တိမ္မည္းSeptember 18, 20121min012
ပျော့ညံ့ခြင်းကို သဘောကောင်းခြင်းလို ့ ခေါင်းစဉ် မတပ်ပါနှင့်.။ မလွန်ဆန်ရဲခြင်းကို သည်းခံ ခွင့်လွတ်ခြင်းလို ့ ခေါင်းစဉ် မတပ်ပါနှင့်။ ပျင်းရိအချိန်ဆွဲခြင်းကို မအားလပ်ခြင်းလို ့ ခေါင်းစဉ် မတပ်ပါနှင်.။ တွေဝေခြင်းကို ချင့်ချိန်ခြင်းလို ခေါင်းစဉ် မတပ်ပါနှင့်။


TheWinner GetprizeSeptember 17, 20121min028
ဇာခြည်နဲ့ကျွန်မက အလုပ်လုပ်ကြတဲ့ Company Group တူပေမယ့် ရုံးချင်းမတူတာကြောင့်ရော၊ သူရော ကျွန်မပါ မကြာခဏ ခရီးသွားဖြစ် ကြတာတွေကြောင့်ရော အေးဆေးမဆုံဖြစ်ကြတာ ကြာပါပြီ။ ဒီနေ့ကျွန်မတို့ဆုံတော့ ရုံးဆင်းရင် ကျွန်မကို ဝမ်းသာစရာပြောစရာရှိလို့ဆိုတာနဲ့ ကျွန်မတို့ နှစ်ဦး ရုံးကအပြန် အကင်ဆိုင်သို့ ဆက်ခဲ့ကြပါသည်။ ကျွန်မတကယ့်ကို ဝမ်းသာလွန်းခဲ့ရပါသည်။ ဇာခြည့်ကို လိုက်ပို့ပေးပြီး အပြန်လမ်းမှာတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော် – နှစ်နှစ်လောက်က အမှောင်ထု တခုထဲကို ဝင်ရောက်ခဲ့တဲ့ မိန်းကလေး (ဇာခြည်) ရဲ့ အကြောင်းတွေ ကျွန်မအတွေးထဲ ပြန်လည်ဝင်ရောက်လာပါသည်။ ****** ဇာခြည်ရော ကျွန်မပါ မိသားစုတွေကို ဦးဆောင်ရတာ တူညီကြပါသည်။ ကျွန်မတို့မှာ အမြဲမရိုးနိုင်သော၊ မပြီးဆုံးနိုင်တော မိသားစု အခက်အခဲများ၊ ပြသနာများ မျိုးစုံအောင်ရှိကြပါသည်။ တခါတလေမှာတော့ အတော့်ကို […]


Alpha VanishingSeptember 17, 20122min05
Yuyun_cantix shortcut Virus အကြောင်း Yuyun_cantix shortcut ဆိုသည်မှာ သာမန်အားဖြင့် ကွန်ပျူတာ Desktop ပေါ်တွင်စတင်ဖြစ်ပွှား သည့် Virus တစ်မျိုးပင်ဖြစ်ပါသည်။ ၎င်းသည်ပျံ့နှံ့ရန်လွယ်ကူပြီး ကွန်ပျူတာအတွင်းရှိ Folder များအတွင်းသို့ လျင်မြန်စွာကူးစက်နိုင်ပါသည်။ ၎င်း Shortcut ကို Click လိုက်မိ သည်နှင့် New Window တစ်ခုပွင့် လာမည်ဖြစ်ပြီး Folder များအတွင်း အလားတူ Shortcut Virus တစ်ခုကို တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ Shortcut Virus ၏ Extension မှာ (LNK) ဖြစ်ပါသည်။ ထို shortcut ကို Click မိသည်နှင့် Virus စတင်အလုပ်လုပ်မည်ဖြစ်ပါသည်။ Yuyun_cantix shortcut Virus ကူးစက်ခြင်းကိုဘယ်လိုသိနိုင်လဲ […]


Tun Tun NaingSeptember 17, 20121min05
Tomorrow night… လူတွေ ရှင်းပြီး စရိုက်ကျ တဲ့ နေရာပေမဲ့.. ငါ တို့ တွေ စရိုက်မကျပါဘူး….ချစ်သူ… ရထားလမ်းဘေးဆိုပေမဲ့.. ငါတို့ စိတ်ထင်တိုင်း မသောင်းကျန်းခဲ့ပါဘူးလေ…. ဂစ်တာတီးတဲ့လူငယ်တစ်စုကိုကျောပေးပြီး ငါတို့ သန့်ရှင်းတဲ့ အနမ်းတစ်ခုကို ထုဆစ်ခဲ့ပြီးသားပါချစ်သူ.. စနစ်တကျ ချိန်းတွေ့ ခဲ့သူတွေပီပီ ကိုးနာရီ ကို နောက်ဆုံးထား.. အိမ်ပြန်ရမယ်တဲ့လေ…. ဒီနေ့တော့ဒီမျှပေါ့ချစ်သူ… မိဘတွေအလိုလိုက်..လိမ္မာရဦးမယ်လေ… နာရီကိုကြည့် ..တို့တွေရဲ့နှုတ်ဆက်ချိန်အရောက်.. ယဉ်ကျေးစွာနဲ့ တို့တွေလမ်းခွဲခဲ့ မင်းနဖူးကို နူးညံ့စွာအနမ်းတစ်ပွင့်ပေးရင်း… နောက်နေ့ တွေ မှာ… ပြန်ဆုံစို့ချစ်သူ………။   ။   မနေ့ညက ကျွန်တော်တို့ သူငယ်ချင်းတွေ  ဂီတာတီးရင်း တွေ့ခဲ့တဲ့ အတွဲ တစ်တွဲ အကြောင်းကို  ပြန်ရေးကြည့်မိတာလေးကို တင်ကြည့်လိုက်တာပါ… ဖတ်ကြည့်လိုက်ပါ… ဝေဖန်ကြည့်လိုက်ပါ.. ပြီးရင်……တော်ဘီ..


တိမ္မည္းSeptember 17, 20121min017
လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။ (၁) အင်းပါ! အင်းပါ! သိပြီ… အရမ်းရှုပ်တာပဲ! (၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်! (မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့! (၄) မလုပ်ပါနဲ့လို့ […]


ကြောင်လေးSeptember 17, 20121min06
သမက်မကောင်း ကျောင်းပို့ ကျနော်ငယ်ငယ်(၅ တန်း ၆ တန်း)တုန်းက ကျနော်အဖေက စာပေဗိမ္မာန် စာအုပ်အသင်းဝင်ထားခဲ့ပါတယ်။ နှစ်စဉ်ကြေးငွေ (ပမာဏ မမှတ်မိ) သွင်းပေးထားလျှင် ထွက်သမျှစာအုပ်ကို စာတိုက်က ပို့ပေးပါတယ်။ စာအုပ်အမျိုးမျိုးဖတ်ရမှတ်ရပါတယ်။ အဲဒီထဲမှာ အခုအကြောင်းအရာ ပါတဲ့ စာအုပ်တစ်အုပ်ဖတ်ဖူးပါတယ်။ (မြန်မာ့ရိုးရာ ပုံပြင်များ) လို့ ထင်ပါတယ်။ အတွဲ ၁ နဲ့ ၂ ဆိုပြီးရှိပါတယ်။ သံကိုကြွက်စား သားကိုစွန်ချီ  တို့၊ပိုနေမြဲ ကျားနေမြဲတို့ အစရှိတဲ့ပုံပြင်တွေ ပါခဲ့တယ်၊ထင်ပါတယ်၊အများကြီးပါ။ အခု သားတွေ သမီးတွေကိုဖတ်စေချင်လို့ ရန်ကုန်ရောက် တုန်းက ကျနော် အဟောင်းတန်းတွေမှာလိုက်မေးတာ မရပါဘူး၊ စာအုပ်နာမည်မမှန်တာလည်းဖြစ်နိုင်ပါတယ်။ (ရွှေအိမ်စည်တို့ သို့မဟုတ် ရွာသူားထဲက ရှာဖွေတွေ့ရှိထားရင် လင့်လေးပေးစေချင်ပါတယ်။) သမက်မကောင်းကျောင်းပို့ ဆိုတဲ့အကြောင်းလေးကို ကျနော်မှတ်မိသလိုပြန်ရေးပြပါမယ်။ ရေးပုံပြောပုံ မတူညီသော်ညားလည်း […]


ကိုပါႀကီးSeptember 16, 20121min024
တစ်ချို့က ဆိုကြတယ်။ ဘာသာရေးတွေမရှိရင် လူတွေ အထိန်းအကွပ်မဲ့ပြီး ရာဇဝတ်မှုတွေ ထူပြောလာလိမ့်မယ်လို့လေ။ လူတွေကို အစဉ်အလာ ဘာသာရေးက ရာဇဝတ်မှုတွေ မကျူးလွန်အောင် ထိန်းပေးနိုင်တယ်လို့တော့ ကိုယ်မထင်ဘူး၊၊ ထောင်ကျတွေမှာ ဘာသာမဲ့ရာခိုင်နှုန်းထက် ဘာသာရှိသူတွေက ပိုတောင်များနေလို့ပါပဲ၊၊ ဘာသာရေးကိုင်းရှိုင်းတဲ့ တောင်အမေရိကနိုင်ငံတွေနဲ့ အီတလီလို နေရာတွေမှာ ရာဇဝတ်မှု ထူပြောပြီးတော့ ဘာသာမဲ့ များတဲ့ စကန်ဒီနေးဗီးယန်းတိုင်းပြည်တွေမှာ ရာဇဝတ်မှု အလွန်နည်းပါတယ်။။ တစ်လောက နော်ဝေ လူသတ်ပွဲကြီးလုပ်ခဲ့တဲ့ အန်ဒရေဟာ ဘာသာရှိ အစွန်းရောက်မျိုးချစ် တစ်ယောက်ဆိုတာကို မမေ့သင့်ဘူး။ နောက်တစ်ချက်က ဘာသာတရားတွေက သူတို့ ခြံစည်းရိုးကို မထိ သေးသရွေ့တော့ သဘောထားကြီးစွာနဲ့ မေတ္တာ တရားကို ဟောနေလိမ့်မယ်။ ထိပါးတယ်ထင်လို့ကတော့ ပိုကြောက်စရာကောင်းတဲ့ လက်သည်းတွေ အစွယ်တွေကို မိတ်ဆွေကို ထုတ်ပြပါလိမ့်မယ်။ ဒါကြောင့် ဘာသာရေးတွေထက် […]


the bestSeptember 16, 20121min012
အရေးပေါ်လှေကား ဂဟေဆက်ပြုတ်၍ လူတစ်ဦးသေဆုံး ရန်ကုန်၊ စက်တင်ဘာ-၁၆ ကမာရွတ်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဟံသာရိပ်မွန်အိမ်ရာ၊ စံပယ်မာဃလမ်းရှိ ခြောက်ထပ်တိုက်၊ ခြောက်လွှာနောက်ဖေးအရေးပေါ်လှေကား ဂဟေဆက်ပြုတ်၍ ယနေ(့စက်တင်ဘာ ၁၆ရက်)ညနေသုံးနာရီခွဲခန့်က အသက်လေးဆယ်အရွယ်အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။ ဖြစ်စဉ်မှာ အိမ်ပိုင်ရှင် ဦးခင်မောင်ညွှန့်နှင့် ရင်းနှီးသူ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(၁)အထပ်သားစက်ရုံ၊ လွှသွေးစက်ပြင်ဝန်ထမ်း ဦးသန်းဝင်းသည် နောက်ဖေးရေပိုက်အားပြုပြင်ပေးနေရာမှ အရေးပေါ်လှေကားကိုတက်နင်းမိစဉ် လှေကားဂဟေဆက်ပြုတ်ထွက်၍ အောက်သို့ပြုတ်ကျသေဆုံးသွားကြောင်းသိရသည်။ ““ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေ့တယ်။ အောက်ရောက်တော့ မသေခင်စကားတစ်ခွန်းနှစ်ခွန်းပြောသွားသေးတယ်။ တခြားခြေလက်ကျိုးတာတော့မတွေ့ရဘူး။ အလောင်းကို ရန်ကုန်ဆေးရုံကြီးသယ်သွားပါပြီ””ဟု သေဆုံးသူ ဦးသန်းဝင်းနှင့် ရင်းနှီးသော အထပ်သားစက်ရုံဝန်ထမ်းတစ်ဦးကပြောသည်။ http://www.facebook.com/7daynews/posts/416274768434163  


DEPARKO DEPARKOSeptember 16, 20121min0
ဒီနေ့မြန်မာနိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ်တွေနိမ့်ကျနေချိန် ဦးနှောက်ယိုဆီးမှု ပြသနာနဲ့ ပညာရည်နိမ့်ကျမှု ပြသနာတွေကို အဓိက ဆန်းစစ်လိုက်ရင် ငယ်စဉ်ကလေးဘဝ လူနေမှု အခြေအနေ ဟာအများကြီးသက်ရောက်နေတာကိုတွေ့ရမှာပါ မိဘတွေတော်တော်များများဟာ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတော့ သားသမီးတွေကိုဆုံးမချိန်နဲလာသလို ဆင်းရဲမွဲတေမှု ကြပ်တည်းမှုရဲ့ဒါဏ်ကြောင့် သားသမီးတွေကို ကောင်းမွန်တဲ့လမ်းကို ညွှန်ပြဘို့ မလွယ်တော့သလို ကလေးသူငယ်တွေအတွက် အိပ်ရာဝင်ပုံပြင် ( ၅၅ဝ နိပါတ်လိုမျိုး/ ကလေးငယ်များ အတုယူစရာပုံပြင်များ) နဲ့ချော့သိပ်တဲ့ခေတ်ကုန်သွားသလို ကလေးတွေကို မကောင်းမှုတွေမလုပ်ဖို့ တားမြစ်တဲ့ ဆိုဆုံးမသံတွေလျှော့ကျလာတာနဲ့အမျှ လူ့ပါတ်ဝန်းကျင်မှာ မကြားဝန့်မနာသာရိုင်းပြမှုတွေ မမြင်ရက်စရာကလေးမှုခင်းတွေ ထိမ်းမနိုင်သိမ်းမရ ဆိုးသွမ်းမှုတွေ အုပ်စုဖွဲ့မကောင်းမှုပြုလုပ်တာတွေ ဒီနေ့တော်တော်များများတွေ့ရမှာပါ။ လေးတန်း၊ငါးတန်းအရွယ်တွေရည်းစားထားတာကို ဂုဏ်ယူစွာပြောဆိုနေတဲ့ မိဘတွေကို ကျွန်တော်အံ့အားသင့်စွာတွေ့ရသလို တစ်ချို့ကလေးတွေဟာ ကလေးနဲ့မလိုက်တဲ့ အပြုအမူ အပြောအဆိုတွေကြား အရွယ်မရောက်ခင် အိမ်ထောင်ပြုကြတာကို ကြည်ကြည်ဖြူဖြူ ခွင့်ပြုတဲ့ မိဘတွေ […]


DEPARKO DEPARKOSeptember 15, 20121min0
လမ်းပြသူ ရနံ့ရယ်ကြူ မျက်မမြင်သူ တစ်ယောက်ရယ်က စိတ်ဝယ်သူ မှန်းဆရည်ရော်တော့ ဖြူဆင်လွလွ။ အဆင်းရယ်ဖြူ မြင်ထိုက်သူ စိတ်ကိုငြိမ်းစေမဲ့ ရွက်စိမ်းငယ် အယဉ်ဆင့်လေတော့ ပန်းစပါယ်ရဲ့ဘဝ။ အစိမ်းနဲ့အဖြူ ဆင်ယင်သူ ကေသာထုံးမှာဖြင့် နေရာယူ ထပ်တူပြုလေတော့ ရှုလို့မဝ။ ဒီပါကို ထုံးစံအတိုင်းပေါ့ အဖေကအိမ်ကနှင်ချတယ် အမေပါလိုက်ဆင်းတယ်နေရာက ကျိုက်လတ် အမေ့ညီမရှိတဲ့နေရာ ကျိုက်လတ်မြို့ တစ်ဖက်ကမ်း ကင်းချောင်းဆိုတဲ့ရွာလေး အဖေ့ဘက်က အမျိုးတွေရော အမေ့ဘက်က အမျိုးတွေရော များသောအားဖြင့် ကျွန်တော့် ညီအကိုတစ်ဝမ်းကွဲ ကိုသန်းထွန်းအိမ်မှာ ကိုသန်းထွန်းက အုန်းသီးကုန်သည် ကင်းချောင်းတစ်ဝိုက်နဲ့ ကျိုက်လတ်ပါတ်ဝန်းကျင် ရွာလေးတွေမှာ အုန်းသီးလိုက်ကောက်တယ် ပြီးတော့သူ့လှေနဲ့သယ်လာပြီး သုံခွဆုံဒေါင့်က သူ့အိမ်မှာ အုန်းသီးအခွံနွှာတယ် မြေကြီးမှာ ပြောင်းပြန်စိုက်ထားတဲ့ လှံလိုမျိုးသံချွန်မှာ ခွမ်းကနဲ ခွမ်းကနဲ ထိုးခွါတာ နာရီဝက်အတွင်း အုန်းသီးတစ်ရာနှစ်ရာပြိုက်ကနဲဘဲ တစ်ချက်ခုတ်နှစ်ချက်ပြတ် […]


DEPARKO DEPARKOSeptember 15, 20121min0
၁၉၈ဝ အဖေဖားကန့်က အပြန်ငှက်ဖျားမိ ရန်ကုန်မှာ ဆေးကုဖို့ ပြန်တော့ ကျွန်တော့အတွက် ငရဲခန်းငရဲဘုံပြန်ရပြီလေ ၉တန်းကျောင်းသား စိန်ဂျွန်းကျောင်းသား အိမ်ကနေ ကျောင်းတက်ဘို့ ကားဂိတ်ကို မနက် ၆နာရီထသွား ထမင်းချိုင့်မပါ၊ တစ်နေ့ကားခတစ်ကျပ် နံပါတ်ရှစ် ကားဂိတ်ကို ၅ဝ မိနစ်လောက် လမ်းလျှောက် ကားခ အသွားပြား၃ဝ အပြန်၃ဝ ပေါင်း၆၀ ဟံသာဝတီကနေ ၁၂ကားစီး၂ဝပြား ဒီတော့မုန့်ဖိုးကျန်အောင် အုတ်ကျင်းဘူတာအထိ တစ်နာရီခွဲလောက် လမ်းပိုလျှောက်ပြီး ရထားခ၁ဝပြားနဲ့ ကျောင်းတက်ပြီးကျောင်းဆင်းချိန်ညနေ၃နာရီ အမအကြီးဆုံးရှိတဲ့ ဒေသ၃ ကောလိပ်ကိုသွား (တက္ကသိုလ်အင်္ဂလိပ်စာပြ) သူသင်တဲ့အခန်းထဲ ဝင်ပြီးနားထောင် (ဆရာမမောင်ဆိုတော့ကျောင်းသား/သူတို့ကလဲနေရာပေးတယ်လေ) အဲဒီတုန်းကရှိတ်စပီးယားပလေး (ဗီးနစ်မြို့ကကုန်သည်၊အော်သယ်လို) ဆဲဗင်းမာကာစတာ၊ တစ်ချို့တစ်ဝက်မှတ်မိနေသေးတယ် ညနေ၅နာရီကောလိပ်က (လှည်းတန်း) ခေမာရဇ်အဆောင်ကို အမကြီး ပြန်တော့ ကျွန်တော်လိုက်သွားပြီး အဆောင်ရှေ့လက်ဘက်ရည်ဆိုင်မှာ အမကျွေးတဲ့ မုန့်နဲ့လက်ဘက်ရည်သောက် (အဆင်ပြေတဲ့အချိန် […]


DEPARKO DEPARKOSeptember 15, 20121min0
၁၉၆ရအောက်တိုဘာ၂၄ကမာ္ဘ.ကုလသမဂ္ဂနေ့မငြိမ်းချမ်းသောမောင်ငြိမ်းချမ်းမွေးဖွားတဲ့နေ့ ငယ်နာမည်ချစ်တီး ငယ်ငယ်က ဝမ်းအမြဲချုပ်တတ်လို့ အမေ့ရဲ.ဒုက္ခအိုးလေးပေါ့ မိသားစုဝင်တွေ ပေးထားတဲ့ နာမည်ဆိုးတွေက အများကြီး ဂုန်းသား၊ ဂုန်းကောင်၊ အဖေတစ်ခါတစ်ခါ စိတ်လိုလက်ရခေါ်တဲ့နာမည်က ဂျန်ဘုကောင်တဲ့ ငယ်ငယ်ကတဲက ကိုယ့်ကိုကိုယ်မှန်တယ်လို့ထင်ရင် အလျှော့မပေးတတ်တော့ ရန်များတယ် မှတ်မှတ်ရရ မူကြိုတက်တော့ မောင့်ပရဲစန့်မှာ၊ အဲဒီခေတ်က အဖေက အကျဉ်းဦးစီးမှာ ဒုညွှန်မှူး၊ အဲဒီမှာစတာဘဲ၊ ဆရာမနာမည်တီချာကိတ်၊ အဖေကျောင်းကိုပို့ပြီး ရုံးပြန်သွားတော့၊ ကျောင်းစတက်တက်ချင်း ကလေးသဘာဝငိုတာကို ဆရာမက ကျောင်းမှာ သန့်ရှင်းရေးလာလုပ်တဲ့ မြက်ခုတ်တဲ့ အလုပ်သမားနဲ့ခြောက်တော့ ဆရာမလက်ကို ကိုက်ဆွဲထားတာ ဘယ်သူမှဖြေလို့မရလို့ အိမ်ကိုအကြောင်းကြား၊ ဆရာမလက်မှာလဲ အကွင်းလိုက်ဒါဏ်ရာ သေရာပါရော၊ ၁၉၈ဝ အိမ်ကိုအလည်လာတော့ ဆရာမလဲအိုနေပါပြီ၊ လက်ကဒါဏ်ရာလေး ပြပြီး အမှတ်တရလေးတွေပေါ့၊ ကျွန်တော့်မှတ်ဉာဏ်က အဲဒီအကြောင်းတွေ မနေ့တစ်နေ့ကအတိုင်း မှတ်မိနေတုန်း၊ ကဲမဆန်းလား၊ ဒုတိယပညာသင်ရတဲ့နေရာက […]


phone_kyawSeptember 15, 20121min04
VOA သတင်းအရ မုံရွာကြေးနီစီမံကိန်းအတွက် တရုတ် Company က တဧက ငှားရမ်းခကို ဒေါ်လာ သုံးထောင့်ငါးရာ မြန်မာအစိုးရကိုပေးရတယ်။ အထူးသဖြင့် ဦးပိုင်လီမီတက်ကိုပါ။ ဦးပိုင်က ရွာသားတွေကို ပြန်ပေးတာက တဧကကို နှစ်သိန်းနဲ ့သုံးသိန်းကြားလို ့သိရတယ်။ ဒေါ်လာသုံးရာပဲထားပါ။ ဆိုတော့ကျန်တဲ့ သုံးထောင့် နှစ်ရာကို ဦးပိုင်က သိမ်းတယ်ဆိုတဲ့သဘောပဲ။ အဲဒါတရားလား။ ဘယ်လောက်တောင် မိုက်ရိုင်းလဲဆိုတာကိုကြည့်ပါ။ ဖြစ်နိုင်ရင် အဲဒိငွေအတိအကျကို ရွာသားတွေပြန်ရသင့်တယ်။ မရမချင်း ဆန္ဒပြတာ မရပ်နဲ ့လိုဆိုပြီး ဝိုင်းပြီး ကြပ်ပေးကြဗျာ။ ဘုန်းကျော်