သိပ္ပံပညာရှင်များသည် အိပ်မက်ဖော်စက်အား တီထွင်နိုင်ခဲ့ပါသည်။ ဂျပန်သုတေသန ပညာရှင်များသည် အိပ်ပျော်ခါစ လူတစ်ယောက်၏ အတွေးအိပ်မက်များအား MRI Scans ဖတ်ခြင်းဖြင့် သိနိုင်ပါသည်။ ၎င်းစမ်းသပ်မှုများ ၆ဝ ရာခိုင်နှုန်း မှန်ကန်မှုရှိသည်ဟု သိပ္ပံပညာသတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။ အဆိုပါအဖွဲ့သည် အိပ်နေစဉ်အတွင်း ဦးနှောက်၏လုပ်ဆောင်မှု ၊အိပ်မက်၏အကြောင်းအရာများနှင့် စိတ်ခံစားမှု တို့ကို သိရှိခဲ့ရပါသည်။ Kyoto ရှိ Art Computational Nueroscience Laboratories မှ ပါမောက္ခ Yukiyasu Kamitani က အိပ်မက်ဖော်ခြင်းသည် အမှန်တစ်ကယ်ဖြစ်နိုင်ကြောင်းကို ၎င်းအနေဖြင့် အခိုင်အမာ ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး တွေ့ရှိချက်နှင့် ပတ်သက်၍ အလွန်အမင်း မအံ့ဩကြောင်း ပြောကြားခဲ့ပါသည်။ ရှေးကာလ အီဂျစ်ခေတ်၌ပင် လူများသည် အိပ်မက်များအား ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြပါသည်။ သို့ရာတွင် သုတေသနပညာရှင်များသည် […]
