ပွဲဈေး

ဦးသုNovember 2, 20121min011

ပွဲဈေး

ကြော်တဲ့သူကကြော်

ညှော်တဲ့သူကညှော်

တိုးတဲ့သူကတိုး

ခိုးတဲ့သူကခိုး

မြတ်တဲ့သူကပျော်

ရှံးတဲ့သူကအော်

ရဟတ်ကြီးလဲ လည်

အော်သံတွေလဲ ညံ

အော်………… နောက်ဆုံးတော့

ပွဲဈေးတန်းကြီးလဲ သိမ်းရော

အမှိုက်တွေ အပြည့်နဲ့ လမ်းမကြီးက

ရင်တွေကွဲပြီး ကျန်။

 

ရေကျော် ပွဲဈေး မှ ရလာသော အတွေးအပိုင်းအစများ။

11 comments

  • ကထူးဆန်း

    November 2, 2012 at 10:36 am

    စည်ပင်တွေ လဲ ပက်လက်လန်။

    Reply

  • Khaing Zar Win

    November 2, 2012 at 10:37 am

    အင်း ….ဖတ်ပြီး ကွက်ကွက်ကွင်းကွင်းမြင်ယောင်လာတာပဲ။ 🙂

    Reply

  • Wow

    November 2, 2012 at 11:31 am

    အဲဒီ့ ပွဲဈေးတမ်းမှာ တက်တူးဆိုင်မရှိဘူးလား မင်းကုဝေ :kwi:

    Reply

  • ကတဲ့သူက က
    ခုန်တဲ့သူကခုန်
    ရောင်းမကုန်တဲ့ဈေးသည်လေးမှာတော့
    မနက်လင်းရင်ပြန်ပေးရမယ့် နေ့ပြန်ကြေးအတွက်
    သုန်သုန်မှုန်မှုန်
    (သူများစာကို အငှားဝင်ပွားကြည့်မိတာပါ)

    Reply

  • Thu Wai

    November 2, 2012 at 12:48 pm

    ကဗျာ ဆိုတာ အိမ်ထောင်ကျပြီးကတည်းက ဒါ ပထမဆုံးပြန်ရေးတာ
    အရင်တုန်းက တော့ ဘာရေးရေး ခံစားချက်က အော်တိုထွက်ပြီးသား
    သူ့အလိုလို ထိုင်နေရင်းလဲထွက် ထမင်းစားလဲခံစားချက်ထွက် ရေသောက်လဲ ခံစားချက်ထွက်
    ချစ်သူမျက်နှာမမြင်ရလဲ ထွက် မြင်ရလဲ ထွက် ဆိုတော့ ကျောင်းစာအုပ်မှာတောင်ကဗျာတွေ အပြည့်နဲ့
    အခုတော့လဲ အိမ်ထောင်ကျပြီးသွားတော့လဲ တော်ရုံတန်ရုံ မခံစားနိုင်တော့ဘူး သားကျွေးမှုမယားကျွေးမှုတွေနဲ့ အော်ယူချင်အုံးဟဲ့မိန်းမ ထိန်းမရတဲ့မီးတွေနော်
    ဟဲ့ဟဲ့ …….ငါ့နှယ် ကဗျာ အကြောင်း ခံစားချက်အကြောင်းကနေ ဘယ်တွေရောက်ကုန်ပါလိမ့်
    အချိန်ရ ရင် လူပျိုတုန်းက မဲမဲမြင်သမျှခံစားထားတဲ့ ကဗျာလေးတွေ တင်ပြပါ့မယ်ခင်ဗျ။

    Reply

    • မောင်ပေ

      November 2, 2012 at 1:20 pm

      ဟုတ်ကဲ့
      မြန်မြန်လေး
      တင်ပြပေးပါဗျို ့
      :kwi:

      Reply

  • ဦးဦးပါလေရာ

    November 2, 2012 at 2:45 pm

    ဒီနှစ်တော့ ရေကျော်ကို ၂ ရက်ရောက်တယ်…။
    ပွဲဈေးတန်းအစနားမှာပဲ ဗူးသီးကျော်နဲ့ ကောက်ညှင်းကျည်တောက်စားပြီး ပြန်ရတယ်..
    မတိုးနိုင်ဘူး….

    Reply

  • ကိုခင်ခ

    November 2, 2012 at 4:12 pm

    ငယ်ငယ်တုန်းက
    ပျော်ခဲ့ သွားခဲ့တာ
    ပွဲဈေးပါ။
    အခုကြီးလာတော့
    ချော်ထွက် သွားဖြစ်တာ
    ပွဲဈေးပါ။

    Reply

  • MaMa

    November 2, 2012 at 4:52 pm

    ပွဲဈေးတန်းတစ်ခုရဲ့မြင်ကွင်းကို ကွက်ကွက်ကွင်းကွင်းပေါ်စေပါတယ်။

    ဒါပေမယ့် ဒီကဗျာကို သဂျီး မမြင်စေနဲ့။

    (ပွဲဈေးတန်းကြီးလဲ သိမ်းရော

    အမှိုက်တွေ အပြည့်နဲ့ လမ်းမကြီးက

    ရင်တွေကွဲပြီး ကျန်။)..ဆိုတာကို

    စနစ်ကြောင့်လား

    လူကြောင့်လား….

    ဆိုပြီး တရားခံရှာနေအုံးမယ် :kwi:

    Reply

  • မမလေး

    November 3, 2012 at 3:46 am

    တောင်းတဲ့သူကတောင်း

    သေတဲ့သူကသေ 😛

    Reply

  • အလင်းဆက်

    November 3, 2012 at 8:12 pm

    ရိုးရိုးရှင်း ရှင်းကဗျာလေး…
    သဘောကျတယ်ဗျာ ။

    Reply

Leave a Reply

Your email address will not be published.