” အာဖ ရိကတိုက်က ရဝမ်ဒါနိုင်ငံမှာ ဖြစ်ခဲ့ဖူးတဲ့ တွတ်ဆီနဲ့ ဟူတူ လူမျိုးစု နှစ်စု အပြန်အလှန် မျိုးဖြုတ်သတ်ဖြတ်ခဲ့တဲ့ အခြေအနေမျိုး မြန်မာနိုင် ငံမှာ ဖြစ်နေပြီလို့ သတင်းဌာနတစ်ခုက ပုံကြီးချဲ့ ထုတ်လွှင့်ခံရလောက်အောင် ရှက်စရာ စိုးရိမ်စရာ ဖြစ်ခဲ့ရပါပြီ။” ======================== မောင်ဝံသ ပြောချင်လွန်းလို့ ======================== စင်ကာပူကိုငါးကြိမ်မြောက် ဆေးစစ်ဖို့ ရောက်နေပါတယ်။ ဆေးစစ်အပြီးမှာတော့ မောင့်အယ်လိဇဘက်ဆေးရုံက အထူးကု သမားတော် သုံးဦးညှိနှိုင်းကြပြီး ကျွန်တော့်ကို ဓာတ်ရောင်ခြည်ကုသမှု (Radiotherapy) ပြောင်းပေးဖို့ ဆုံးဖြတ်ပါတယ်။ ဓာတ်ရောင်ခြည်ကုသမှုခံယူချိန်မှာ တစ်ပတ်လျှင်တစ်ကြိမ် ကီမိုဆေးသွင်းမှုကိုလည်း ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ယခု အစီအစဉ် အရဆိုရင် ကျွန်တော် ဒီမှာ နည်းနည်း ကြာဦးမယ်ထင်ပါတယ်။ ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်များ၊ မိတ်ဆွေသင်္ဂဟများ၊ စေတနာရှင်၊ အလှူရှင်များထံ […]
