ကလေးဘဝတလျှောက်လုံးမှာ ယင်းမာနဲ့ လက်ပွန်းတတီးအနေဖြစ်ဆုံးကတော့ ကိုကိုလေး ဂျိမ်းစ် ပဲ ဖြစ်ပါတယ်။ သူနဲ့ကစားရင် တခြားမောင်နှမတွေလို ရွံ့တွန့်တွန့်ကြီးမနေပဲ စိတ်လွတ်ကိုယ်လွတ် ပြောမနာဆိုမနာရှိတယ်။ အသက်ကြီးလာတော့ ဟောင်ကောင်မှာ ဖေဖေနဲ့ မေမေလေးကို စောင့်ရှောက်ဖို့ မိသားစုလက်ငုတ်ကလေးကို အရှိန်မပျက် ဆက်လုပ်ဖို့ သူတစ်ယောက်ပဲ ကျန်ခဲ့ရှာတယ်။ ဒါကြောင့်လည်း ဖေဖေတို့ကသူ့ကို လက်ကတုံးတောင်ဝှေးကလေး လို့ ခေါ်ကြတာ။ မမကြီး လီဒီယာကတော့ အသက် ၁ရ နှစ်မှာ မေမေလေးတို့ စပ်ဟပ်ချိန်းတွေ့ပေးတဲ့ အမေရိကားက အင်ဂျင်နီယာကြီးနဲ့ ဒိတ်လုပ်ပြီး ပြန်လာတော့ စိတ်နဲ့လူနဲ့တောင် ကပ်တယ် မထင်ရဘူး။ ယင်းမာရယ်၊ အန်တီလေးရယ်။ ဖိုးဖိုးရယ် ဖဲကစားနေတာကို မျက်စောင်းတောင်ထိုးမကြည့်ဘူး။ သီချင်းလေး တအေးအေးနဲ့။ ဆိုတဲ့သီချင်းကလည်း အပ်ကြောင်းတွေထပ်နေတာ အခါတစ်ရာလောက် ရှိမယ်။ အမြင်ကပ်လို့ မသိချင်ယောင်ဆောင်ပြီး ဘယ်သူမှ […]
