ဒီနေ့ (၈.၁၀.၂၀၁၂) ရက်နေ့ အိပ်ရာကနိုးတော့ အချိန်က တော်တော်နောက်ကျနေလေပြီ။ ပြောရရင်တော့ နေ့လယ်ထမင်းစားချိန်ပင် ကျော်လုလုဖြစ်တော့မည်။ ဘာရယ်မဟုတ် အိပ်ရာကနိုးတိုင်း နေ့စဉ်လုပ်နေကျ ဝတ္တရားများ ဖြစ်သည့် မျက်နှာသစ် သွားတိုက် ရေချိုး ကိစ္စတွေလုပ်ပြီးတော့ ရည်ရွယ်ချက်မရှိပဲ ကွန်ပျူတာရှေ့ကိုရောက်သွားမိသည်။ လားလား။ ဒီနေ့ဟာ မြန်မာတစ်မျိုးသားလုံးရဲ့ “အမျိုးသားနေ့” ပါပေလား။ ဟုတ်သည် online ပေါ်တက်ကြည့်တော့ ယနေ့ (၉၂)နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုထားသည့် ဆောင်းပါးတွေ၊ ကဗျာတွေ၊ အက်ဆေးတွေ တွေ့လိုက်မှ ဒီနေ့ အမျိုးသားနေ့မှန်း သတိရမိသော ကျွန်တော် ကိုယ့်ကိုကိုယ် ညံ့ပါရောလို့ အပြစ်တင်မိလိုက်၏။ ဒါတွင်ပဲလား။ မကသေး။ ဒီနေ့ဟာ အမျိုးသားနေ့မှန်းတော့ ကျွန်တော် သိလိုက်ပါပြီ။ သို့ပေမယ့် အမျိုးသားနေ့ဆိုတာ ဘာမှန်း ကျွန်တော် […]