုပ်တယ် နာမည်လေးရပြီး Order များလာတော့မှ Page ကိုလက်စဖျောက် ကြိုရထားတဲ့ငွေတွေနဲ့ ပြေးပြီပေါ့။ ၂) ဟိုတလောကကြားရတဲ့သတင်း […]


ဘင်္ဂလားနယ်စပ်စခန်းတွေ အတိုက်ခံရပြီး နောက်ဆက်တွဲ သတင်းတွေ တက်လာပြီ။ အကြမ်းဖက်တိုက်ခိုက်သွားသူတွေနဲ့ စစ်တပ် ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။ နှစ်ဖက်စလုံးမှာ ထိခိုက်က ျဆုံးမှု ရှိကြောင်း… သတင်းနဲ့အတူ ဖမ်းဆီးရမိတဲ့ င်္ဘဂါလီသုံ့ပန်းအချို့ပုံ ဖဘမှာတက်လာတယ်။ ဖြစ်ပြီး နောက်တနေ့မှာတင် ဝင်စီးစဉ် အရှင်လက်ရ ဖမ်းမိဆိုတဲ့ ဘင်္ဂါလီ အကြမ်းဖက်သမားတဦးပုံကို အင်တာနက်မှာ မြင်ရတယ်။  ဆဲသံ ဆိုသံ နင်ပဲငဆသံတွေကတော့ ပြောမနေနဲ့.. ဇာဂနာပြောသလို ဆဲရင်းနဲ့ ဆင်းရဲနေတဲ့ မြန်တြံ့တွေပဲဟာ။ ကြားက လူ့အခွင့်အရေး၊ အရပ်သားအစိုးရ နဲ့ ဒီမိုကရေစီပါ အဆဲခံရတာ ဘယ်ပြောကောင်းမလဲ… ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် ဂလောက်တော့ ရှိပေမပေါ့.. ဒီနေ့ သတင်းစာမှာ အကြမ်းဖက်သမား၂ဦးကို သွေးသံရဲရဲနဲ့ မြေပေါ်ထိုင်လို့တွေ့တယ်။ ဓါတ်ပုံ ဘယ်သူပေးသလဲ စစ်တပ်ကလား၊ ပြန်ကြားရေးကလား၊ လူတွေပါဗ ျာ…။ ဘိန်းဂိုဏ်းခေါင်းဆောင် […]


alinsettOctober 12, 20161min07
US သို့ ပေးစာ _______________________________ ရွာက သူကြီးတစ်ယောက် အမေရိကားဆိုတဲ့တိုင်းပြည်ကြီးကို ထွက်သွားလိုက်တာ ကြာပေါ့။ အချိန်ကြာလာတာနဲ့အမျှ ကျုပ်တို့ တိုင်းပြည်မှာလည်း ပြောင်းလဲမှုတွေရော မပြောင်းလဲသေးတာတွေရော အသီးသီး အသက အသက ပေါ့။ ကျုပ်တို့ သူကြီးကို သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။ တစ်လက်စတည်း ကျုပ်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေတွေထဲက တချို့ကိုလည်း ပြောပြရအုန်းမယ် သူကြီးရေ။ ————————————— ကျုပ်တစ်ယောက်. . . ပုဂံ-ညောင်ဦးဘက်ကို (အလည်အပတ်မဟုတ်တဲ့)ခရီးတစ်ခု ထွက်ဖြစ်ရာက…စတဲ့ ပြဿနာ ဆိုပါစို့။ ဒီခရီးစဉ်ဟာ လေ့လာရေး ခရီး မဟုတ်ဘူးလို့ ပြောလို့ ရသလို…လေ့လာရေး ဟုတ်တယ် လို့လည်း ပြောလို့ ရနေပြန်ရော..။ ဘာကြောင့်ဆို… မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းမှာ ရှိတဲ့ ဝေးလံခေါင်သီတဲ့ ရွာကလေးတွေဆီ သွားပြီး… […]