စာရှုသူ မိတ်ဆွေ လူကြီးမင်းအပေါင်းတို့ခင်ဗျား ကျွန်ုပ်ထွန်းပြောင်သည် များမကြာမီကာလတွင် အွန်လိုင်း(အင်တာနက်)လောကမှ နှုတ်ထွက်အနားယူတော့မည်ဖြစ်ကြောင်း ဦးစွာပထမ အသိပေးအပ်ပါသည်ခင်ဗျား……………….. အချို့သောစာရှုသူများက ..ထွန်းပြောင်အနားယူတာ ငါတို့နဲ့ဘာဆိုင်လို့လဲ ဟု… တွေးကောင်းတွေးပါလိမ့်မည်…. မှန်ပါသည်. သို့သော် ကျွန်ုပ်ထွန်းပြောင်အနေဖြင့် မနှုတ်ထွင်ခင် အသေချာ အဖန်ဖန်အထပ်ထပ် စဉ်းစားကြည့်ရာ ဦးကျွန်ုပ်၏အလွန်တရာသေးငယ်လှသော ဦးနှောက်အတွင်းသို့ အကြောင်းအရာများစွာပေါ်လာသဖြင့် ………ရေးသားလိုက်ရပါသည်။ ပထဦးစွာ ကျွန်ုပ်အနေဖြင့် အင်တာနက်အသုံးပြုစဉ်ကာလအတွင်း ကံသုံးပါးတို့ဖြင့် ကျူးလွန်ပြစ်မှားမိခဲ့သည်များကို ခွင့်လွတ်ပေးကြပါရန် ဒီနေရာကနေ အနူးအညွတ် ဝန်ချတောင်းပန်အပ်ပါသည်ခင်ဗျား……….. ကံသုံးပါးဟု ဆိုရာဝယ်…မနောကံဖြင့် အကြိမ်ကြိမ်အခါခါ ကျူးလွန်မိခြင်း ၊ ရံဖန်ရံခါ အသံထွက်ပြီးဆဲဆိုဖြင်း ပြစ်မှားခြင်း၊ အများဆုံး ကျူးလွန်သည်မိသည်မှာ ကျွန်ုပ်၏လက်အစုံဖြင့် ထွေရာလေးပါး ပေါက်တက်ကရ ၊ ညစ်တီးညစ်ညမ်း ရေးသားပြောဆိုခြင်းဟု ယူဆမိပါသည်။ မြတ်ဗုဒ္ဓ၏အဆုံးများတွင် ပြစ်မှားကျူးလွန်မိသည်များကို ဝန်ချတောင်းပန်ပြီး ခွင့်လွတ်ပေးမှသာလျှင် […]
