ရုံပိတ်ရက်လေးမို့နားနားနေနေအိမ်ထဲမှာပဲဒီဗီဒီလေးနှင့်အပမ်းဖြေနေရသည်။ မီးကလဲလာနေတာပျက်ဖို့မေ့လျော့နေသည်လားမသိ။အကြီးကောင်နဲ့စပိုက်တာမန်း ကြည့်နေသည်။ကြည့်ပြီးသားပေမဲ့အဖန်တလဲလဲကြည့်ရလောက်အောင်ကြိုက်လို့ လည်းကြည့်မိသည်။အငယ်ကောင်က သူတို့အခေါ် ဒိုတာလားဘာလားမသိခုတ်နေသည်။ လယ်ဗယ်တတ်သွားတိုင်ထထအော်သည်။ဒီလိုနဲ့ဇာတ်ရှိန်အပြိုင်တတ်နေတုန်းလေတချက်ဝှေ့ သည်။လေတချက်အဝှေ့မှာပျက်ဖို့မေ့နေဟန်တူသောမဟာမီးကသတိတရားဝင်၍ပျက်ပါလေတော့ သည်။သားအဖတွေတော်တော်စိတ်ပျက်စွာအသံမျိုးစုံထွက်လာသည်။အိမ်ရှင်မကြီး ကတော့’ဝမ်းသာလိုက်တာမီးတာခမတတ် နားညီးသက်သာတယ်’ ဟုထအော်သည်။ မည်သူမှစောဒကတတ်ရန်စိတ်ပင်မကူးကြ။အကြီးကောင်ကတော့လေတိုက်လို့မီပျက်ခြင်း ဖြစ်မည်ဟုယူဆပုံရသည်။’အဖေဘာလို့လေတိုက်ရတာလဲ’ဟုမေးသည်။ တဆက်တည်း ‘ရာသီဥတုတွေကဘာလို့အချိန်မှန်မှန်ပြောင်းလဲနေရတာလဲ’ဟုမေးပြန်သည်။’သိချင်လား’ ‘သိချင်ရင်ဆံပင်ဖြူနုတ် ပြောပြမယ်’သားကြီးမျက်နှာအီလည်လည်ဖြစ်သွားသည်။မေးမိတာ အမှားဟုယူဆပုံထင်သည်။’တကယ်တော့ရာသီဥတုဆိုတာ စင်္ကြာဝဋ္ဌာ နဲ့လဲပတ်သတ်တယ်ကွ’ အကြီးကောင်သာမကအငယ်ကောင်ရောအနားရှိတူတွေပါစိတ်ဝင်စားသွားကြသည်။ ဒိုတာမခုတ်ရလည်းအပျင်းပြေစကားနားထောင်ရတော့မည်ဟုထင်ကာ’နုတ်ပေးမယ်ပြောပြ’ ဆိုကာဇာကနာတချောင်းဆီဆွဲကာအနားသို့ရောက်လာကြလေတော့သည်။ ‘ဒါဆိုလည်းအပြင်မှာသွားမယ်ကွာလင်းလင်းကျင်းကျင်းနဲ့’ ဆိုပြီးအပြင်ဘက်ထွက်ကာ သူတို့ကဆံပင်ဖြူနုတ် ကိုယ်ကစကားပြောနှင့်ဟန်ကြ နေလေသည်။ ရာသီဥတုဆိုတာကြီးကိုအဓိကဖြစ်စေတာကဘာလည်းဆိုတော့နေမင်း ကြီးကြောင့်ပေါ့။နေမင်းဆိုတာကလည်းစင်္ကြာဝဋ္ဌာကြီးရဲ့အစိတ်အပိုင်းတခုပဲ။ဒီစင်္ကြာဝဋ္ဌာ မှာနေအဖွဲ့အစည်းဆိုတာတွေအများကြီးရှိတယ်လို့ယူဆကြတယ်။ခုသားတို့မြင်နေရတဲ့နေ ကအဖေတိုှုနေထိုင်တဲ့ကမ္ဘာဂြိုလ်ကြီးကိုသူရဲ့ပါဝါနဲ့လှမ်းဆွဲတယ်။ကမ္ဘာကလည်းသူထက်ပါဝါ ကြီးတဲ့နေမင်းဆွဲတာကိုမလွန်ဆန်နိုင်ဘူး။ဒါပေမဲ့စွမ်းအားရှိသလောက်ရုန်းထွက်တယ်။ ဆွဲတယ် ရုန်းတယ် ။ အဲဒီလိုကနေကမ္ဘာကနေဆီကိုမရောက်ပဲအကွာအဝေးတခုထိ ကိုရောက်သွားတယ်။ဆွဲတယ်ရုန်းတယ်ကနေ လူပ်ရှားမူ့တခုနဲ့တန့်နေရတယ်။ဒါပေမဲ့ လဟာနယ်ဆိုတော့ဒီးအတိုင်းမတန့်ပဲနေကိုကမ႓္ဘာကပတ်သလိုဖြစ်သွားတယ်။ ဒါကအလိုအလျောက် ကမ္ဘာကနေကိုပတ်နေတာမဟုတ်ဘူးဆိုတာသိစေချင်လို့ပြောတာနော်။သက်ရောက်မူ့ တခုဆီတိုင်ကနေတန်ပြန်သက်ရောက်မူ့သဘောတရားတခုပေါ့ကွာ။ အဲနေဆိုတာကလည်း အလွန်ပုူပြင်းစွာတောက်လောင်နေတဲ့အမျိုးအမည်တိတိကျကျမသိနိုင်တဲ့အရာကြီးပေါ့ကွာ။ ကမ္ဘာကြီးဆိုတာကလည်းမိမိမှာရှိတဲ့ကိုယ်ပိုင်ဆွဲအားတွေနဲ့အနားမှာရှိတဲ့အရာတွေကိုစင်္ကြာဝ ထဲကနေပြန်ဆွဲတယ်။အဲဒီမှာညအချိန်မင်းတို့မြင်နေရတဲ့လကိုရတယ်။ဒါပေမဲ့ခုနကနေနဲ့ကမ္ဘာ လိုမဟုတ်ပြန်ဘူး။လကပါဝါကနည်းတယ်။ကံကောင်းတာကကမ္ဘာကအနားထိဆွဲနိုင်တဲ့ပါဝါမရှိပြန်ဘူး။ နေကိုတုန့်ပြန်ရ လကိုလည်းဆွဲရ။ပါဝါကခွဲသုံးနေရတာကိုး။ကမ္ဘာကနေကိုပတ်တဲ့အရှိန်ရဲ့သက်ရောက် မူ့ကြောင့်အဟုန်တခုဖြစ်လာပြီးလက ကမ္ဘာကိုပြန်ပတ်သလိုဖြစ်ပြီး လက ကမ္ဘာကိုပတ်တယ်။ […]


တိမ္မည္းJune 10, 20131min027
အောက်ပါ ပို ့စ်ဟာ ဖေ့ဘွက် စာမျက်နှာ တနေရာကနေ ကူးလာတာပါ…. ပို ့စ်ပိုင်ရှင် မဟုတ်ပေမယ့်လည်း တက်သိနားလည်သမျှနဲ ့ ကော်မန် ့များကို ပြန်လည် ဖြေကြားသွားပါ့မယ်…. မူရင်းလင့်ကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်……… —————————————————————————————————— မြန်မာလူမျိုးတွေ ဘာ့ကြောင့်မချမ်းသာကြသလဲ မေတ္တာရှင် – ငါ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက – မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။ […]


Zaw Moe KhineJune 8, 20131min02
ဂျပန် Telecom ကုမ္ပဏီ KDDI က Mobile Operator လုပ်ကိုင်ခွင့်ရမည်ဟုအခိုင်အမာပြောကြား။အောက်ပါ Link တွင်ကြည့်ရှုနိုင်။ MICTDC ကုမ္ပဏီ ဥက္ကဌ ဦသိန်းဦးမှ MICTDC ကုမ္ပဏီ နှင့် ဆက်သွယ်ရေးတင်ဒါရွေးချယ်ရေးအဖွဲ ့ဝင်၊ဆက်သွယ်ရေးဒုဝန်ကြီး KMD ဦးသောင်တင်နှင့်အဆက်အသွယ်မရှိဟုငြင်းဆိုထားသော်လည်း KMD ဦးသောင်တင်၏ ဇနီးဖြစ်သူသည် MICTDC ၏ Director တစ်ဦးဖြစ်လျှက်နောက်ကွယ်မှပံ့ပိုး ဆောင်ရွက်လျက်ရှိကြောင်းခိုင်လုံသောနေရာမှသတင်းရရှိပါသည်။


ညကကျနော်၁ဝတန်းအောင်စာရင်းကို moemyanmar.net မှာတင်မယ်လို့ mrtv4မှာကြေငြာတော့ အဟုတ်မှတ်ပြီးထိုင်စောင့်တာ။မရဘူးဗျ။ဒါနဲ့ကြုံတုန်း ရွာထဲဝင်ပြီးကျနော်နဲ့ပါတ်သတ်တဲ့စာတွေ ပြန်ဖတ်တယ်ဗျ။စာပြန်ချင်ပေမဲ့commentပေးလို့မပေါ်ဘူးဖြစ်တာအကြိမ်ကြိမ်။ညကတော့ပြန်စာမရေး ဖြစ်ပါဘူး။ post တင်ဖြစ်တာလဲcomment ရေးမရလို့ စမ်းပြီး copy/paste လုပ်ကြည့်တယ်။ရတယ်။နှစ်ခါလောက်စမ်းပြီးတင်တယ်။ရတာနဲ့ပြန်စာယောင်ယောင်ပို့စ်ယောင်ယောင်တင်ရတယ်။နာလည်ပေးကြပါလို့။ဒါလဲမြန်မာ့ကော်နရှင်ဘဝကိုဖတ်နေတာပဲမဟုတ်လားဗျာ။ ဒီနေ့ကတော့commentရေးမရမဲ့အတူတူပို့စ်တင်ကြည့်မလားလို့ပါ။ ဆာမူရိုင်းဓါချက် **************** ဂျပန်ပြည်တွင်းမှာဖြစ်သည်။ဆာမူရိုင်းများစတင်လှုပ်ရှားထင်ပေါ်လာစအချိန်လည်းဖြစ်သည်။ လူတွေကလည်းဆာမူရိုင်းများ၏ဓါးစွမ်းကိုကြာဖူးကာစမြင်ဖူးသူအလွန်ရှားသောခေတ်လည်းဖြစ်သည်။ မြို့လယ်ရှိစားသောက်ဆိုင်သို့ဆာမူရိုင်းသုံးယောက်ဝင်လာသည်။ဆိုင်၏အလယ်ရှိစာပဲးွခုံ၌နေရာယူသည်။ စာသောက်ဖွယ်ရာများမှာစားသည်။ဆိုင်အတွင်းအခြားစားပွဲမှလူများမသိမသာစောင့်ကြည့်နေသည်။ ထိုစဉ် ဆာမူရိုင်းများ၏စားပွဲပေါ်သို့ယင်ကောင်တကောင်ပျံဝဲကာအနှောင့်အယှက်ပေးသလိုဖြစ်နေ၏။ သုံးယောက်အနက်ခပ်ပုပုဆာမူရိုင်းကဓါးကိုထုတ်ကာလျပ်တပျက်ခုတ်လိုက်၏။လူအများကယင်ကောင်ကိုနှစ်ပိုင်းပြတ်လျက်စာပွဲပေါ်သို့ကျလာသည်ကိုတွေ့လိုက်ရ၏။ “အိုး ဒါကြောင့်ဆာမူရိင်းတွေဓါးခုတ်ကွုမ်းတယ်လို့ပြောတာကိုး” လူများချီးမွမ်း၍မပြီးသေးနောက်ထပ်ယင်ကောင်တကောင်ပျံဝဲလာပြန်သည်။ အရပ်ရှည်ရှည်ဆာမူရိုင်းကစိတ်ရှုပ်ဟန်အမူအရာနှင့်ဓါးကိုထုတ်၍ခုတ်လိုက်ပြန်သည်။ ယင်ကောင်စာပွဲပေါ်သို လေးပိုင်းပြတ်၍ကျလာသည်။ ဘေးမှလူများလက်ခုတ်မတီးဘဲမနေနိုင်တော့။ဝိုင်ဝန်ချီးကျူးကြသည်။ တဖန်ဆက်၍စားသောက်နေကြစဉ်နောက်ထပ်ယင်ကောင်ပျံဝဲလာပြန်၏။ ဘေးလူများလည်းတတိယဆာမူရိုင်း၏ဓါးချက်ကိုမြင်ရတော့မည်ဟုတွးနေကြ၏။ ရုတ်တရက်တတိယဆာမူရိုင်း၏လက်ကဓါးရိုးပေါ်သို့ရောက်သွား၏။ ဘေးလူများသတိထား၍သေသေချာချာကြည့်ပါသော်လည်းဓါးကိုထုတ်ခြင်း သွင်းခြင်းမှတပါး ယင်ကောင်ကိုခုတ်ခြင်းမတွေ့လိုက်ရပေ။ တဖန်ယင်ကောင်ကိုကြည့်တော့ပျံမြဲအတိုင်းပျံနေသည်ကိုတွေ့ရလေသည်။ လူများထံမှစိတ်ပျက်ဟန် အထင်သေးဟန်များမျက်နှာပေါ်မြင်ရ၏။ ဒါပေမဲ့ တတိယဆာမူရိုင်းပြောလိုက်သောစကားတခွန်းကြောင့်လူများ မှင်သက်ငြိမ်ကျသွားလေသည်။ “ဒီကောင်ဆက်ပျံနိုင်ပေမဲ့ ရှေ့လျောက်မျိုးမပွားနိုင်တော့ဘူး” လေခွုန်သံ **********; အထက်ပါဆာမူရိုင်းများအဖြစ်အပျက်ဖြစ်ပြီးရာစုနှစ်အတော်ကြာ မြန်မာပြည်တွင်အလားတူဖြစ်ရပ်မျိုး ဖြစ်ပျက်ခဲ့လေသည်။ မြန်မာပြည်၌သူရဲကောင်းသုံးယောက်ပေါ်ထွက်လာသည်။လူအများကသူတို၏အစွမ်းအစကိုမြင်နိုင်ဖို့ အခါကောင်းကိုစောင်နေသည်။ တရက်ကွင်းပြင်ကြီးတွင်လူတစုနှင့်တိုက်ခိုက်ရန်အကြောင်းဖန်လာ၏။အများနှင့်သုံးယောက်မို့ဒီတခါ နှင့်ပွဲသိမ်းပြီဟုလူများကထင်ကြေပေးကာလာကြည့်ကြ၏။ တိုက်ပွဲကာစလေပြီ။လူအုပ်စုမှအသာညိုသူများရှေ့သို့ထွက်လာ၏။ […]


“ကျုပ်တို့ခေါင်းဆောင်တွေကရော ကိုယ့်လူမျိုးကို ကိုယ်မချစ်လို့လား၊” “ မချစ်ဘူးလို့တော့မပြောရဲပါဘူးဗျာ၊ မချစ်တတ်ဘူးလို့တော့ပြောရဲတယ်။ ဉာဏ်သွင်းပြီးတော့မချစ်တတ်ဘူးဗျ၊ စိုးရိမ်စိတ်နဲ့တော့ချစ်တတ် တယ်။ လုံခြုံရေးအမြင်နဲ့ပဲချစ်တတ်တယ်။ ကျုပ်တို့တိုင်းပြည်ကတိုးတက်ဖို့ အတွက် အခွင့်အလမ်းတွေအများကြီးပါ။” …………………………………………………………………………. “ခီများကို ကီစွန်းတီခင်းပေးမယ်၊ ခီများဘာလုပ်မီလဲ” “ရွှေပြည်မိုး” လက်ဖက်ရည်ဆိုင်၏ နံနက်ခင်းတစ်ခု။ ကျွန်တော်တစ် ယောက်တည်းဂျာနယ်ကို သဲကြီးမဲကြီးငုံ့ဖတ်နေသည်။ ကျွန်တော်ထိုင်နေ သော စားပွဲသို့လူနှစ်ယောက်လာပြီးထိုင်သည်။ စကားသံကြား၍ ဂျာနယ်ကို ဖတ်နေရင်း အကဲခတ်လိုက်သည်။ နှစ်ယောက်စလုံးက အားကစားဝတ်စုံ ကိုယ်စီနှင့် မန္တလေးကျုံးနံဘေးလမ်းလျှောက်ပြီးပြန်လာကြသူများဖြစ်မည် ထင်သည်။ တစ်ယောက်က အသက်ကြီးကြီး မြန်မာအမျိုးသား၊ ကျန်တစ် ယောက်က တရုတ်လူမျိုးအဘိုးအို၊ သူက “ကန်းစွန်းတစ်ခင်းပေးမယ်၊ ဘာ လုပ်မလဲ” ဟုမြန်မာသံမပီမသဖြင့်မေးသည်။ သူ့မေးခွန်းကို ကျွန်တော်စိတ် ဝင်စားသွားသည်။ ကျန်တစ်ယောက်ကပြုံးပြီးဖြေသည်။ “ကန်စွန်းတစ်ခင်းပေးရင် … လွယ်လွယ်လေးပါ။ ကန်စွန်းရွက်ခူးပြီး ငါးစီးကိုတရာနဲ့ဈေးမှာ […]


အစိုးရ၊ အလုပ်လက်မဲ့တွေနဲ့ အခွန်ထမ်းဆောင်လူများ ဥရောပတွင် အလုပ်လက်မဲ့ ၁၉ ဒသမ ၅ သန်း ရှိနေပါသတဲ့၊ ဒီပမာဏဟာ ဩစတြေးလျနိုင်ငံ၊ တိုက်မှာရှိတဲ့ လူဦးရေနီးပါး ရှိတယ်လို့ ဆိုတယ်။ ဩစတြေးလျမှာ လူဦးရေ ၂၂ သန်း ရှိပါတယ်။ ဒါဆိုရင် တစ်နိုင်ငံလုံးနီးပါး အလုပ်လက်မဲ့ ဖြစ်နေတဲ့ ပုံစံနဲ့ တူနေတယ်လို့ ဆိုပါတယ်။ အနောက်တိုင်းမှာ အရွယ်ရောက်သူတိုင်း အလုပ်လုပ်ကြ ရပါတယ်။ အလုပ်လုပ်မှ စားသောက်ရပါတယ်။ ငယ်စဉ်က မိဘကျွေးမွေး ထားပေမယ့် အရွယ်ရောက်ရင် အလုပ်လုပ် ရတာပါပဲ။ ရှေးခေတ်က လုပ်အားဟာ အဓိက ကျတယ်။ ဒါကြောင့် အလုပ်လုပ်နိုင်တဲ့ အရွယ်ကတည်းက အလုပ်လုပ်ရပါတယ်။ ကလေးဘဝ ကတည်းက စစ်တိုက်ရပါတယ်။ (မင်းရဲကျော်စွာဆိုရင် ကလေးစစ်သားပဲပေါ့) သတ္တုမိုင်းတွေထဲမှာ ကလေးလုပ်သားများစွာ […]


johnnydeerJune 4, 20131min09
  ဖွတဲ့မေးခွန်း…ဆွတဲ့မေးခွန်း…ယူဆချင်သလို ယူဆလို့ ရတဲ့မေးခွန်းတွေ ဇွတ်လိုက်မေးမယ်… ဖြေတဲ့အဖြေထဲကနေ လိုချင်တဲ့ အပိုင်းလေးပဲ ဖြတ်ယူမယ်… အဲ့ဒီအပိုင်းလေးကို တခြားအနက်ထွက်အောင် ဟိုထင်ဒီထင် ဖြစ်စေမယ့် အရေးအသားနဲ့ ရေးကြမယ်… ပြီးတော့ ကိုယ့်အမေကိုယ့်အဖွားလောက်ရှိတဲ့ အမျိုးသမီးကြီး…လင်ရောသားတွေရော ပစ်ပြီး တိုင်းပြည်အတွက် ဘဝကြီး ပုံအပ်ထားတဲ့ အမျိုးသမီးကြီး…မြန်မာပြည်အတွက် သူ့အပြင် တခြားတစ်ယောက်မရှိနိုင်တော့တဲ့ အမျိုးသမီးကြီး…ကို ဝိုင်းပြီးရစရာမရှိအောင် ပြောကြမယ်… တခွန်းထဲ ပြောလိုက်မယ်…ဒီလို လူတွေကို စောက်ရမ်းရွံတယ်… 2015 မှာ ကျွန်မ သမ္မတ ဖြစ်ချင်ပါတယ်….သမ္မတဖြစ်မှ လုပ်ပိုင်ခွင့် အာဏာ ရမယ်…လုပ်ပိုင်ခွင့်ရှိမှ တိုင်းပြည်လူမျိုးအတွက် လုပ်သင့်လုပ်ထိုက်လုပ်နိုင်သလောက် အကောင်းဆုံးကို လုပ်ပေးနိုင်မှာပါ…ဒီ့အတွက် ကျွန်မ သမ္မတ ဖြစ်ချင်ပါတယ်… ဒီလို ပြည့်ပြည့်စုံစုံ ဖြေထားပါတယ်….ပြန်ရေးကြတော့ ဘယ်လို ပြန်ရေးကြသလဲ…. ….2015 မှာ ကျွန်မ […]


ဇီဇီJune 2, 20131min066
ဒါက ကိုအောင်ခိုင်ရဲ့ အတွေးနဲ့ အရေးပါ။ စိတ်သဘောချင်းတူလို့ ရှယ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~   ဒေါ် စု ကို ဘာ ဖြစ် လို့ များ လူ တွေ က သည်လော က် တောင် သဲ သဲ လှုပ် ဖြစ် နေ ကြ ရ သ လဲ။ ကဲ ကို ကဲ လွန်း တယ် ….တဲ့လား။ ပြောပြန်ရင်လည်း အောင်ခိုင်လွန်ရာကျမလားမသိပါဘူး။ နယူးယောက်မှာ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လတ် အင်္ဂလိပ်လို ပြောတော့ တနာရီမပြည့်ခင်အချိန်အတွင်း အင်္ဂလိပ်စာ အလုံး ၄ဝ မှားလို့ဆိုပြီး FB မှာဝေဖန်ပြီး ပြောကြဆိုကြ ဒေါ်စုနဲ့နှိုင်းယှဉ်ကဲ့ရဲ့ကြတယ်ဗျ။ တချို့ကလည်း ဒေါ်စုကို ချိီးကျူးပါ..သူများကိုတော့ […]


ဒီပို ့စ်ကို ရေးရင် ပြသနာကြီးနိုင်တယ်…လူမုန်းများနိုင်တယ်…အထင်လွဲနိုင်တယ်.. ဆဲကြလိမ့်မယ်ဆိုတာတော့ သိတယ်…။ ဒါကြောင့်လဲ ပြောချင်တာတွေကို မြိုသိပ်ပြီး နေနေရတယ်..။ အထိအရှမခံနိုင်စရာ အကြောင်းဖြစ်နေတယ်..။ ကိုယ်ကလဲ ဘာမှ မပြောချင်ပေမယ့် ညတိုင်ဘုရားဝတ်ပြုတဲ့အခါ ဘဲဖြစ်ဖြစ်၊ တရားထိုင်တဲ့အခါဘဲဖြစ်ဖြစ်..နောက်ဆုံး ဘုရားစင်ရှေ ့က ဖြတ်လျှောက်တဲ့အခါတောင်.. ဘုရားရှင်…ကို အားနာလာတယ်..။ ဗုဒ္ဓဘာသာဝင် တဦးဖြစ်ပြီး ဒီဘာသာအတွက်မရေးရဲတာကို …ငါတော်တော်သတ္တိ ကြောင်တဲ့ ကောင်လို ့လဲ ကိုယ့်ကိုကိုယ်မြင်လာလို ့ချရေးလိုက်တာ..။ ရှင်းရှင်းပြောရရင် ဘုရားရှင်ကို ရှက်ကြောက်အားနာလာလို ့ရေးတာ..။ ကိုယ့်တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာက လူမျိုးရေး ဘာသာရေး စီးပွားရေး ပေါင်းပြီးရှုပ်နေတာဘဲ။ …… ခွဲပြီးကြည့်တတ်ဘို ့လိုတယ်.. ပိုင်းခြားဘို ့လိုတယ်..။ နောက်..ဘုရားရှင်ရဲ ့သာသနာက ဒါမျိုးလား… ဘုရားရှင် အဆုံးအမနဲ ့ညီရဲ ့လား..ဘုရားရှင်က […]


johnnydeerMay 26, 20131min05
ငွေက အရေးကြီးသလားတဲ့…. မေးလာတယ်…. ဟုတ်ကဲ့ အရေးကြီးပါတယ်…ဒါပေမယ့်… ငွေထက်အရေးကြီးတာတွေ လောကကြီးမှာ အများကြီးရှိပါသေးတယ်…. ဥပမာ…မိသားစု…မိတ်ဆွေသူငယ်ချင်းကောင်း…နာမည်…ဂုဏ်သိက္ခာ…ကျန်းမာရေး…. ချစ်ခြင်းမေတ္တာ စသဖြင့်ပေါ့….နောက်ထပ်လဲ အများကြီး ရှိပါသေးတယ်…. နောက်ပြီး အလုပ်လုပ်တယ်….ဘာ့အတွက် အလုပ်လုပ်တာလဲ….အဓိက ကတော့ ငွေအတွက်ပါပဲ…ဒါပေမယ့်လည်း… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နာမည်အတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် မခံချင်စိတ်အတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နာကြည်းစိတ်အတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် မိသားစုအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ချစ်ခြင်းမေတ္တာအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ကျန်းမာရေးအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နောက်မျိုးဆက်တွေအတွက် အလုပ်လုပ်ရပါတယ်… တခါတလေရင်း….တခါတလေရင်းနဲ့ပဲ…ကိုယ်သေဖို့တောင် ကိုယ်လုပ်ဖို့ မေ့နေပါတော့တယ်…. နေဖို့လုပ်ရင်းနဲ့ သေဖို့လဲ […]


BMTM MdyMay 24, 20131min023
မွေးနေ့ ဒီနေ့  မေလ ၂၄ ရက်နေ့ သောကြာနေ့ ကကျမ ရဲ့မွေးနေ့ပါ။မွေးနေ့ မွေးရက်မွေးလ လည်းတိုက်ပါတယ်.။ မနက်စောစောက မိုးအေးအေးလေးနဲ့ အရမ်းကွေးလို့ကောင်းတယ်..အိပ်ရာကနေ အတင်းထရတယ်….။ မနက် အစောဆုံးက ခင်မင်ရတဲ့ သူငယ်ချင်းဆီက ဖုန်းလာပါတယ်.။သူငယ်ချင်းလေး Happy Birthday တဲ့.။Thank You ခုလို အစေားဆုံးသတိရ ပေးတဲ့ အတွက်ကျေးဇူးလို့။ တိုက်တိုက် ဆိုင်ဆိုင် မနှစ်ကမွေးနေ့ တုန်းကသူနဲ့ စခင်တာပါ။ တစ်နှစ်ပတ်လုံး အထီးကျန် ဝမ်းနည်းမူတွေကို မျှဝေခံစားပေးပြီး အားပေးခဲ့လို့ ကျေးဇူးပါလို့..။ ခဏနေ တော့ မေမေ ဆီကဖုန်းဝင်လာတယ် မေမေဒီနေ့ သမီး အတွက် ဘုန်းကြီးကျောင်း မှာဆွမ်းပို့ပေးတယ် သာဓုခေါ် နော် ဘုရားသွားပြီး ကုသိုလ် လည်း လုပ်ဖို့မမေ့နဲ့ တဲ့..။ကျေးဇူးပါမေမေလို သမီး […]


nicolus agralMay 24, 20131min08
ဝမရှိပဲ ဝိလုပ်လို့ မရဘူးဆိုတာတော့ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဝတွေချည့်သက်သက် ဝိ လုပ်ကြမလို့ ဝိဝါဒ မကွဲပြားရအောင် ဝပြည်နယ်ထောင်ပေးပါဆိုတာကတော့ ဝီလိုဝီလိုတွေ ဖြစ်ကုန်မှာစိုးလို့ ဝင်ပါရဦးတော့မှာပဲ။ တကယ်တော့ ဒီအကွက်ကြီးက ဆင်ဖဲကြီးလို့ ထင်ပါတယ်။ ဒီအသံတွေထွက်လာစေချင်လို့ ဟ ထားပေးတာ မဟုတ်ဘူးလား။ ပအို့ဝ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးတယ်။ ကိုးကန့်တွေကိုလည်း အထူးဒေသနဲ့ အုပ်ချုပ်ခွင့်ပေးတယ်။ ဒီလိုသာ တစ်စစီဖဲ့ချွေပေးရရင် ဓနု၊ ပလောင်၊ အင်းသား၊ အခါ၊ ဘယ်ဟာမှ ချန်ထားလို့ ရမှာ မဟုတ်ဘူး။ မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံက စာရင်းအရကို ၁၃၅ မျိုး ရှိသတဲ့။ ၁၃၅ စိတ် စိတ်လို့မရတာ လူတိုင်းသိပါတယ်။ ဘယ်တုန်းကမှ အမည်ပေါက် စာရင်းဝင် မဟုတ်ခဲ့တဲ့ ဘင်္ဂါလီတွေကမှ ရိုဟင်ဂျာနံမယ်တပ်ပြီး […]


Kaung Myat ThuMay 23, 20131min07
ရင်ထဲမှာမကောင်းလွန်းလို့ ရေးလိုက်ရတာပါ။ ဖြစ်ရပ်မှန်ကိုယ်တွေ့ဖြစ်ရပ်ကလေးတစ်ခုပေါ့။ အဲဒီအချိန်က အုတ်ကျင်းဘူတာနားကမြနန္ဒာအိမ်ယာ။(၅)လမ်းတိုက်ခန်းတစ်ခု မှာငှားနေပါတယ်။ သင်္ကြန်အတက်နေ့မှညနေစောင်းမှာ လူ(၃)ယောက်စာအုပ်လေးတစ်အုပ်ကိုင်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ သက်ကြီးပူဇော်ပွဲလုပ်ဖို့လာအလှုခံကြောင်းပြော ပါတယ်။ အဲဒါနဲ့ ငွေ၁၅၀ဝကျပ်ကိုထုတ်ပြီးလှုလိုက်ပါတယ်။ တစ်ဦးက ဒီအိမ်မှာအသက် ၆ဝကျော်ရှိ၊မရှိမေးပါတယ်။ ကျွန်တော့်အမေကအသက် ၈၃နှစ်မို့လို့ ရှိကြောင်းပြော လိုက်ပါတယ်။ အဲဒါနဲ့အမေနာမည်နဲ့အသက်ကိုစာအုပ်ထဲမှတ်သွားပါတယ်။မနက်ကျတော့ အမေ့အတွက်သက်ကြီးပှုဇော်ပွဲဖိတ်စာလာပေးပါတယ်။     လာနိုင်ရင်လာဖို့၊ မလာနိုင်ရင်အလှုငွေလာပေးမယ်လို့ပြောသွားပါတယ်။ အမေကသိပ်မလျှောက်နိုင်လို့ မသွားဖြစ်ခဲ့ပါဘူး။ အဲဒီနေ့ညဦးပိုင်းမှာအပြင်ကပြန်လာတဲ့သမက်က အမေ့နာမည်ရယ် ရှေ့ခန်းကအဒေါ်ကြီးနာမည်ရယ် အိမ်လိုက်လှုဖို့ပြောနေတာကြားကြောင်းပြောပါတယ်။ ဒါပေမယ့်နောက်တစ်နေ့ညရောက်တဲ့အထိ အလှုငွေရောက်မလာ ခဲ့ပါဘူး။ လိုက်မပေးဖြစ်သေးလို့များလားဆိုပြီး အိမ်ရှေ့ခန်းကိုမေးကြည့်တော့ သူတို့အိမ်ကရကြောင်းပြောပါတယ်။ ဒါဆိုဘာကြောင်ံအမေ့အလှုငွေရောက်မလာရတာလဲ။ လကုန်လို့ကျောက်မြောင်းကိုသာပြန်ပြောင်းလာတယ်အလှုငွေနဲ့ပါတ်သက်ပြီးဘာမှမကြားရတော့ပါဘူး။ အဲဒီအလှုငွေကောက်တဲ့လူတွေက ရပ်ကွက်ဂေါပကနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဖြစ်ကြောင်းသိရပါတယ်။ဒီလူတွေထဲမှာမသမာတဲ့စိတ်ဓာတ်ရှိသူတွေပါတာကြိမ်းသေပါပြီ။  မြန်မာလူမျိုးဖြစ်ပြီးဒီလိုစိတ်ဓာတ်တွေရှိတာအလွန်မှ ရှက်စရာကောင်းတာမို့ ရွာသားများနဲ့ နိုင်ငံတော်ကသိစေချင်လို့ရေးလိုက်ရပါတယ်။ မကောင်းသူများကိုဖယ်ပြီး နိုင်ငံဂုဏ်သိက္ခာကိုမြင့်တင်ကြပါစို့။(အလှုငွေက ၇၅၀ဝိထဲပါ။ဒါပေမယ့် ———-)